That's Our Bamar (8)

အင်ကြင်း ကြာအုံ ရတနာပုံဏ် ၏ အရေးကြီး ရက်စွဲများ သမိုင်း

  • ၁၈၅၃ စက်တင်ဘာ ၁၁- အမ ရပူရ မင်းနေပြည် ကနေ ဘယ်မှ မပြောင်း သင့်ကြောင်း ရဟန်း ပညာရှိ လူ ပညာရှိ တို့  မစိုးရိမ် တိုက်မှာ စည်းဝေး ဆုံးဖြတ်၍ မေတ္တာစာ ရေးပြီး မင်းတုန်းမင်း ထံဆက်။
  • ၁၈၅၆ အောက်တိုဘာ ၃၀-ရဟန်း ရှင်လူ ပြည်သူ အများ တောင်းပန် နေတဲ့ ကြားက မြို့ သစ် တည်မဲ့နေရာ သွားကြည့်
  • ၁၈၅၆ အောက်တိုဘာ ၃၁- မြို့ သစ် နေရာ အသေးစိတ် ပုံစံ ရေးဆွဲ စေ
  • ၁၈၅၇ ဇန်န၀ါရီ ၁၃- မန္တလေး မြို့ တည်စေ အမိန့်တော်
  • ၁၈၅၇ ဖေဖေါ်ဝါရီ ၁ မှ ၁၈၅၉ ဇူလိုင် ၁၆- မြို့ တော်သစ် တည်ဆောက် ပြင်ဆင်။ မင်းတုန်းမင်းက အင်္ဂါသားမို့  မြို့သစ် တည်ရာ မှာ အင်္ဂါသားတွေပဲ သုံးခဲ့တယ်။ ဒါကြောင့် အဲဒီ နှစ်ပိုင်း တွေကို အင်္ဂါသားတွေ ကပ်ဆိုက် တဲ့နှစ် တွေလို့ ခေါ်ခဲ့ ကြတယ်။
  • ၁၈၅၉ ဧပြီ ၂၈- ရတနာပုဏ် မန္တလေး နေပြည်တော် ပြီးစီး။ ၁၂၂၁ ခုနှစ် တန်ခူး လပြည့် ကျော် ၁၀ ရက်- အုတ်ကျစ် ကျော်အေး မန္တလေး
  • ၁၈၆၁ ဧပြီ ၈- မီးလောင် () မှန်နန်း တော်ကြမ်း ကိုဆေးလိပ် မီးက စပြီးလောင် လို့ မင်းတုန်း မင်း ယာယီ စံနန်း ပြောင်း၊ ၁၈၆၁ အောက်တိုဘာ ၄ မှ ရွှေနန်း တော်ပြန်တက်။
  • ၁၈၆၁ ဇူလိုင် ၃၁- မီးလောင် () တရုတ်တန်း ငရွှေလှ အိမ်မှ စတင် လောင်ကျွမ်း
  • ၁၈၆၃ မတ် ၂၃- မန္တလေး တောင်အနီး မှာနန်းမြေ ဘုံသာ အမည်နဲ့ စံနန်း တစ်ဆောင် ဆောက်ပြီး မင်းတုန်း မင်းထွက် နေပြန်တယ်။ မီးသင့် မှာကြောက် နေပုံ ရတယ်။
  • ၁၈၆၄ စက်တင်ဘာ ၆- ဟာလေ ဒီဘိုလုပ် ကုမ္ပဏီ ကစကြာ ယာဉ်မွန် မီးသင်္ဘော ဆက်သ။
  • ၁၈၆၅ နိုဝင်ဘာ ၁၁- အသစ် တည်ပြီးတဲ့ဒင်္ဂါး စက်က ဒေါင်းဒင်္ဂါး စတင် သွန်းလုပ်
  • ၁၈၆၆ ဧပြီ ၁၅- မီးလောင် ()- အနောက် ပြင်ကစ။
  • ၁၈၆၆ ဇူလိုင် ၃၁- မီးလောင် ()- မြို့ တော် အရှေ့ မြောက် တွင်မိုးကြိုး လောင်မီး ကျခြင်း။
  • ၁၈၆၆ သြဂုတ် ၂- မြင်းကွန်း၊ မြင်းခုံတိုင် အရေး တော်ပုံ စတင်၊ အိမ်ရှေ့စံ ကနောင် မင်းသားကြီး သေဆုံး။
  • ၁၈၆၇ ဧပြီ ၂၃- မီးလောင် ()- စွယ်တော် ဆင်မြောက် သေနတ်တန်း ယမ်းစည် ပေါက်၍။
  • ၁၈၇၁ ဧပြီ ၁၅ မှ စက်တင်ဘာ ၁၂- ပဉ္စမ သင်္ဂါ ယနာ တင်ပွဲကြီး။
  • ၁၈၇၂ ဖေဖေါ်ဝါရီ ၂၂ မှ ၁၈၇၃ မေ ၂- မြန်မာ သံအဖွဲ့ ကိုကင်းဝန် မင်းကြီး ဦးဆောင်၍ လန်ဒန်၊ ပဲရစ်၊ ရောမ သွား
  • ၁၈၇၂ ဧပြီ ၁၈- မီးလောင် ()- မိုးကြိုး လောင်မီး ကျ
  • ၁၈၇၅ ဧပြီ ၁၁- ရတနာပုဏ် နေပြည်တော် သတင်းစာ စထွက်။ “ငါမကောင်း လျှင်ငါ့ အကြောင်း၊ ငါ့မိဖုရား မကောင်း လျှင်သူ့ အကြောင်း မထောက် မညှာ ရေးလေ” ဟုမင်းတုန်း မင်းက ခွင့်ပြု ခဲ့တယ် လို့ အဆို ရှိပေမဲ့ ဘယ်သူမှ သူ့ အကြောင်း မကောင်း မရေး ၀ံ့ကြပါ။
  • ၁၈၇၈ စက်တင်ဘာ ၁၉- မင်းတုန်းမင်း အပြင်း အထန် မကျန်းမာ၊ အံ့သြ ဖွယ်ရာ သီပေါ မင်းသား အိမ်ရှေ့  စံဖြစ်
  • ၁၈၇၈ အောက်တိုဘာ ၁- မင်းတုန်းမင်း နတ်ရွာစံ။ အောက်တိုဘာ (၇) သင်္ဂြိုလ်
  • ၁၈၇၉ ဖေဖေါ်ဝါရီ ၁၃ မှ ၁၈- နန်းမလုနိုင်အောင် ဖမ်းဆီး ထားသော မင်းညီ မင်းသား များကို သုတ်သင် ပွဲကြီး ကျင်းပ။
  • ၁၈၇၉ ဖေဖေါ်ဝါရီ ၂၅- မီးလောင် ()၊ အနောက် ပြင်မှစ၊ အိမ်ခြေ ၂၀၀ ကျော် လောင်ကျွမ်း၊ ရွှေရေးဆောင် ကျောင်းတိုက် နဲ့မဟာ မုနိ အနောက် စောင်းတန်း ပါပြာကျ။
  • ၁၈၈၀ မတ် ၁၄- အိမ်နိမ့် စံနေ ရသော ပုဂံ မင်းနတ်ရွာစံ။
  • ၁၈၈၀ မတ် ၁၇- သီပေါ မင်း၏ သားကြီး ကျောက်ပေါက် ၍သေ။
  • ၁၈၈၀ မေ ၂၃- သီပေါ မင်းဘိသိက် ခံ၍ တရားဝင် မင်းအဖြစ် သို့ ရောက်။
  • ၁၈၈၁ ဇွန် ၁- သီပေါ မင်း၏ မယ်တော်သေ။
  • ၁၈၈၃ ဖေဖေါ်ဝါရီ ၁၈- မီးလောင် () နန်းမြို့  တော်တောင် ဗြဲတိုက် သံဆင့် ငမြစ် အိမ်က စတင် လောင်ကျွမ်း
  • ၁၈၈၃ မတ် ၂၅- မီးလောင် ()၊ အကြီးအကျယ်
  • ၁၈၈၃ ဧပြီ ၃- မီးလောင် (၁၀)၊ အကြီးအကျယ်
  • ၁၈၈၃ ဧပြီ ၅- မီးလောင် (၁၁)၊ အကြီးအကျယ်
  • ၁၈၈၃ ဧပြီ ၁၆- မီးလောင် (၁၂)၊ အကြီးအကျယ်
  • ၁၈၈၃ သြဂုတ် ၁၈- ယော အတွင်းဝန် ဦးဖိုးလှိုင် ကွယ်လွန်။
  • ၁၈၈၄ ဖေဖေါ်ဝါရီ ၂၈- မီးလောင် (၁၃) တောင်ပြင် လင်းဇင်း တန်း
  • ၁၈၈၄ မတ် ၂၃- မီးလောင် (၁၄) အရှေ့ ပြင်
  • ၁၈၈၄ မတ် ၂၄- သီပေါမင်း ၏သမီးတော် လေးပါး ကျောက်ပေါက်၊ တတိယ နဲ့  စတုတ္တ သမီးတော် များသေဆုံး။
  • ၁၈၈၄ ဧပြီ ၁- မီးလောင် (၁၅) မလွန် ဈေးရပ်
  • ၁၈၈၅ ဧပြီ ၅- မီးလောင် (၁၆) အနောက် ပြင်မှစ၊ တစ်မီး မငြိမ်း မှီနောက် တစ်မီး အစုစု မီးခုနှစ် ကြိမ်တိုင် အောင် တစ်ရက်တည်းလောင်
  • ၁၈၈၅ ဧပြီ ၈- မီးလောင် (၁၇) ရွာဟိုင်း ဈေးမှ စတင် လောင်ကျွမ်း၊ မဟာ မုနိ ဘုရားကြီး ပါလောင် သွားတယ် (ရခိုင် ကပင့် လာတာ နှစ်တစ်ရာ ပြည့်တဲ့ နေ့မှာ မီးသင့် ခံရ ရှာတယ်) ဘုရား ကြီးမီး သင့်ရာ မှအရည် ပျော်စီး ကြလာ သောရွှေချိန် ၅၄၅၀ ကျပ်သား။ မီးသင့် အိမ်တစ် အိမ်ကို ငွေ ၂ ကျပ်နဲ့ ဆန်တစ်စိတ် ပေး သနားတယ်။
  • ၁၈၈၄ ဧပြီ ၁၄- မီးလောင် (၁၈) နန်းမြို့  အနောင် တောင်ထောင့်
  • ၁၈၈၄ မေ ၁၉- မီးလောင် (၁၉) ဘုန်းတော်တိုး အစု တောင်ဘက်
  • ၁၈၈၄ မေ ၂၅- မီးလောင် (၂၀)- ချမ်းအေး သာစံ တရုတ်တန်း မြောက်စွန်း
  • ၁၈၈၄ ဇူလိုင် ၅- အသစ် ပြန်လည် တည်ဆောက် ပြီး မဟာ မုနိ ဘုရားကြီး မျက်နှာ တော်ဖွင့်
  • ၁၈၈၄ စက်တင်ဘာ ၂၁- မြို့ တော် သန်းခေါင် စာရင်း ကောက်ခံ။ လူတစ်သိန်း နေထိုင်သည်။
  • ၁၈၈၅ သြဂုတ် ၁၂- ဘုံဘေ ဘားမား ကုမ္ပဏီ သစ်ခိုးမှု၊ ဒဏ်ငွေ ၂၃ သိန်း ချမှတ်။
  • ၁၈၈၅ နိုဝင်ဘာ ၇ မှ ၂၈- ဒီဂယက် ကြောင့်တတိယ အင်္ဂလိပ်-မြန်မာ စစ်ဖြစ်။ စစ်ရှုံး
  • ၁၈၈၅ နိုဝင်ဘာ ၂၉- သီပေါမင်း မိသားစု ပါတော်မူ
  • ၁၈၉၈- မန္တလေး မီးသတ် ဌာန ထောင်
  • ၁၉၀၃ သြဂုတ် ၁၈- မင်းတုန်းမင်း နဲ့ ကနောင် မင်းသားကြီး တို့ ရဲ့  လက်စွဲ သမားတော် ပညာ သိဒ္ဓိ ကျော်ခေါင် ခေါ် ဦးခဲသေ။
  • ၁၉၀၈ ဇွန် ၃၀- ကင်းဝန် မင်းကြီးအနိစ္စရောက်။
  • ၁၉၁၆ ဒီဇင်ဘာ ၁၆- သီပေါ ဘုရင် အိန္ဒိယ မှာ နတ်ရွာစံ
  • ၁၉၂၅ နိုဝင်ဘာ ၂၄- သီပေါရဲ့  မိဖုယားစုဖုရားလတ် ရန်ကုန်မှာ နတ်ရွာစံ၊ ကုန်းဘောင် မင်းဆက် နိဌိတံ။

ကိုးကား

  1. သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့် ရာဇ၀င်
  2. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်
Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.