Comments on: That's Our Bamar (5)

By: naylynn
လက်နက်ကို ကြည့်တော့ အင်္ဂလိပ် ဘက်က တစ်ခါ ပစ်ရင် ကိုက် (၁၂၀၀) ကနေ (၁၅၀၀) ထိ ရောက်တဲ့ ရိုက်ဖယ် သေနတ် ကိုယ်စီ ကိုင်နိုင်တဲ့ အချိန်မှာ ရွှေမြန်မာတို့ ဖက်က တစ်ခါပစ်ရင် (၈၇၅) ကိုက် အနိုင်နိုင် ရောက်တဲ့ တစ်လုံးထိုး ရှေ့ဆွဲ ဗထက်ချိုင့် သေနတ်ကို သုံးယောက်ကို တစ်လက်နှုန်း မျှကိုင် နေရပါတယ်။ အင်္ဂလိပ်က တစ်ခါပစ်ရင် အနည်းဆုံး ခြောက်မိုင် ရောက်တဲ့ စက်အမြောက်တွေနဲ့ မိုးမွှန်အောင် ပစ်နေ ချိန်မှာ တစ်မိုင်လောက် ဘုရားစူး ပြေးတဲ့ မီးစကြာကောက် ရှေးအမြောက်တွေ ရှိတာမှ အလက် (၁၂၀) ကိုရှေ့တန်း အတွက် အလက် (၂၀) သာပေး လို့ ကျန် တစ်ရာကို နေပြည်တော်မှာ အလှပြဖို့ ချန်ထား ခဲ့သေးတယ်။ ဒီလို အခြေအနေ တွေကြောင့် အသေခံ တိုက်မယ့် “နောင်မဆိုးနဲ” များနဲ့ “ဆွေသားမျိုးသား” များ တစ်ဆွေလုံး တစ်မျိုးလုံး ပြုတ်ကုန် တာပဲ အဖတ်တင် ပါတယ်။ လက်နက် တတ်ဆင် ပေးလိုက်တဲ့ ဗိုလ်နောင်မဆိုး များဟာ ရာသက်ပန် ဆိုးတဲ့ တောပုန်း ဒမြကြီးများ ဖြစ်လာ ခဲ့ပါတယ်။ မြင်းခြံ ခံတပ်မှာ ခုခံကာကွယ် နေတဲ့ ရေတပ် ဗိုလ်ချုပ်ကြီး လှေသင်းအတွင်းဝန်ဟာ လေးနာရီ လောက်ပဲ ခံပစ် နိုင်ခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာ လာခဲ့ရတယ်။ တကယ်တော့ အီတလီ၊ ပြင်သစ်ဆရာတွေနဲ့ စစ်ပညာကို လေ့ကျင့် ထားတယ် ဆိုတဲ့ ဗမာစစ်သားတွေ အနေနဲ့ ဒီထက် ပို ခုခံ နိုင်သင့် ပါတယ်။ ငါတို့က သတ္တိရှိတာပဲ ဆိုပြီး ဘာကိုမှ ကောင်းကောင်း မလေ့လာ၊ မလေ့ကျင့်ပဲ ဆေးလိပ် သောက်လိုက်၊ ဟီလာ တိုက်လိုက်နဲ့ ပျော်ပါး ပေါ့တန်စွာ နေခဲ့တဲ့ အကျိုးကို တတိယ အင်္ဂလိပ်-မြန်မာ စစ်မှာ ခံစားရတာပဲလို့ ပြောချင်ပါတယ