Life Cycle (3)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၃)

သမား နှင့် သူ၏၀န်ဆောင် မှုများ
ရှေးအခါ ကသမား နဲ့ လူနာ ဆက်ဆံရေး ဟာစေတနာ ကိုအရင်း တည်တဲ့ ဆရာ-ဒကာ ဆက်ဆံရေး မျိုးဖြစ်ခဲ့ တယ်။ ကျွန်တော် တို့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက်ကင်း ချမ်းသာခဲ့ရင် ကုသ ပေးတဲ့ သမား တော် ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါး လောက်နီးပါး သဘောထား တတ်ကြ ပြီး ဝေဒနာ မသက်သာ ခဲ့ရင် ကံကိုသာ အပြစ် ပုံချ လို့ ကုသ ပေးသူ သမားတော် များမှာ နဘယံ-ဘေးမရှိ၊ ဒါကြောင့် ရှေးခေတ် မြန်မာ့ လူ့အဖွဲ့ အစည်း မှာ သမားတော်၊ ဆရာဝန် များဟာ လူသား နဲ့ ဘုရား ကြား ကတန်ခိုးရှင် နတ်ဒေ၀တာ လောက်ကို တန်ဖိုးထား ရိုသေ ခြင်းခံခဲ့ ကြရ ဖူးတယ်။ ခုထက်ထိ လည်းဒီလို ရိုသေ လေးစား မှုမျိုးတွေ ရှိသင့် သလောက် ရှိနေတုန်းပါ။ သို့သော်——
နှစ်ဆယ် ရာစု နှောင်းပိုင်း ကာလ များမှာ ဖြူစင် ရိုးရှင်း တဲ့ သမားနဲ့ လူနာ ဆက်ဆံရေး ဟာ အနည်းငယ် ရှုပ်ထွေးစ ပြုလာ ပါတယ်။ ပြိုလဲ သွားတဲ့ ဘာလင် တံတိုင်း၊ ဆိုဗီယက် ယူနီယံ နိဂုံး နဲ့ အတူစုတေ ခဲ့တဲ့ အရှေ့ ဥရောပ ကွန်မြူနစ် စံနစ်၊ မိုက်ကရိုဆော့ဖ် ၀င်းဒိုး နဲ့ ပါဆင်နယ် ကွန်ပျူတာ၊ တတိယ လှိုင်းနဲ့ ကမ္ဘာပြားခြင်း၊ ၉/၁၁ နဲ့ ဘင်လာဒင်၊ ဆူနာမီ နဲ့ ဆဒန် ဟူစိန်၊ ဂလိုဘယ် လိုက်ဇေးရှင်း နဲ့ ဈေးကွက် စီးပွားရေး စတဲ့ အပြောင်း အလဲ လှိုင်းလုံးကြီး တွေ တစ်လုံး ပြီး တစ်လုံး ခပ်ကြမ်းကြမ်း ရိုက်ခတ် ခဲ့တဲ့ (၂၀) ရာစု လက်ကျန် သက်တမ်း ကာလ များအတွင်း ယခင် ကဂုဏ်ယူ ၀ံ့ကြွား စွာ ကမ္ဘာ့ ဒေသ အတော်များများ လက်ခံ ကျင့်သုံး ခဲ့ကြ တဲ့ အခမဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက် မှုစံနစ် နဲ့ အတူ ဒေါက်တာ နော်မန် ဗက်သွန်း၊ ဒေါက်တာ အင်ဒရူး မေဆင်၊ ဒေါက်တာ မြင့်မောင် တို့ အမှုးပြုတဲ့ စေတနာ ဆရာဝန်ကြီး များ ပါရာဒိုင်း ရေစီးကြောင်း မှာ ပက်လက်ရော၊ မှောက်ခုံ ပါမျောပါ ကုန်ကြတယ်။
ရိုးစင်း လှတဲ့ သမားနဲ့ လူနာ တစ်လမ်းသွား ဆက်ဆံရေး ဟာရုတ်တရက် ချက်ချင်း ပဲဈေးကွက် ၀င်လာတယ်၊ ကျန်းမာ ရေး ၀န်ဆောင်မှု ဈေးကွက် (Health Care Market) လို့ ပြောင်ပြောင် တင်းတင်း ခေါ်ခဲ့ကြတယ်။ ဒီအခါ မှာ ဝေဒနာရှင် လူနာ နဲ့ ကုသပေးသူ သမားတော် တို့ရဲ့  နှစ်ယောက် တစ်အိပ်မက် ကမ္ဘာလေး ဟာဈေးကွက်စီးပွားရေး နယ်ပယ် ထဲကို ၀င်လို့ ရပါ့မလား လို့ ဘောဂ ဗေဒ ဆင်စွယ် နန်းတော် ပေါ်က ပညာရှိ အခေါ်ခံ ရသူများ ကအံ့သြ ဘနန်း မေးခွန်း တွေ ထုတ်ကြ ပါတယ်။ အဖြေက တော့ဈေးကွက် ၀င်လွန်းလို့ ပြန်ဆွဲ ထုတ်လို့တောင် မရတော့ ပါဘူးတဲ့။ ဘယ်လို ဈေးကွက် မျိုးထဲ ၀င်သလဲ ဆိုတော့ ဘိဇနက် လုပ်ငန်း အားလုံးရဲ့  ထိပ်ခေါင်တင် ဖြစ်တဲ့ ၀န်ဆောင်မှု စီးပွားရေးလုပ်ငန်း (Service Business) အမျိုးအစား ထဲမှာ ပါပါ သတဲ့။
ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတာ လွယ်လွယ် ရှင်းရှင်း ပြောရရင် စားသုံးသူ (Consumer) အလိုကျ ၀ယ်သူ အမြဲမှန် (Customer is always right) ရတဲ့ လုပ်ငန်းမျိုးပါ။ ကျန်းမာရေး စောင့်ရှောက်မှု မှာ ၀န်ဆောင်မှု ပေးသူ (Service provider) ဖြစ်တဲ့ ဆရာဝန် နဲ့ ၀န်ဆောင်မှု ကိုရယူသူ (Consumer) ဖြစ်တဲ့ လူနာ၊ နှစ်ဦး နှစ်ဖက် ပြည့်စုံ နေတော့ ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတဲ့ ဈေးကွက် သဘော တရား နဲ့ ဇွတ်တန်းညှိ ပစ်လိုက် ပုံရပါတယ်။
တကယ်တန်း အနုလုံ၊ ပဋိလုံ သုံးသပ် ကြတဲ့ အခါ မတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဟာ အခြားသော ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း များနဲ့ ဖီလာ ကန့်လန့် ဖြစ်နေတာ ကိုတွေ့လာ ကြရတယ်။ အခြားသော ၀န်ဆောင်မှု လုပ်ငန်း များမှာ service provider က customer ကိုအမြဲ အလိုလိုက် အကြိုက်ဆောင် ကြရတယ်။ တနည်း ပြောရရင် service provider ကအောက်စည်း၊ customer ကအထက်စီး ကနေရာယူ ထားတယ်ပေါ့၊ ဒါကလည်း ရှင်းပါတယ်၊ သူ့အိတ် ထဲက ငွေ ကိုယ့်အိတ် ထဲရောက်ဖို့ အတွက် လူ့အောက်ကျို့ လို့ လူပိ မသေ ဆောင်ပုဒ် ကိုလက်ကိုင် ထားရ ပေမပေါ့။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကတော့ ပြောတော့လည်း ၀န်ဆောင်မှုစီးပွားရေး၊ service provider ဖြစ်တဲ့ ဆရာဝန် ကအထက်စီး ကနေ တစ်ပြားသား မှမလျှော့ပဲ “ခင်ဗျား ကဆရာဝန် လား၊ ကျုပ် ကဆရာဝန်လား၊ ကျုပ်ပြော တာလုပ်၊ ကျူပ်ကုပေးတာခံ” ဒီလို ဆက်ဆံတာကို consumer ဖြစ်တဲ့ လူနာ ကတစ်ခွန်းမခံ ဟုတ်ကဲ့၊ ဟုတ်ကဲ့ နဲ့ပြန်ပြော ရင်း ကျသမျှ ငွေကို ရိုရိုသေသေ ကမ်းပေးလို့ ဆရာဝန် အခန်းက ခေါင်းလျှို ထွက်လာရ တဲ့ဝန်ဆောင်မှု မျိုးကိုး ခင်ဗျ။ ဒါကြောင့် လည်းဈေးကွက် စီးပွားရေး စံတွေ အရ ကျန်းမာရေး ၀န်ဆောင်မှု ဟာနားမလည် နိုင်စရာ ၀န်ဆောင်မှု မျိုးပေါ့။ customer ကအောက်ကျို့ ခယ ပြီး ၀န်ဆောင်ခ ပေးရတယ် ဆိုတာ စီးပွားရေး သဘောမှာ မရှိပါ ဘူး။ ဒါကြောင့် ကျန်းမာရေး ဈေးကွက် ဘာလဲ၊ ဘယ်လဲ ဆိုတာကို ဘောဂဗေဒ ပညာရှင်များ စိတ်ဝင် စားလာကြတယ်။ သုတေ သန လုပ်ကြည့် ကြတယ်။ ဘာတွေ တွေ့ရှိ ကြသလဲ ဆိုတော့-
(က) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သည်ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း အမျိုး အစားတွင် ခြွင်းချက် ဖြင့် ပါဝင်သည်။
(ခ) ပုံမှန် ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ၏၀ိသေသ လက္ခဏာ များနှင့် မကိုက်ညီရခြင်း အဓိက အကြောင်းရင်း မှာ သတင်း အချက် အလက် တစ်ဖက် စောင်းနင်း နိုင်မှု (Asymmetry of Information) ကြောင့် ဖြစ်သည်။
(ဂ) ဤလုပ်ငန်း ကိုအလွန် အကျွံ မဖြစ်အောင် ကောင်းမွန် မှန်ကန်သော ကျန်းမာရေး စံနစ် (Good Health System) ကျင့်သုံး၍ ထိန်းကျောင်း ပေးနိုင်ရ မည်- ရယ်လို့ ဖြစ်ပါတယ်။

ဒီနေရာ မှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်း နိုင်မှု ဆိုတာက ဒီလိုပါ။ ခင်ဗျား laptop တစ်လုံး ၀ယ်ချင် တယ်ဆိုပါစို့။ ဘယ်အရောင်း ဆိုင်သွားဝယ်ဝယ် ရပါတယ်။ Laptop နဲ့ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို အရောင်း ၀န်ထမ်း တွေကို မေးမလား၊ စာရွက် စာတမ်း တွေလေ့လာ မလား၊ အွန်လိုင်း တက်ပြီး ကြည့်ဦး မလား။ ဈေးနှုန်း ကိုလွတ်လပ် စွာ နှိုင်းယှဉ် လေ့လာပြီး စိတ်ကြိုက် အဖြစ်ဆုံး ကိုမှ ရွေးချယ် ၀ယ်ယူမယ် မဟုတ်လား။ ဒါမျိုး ကိုရောင်းသူ နဲ့ ၀ယ်သူ ကြား သတင်း အချက် အလက် ညီမျှမှု (Symmetry of Information) ရှိတယ် လို့ဆိုပါတယ်။
နှလုံး ရောဂါ ရလို့ နှလုံး အထူးကု နဲ့ ပြချင်တယ် ဆိုပါစို့၊ ကိုယ့်ရောဂါ နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို စာရေး ကိုမေး လို့ ရမလား၊ စာအုပ် တွေဖတ် တော့ရော နားလည်မှာလား၊ အွန်လိုင်း ပေါ်မှာ ဈေးသက်သာ ပြီး ကုသမှု ကောင်းတဲ့ သမားတော် ကိုစိတ်ကြိုက် ရွေးချယ် လို့ရမှာလား။ ကိုယ့် ဖက်က ဘာမှမသိတဲ့ ၀န်ဆောင်မှုကို provider ဖြစ်တဲ့ ဆရာဝန် ပြုသမျှ နုရ ပြီးကျသလောက်ပေး ရတဲ့ အတွက် ရွေးချယ်ခွင့် မရပဲ ၀ယ်ရတဲ့ ပစ္စည်း ဖြစ်နေပါတယ်။ အကြောင်း ကတော့ doctor knows everything about your disease but you know nothing about your disease ကိုယ်ဝယ် ယူရမဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက်တွေကို ရောင်းသူ ဆရာဝန် က ၀ယ်သူ လူနာ ထက် အဆ ပေါင်းများစွာ ပိုမို သိရှိ နေခြင်းကြောင့်ပါ။ ဒါကို ပဲ asymmetry of information လို့ ဆိုကြတာပါပဲ။ ဒါဟာ ကျန်းမာရေး စောင့်ရှောက်မှု ဆိုတဲ့ လူနာ-သမား ဆက်ဆံရေး ကိုဈေးကွက်ထဲ သွတ်သွင်း ရာက ရလာတဲ့ အသိသစ် လို့ ပြောရင်လည်း ရနိုင်ကြောင်းပါခင်ဗျား။

Advertisement

2 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Jul 29, 2008 @ 23:10:04

    ဒီသံသရာ သုံးခုလုံး … ပြည်သူ့ ကျန်းမာရေး ဘလော့မှာ တင်ပေးဖို့ အဆင်မပြေဘူးလား ဆရာ …

    Reply

  2. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 13:25:22

    Thanks.

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.