That's Our Bamar (9)
06 Jul 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ပါးစပ်ရာဇ၀င်
ပါးစပ် ရာဇ၀င် ခေါ်တဲ့ နှုတ်ပြော သမိုင်းကြောင်း တစ်ခုကို လေ့လာ ကြတဲ့ အခါမှာ-
- နောက်ကြောင်းပြန်ခြင်း (Narrative)
- ပုဂ္ဂိုလ်ထူးတစ်ဦးဦး၏အတ္တုပတ္တိ ကိုပြောပြခြင်း (Legend)
- စိတ်ဝင် စားဖွယ် အဖြစ် အပျက် ကိုတင်ပြခြင်း (Anecdote)
- စကားပုံ နှိုင်းခြင်း (Proverb) နဲ့
- သမိုင်းလင်္ကာရွတ်ခြင်း (Historical Lay) ဆိုပြီး ကွဲပြား ခြားနားပါတယ်။
အများ အားဖြင့် ပါးစပ် ရာဇ၀င် တွေဟာ နောက်ကြောင်း ပြန်ခြင်း ကများ ပါတယ်။ နောက်ကြောင်း ပြန်တဲ့ အခါ မှာလည်း-
- ကိုယ်တိုင် ပါဝင် ပုံကို ပြောတာလား (First hand)
- မျက်မြင် တွေ့ရှိ တာလား (Eye witness)
- တစ်ဆင့်စကားလား (Hearsay) ဆိုပြီး ခွဲခြား နိုင်ပါ သေးတယ်။ ဘယ်ဟာ ကပို ယုံနိုင် စရာ ရှိသလဲ ဆိုတာတော့ မိမိ ဥာဏ်နဲ့ စဉ်းစား ဆုံးဖြတ် ရပါ လိမ့်မယ်။ ကိုယ်တွေ့ ကယုံ ဖို့အကောင်းဆုံး ဆိုပါတော့။
ကိုယ်တိုင် ပါဝင် ပုံကို ပြန်ပြော တယ်ဆို ဦးတော့။ ပုဂံ ရွှေစည်းခုံ ဘုရားက မွန်ကျောက်စာ မှာထိလိုင်မင်း ကိုယ်တိုင် ရေးထိုး ခဲ့တဲ့-
- “ငါ့အဖေ ကနေနတ်မျိုး၊ ငါ့အမေ ကဥသျှစ် သီးမှာ သံသ န္ဓေဇ တည်ပြီး မွေးလာ တဲ့အမျိုး၊ ငါကိုယ်တိုင် ကဗိသနိုး နတ်မင်းကြီး လူဝင်စားကွ”၊ ဒီလို ပြောခဲ့ တာကို ကိုယ်တိုင် ပါဝင် ပုံမို့ လို့ယုံကြ ဆိုရင် တော့သိပ်ဥာဏ် နည်းလွန်း ရာရောက် သွားပါလိမ့်မယ်။ ဒီစကားမျိုး ကိုခုခေတ် ရုပ်ရှင် မင်းသားကြီး ကျော်ဟိန်း လဲမကြာ ခဏ ပြောတတ် တယ်။ “ငါက သထုံ မနုဟာ မင်းရဲ့  သားတော်ကြီး” ဆိုလား၊ လူဝင်စား ဆိုလား ပြောလိုပြော။ လက်ပြ ပုလိပ် လို လက်ဖ၀ါး ကြီးကာ ထားတဲ့ ဘုရား ဆင်းတု ကြီးထု ပြီးအသိ၊ သတိ ဘုရား လို့အမည် ကင်ပွန်း တပ်လိုတပ် အမျိုး မျိုးနဲ့ မရိုး ရအောင် self advertisement လုပ်ပါတယ်။ Promotion အကြီး အကျယ် လုပ်ပါတယ်။ ရှေးဘုရင် လက်ထက် ကဆင်းသက် လာတဲ့ ကိုယ့်ကိုယ်ကို ကြော်ငြာ နည်းပေါ့။
နှုတ်ပြော ကိုစစ်ဆေး တော့မယ့် အခါ
- ဒီစကား ဟာပုဂ္ဂိုလ် စွဲတစ်ခုခု ကိုအလိုရှိ လို့တမင် ပြောခဲ့တာလား?
- ဒီလို သတင်း တစ်ခု ကိုပျံ့ နှံ့ အောင်လုပ် တဲ့အခါ မိမိ အရည် အသွေး ကိုအရှိ အတိုင်း ထက်ပိုပြီး ကြားရ တဲ့သူ အပေါင်း ကြောက်ရွံ့  ရိုသေ အထင် ကြီးစေ ချင်လို့ ပြောခဲ့ တာလား?
- မိမိ အရည် အသွေး ကိုအရှိ အတိုင်း အမှန် သိရအောင် ဂုဏ်သတင်း ကိုထိန်းသိမ်း တဲ့သဘောလား- ရှာဖွေ ကြည့်ရှု ပြီးမှ လက်ခံတယ်၊ လက်မခံဖူး ဆုံးဖြတ် ရပါမယ်။
ပြောတိုင်း ယုံရင် တော့ပုတ်သင်ညို အဆင့်မှာပဲ တစ်သက်လုံး နေကြ ရပါ လိမ့်မယ်။
ကိုးကား
- သန်းထွန်း၊ ဒေါက်တာ၊ ပါးစပ်ရာဇ၀င်

Sep 13, 2009 @ 12:56:46
I accept this fact.Our Buddha also teach us not to believe without thinking self and not to believe it is true because your teacher or superior said that it is true in “Kalarma” Thote.