That's Our Bamar (11)

ဘုရင်ညံ့ သုံးပါး (ဒုတိယပိုင်း)

ဒုတိယ မြောက်ဘုရင်ညံ့ အဖြစ် မှတ်တမ်း ၀င်သူ ကတော့ ဟံသာဝတီ ပါမင်း ပါတဲ့။ မွန်တို့ ရဲ့ တိုက်ခိုက် သိမ်းပိုက် ခြင်းကို ခံရပြီး ဟံသာ ၀တီ ပဲခူး ကိုဓါးစာခံ အဖြစ် ပါသွားခဲ့ လို့ဒီအမည် တွင်ပါတယ်။ သူ့ရဲ့  ညံ့ကွက် များကတော့-
(က) ၀ါနုခြင်း
တရုတ်ပြေးမင်း လိုအဖြစ်မျိုး သမိုင်း တစ်ပါတ် လည်ပြီး သူ့မှာ ကြုံခဲ့ ရတာပါ။ ခမည်းတော် တနင်္ဂနွေ မင်းနတ်ရွာ စံတော့ ညီတော် ဗဒုံ မြို့ စား နန်းရ နိုင်ပါလျှက်နဲ့ နန်းတွင်း မှာသြဇာ လွှမ်းတဲ့ ၀န်ကြီး ဦးပု ကဇွတ်အတင်း အဓမ္မ နန်းတင်ရာက အသက် ၁၉ နှစ်မှာပဲ မင်းပျို မင်းလွင် လေးဘ၀ နဲ့ ဘုရင် ဖြစ်လာခဲ့တယ်။ ပျော်လိုက် တာမိုးမဆုံး လေမဆုံးပေါ့။
(ခ) လေယူရာတိမ်း၍ကြိုးဆွဲရာကသူ
ထုံးစံ အတိုင်း ဘုရင် လည်းဖြစ် ကရော ငယ်ဆရာ မောင်ဖြိုးကို ရာဇ နန္ဒ ဘွဲ့ချီးမြှင့် ပြီးအတွင်းဝန် ခန့်တယ်။ အထိန်း တော်နဲ့ ပေးစားပြီး ဘုရင့်နောင် ဘွဲ့ တပ် မြှောက်စား ခဲ့တယ်။ အမြှောက် စားခံ ရတဲ့ မောင်ဖြိုး ကမာန်တွေ တက်ပြီး ကုန်းချော တော့လည်း လွယ်လွယ် ကူကူ ယုံစားပြီး ကျေးဇူးရှင် ၀န်ကြီး ဦးပု ကိုရော၊ သံဃ ရာဇာ ကိုပါ ကွပ်မျက် စေခဲ့ တယ်။
(ဂ) အခွန်၊ အကောက်
တောင်သူ လယ်သမား တွေရဲ့  စပါး ကိုထွက်သမျှ ရဲ့ လေးစု တစ်စု (၂၅%) အခွန်ကောက်ယူ ခြင်းကြောင့် လယ်မစိုက် ကြတော့တဲ့ အတွက် ဆန်ရေ စပါး ရှားပါး မှုကြီး ဖြစ်ပေါ် လာတယ်။
(ဃ) ဘဏ္ဍာရေးအခြေအနေ
ငွေဒင်္ဂါး လည်းနောက်ထပ် မလုပ် နိုင်တော့ လို့ငွေချိန် နဲ့ပဲ သုံးစွဲ နေကြ ရတယ်။ နေပြည်တော် မှာရိက္ခာ ရှားပါး ပြတ်လပ် တာကို အခွင့်ကောင်း ယူပြီး နန်းတွင်း ကျီတော် တွေထဲက ဆန်စပါး ကိုမိဖုရား နဲ့တကွ နန်းတွင်းသူ တွေက အမြတ်ကြီး စားဈေးတင် ရောင်းကြ ပြန်တယ်။
တိုင်းသူ၊ ပြည်သားတို့ အစာရေစာ ငတ်မွတ် ခေါင်းပါး လာကြ လို့ဆူပူ အုံကြွမှု တွေဖြစ်နေတုန်း ဟံသာ ၀တီ ပဲခူး ကမွန် တို့ရဲ့  ကျူးကျော် တိုက်ခိုက်မှု ကိုခံရတယ်။ ပဲခူးသား တွေကို ခုခံ တိုက်ခိုက် ဖို့ အားအင် ကုန်ခန်း နေကြတဲ့ ဗမာ တွေဟာ ကိုယ့်လက်နက် တောင်ကိုယ် မထမ်းနိုင် လောက်အောင် အခြေ အနေ ဆိုးလွန်း ကြတဲ့ အတွက် စစ်ပွဲ ဟာ မတိုက် ခင်က ရှုံးပြီး ဖြစ်ခဲ့ ရတယ်။
(င) မိုးလွန်မှထွန်ချ
ဝန်ကြီး ဦးပု နဲ့ အမတ်ကြီး သုံးဦး ကိုကွပ်မျက် စဉ်က ဦးပု မသေခင် “ငါတို့ မှုးမတ် တစ်စု သေရ တာထက် နိုင်ငံ ပျက်မှာ ကိုငါ သနား လိုက်ကဲ့” လို့ပြောခဲ့ တာကို ပဲခူး ရောက်ပြီး အကျယ်ချုပ် မှာနေ ရမှ သူသတိ ရတယ်။ “၀န်ကြီး ကိုပု ရှိသော် ဤကဲ့သို့ မဖြစ်လေ” ဆိုပြီး တမ်းတ သတဲ့။ နောက်ကျ ရှာသကိုး။
(စ) လမ်းဆုံး
ပဲခူး မှာအကျယ်ချုပ် ခံနေ ရတုန်း ငါးကြီး တစ်ကောင် ခေါင်းပုပ် သေဆုံး နေပြီး မှအမြီး တခပ်ခပ် ဖြစ်နေတယ် ဆိုတဲ့ သတင်း ကိုသူ ကြားတော့ “ငါတည်း ဟူသော ဦးခေါင်း ပုပ်၍ သေပြီ ဖြစ်သော်လည်း အမြီးတည်း ဟူသော ငါတို့ ဗမာ အမျိုးသား တို့သည် မကြာခင် အထွတ် အထိပ် သို့ရောက် လိမ့်မည်” လို့အချုပ် ထဲက ကြုံးဝါးသတဲ့။ ဒီသတင်း မွန်မင်း ကြားတော့ ဒင်းထားလို့ မဖြစ်ချေ ဘူးဆိုပြီး ခေါင်းဖြတ် သတ်လိုက် လို့သေရှာ ပါလေရော။

ကိုးကား

  1. ဦးတင်၊ ပုဂံဝန်ထောက်၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းများ၊ ဒုတိယတွဲ
  2. ညိုမြ၊ ကုန်းဘောင်ရှာပုံတော်
Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.