That's Our Bamar (12)

ဘုရင်ညံ့ သုံးပါး (တတိယပိုင်း)

ဘုရင်ညံ့ သုံးပါး ထဲမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ် အညံ့ တကာ့ အညံ့ ဆုံးကတော့ ကုန်းဘောင် မင်းဆက် ကိုအဆုံး သတ်ပေးပြီး မြန်မာ့ ပဒေ သရာဇ် မင်းဆက် မျိုးဖြုတ် တဲ့ငယ်နာမည် မောင်ရေစက် ခေါ် သီပေါမင်း ပါပဲ။ ပဲခူးကို စစ်ရှုံးတဲ့ ဘုရင် ကိုဟံသာ ၀တီ ပါမင်း ခေါ်ရင် အင်္ဂလိပ် ကိုစစ်ရှုံးတဲ့ သူ့ကို မဒရပ် ပါမင်း လို့ခေါ်သင့် ပါတယ်။ သူညံ့ပုံ ကလေး တွေကို ရှုစား ကြည့်မယ် ဆိုရင်-
(က) ၀ါနုခြင်း
အသက် ၂၀ သာရှိသေး တဲ့သီပေါ မင်းသား ဟာသူ့ရှေ့ က နောင်တော်ကြီး တွေဖြစ်တဲ့ မက္ခရာ မင်းသား၊ ညောင်ရမ်း မင်းသား၊ သုံးဆယ် မင်းသား တို့ကို ကျော်လွန် ပြီးမင်း အရာ ရဖို့ ဆိုတာ သူ့အစွမ်း သူ့အစ နဲ့ဆိုရင် ဓါးတောင် ကို ကျော်ပြီး မီးပင်လယ် ဖြတ်တာ တောင် ရဖို့ မသေ ချာပါ။ ဆင်ဖြူ မရှင် မိဖုရား နဲ့ ကင်းဝန် မင်းကြီး ဦးကောင်း တို့ရဲ့  ဘေးတီး ကောင်းလွန်းတော့ ဘုရင် ဖြစ်လာ ခဲ့တယ်။ သီပေါကို နန်းတင် ရာမှာ နှစ်ယောက် စလုံး သူ့အကြံ နဲ့သူ၊ ဆင်ဖြူ မရှင် ကသူ့ သမီး စုဖုရား တွေနဲ့ ကြိုက်နေ တဲ့သီပေါ ဘုရင် ဖြစ်ရင် ဆက်လက် ကောင်းစား မှာမို့ ငို့ဘ အကြံနဲ့၊ ဦးကောင်းက ယောဦးဖိုးလှိုင် နဲ့သူတို့ နှစ်သက် တဲ့စည်းမျဉ်း ခံဘုရင် စံနစ် နဲ့ပါလီမာန် ဒီမိုကရေစီ ကို အသက် သွင်းဖို့ သီပေါ ဟာအကောင်းဆုံး အရုပ် လို့ယူဆလို့။ မက္ခရာ လိုဓါးထက် တဲ့မင်းသား ကိုဒီလို လုပ်ရင် လည်ပင်း ပြတ်ဖို့ လမ်းများ တယ်ဆိုတာ သိလို့။
(ခ) လေယူရာတိမ်း၍ကြိုးဆွဲရာကသူ
မင်းညီ မင်းသား လေးဆယ်ကျော် ကိုဖမ်းချုပ်ပြီး ရနောင် မောင်မောင်တုတ် နဲ့အပေါင်းပါ တို့က လုပ်ကြံ သတ်ဖြတ် တာကို ကန့်ကွက် ကြတဲ့ ရေနံချောင်း မင်းကြီး၊ မကွေးမင်းကြီး နဲ့မြို့ သစ် ၀န်ထောက် တို့ကို ရာထူး မှချ၊ ဖမ်းဆီး ချုပ်နှောင် စေတယ်။ ဒါကို ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ မနက် (ပါတော်မူမဲ့နေ့) ဗိုလ်ချုပ် ပရင်ဒါဂတ် နဲ့အတူ ပါလာတဲ့ လန်ဒန်တိုင်း သတင်းထောက် E.K. Moylan ကသူ့ကို အင်တာဗျူး တဲ့အခါ-
“ခင်ဗျား တို့အင်္ဂလိပ် တွေက ဆွေတော် မျိုးတော် မင်းညီ မင်းသား အားလုံး ကိုကျုပ်သတ် တယ်လို့ ထင်ကြတယ်။ ဒီလို မဟုတ် ပါဘူး။ သူတို့ အားလုံး လူသတ် သမား လက်ချက် နဲ့ကျဆုံး ကြရ ခြင်းပါ။ ကျုပ်ကို လည်းအစောင့်တွေ ချထား တာပဲ။ ကျုပ်ကိုယ်တိုင် အသတ် မခံ ရတာက ကျုပ်ဟာ အင်မတန် အေးတဲ့ သားတော် ပါလို့ ရှင်ဘုရင်ကြီး (မင်းတုန်း) နတ်ရွာ မစံ ခင်က မိဖုရားကြီး ကိုပြော ကြားခဲ့တဲ့ စကား ကြောင့်ပါ။ ပုဏ္ဏား တော်တွေ ဇာတာ ဖွဲ့ကြတော့ ကျုပ်ဇာတာ ဟာ ရှေ့ ဆုံးက ထွက်လာ တာပဲ။ ဘုရင် ဖြစ်ပြီး လို့ (၇) လကြာ တဲ့အထိ ကျုပ်ဟာ ဘယ်အထဲ မှာမှ မပါ ရပါဘူး၊ ကျုပ်ကို ဘိသိတ် တောင် မမြှောက်ဖူး။ ရဟန်း ၀တ်နဲ့ ပဲနေခဲ့ ရတယ်။ ဆွေတော် မျိုးတော် တွေကို မသတ် ပါနဲ့၊ အကျဉ်း ပဲချ ထားပါ လို့ကျုပ် ကအမိန့်ပေး ပါတယ်။ ဒါက နိုင်ငံ မှာ ဆူဆူ ပူပူ မဖြစ် အောင်လို့ပဲ။ မင်းညီ မင်းသား တွေကို သတ်ဖို့ ၀န်ကြီး တွေက အမိန့် ပေးတော့ ကျုပ်က အိပ်ယာ ထဲမှာ အိပ်နေ တာပါ။ နောက် (၈) လကြာ တဲ့အခါ မင်းညီ မင်းသား တွေကို သတ်ခဲ့ တဲ့ရနောင် မင်းသားကြီး ကကျုပ်ကို သတ်ဖို့ကြိုးစား သေးတယ်” လို့ သူ့ကိုယ်သူ ကာကွယ်ခဲ့တယ်။ ဒါကို နည်းနည်း စဉ်းစား ကြည့်ဖို့ ကောင်းတယ်။
၁၊ သီပေါ ဟာအများ ထင်သလို လူနုံ၊ လူအ ဘာမှ မသိတဲ့ လူတစ်ယောက် မဟုတ်ပါ။ ပါဠိ နဲ့ ဗုဒ္ဓ စာပေ ကိုကျွမ်းကျင် နိုင်နင်း သော ပညာရှင် အဆင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ်။
၂၊ ဆရာ မှတ်ကြီး လို့ ဗမာ တွေ ခေါ်ကြတဲ့ အင်္ဂလိပ် ခရစ်ယာန် ဘုန်းကြီး Dr. Marks ရဲ့  ၁၈၅၉ ခုနှစ် ဇွန်လ (၇) ရက်နေ့က မန္တလေးမှာ စတင် ထူထောင်တဲ့ ခရစ်ယာန် ကျောင်းကို စတင် တက်ခွင့် ရတဲ့ မင်းညီ မင်းသား လေးပါး ထဲမှာ တစ်ပါး အပါ အ၀င် ဖြစ်လို့ အင်္ဂလိပ်စာ နဲ့ ကမ္ဘာ့ ဗဟုသုတ ရှိသင့် သလောက် ရှိတယ်။
၃၊ မင်းတုန်း မင်းအသည်း အသန် ဖြစ်နေ ချိန်မှာ ဆင်ဖြူ မရှင် နဲ့ဦးကောင်း ကသီပေါ ကိုအိမ်ရှေ့ စံ အဖြစ် သဘောရှိ ကလောဟိ လိုက်ကြပြီး နောက် သူ့သားတော် ကြီးတွေဖြစ်တဲ့ သုံးဆယ်မင်းသား၊ မက္ခရာ မင်းသား နဲ့ ညောင်ရမ်း မင်းသား တို့ကို ချင်းတွင်း၊ တောင်တွင်းကြီး နဲ့ အောက်မြစ်စဉ်ဒေသ တွေကို ဘုရင်ခံ အဖြစ် အမိန့် ထုတ်ပြီး ချက်ချင်းပဲ ဆင်ဖြူမရှင် နဲ့မှုးမတ် တွေကဖမ်းဆီး ထားတာကို မင်းတုန်းမင်း နေပြန်ကောင်း လာရင် သိမှာ စိုးလို့ ဆင်ဖြူ မရှင်က မင်းကြီး ကိုအဆိပ် တိုက်စီရင် ခဲ့တယ် လို့ဆိုကြတယ်။ ရှင်ဘုရင် ကိုဒီလို စီရင် ၀ံ့တဲ့ ဆင်ဖြူမရှင် ဟာနောက် ရှင်ဘုရင် အသစ် သီပေါ ရဲ့ အကျိုး အတွက် လုပ်တာမို့ သီပေါဟာ မင်းသား သတ်မှုတွေ မှာလုံးဝ မသိပါဘူး လို့ငြင်းတာ ကတော့ သိပ်မဖြစ် နိုင်လှပါ။ နှာစေး နေတာ သာဖြစ်ကောင်း ဖြစ်ပါမယ်။
(ဂ) ဘဏ္ဍာရေးအခြေအနေ
တိုင်းပြည်ငွေ ကိုသုံးဖြုန်း တဲ့နေရာ မတော့ သီပေါနဲ့ သူ့မိဖုရား စုဖုရား လတ်ဟာ ရှေ့ ကမင်းနှစ်ပါး ထက်အပြတ် အသတ် ကိုသာလွန်ပါတယ်။ လူရွှင်တော် ကိုငွေ ၁၀၀၀ ပက်ကနဲ ဆုချ ဘူးတယ်။ သူနဲ့ ရင်းချာသူ ဆွေမျိုး၊ သားချင်း၊ ငယ်ကျွန် များငွေ အလွဲ သုံးစားမှု နဲ့ တရား ဆိုင်ရရင် သနား လွန်လွန်း အားကြီး တော်မူလို့ ဘဏ္ဍာတော် ထဲက စိုက်ထုတ် ပေးလျှော် စေတယ်။ အလှူကြီး ပေးတယ်။ ပုဏ္ဏားတော် တို့ကို ပက်ပက် စက်စက် စွန့်ကြဲတယ်။နန်းတက်ပြီး လေးနှစ် အကြာ ရသုံး မှန်းချေ ငွေစာရင်း ရှင်းတမ်း ထုတ်ပြန် စေရာ ရငွေ ၉၅ သိန်းကျော်၊ ထွက်ငွေ ၅၄ သိန်းကျော်၊ ကျန်ငွေ ၄၁ သိန်းကျော် ကိုမင်း၊ မိဖုရား တို့စိတ်ကြိုက် သုံးဖို့ လို့တွေ့ရ တယ်။
(ဃ) အခွန်၊ အကောက်
အခွန် အကောက် တိုးရဖို့ မန္တလေး မှာထီရုံပေါင်း (၆၀) ကျော်ဖွင့် လိုက်တာ သူခိုး၊ ဓါးပြ ပေါလာ တာအဖတ် တင်ပါ တယ်၊ ယောမင်း ဦးဖိုးလှိုင် ကလခစား ဘုရင် စံနစ် ကိုလုပ်ဖို့ ရာဇ ဓမ္မ သင်္ဂဟ ကျမ်းကို စီရင် ပြီးဘုရင် နဲ့မိဖုရား အဆီး အတား မရှိ သုံးဖြုန်း နေတာ တွေကို ဘောင်ခတ် ဖို့ကြိုးစား ခဲ့တာကို အစ ပိုင်းတော့ ဟုတ်ပြီ ဟုတ်ရဲ့ နဲ့ တကယ်တမ်း ကိုယ်ကျိုး စီးပွား ထိခိုက် လာတော့ စုဖုရားလတ် ကရာဇမာန် ရှတော် မူပြီး “သယ်- ငဘိုးလှိုင် ကရာရာ သသ၊ သူက မုန့်ဖိုး ပေးမှ ငတို့ စားရ မတဲ့လား” လို့ အော်ဟစ် ငေါက်ငန်းပြီး ဦးဖိုးလှိုင် ကိုစာအုပ်နဲ့ ပိတ်ပေါက် လိုက်ရာ ကစည်းမျဉ်း ခံဘုရင် စံနစ် အိပ်မက်က လန့်နိုး ပြီးကျွန် သဘောက် အိပ်မက်ဆိုး ကိုမနိုးတမ်း မက်ရ ပါတော့တယ်။
(င) မိုးလွန်မှထွန်ချ
မဒရပ် သွားမဲ့ သင်္ဘော ပေါ်ရောက် မှ “ငါနန်း တက်စ က ဦးကောင်း ပြောသည့် အတိုင်း အင်္ဂလန် ပြည်ကို ချစ်ကြည်ရေး သွားမိလျှင် ဒီလို ဖြစ်မှာ မဟုတ်” ဆိုတဲ့ နောင်တ စကား ပြောပါ သတဲ့။ အဲဒီ တုန်းက အစီ အစဉ် ကိုဖျက် သူက တိုင်းတား မင်းကြီး ဦးဖိုးပါ။ သူက “အရှင် ဘိလပ် သွားနေ တုန်းမှာ မှူးမတ် တွေက အခြား မင်းသား တစ်ပါး ကိုရှင် ဘုရင် ခန့်ထား လိုက်ရင် သောင်ပြင် မှာလွှတ် သောခွေးကဲ့သို့ ဘိလပ် မှာငတ်၍ သေရ လိမ့်မည်” လို့ဖြဲချောက် တာနဲ့ ကြောက်ပြီး အစီ အစဉ် ပျက်ခဲ့ ရတယ်။
ဘုရင် အလုပ် ကို အမြဲ ပါဝင် စွက်ဖက် သြဇာ ပေးတဲ့ စုဖု ရားလတ် ကလည်း “ခုနှစ်နှစ် ခုနှစ်မိုး (သီပေါနန်း စံသက်) ကလည်း ခုနှစ်ရက် လောက်ပဲ ရှိတယ်နော်” ဆိုတဲ့ စကားကို သံပါတ် ပေးထား တဲ့စက်ရုပ် လိုထပ်ခါ တလဲလဲ ပြောရင်း “ငါ့မောင်တော် ဘုရင် မင်းတ ရားကြီး နဲ့ ငါ့တိုင်းသူ ပြည်သား တွေကံဆိုး မိုးမှောင် ကျအောင် လုပ်တာ အခြား လူမဟုတ် ဘူး။ ငါ–ငါ” လို့ပြောရင်း သမံတလင်း ကို လက်နဲ့ထု၊ ကျောက်ပြား ပေါ်လူးလိမ့် ငိုကြွေးပြီး ရှိုက်ကြီး တငင် ငိုရှာ သတဲ့။ သူတို့ ဒီလို နှောင်းနောင်တ တွေကိုယ်စီ ရနေ ချိန်မှာ သဘောင်္ ကတော့ မဒရပ် ရောက်တော့ မယ်လေ။
(စ) လမ်းဆုံး
မဒရပ်မြို့  ကနေ ရတနာ ဂီရိ ကိုပို့ သီးခြား စံအိမ်တော် နဲ့ထားပြီး တစ်နှစ် ရူပီး တစ်သိန်း ပင်စင် စရိတ် ထောက်ပံ့ ပေမဲ့ ထင်သလို သုံးဖြုန်း ခဲ့တဲ့ အကျင့် မပျောက် ရှာတဲ့ ဘုရင် လူထွက် ဟာကြွေးတွေ ပါတ်လည် ၀ိုင်းလို့ လက်ဝတ် လက်စား တွေပေါင်နှံ ရောင်းချ ရတဲ့ ဘ၀ ရောက်၊ သမီးတွေ ကုလားနဲ့ညား ကုန်ပြီး စိတ်ဆင်းရဲ စွာနဲ့ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ မှာကံကုန် ခဲ့ရှာ ပါတယ်။ စုဖုရားလတ် ကတော့ ရန်ကုန် ပြန်လာပြီး ၁၉၂၅ နိုဝင်ဘာ ၂၄ မှာချစ်လှ စွာသော မောင်တော် နောက်ကို ကောက်ကောက် ပါအောင် လိုက်သွား ပါတယ်။

ကိုးကား

  1. ဦးတင်၊ ပုဂံ ၀န်ထောက်၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းများ၊ ဒုတိယတွဲ
  2. ညိုမြ၊ ကုန်းဘောင် ရှာပုံတော်
  3. Marks, Dr. မြန်မာ ပြည်ဝယ် နှစ်လေးဆယ်
  4. ပါရဂူ၊ စုဖု ရားလတ် မြေလူးခန်း (နောက်ဆုံး အရုဏ်) ၊ မူရင်း Thibaw’s Queen by H. Fielding Hall 1897
  5. မြန်မာ့ စွယ်စုံကျမ်း
Advertisement

2 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Jul 20, 2008 @ 14:19:23

    ကျေးဇူး :)

    Reply

  2. မင်းဒင်
    Jul 01, 2009 @ 00:12:41

    ဆရာ ဟွတ် ။ တော်တော် နှံ့နှံ့စပ်စပ်ရှာထားတာပဲ။
    မြန်မာတွေဟာ ဇာတိမာန် လို့ဆိုလိုက်တာနဲ့ ကောင်းကွက်တွေချည်းလျှောက်ကြည့် လျှောက်ပြောတာ စိတ်ပျက်စရာ အကောင်းဆုံးပါပဲ ။ အချိန်ရမှ အစအဆုံး ဖတ်လိုက်အုံးမယ် ဆဟွတ် ။လေးစားပါတယ်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.