Life Cycle (2)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၂)

ရောဂါနှင့် သမား
နာခြင်း သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက် ခြင်းခံ ရသူ များကို လွယ်လွယ် ကူကူ လူနာ လို့ အမည်ပေး ကင်ပွန်းတပ် ကြပါ တယ်။ လူနာ ဖြစ်လာ တဲ့အခါ လူသားရဲ့  ဇာတိ စိတ်အရ၊ ခံစား နေရ တဲ့ ဝေဒနာ ကိုအမြန် ဆုံးပျောက် ကင်းချမ်းသာ ချင်ကြတယ်။ ပျောက်ကင်း ဖို့နည်းလမ်း တွေကိုလည်း ရှာကြ ဖွေကြ တယ်။ ဝေဒနာ အပြင်း အထန် ခံစား နေရ တာကို ဘာမှ မလုပ်ပဲ ငုတ်တုတ် ပေထိုင် ပြီး သူ့ဘာသာ သူ ပြန်ကောင်း အောင် စောင့်တဲ့သူ မရှိ ဘူးလို့ မပြော နိုင်ပေမဲ့ အလွန် အင်မတန် နည်းပါး ပါလိမ့်မယ်။ မည်သည့် တန်ဖိုး ကိုပေးဆပ် ရသည် ဖြစ်စေ ကိုယ်ခံစား ရတဲ့ ဝေဒနာ ကို ပိန်းကြာ ဖက်တွင် ရေ မတင် သလို အမြန် ဆုံး သာပျောက် ကင်းချင် ကြသမို့ သမား ခေါ်တဲ့ ဝေဒနာ ကိုပျောက် ကင်းအောင် ကုသ ပေးနိုင်စွမ်း ရှိသော ပုဂ္ဂိုလ် များရဲ့  အခန်း ကဏ္ဌ ဟာ လူ့ဘောင် လောက မှာ အရေးပါ လာပါတယ်။
လူတစ်ဦး ဝေဒနာ ခံစား ရလို့ သမားတော် ထံချဉ်းကပ် တယ်ဆိုပါစို့။ သူ့ရဲ့ ရည်ရွယ်ချက် ကခံစား နေရ တဲ့ ရောဂါ ပျောက်ကင်း ဖို့၊ သမားရဲ့  ရည်ရွယ်ချက် က- လူနာခံစား နေရတဲ့ ဝေဒနာ ပျောက်ကင်း ဖို့အတွက် ထိရောက် တဲ့ကုသ မှုပေး ဖို့ပဲ မဟုတ်လား။ လောက မှာရှိရှိ သမျှ သမား သို့မဟုတ် ဆေးဆရာ အားလုံး ဟာဒီရည်ရွယ် ချက်ကြီးကို ဦးထိပ် ပန်ဆင် ပြီး အလုပ်လုပ် ကြတာပါပဲ။ ထိရောက် တဲ့ကုသ မှု ကိုပေးချင်ရင် ပထမ ဆုံးလိုအပ် ချက်က လူနာ ခံစား နေရ တဲ့ရောဂါ ဝေဒနာ ရဲ့  အကြောင်းရင်း ကိုသိမှ ဖြစ်မယ် ဆိုတာကို သဘောပေါက် လာကြတယ်။ ဒါကြောင့် ပဲခေတ် အဆက်ဆက် သမားတော် တို့ဟာ ရောဂါ ဖြစ်ပွား ရခြင်း အကြောင်းရင်း များကို ရှာဖွေ ဖေါ်ထုတ် စုံစမ်း ခဲ့ကြပါတယ်။ ရရှိ လာတဲ့ အချက် အလက်၊ အခြေ အနေ တွေပေါ် အခြေခံပြီး ရောဂါ ဖြစ်ရခြင်း အကြောင်း များကို သီအိုရီ များ၊ အနုမာန မှန်းဆချက် (Hypothesis) များ အဖြစ် ဖော်ထုတ် ခဲ့ကြတယ်။ မှန်တာလည်းရှိ၊ မှားတာလည်း အများကြီးပေါ့။ အခြေ အနေ နဲ့ အချိန် အခါ ပေါ်မူတည်ပြီး ပြောင်းလဲ ခဲ့ကြတဲ့ အနောက်တိုင်း ဆေးပညာ ရဲ့  သမုတိ သစ္စာ သီအိုရီ များကို အနည်းငယ် တင်ပြ ပါရစေ။
(က) သဘာဝလွန် သီအိုရီ
ရှေးပဝေ သဏီ တုန်းက လူသား ဟာဝေဒနာ တစ်ခုခု ခံစား ရပြီ ဆိုရင် ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ ကိုနက်နက် နဲနဲ စဉ်းစား နိုင်စွမ်း မရှိ ခဲ့ပါ။ စား၊၀တ်၊ နေရေး ဖြစ်တဲ့ Basic Needs ကိုဦးစား ပေးဖြေရှင်း ရတဲ့ ခေတ်မို့ Safety Needs ဖြစ်တဲ့ ကျန်းမာရေး ကိုလှည့်ကြည့် ဖြေရှင်း ချိန်မရ တာက တစ်ကြောင်း၊ ကျိုးကြောင်း ဆင်ခြင် တုံတရား အားနည်း တာက တစ်ကြောင်း တို့ကြောင်း ရောဂါ ဝေဒနာ ရဲ့ အကြောင်း တရား ကိုမမြင် နိုင်တဲ့ သဘာဝ လွန် ဖြစ်ရပ် များ အပေါ် ပုံချ လိုက်လေ့ ရှိတယ်။ မိုးနတ် မင်းကြီး စိတ်ဆိုးလို့၊ လေနတ် သားက ဒေါပွလို့၊ မီးနတ် ကို မပူဇော်လို့၊ စုန်း၊ ကဝေ၊ မြေဘုတ်၊ ဘီလူး၊ ပြိတ္တာ၊ နာနာ ဘာဝ၊ တစ္ဆေ၊ သရဲ များက သောက်မြင်ကပ်ကပ် နဲ့ ပြုစား လို့ ရောဂါ ဖြစ်ရတယ် ဆိုပြီး ယူဆ လိုက်ကြ တယ်။ အေးရော၊ ခုခေတ် ပြောပြော နေတဲ့ ဘာမှ လာရှင်း ပြမနေနဲ့ ဆိုတာ မျိုးပေါ့၊ ကိုယ့်လက် ကလွတ် ဗြွတ် ဆိုပြီး ပြောချ လိုက်တဲ့ သဘောပါပဲ။ ထူးဆန်း တာက တော့ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်၊ စူပါ အင်ဖော် မေးရှင်း တက္ကနို လိုဂျီ ခေတ် လို့ ပြောပြော နေတဲ့ ပစ္စုပ္ပန် ကာလ မှာတောင် ဒီသီအိုရီ ဟာ ကမ္ဘာ့နေရာ ဒေသ အတော်များများ မှာပန်းပန်လျှက်ပဲ ရှိနေ သေးတယ်။
(ခ) ဟန်ချက်ညီ သီအိုရီ
ခေတ်တွေ ပြောင်းပြီး လူဖြစ်သက် ရင့်လာ တာနဲ့ အမျှ စဉ်းစား နိုင်စွမ်း ရှိလာ တဲ့လူသား တွေဟာ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျင့်ဝတ် ဆိုင်ရာ အတွေး အခေါ် များမြင့်မား လာတာနဲ့ အမျှ ရောဂါ ဝေဒနာဟာ ဘုရားရိုက်လို့၊ နတ် ခိုက်လို့ ဆိုပြီး အယုံကြီး ယုံနေတဲ့ အဆင့် ထက်ပို ပြီးတွေးတော ဆင်ခြင် နိုင်စွမ်း ရှိလာ ကြတယ်။ မဇ္ဈိမ ကအစပြုခဲ့တဲ့ ဟန်ချက်ညီ သီအိုရီ ဟာအဲဒီ ခေတ် အခါ ကအလွန်ရှေ့ တန်း ရောက်သော မော်ဒန် အတွေးအခေါ်သစ် ဖြစ်ခဲ့တယ်။ လူ့ ခန္ဓာကိုယ် မှာ အဓိက ကျတဲ့ လေ၊ သည်းခြေရည် နဲ့ သလိပ် ဆိုတဲ့ ဓါတ်သုံးပါး ဟန်ချက် ညီညီ လည်ပါတ် နေနိုင်ရင် လူဟာ ကျန်းမာနေပြီး ဒီဓါတ်သုံးပါး အနက် တစ်ခုခု ဖောက်ပြန် တာနဲ့ ရောဂါ ဝေဒနာ အစပျိုး တော့တာပဲ လို့ ဒီသီအိုရီ ကဆိုပါတယ်။ နောက်ပိုင်း မှာ ဒီသီအိုရီ ကိုပဲ ဥရောပ၊ ဂရိ ဆေးပညာ ကကော်ပီ လုပ်ပါတယ်။ (ကော်ပီရိုက် ဥပဒေ ကိုဥရောပ ကစတင် ချိုးဖောက် တာလို့ ပြောရမလား?)၊ မြန်မာ ပြည်မှာ ခေတ်စား တဲ့ အာယုဗေဒ ဆေးပညာ ရဲ့  မူလ ဘူတ ဓါတ်ကြီး လေးပါး (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော) ဆိုတာလည်း ဒီက ဆင့်ပွား ထွက်လာတဲ့ အခက်အလက်ပါပဲ။
(ဂ) လေသီအိုရီ
ဟန်ချက်ညီ သီအိုရီ ခေတ်ကုန် သွားချိန် မှာ ဥရောပ ဖက်မှာ လေသီအိုရီ ဆိုတာ ပေါ်လာ ပြန်တယ်။ ရောဂါ ဖြစ်ပွား ရခြင်း ကို မသန့်ရှင်းသော၊ အဆိပ် အတောက် ပါသော လေပုပ် လေသိုး ကိုရှုမိ၊ ရှိုက်မိ လို့- လို့ဆိုပြန်တယ်။ ကူးစက် ရောဂါ တွေလို့ ဒီနေ့ခေတ် ရှင်းရှင်း လင်းလင်း သိထားတဲ့ ကာလ၀မ်း၊ ဌက်ဖျား၊ ပုလိပ် စတဲ့ ရောဂါ အားလုံး ဟာ အရင်း စစ်လိုက် တော့ အယုတ် တမာ လေဆိုး ကြောင့် လို့စွပ်စွဲ ပါတယ်။ သူများ ပြောတိုင်း မယုံ ချင်ကြသူ တွေက သုတေသန တွေလည်း လုပ်ကြည့် ကြတယ်။ ဟုတ်လောက် တယ်လို့ ထင်စရာ ရှိတဲ့ အထောက် အထား တွေ့လည်း တွေ့ခဲ့ ကြပါသေး။ နောက်ပိုင်း ကျမှ ဒီအထောက် အထားတွေဟာ ဆေးသုတေသန မှာ သတိ ထားရမဲ့ တနွယ်ငင် တစင်ပါ အမှားများ (Confounders) အဖြစ် နှလုံးသွင်း လက်ခံ လာခဲ့ ကြတယ်။ ထိုခေတ် ထိုအခါ ကတော့ ပရမတ္တ သစ္စာ နီးနီး လောက်ယုံခဲ့ ကြတယ်လေ။
ဌက်ဖျား (Malaria) ဆိုတာ အီတလီ စကား၊ အဓိပ္ပါယ် က Bad air disease တဲ့၊ နောက်ပိုင်း မှာ Plasmodium ဌက်ဖျား ပိုးကြောင့် ရောဂါ ရတာ၊ ဒီပိုး ကို Anopheles ခြင် ကသယ် ဆောင်ပြီး ဒီခြင် ကိုက်လို့ ရောဂါဖြစ် တာမှန်း သိလာပေမဲ့ အရင့် အရင် ကပေး ထားခဲ့တဲ့ နာမည်မှား ကြီးက တွင်နေပြီ မို့ ပြင်မရတော့ပါ။ ငယ်ငယ်က ဖိုးထော် လို့ နှုတ်ကျိုး အောင်ခေါ် ခဲ့ကြ ပြီး ကြီးလာမှ ထက်မိုးအာကာ လုပ်ချင် လို့ မရတော့ဘူး၊ သေရာ ပါအောင် ငယ်နာမည် ကတွင်ခဲ့ ပြီလေ။
(ဃ) အမှုန် အမွှား သီအိုရီ
နှစ်တစ်ထောင် အမှောင် ခေတ်ကြီး ကိုကျော်ဖြတ် ခဲ့ပြီး ပြန်လည် နိုးထ လာခဲ့တဲ့ ဥရောပ ရဲ့ ရီနေဆွန်း ကာလ လို့သမိုင်းတွင် ခဲ့တဲ့ ၁၅၀၀ ခုနှစ် တွေလောက်မှာ ပေါ်ပေါက်လာတဲ့ သီအိုရီဖြစ်တယ်။ ဖရာ့ ကက်စတို လီးယပ်စ် ဆိုတဲ့ အီတလီ ဆရာဝန် တစ်ဦး ကစတင် ဖော်ထုတ် ခဲ့တယ် ဆိုပဲ။ သာမန် မျက်စိ နဲ့ မမြင်နိုင်တဲ့ အမှုန် အမွှား လေးတွေ လူနာ တစ်ယောက် ကနေ နောက်တစ်ယောက် ကိုကူး စက် ရာက တဆင့် ကူးစက် ရောဂါ တွေ ဖြစ်ပွား ပါသတဲ့။ လိင် ကတဆင့် ဆစ်ဖလစ် ရောဂါ ကူး စက် နိုင်တယ် ဆိုတဲ့ လမ်းကြောင်း မှန်ကို တွေ့ခဲ့ ပြီးခါမှ လူတွေ သိချင် ကြတဲ့ အမှုန် အမွှား ဆိုတာ ဘာလဲ။ ဘယ်လို လမ်းကြောင်း တွေက တဆင့် ဘာကြောင့် ကူးရ တာလဲ ဆိုတဲ့ မေးခွန်း တွေကို ပြေလည် အောင် မဖြေရှင်း နိုင်လို့ သူ့ကို ထင်ရာ မြင်ရာ လျှောက်ပြော သူအဖြစ် ကင်ပွန်းတပ် ခံခဲ့ ရရှာတယ်။
(င) အလို အလျှောက် ဖြစ်ပွား ခြင်း သီအိုရီ
ရောဂါ ဆိုတာ သူ့ဖာသာ သူဖြစ် ချင်တဲ့ အချိန်မှာ တားမနိုင် ဆီးမရ နဲ့ အလို အလျှောက် ဖြစ်တော့ တာပဲ ဆိုတဲ့ သီအိုရီ တစ်ခု ခေတ်စား ခဲ့ပါသေး တယ်။ ခေတ်နောက်ပြန် ဆွဲယုံ မက ရှေ့ က ပေါ်ပေါက် ခဲ့တဲ့ လူသားရဲ့  ကျိုးကြောင်း ဆင်ခြင်တုံ တရား နဲ့ အသိဥာဏ် တွေကို ပါ မြောင်းထဲ ဆွဲချ လိုက်တဲ့ သီအိုရီ ပါပဲ။ ဒီလို သာဆို ရင်တော့ ရောဂါ ဆိုတာ ဖြစ်ချင် တဲ့ အချိန် ထဖြစ်ပြီး ပျောက်ချင်တဲ့ အချိန် ပျောက်လိမ့် မပေါ့။ သမားတော် ဆိုတဲ့ ပုဂ္ဂိုလ် တွေကို ဘဇာ ကြောင့် အားကိုး နေရ ဦးမှာလဲ လို့ လူတွေ ထင်ယောင် ထင်မှား ဖြစ်စေ တဲ့အထိ ဆေးပညာ ကိုအိုးမဲ သုတ်ခဲ့တဲ့ သီအိုရီ ပါပဲ။
(စ) ပိုးမွှား သီအိုရီ
ရှေ့ က တင်ပြ ခဲ့တဲ့ သီအိုရီ အားလုံး နီးပါး ဟာ အချို့ က ကိုယ်ထင်ရာ ကိုယ်ပြောကြတာ၊ အချို့ က သိပ္ပံ ပညာကို အတိုင်း အတာ တစ်ခုထိ အသုံးချ ပြီးဖော် ထုတ်ခဲ့ကြ တာဆိုပေမဲ့ သိပ္ပံ နည်းကျ အစစ် ဆေးခံ နိုင်တဲ့ ဒေါင်ဒေါင်မြည် တစ်ခုမှ မပါခဲ့ ပါ။ ဒီလိုနဲ့ပဲ ဆေးပညာ သမားတော် များဟာ ကာလ တစ်လျှောက်လုံး ပျောက်သော လမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရာက ၁၉ ရာစု နှောင်းပိုင်း လောက်မှာ မျှော်လင့်ချက် ရောင်ခြည်သစ် ပေါ်ထွန်း လာခဲ့ပါ တယ်။ ခရစ် သက္ကရာဇ် ၁၆၇၀ မှာ အန်သိုနီ လူဝင်ဟုတ် ဆိုတဲ့ ပုဂ္ဂိုလ် အဏုကြည့် မှန်ဘီလူး ကိုစတင် တီထွင် လိုက်ရာက ဒီပစ္စည်း လေးကျေးဇူး နဲ့ အရင် ကမမြင် ခဲ့၊ မသိခဲ့ တဲ့ အသိသစ် တွေရလာကြတယ်။ ဖိုးသူတော် မျက်စိလည်ရင် ဆွမ်းဆန် များများ ရတတ်သလို၊ ပညာရှင်တွေ မျက်စိ လည်ရင် အသိသစ် များများ ရတတ် ပါတယ်။ ငြင်းကြရင်း၊ ခုံကြရင်း၊ ဟောတစ်ကောင်၊ ဟောတစ်ကောင် ရှာလို့ တွေ့ရင်း နဲ့ပဲ ရောဂါ တွေဟာ microbe ခေါ် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှား တွေကြောင့် ဖြစ်ရတယ် ဆိုတာကို တဖြည်းဖြည်း လက်ခံ လာခဲ့ ကြတယ်။
လူဝီ ပါစချာ (၁၈၂၂-၁၈၉၅) လက်ထက် မှာတော့ ဒီ အနုမာန အယူအဆ ကိုခိုင်ခိုင် မာမာ သက်သေ ပြနိုင် ခဲ့တယ်။ တီဘီ ပိုး ကိုဖော် ထုတ်သူ ရောဘတ် ကော့ခ်ျ ဆိုရင် Koch’s postulate ဆိုတဲ့ ကိုယ်ပိုင် အယူအဆ တစ်ရပ် ကိုရဲရဲ တောက် ဖော်ထုတ် ခဲ့တယ်။ သူ့ အဆိုကို လွယ်လွယ် ပြောရရင်-
ရောဂါ သည် မျက်စိ ဖြင့် မမြင် နိုင်အောင် သေးငယ်သော ပိုးမွှား များကြောင့် ဖြစ်၏။ ထို့ကြောင့် ရောဂါသည် လူနာ တိုင်း၏ ခန္ဓာကိုယ် တွင် ရောဂါပိုး များရှိ၏။ ထိုရောဂါပိုး တို့ကို လူနာ၏ ခန္ဓာကိုယ် မှ တနည်းနည်း ဖြင့်ထုတ် ယူပြီး အဏုကြည့် မှန်ဘီလူး ဖြင့်ကြည့်လျှင် ပိုးတွေ့ ကိုတွေ့ ရမည်။ Culture လုပ်ပြီး မွေးမြူလျှင် ပိုးများ ပေါက်ဖွား ရမည်။ ပေါက်ဖွား လာသော ပိုးတို့ ကိုရောဂါ ကင်းစင်သည့် လူ သို့မဟုတ် သတ္တ၀ါ တစ်မျိုးမျိုး ၏ခန္ဓာ ကိုယ်တွင်း ပြန်လည်သွတ်သွင်း ပေးနိုင်လျှင် ပထမ ပိုးထုတ်ယူ လိုက်သည့် လူနာ ခံစား ခဲ့ရသည့် ရောဂါဝေဒနာ အတိုင်း ထပ်တူထပ်မျှ ရောဂါ ဖြစ်ပွားစေ ရမည်။ တူညီ သော ရောဂါ ခံစား နေရသူ ဝေဒနာ သည်တိုင်း ၏ခန္ဓာကိုယ် မှထုတ်ယူ လိုက်သော ရောဂါပိုး သည်တစ်မျိုး တစ်စား တည်းသာ ဖြစ်စေ ရမည်။ ဤမှန်သော သစ္စာ တရား ကိုငါ တွေ့ရှိ ခဲ့သည်။
ဖော်ပြပါ ပါတ်လည် ရိုက်သဘော တရားကို တွေ့ရှိ ဖော်ထုတ်ခဲ့ပြီး လက်ခံ ချင်စရာ အထောက် အထား များကို တီဘီပိုး နဲ့ သက်သေ ပြနိုင် ခဲ့ပေမဲ့ တီဘီ ပိုးရဲ့ မျိုးတူ မူကွဲ ညီအကို တော် အနာကြီး ရောဂါပိုး နဲ့ ကြုံရ တဲ့ အခါမတော့ သူ့ ပါတ်လည် ရိုက်သဘော တရားကြီး ဒူးထောက် လက်မြှောက်ရလောက်အောင် ပိုးတို့၏ မာယာ နဲ့ကြုံတွေ့ ခဲ့ရရှာတယ်။ ဘာပဲ ပြောပြော ပိုးမွှား သီအိုရီ ဟာ သူ့ရှေ့ က နောင်တော့် နောင်တော် သီအိုရီ အားလုံးထက် အပြတ် အသတ် တိကျ ပြီးသိပ္ပံ နည်းကျ တယ် ဆိုတာ ကိုတော့ မငြင်း နိုင်ပါ။
(ဆ) သုံးချောင်း ထောက် သီအိုရီ
ပိုးမွှား သီအိုရီ ကိုခြောက်ပစ်ကင်း သဲလဲစင် အဖြစ် အနောက်တိုင်း ဆေးပညာရှင် အားလုံး တညီ တညွတ် တည်းလက်ခံ ခဲ့ကြ ပေမဲ့ အချိန်ကြာ လာတာနဲ့ အမျှ လစ်ကွက်၊ ဟာကွက် ကလေး တွေကို တွေ့လာ ရပြန်တယ်။ ရောဂါ တိုင်းဟာ ပိုးကြောင့် ဖြစ်တဲ့ ကူးစက် ရောဂါ များ မဟုတ်၊ ပိုးကြောင့် ဖြစ်တယ် ဆိုစေ ဦးတော့၊ ပိုးရှိ နေယုံ သက်သက် နဲ့ ရောဂါ ရလောက် တဲ့ အထိ အဖြစ် မဆိုး နိုင်ဘူး ဆိုတာ တွေ့လာ ခဲ့ကြတယ်။ ဒါကြောင့် ရောဂါ တစ်ခု ဖြစ်ပွား ဖို့ အတွက် အနည်းဆုံး အကြောင်း တရား သုံးပါး ဖိုခနောက် ဆိုင် ဆုံဖို့ လိုအပ် တယ်လို့ ယူဆ လာခဲ့ ကြပြန် ပါတယ်။ ရောဂါ ဖြစ်ပွား စေသော လက်သည် တရားခံ (Agent)၊ ရောဂါ လက်ခံ မည့်သူ (Susceptible Host) နဲ့ အထက်ပါ အကြောင်း နှစ်ပါး ဖူးစာ ဆုံအောင် ဖန်တီးပေး နိုင်သော ပါတ်ဝန်းကျင် (Suitable Environment) ဆိုတဲ့ ဒီအကြောင်း သုံးပါး ရင်ဆိုင် ဆုံတွေ့ ပါမှ ဘယ်ရောဂါ မဆို ဖြစ်ပွား တတ် ပါသတဲ့။ ဒါကြောင့် လည်းဒီ အကြောင်း သုံးပါး ကိုရောဂါ ဖြစ်ပွားမှု တြိဂံ၏ အနားစွန်း ထောင့်သုံးဖက် (Epidemiological Triad of Causation) လို့ ခေါ်ခဲ့ ကြပါတယ်။
(ဈ) ပင့်ကူ အိမ် သီအိုရီ
ဒုတိယ ကမ္ဘာစစ် အပြီး စစ်အေး ကာလ များမှာ ရှေးယခင် ကလူသား ကိုပုံမှန် နှိပ်စက် နေကြ ကူးစက် ရောဂါ များ အပြင် မကူးစက် နိုင်သော နာတာရှည် ရောဂါ များ ဆိုတဲ့ နောက်ထပ် ရောဂါ ဖောက်သည်ကြီး တစ်ဦး တိုးလာ ပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ အစ ရှိတဲ့ ရောဂါ များပေါ့။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်း၊ ဆိုသလိုပဲ ဒီရောဂါ တွေက ကူးစက် ရောဂါ တွေနဲ့ သဘော သဘာဝချင်း အင်မတန် ကွဲလွဲ တယ်။ ဒါကြောင့် အချိန် ပေးပြီး လေ့လာ ကြရ ပြန်ရော။ ရောဂါ ဖြစ်စေတဲ့ ပိုးဟာ ဒီမှာဟေ့ လို့ လက်ညှိုး ထိုးပြ ပြီးတရားခံ ရှာလို့ လဲမရ၊ လက်သည် လည်းတိတိ ပပ မရှိ၊ ဟိုဟာ ကြောင့် လည်းဖြစ်နိုင်၊ ဒီဟာ ကြောင့် လည်းဖြစ်နိုင်၊ ဖြစ်နိုင် တဲ့လက်သည် တွေက လည်းအနမတဂ္ဂ၊ ဒါကပဲ မကူးစက် တတ်တဲ့ ရောဂါ များရဲ့  trademark ဖြစ်လာ ပါတယ်။ ဒါကြောင့် လည်းဒီရောဂါ မျိုးတွေ ရဲ့  ဖြစ်နိုင်ဖွယ် ရှိသော လက်သည် များ (Risk factors) ကိုရှာဖွေ ဖော်ထုတ် လာကြ ရတယ်။ အနာကြီး ရောဂါ ဘာကြောင့် ဖြစ်၊ Mycobacterium leprae ကြောင့်ဖြစ် ဆိုရင် ပွဲသိမ်း ပေမဲ့၊ နှလုံး သွေးကြော ကျဉ်းရောဂါ ဘာကြောင့်ဖြစ်၊ နှလုံး သွေးကြော ကျဉ်းပိုး ကြောင့်ဖြစ်- လုပ် လို့ မရပါ။ ဆေးလိပ်သောက်လို့၊ သွေးတိုး အခံရှိလို့၊ ၀လို့၊ ထိုင်းမှိုင်း လို့၊ အဆီ အဆိမ့် အလွန် အကြူး စားလို့၊ ကိုယ်လက် လှုပ်ရှား အားကစား ကိုဝေရာ မဏိ လို့၊ ဒေါသ က ကျောမ တက်နေလို့ စသည်ဖြင့် တရားခံ စာရင်း ကတသီ တတန်းကြီး ထွက်လာ ပါတယ်။ ဒါတွေကို မှ အဓိက တရားခံ၊ သာမည တရားခံ ပြန်ခွဲ၊ စာရင်းပြုစု၊ ဒီတရားခံ တွေထဲမှာ လည်းအချင်းချင်း ပြန်ပြီး အားပေး အားမြှောက် ပြုနေ ကြသေး၊ အားကစား မလုပ်၊ အစားချည်း နင်းကန် တွန်းစား လို့ဝ၊ ၀ လို့သွေးတိုး၊ အဆီပိတ် အစရှိ သဖြင့် အမယ်ဘုတ် ချည်ခင်၊ ပင့်ကူအိမ် လိုရှုပ်ရှက် ခတ် နေတဲ့အတွက် ဒီနောက်ဆုံးပေါ် ရောဂါများ ရဲ့  ဖြစ်ပွားမှု ပုံစံက ယနေ့ခေတ် လူ့ အဖွဲ့ အစည်း ရဲ့ ပုံစံ အတိုင်း မျက်စိနောက် စရာ ရှုပ်ထွေး လှပါတယ်။ ပင့်ကူအိမ် လူ့အဖွဲ့ အစည်းရဲ့  ပင့်ကူအိမ် ရောဂါ သီအိုရီ ပေါ့လေ။
သမိုင်း တလျှောက် သမားဆို တဲ့ပုဂ္ဂိုလ်တွေ၊ သိပ္ပံ ပညာရှင် တွေဟာဦးဏှောက်၊ အချိန်၊ သိက္ခာ၊ သွေး၊ ချွေး၊ မနည်း လှတဲ့ resources တွေကို အရင်း တည်ပြီး ဝေဒနာ အရင်းတည်ရာ၊ ရောဂါ ရဲ့ ဇစ်မြစ် တွေကိုဘာလို့များ၊ နာနာကြင်ကြင်၊ ပင်ပင် ပန်းပန်း ဖော်ထုတ်ခဲ့ ကြရ တာလဲ? အဖြေ ကတော့ သမားတို့ ရဲ့ တစ်ခု တည်းသော ရည်ရွယ် ချက်ဖြစ်တဲ့ လူနာ ခံစား နေရတဲ့ ဝေဒနာ သက်သာ ပျောက်ကင်း စိမ့်သောဌာ ထိရောက် တဲ့ကုသမှု ကိုပေးချင် တဲ့အတွက် ပဲမဟုတ် ပါလား——–

Advertisement

2 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Jul 20, 2008 @ 14:09:42

    ဆရာရေ … ကျွန်တော် တို့ PHinMM ဘလော့လေး မှာ လာရောက် အားဖြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ် … ဖိတ်လိုက် ချင်လို့ ကျေးဇူးပြု၍ မေးလ် မစ ပါ ခင်ဗျာ :)

    Reply

  2. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 13:05:27

    Thanks for this post sayar Juan.

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.