That's Our Bamar (2)

တရုတ်နိုင်ငံ တောင်ပိုင်းက နေနန်ကျောင်နဲ့ မွန်ဂို နှိပ်စက်လို့ ပြေးလာ ကြရင်း၊ ရေကြည်ရာ မြက်နုရာမှာ အခြေချကြ ရာက ဗမာ ဖြစ်လာတယ် ဆိုတဲ့ သမိုင်း ယူဆချက်ကို ကျွန်တော်တို့ မြန်မာတွေ အင်မတန် နားခါးတယ်။ ကိုယ့်အမျိုး ကိုယ့်အဆွေကို အောက်ခြေ လွတ်အောင် မဟားတရား မြှောက်ပင့် ပေးရာမှာ ထူးချွန်လှတဲ့ အတွက် သကျသာကီဝင် မင်းမျိုးတွေ တကောင်း ရောက်ရာက မြန်မာမျိုး စခဲ့တယ် ဆိုပြီး ဘုရားနဲ့ အတင်းအဓမ္မ ဆွေမျိုးစပ်ရတာမျိုးကို သိပ် သဘော ခွေ့တာပေါ့။
ဒါတောင် ဗြဟ္မာကြီး လေးဦး လူ့ ပြည်ကို အလည် လာရာက မြေဆီ သြဇာတွေ စားပြီး ဗြဟ္မာ့ပြည် မပြန်နိုင်ပဲ လူအသွင် ပြောင်းလာ ရာက မြန်မာ စဖြစ်တယ် ဆိုတာမျိုး ပြောချင် သေးတာ။ ယုတ္တိ မတန်လွန်းလို့ သာ မပြောတာ။ မှန်နန်း ရာဇဝင်က ရှင်ဘုရင် ကိုယ်တိုင် ပါဝင်ပြီး ရာဇဝင်ကို သုတ်သင် ပြုစုတော် မူ၍ အမှားကို အမှား၊ အမှန်ကို အမှန်၊ မဖောက် မပြန် မှတ်သားရ ပေသည်လို့ ခပ်တည်တည် ပြောပြီး ရှင်ဘုရင်မင်းဆက် စာရင်းကို ချရေးရာမှာ-

  • မဟာသမတမင်းမှ ဥက္ကာကရာဇ်အထိ မင်းပေါင်း- ၂၅၂၅၅၆
  • ဥက္ကာမုခမင်းမှ သကျသီဟ ဂေါတမအထိ မင်းပေါင်း- ၈၂၀၁၃
  • မဇ္ဈိမဒေသ မင်းပေါင်း- ၃၃၄၅၉၆
  • အဘိရာဇာမှ ဘိဒ္ဒကရာဇာထိ မင်းပေါင်း- ၃၃
  • ဓဇရာဇာမှ သတိုးမဟာရာဇာထိမင်းပေါင်း- ၁၇
  • ပျူစောထီးမှ မင်းယဉ်နရသိင်္ခထိမင်းပေါင်း- ၃၀
  • ထိုမှ အလောင်းဘုရားထိ မင်းပေါင်း- ၁၇
  • မဟာသမ္မတမှအလောင်းဘုရားထိမင်းပေါင်း- ၃၃၄၆၆၉ ဆိုပြီး တွယ်ထည့် လိုက်ပါတယ်။

ဒို့ မြန်မာတွေ ကလည်း ဒါမျိုးကို အများ ရှေ့မှာ ကြီးကြီး ကျယ်ကျယ် ပြောတတ်အောင် သင်ပေး ထားတဲ့ ရှေးစကားလို့ နှလုံး ပိုက်ပြီး “ဟယ်-အံ့သြစရာကြီး ပါလားနော်” လို့ မြည်တမ်းရင်း အံ့သြ ချင်ယောင် ဆောင်ရင်း လက်ခံ ခဲ့ကြပါတယ်။ ဒီလို ပြောနေရင် လူတွေ မယုံမှာ စိုးပြန်တော့ ပွဲကျောင်း ဆိုတဲ့ လောကီပညာသင် ဘုန်းကြီးများ ကနေ တဆင့် “အာဒိစ္စကုလသမ္ဘူ တောသုဝိသုဒ္ဓဂုဏကာရော” စတဲ့ ပါဠိ ဂါထာလေးတွေ ထွင်ခိုင်းပြီး သကျသာကီဝင် အစစ် အမှန်ဆိုတာကို ဘုရားကပဲ ဟောထား သလိုလို ဘုရားကို သက်သေ လုပ်ခိုင်းပြန်ပါတယ်။

  • အာဒိစ္စကုလသမ္တူတော-နေမင်း၏အဆက်အသွယ်ဖြစ်တော်မူထသော
  • သုဝိသုဒ္ဓဂုဏကာရော-စင်ကြယ်သောဂုဏ်၏တည်ရာဖြစ်ထသော
  • မဟာသမ္မတနာမကော-မဟာသမ္မတဟူသော အမည်ရှိထသောရာဇမင်းသည်
  • အာသိ-ဖြစ်၏

ဆိုပြီး မဟာသမ္မတ၊ သုဒ္ဓေါဓနနဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျတို့ ကို တစ်အူတုံဆင်းတွေ ဖြစ်အောင် လုပ်ပစ် လိုက်ကြတယ်။ ဒါမျိုးကို ကုန်းဘောင်ခေတ် ကျမှ မြိုင်မြိုင် ဆိုင်ဆိုင် တွေ့ ရတယ် ဆိုပေမဲ့ ပုဂံခေတ် ကတည်းက ထိလိုင်မင်း ခေါ် ကျန်စစ်သားတို့ လုပ်ခဲ့ပြီးတဲ့ လမ်းရိုး ကြီးပါ။ ကျန်စစ်သား ခမျာ မတော့ ပါဠိပါတ်သားတွေ၊ အကိုး အကားတွေ သိပ် မပြည့်စုံ ရှာတော့ ဆရာဘုန်းတော်ကြီး တွေကို ကြော်ငြာခိုင်းတဲ့ ဓလေ့လဲ မထွန်းကား သေးတော့ “ငါ့အဖေက နေမျိုး၊ ငါ့အမေက ဥသျှစ်သစ်မျိုး ကနေ ငါ ပေါက်ဖွားလာတယ်။ ငါကိုယ်တိုင်က ပိဿနိုး နတ်မင်းကြီး ဝင်စားတာ ပေါ့သေးသေး မမှတ်နဲ့ ”လို့ သူကိုယ်တိုင် ကျောက်စာ ထွင်းပြီး ကြော်ငြာ ခဲ့ရရှာတယ်။ အိန္ဒိယမှာ ရှိတဲ့မိထ္ဘိလာ၊ ရာဇပြိုလ်၊ သာဝထ္ဘိ၊ အာယုဒ္ဓိယ စတဲ့ နာမည်တွေကို မြန်မာ ပြည်တွင်းမှာ ယူမှည့် ပြီးတော့ အိန္ဒိယက အဖြစ်အပျက် တွေကို ဒီမှာ ဖြစ်ခဲ့ တာလို့ အာပေါင် အာရင်း သန်သန် ဇွတ်ပြောပြီး ဇွတ်ယုံ လာကြပါတယ်။ ကျန်စစ်သား အကြောင်း နှုတ်ပြော ရာဇ၀င်မှာ အမြဲ ပါလေ့ရှိတဲ့ သားလေးမွေးရင် ပေးခဲ့တဲ့ လက်စွပ်တော်နဲ့ နန်းတော်ကို လိုက်ခဲ့ဆိုတာ ကလည်း ငါးရာ့ငါးဆယ် နိပါတ်တော်က ဇာတ်နံပါတ် (၇) ပါ။ ဘုရင့်နောင် ကိုလည်း အဲဒီလို ဇာတ်လမ်းမျိုး ထွင်ပြော ခဲ့ကြတာပဲ။ အနိရုဒ္ဓရဲ့ စီမံခန့် ခွဲမှု ကောင်းမွန်ပြီး တိုင်းပြည် စီးပွားရေး ကောင်းလာလို့ ပုဂံနေပြည်တော်မှာ သာသနိက အဆောက် အဦတွေ တိုးတက် များပြား လာပြန်တော့ ရှင်အစ္စဂေါဏရဲ့ ရွေဖြစ်ငွေဖြစ် အဂိရတ် စွမ်းကြောင့် မုဆိုးမေ တွတောင် စေတီ တည်ကုန်လို့  ပုဂံမှာ စေတီ ပုထိုးပေါင်း၄၄၄၆၀၃၃ လေးသန်းကျော် ရှိတယ်ကွ။ မမေ့အောင် “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”လို့ မှတ်ကြကွ ဆိုပြီး လုပ်လာ ပြန်ပါတယ်။ ၁၅ မိုင် ပတ်လည်လောက် ရှိတဲ့ မြို့ကလေးမှာ စေတီပုထိုး လေးသန်း လေးသိန်းကျော် စိတ်နဲ့ ပဲ မှန်းပြီး နေရာ ချကြည့် ကြစမ်းပါ။ လူနေဖို့ နေရာရော ကျန်နိုင် သေးရဲ့ လား။ ဒါနဲ့ ပဲ လေးသန်း လေးသိန်းကျော် ကတော့ နည်းနည်း များလွန်းတယ်။ လေးထောင်လောက် လုပ်လိုက် ဆိုပြီး အဖတ်ဆည် ပြန်တယ်။ သုတေသန လုပ်ကြည့်လို့ စေတီ နှစ်ထောင်ကျော်သာ ရှိပါတယ်လို့ အဖြေ ထွက်လာတော့ ရေတိုက်စားပြီး ကမ်းပြိုရာမှာ ပါသွားပြီလို့ လုပ်ကြ ပြန်ပါရော။ တတ်လည်း တတ်နိုင် ကြပါပေတယ်ဗျား။
ကိုးကား

  1. ကုလား၊ ဦး။ မှန်နန်းရာဇ၀င်
  2. ညိုမြ။ ကုန်းဘောင်ရှာပုံတော်
  3. သန်းထွန်း၊ ဒေါက်တာ။ ပါးစပ်ရာဇ၀င်
  4. သန်းထွန်း၊ ဒေါက်တာ။ နယ်လှည့်ရာဇ၀င်
Advertisement

One Comment (+add yours?)

  1. AhLaTaya
    Jun 16, 2009 @ 13:12:31

    တစ်ချိန်ကမရိုးသားမှုများပေါ့
ုခုလည်းမရိုးသားကြသေးရင်
    နောင်အခါကျ
    ဒီလိုပဲအပြောခံရမှာပဲ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2008
M T W T F S S
« May   Jul »
 1
2345678
9101112131415
16171819202122
23242526272829
30  
Follow

Get every new post delivered to your Inbox.