That's Our Bamar (10)

ဘုရင်ညံ့ သုံးပါး (ပထမပိုင်း)

မြန်မာ့ ပဒေသရာဇ် သမိုင်း မှာရွံ စရာ ကောင်းတဲ့ ဘုရင်ညံ့ သုံးပါး ဟာခေတ် သုံးခေတ် မှာပေါ်ခဲ့ ဘူးတယ် လို့အဆို ရှိပါ တယ်။ ဒီဘုရင်ညံ့ တွေရဲ့  လက်ထက် မှာတိုင်းပြည် ပျက်လေ့ ရှိတယ် လို့လည်း ပြောကြ ပါတယ်။ သူတို့ကတော့-

  1. ပုဂံခေတ် နရသီဟ ပတေ့မင်း
  2. အင်းဝခေတ် ဟံသာ ၀တီ ပါမင်း နဲ့
  3. ကုန်းဘောင်ခေတ် သီပေါမင်း- တို့ပါတဲ့။ အဟုတ် တကယ် ညံ့၊ မညံ့ကိုတော့ တစ်ဦး စီကို အကဲခတ် ကြည့်ကြ ရမှာပါ။

နရသီဟ ပတေ့
သူက လေးမည်ရ မင်း ဖြစ်ပါတယ်။ နရသီဟ ပတေ့၊ မင်းခွေးချေး၊ တရုတ်ပြေးမင်း၊ သားမြွှာဘ ဆိုတဲ့အမည် လေးမျိုး နဲ့ရာဇ၀င် မှာလူသိ များတယ်။ “စလေငခွေး၊ မင်းခွေးချေး၊ လူရေး ပျက်တော့သည်” လို့ပက်ပက် စက်စက် အပြောခံ ရတဲ့ မင်းဖြစ်ပါတယ်။ သူညံ့ ပုံတွေ ကိုတန်းစီ ပြောရင် မပေါ်လွင်မှာ စိုးလို့ category ခွဲပြီး တင်ပြ ပါ့မယ်။
(က) ၀ါနုခြင်း
မြန်မာ ရာဇ၀င် မှာသြဇာ ရှိသူ နန်းတွင်း အမတ်ကြီး၊ သို့မဟုတ် ဆွေတော်၊ မျိုးတော် တစ်ပါးပါး ကသူ့သြဇာ ခိုင်စေဖို့ ရုပ်ပြ ဘုရင် တစ်ပါးပါး ကိုနန်းတင် တော့မယ် ဆိုရင် ငယ်ရွယ် နုနယ်သူ မင်းသား ငယ်များ ကိုစိတ်ကြိုက် ရွေးချယ် တင်မြှောက် လေ့ရှိ ပါတယ်။ ပုဂံ ခေတ်နေ ၀င်ချိန် မှာတန်ခိုး ထွားတဲ့ အမတ်ကြီး ရာဇ သင်္ကြန် က၀ါရင့် မင်းသားကြီး သီဟသူ ကိုဘုရင် အဖြစ် မထောက် ခံပဲ အသက် ၁၉ နှစ်သာ ရှိသေး တဲ့သူ့ ကိုထောက်ခံ ရာက မင်းခွေးချေး တစ်ယောက် ရာဇ ပုလ္လင် ပေါ်ရောက် လာတယ်။
(ခ) လေယူရာတိမ်း၍ကြိုးဆွဲရာကသူ
ဘုရင် လည်းဖြစ် ကရော၊ ဘုန်းကြီး ၀တ်နေတဲ့ သူ့ဦးလေး ကိုလူထွက် ခိုင်းပြီး သိမ္မစည်း ဆိုတဲ့ ဘွဲ့ နဲ့ အမတ်ကြီး ခန့်တယ်။ ဖုန်းကြီး လူထွက် သိမ္မစည်း ဟာတဖြည်းဖြည်း ဘုန်းကြီး လာလိုက် တာနောက်ဆုံး သူတွန်းလို့ ပုလ္လင်ပေါ် ထမ်းတင်ပေးခဲ့တဲ့ ရာဇ သင်္ကြန် ကို မင်းခွေးချေးက စည်းစိမ် ရုပ်သိမ်းပြီး ဒလ ကိုနယ်နှင် ခဲ့ပါလေရော။
(ဂ) ဘဏ္ဍာရေးအခြေအနေ
တစ်ပြည်လုံး မှာရှိတဲ့ စိုက်ပျိုးမြေ ဧကများစွာ ကိုဘုရင် ကရော၊ မင်းညီ မင်းသား တွေကရော၊ သူဌေး သူကြွယ် တွေ ကရော ဂုဏ်တု ဂုဏ်ပြိုင် လုပ်ပြီး သာသနာ့မြေ အဖြစ် ပေးလှူ ကြတယ်။ သာဓု ခေါ်မလို့ စဉ်းစား နေတုန်း သာသနာ့မြေ ဟာ အခွန်လွတ် တဲ့အတွက် သူတို့လှူထားတဲ့ မြေဧက သောင်းပေါင်း များစွာ အတွက် အခွန် မရတော့၊ ဒါကြောင့် budget negative balance ပြလာတယ်။
(ဃ) အခြားဌာန တို့မှ အကောက် အခွန် များတိုးမြှင့်ခြင်း
ကြံရာ မရ တဲ့အခါ ကျတော့ ပြည်သူပြည်သား တွေထံက အခွန် အကောက် တွေရသလောက် တိုးမြှင့် ကောက်ခံတယ်။ သက်လူမျိုး တို့နေထိုင်ရာ မစ္ဆဂီရိ အရပ် မှာထုံးစံ ထက်အများကြီး ပိုပြီး အခွန်တော် ကောက်လို့ ပုန်ကန် ထကြွ မှုစတင် လာတယ်။ ပုဂံ ကိုလာပြီး ရောင်းဝယ် ဖောက်ကား တဲ့တရုတ် ကုန်သည် တွေရဲ့ လားဝန်တင် ပစ္စည်း တွေကို အခွန် မတရား ကောက်လို့ စကားများ ရန်ဖြစ် ကြတယ်။
(င) မိုးလွန်မှထွန်ချ
တရုတ်က ၀င်တိုက် လို့စစ်ရှုံး ပြီးထီးနန်း ကိုရော၊ တိုင်းပြည်ကိုပါ စွန့်လွှတ် ထွက်ပြေး ပါတယ်။ သူ့ အမှား တွေကို မိဖုရား စောက ပြောဆို ဆုံးမ ဖျောင်းဖျ တော့နောင်တ ရခဲ့ ရှာတယ်။ ဒါပေမဲ့ အချိန် သိပ်နှောင်း ခဲ့ပြီ။
(စ) လမ်းဆုံး
ထွက်ပြေး တိမ်းရှောင် လာတာ ပုသိမ် ကနေ သားတော်ရှိတဲ့ ပြည်ကိုအရောက် သားတော် ကအဆိပ် ပါတဲ့ စားပွဲတော် ကိုဆက်သတယ်။ အဆိပ် ပါမှန်း သိသိ ကြီးနဲ့ စားရရှာတယ်။ “ငါသည် နောင်ဘ၀ များ၌ သားယောင်္ကျား ဖခင် မဖြစ် ပါရ စေနှင့်” လို့မျက်ရည် လည်ရွဲ ဆုတောင်း သွားပြီး ဘုန်းကြီး စဉ်အခါ ကဟင်းခွက် သုံးရာနဲ့ နေ့စဉ် ပွဲတော် တည်တယ် လို့ နာမည်ကြီး ခဲ့တဲ့ နာရ သီဟ ပတေ့ ဟာအစား ကြောင့်ပဲ နတ်ရွာ စံခဲ့ ရရှာပါတယ်။ သူနဲ့ အတူ ပုဂံ ခေတ်ကို လည်း တစ်ခါတည်း စုတေ စေခဲ့ တယ်လေ။

ကိုးကား

  1. ဦးတင်၊ ပုဂံဝန်ထောက်၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းများ၊ ဒုတိယတွဲ
  2. ညိုမြ၊ ကုန်းဘောင်ရှာပုံတော်

4 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Jul 09, 2008 @ 12:26:18

    ဖတ်သွားပါတယ် ခင်ဗျာ …

    မဆိုင်တာလေး တစ်ခု လျှာရှည် ဦးမယ် ဗျို့ … သမိုင်း ရေးတာ စာရေးသူ နာမည် က သမိုင်းထဲ က လို ဆို ပို ကောင်းမလားလို့ … ရိုးရိုး သားသား အမြင်ပါ … တောက်လျှောက် သုံးလာလို့ လူသိများပြီး သား ဆိုရင်တော့ တစ်မျိုးပေါ့ …

    စိစစ် သုံးသပ် တင်ပြတာ တကယ် အပြု သဘော ဆောင်ပါတယ် ခင်ဗျာ …

    ခင်မင် လေးစားစွာဖြင့် …
    စိုးထက်

    Reply

  2. Yu Wa Yi
    Jul 13, 2008 @ 09:15:34

    အမှန်တော့ ဒီသမိုင်းရေးသူရဲ့ကလောင်နာမည်မှန်က “ဗညားဂျွန်းတော” ပါ ကစိုးထက်ရေ။
    နာမည်ရှည်နေလို့ အတိုရေးတဲ့သဘောနဲ့ “ဂျွန်း (juan) ”တစ်လုံးတည်းသုံးတာဆိုပဲ။

    Reply

  3. စိုးထက် - Soe Htet !
    Jul 20, 2008 @ 14:20:55

    ဟုတ် :P

    Reply

  4. naylynn
    Feb 24, 2012 @ 15:12:33

    me too!saya ma i know the meaning of Juan

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.