That's Our Bamar (15)

သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
(ပထမပိုင်း)

  • မြန်လဲ မြန်၊ မာလဲ မာသမို့ မြန်မာ လို့ခေါ်တယ်။
  • ဗြဟ္မာ ကြီးလေးဦး လူ့ပြည် ကို အလည်ရောက်၊ အရသာ ရှိတဲ့ မြေဆီ မြေနှစ် တွေ စားပြီး လူ့ အသွင် ပြောင်း လာရာ ကဗမာ၊ နောက် မြန်မာ ဖြစ်လာတယ်။
  • မြန်မာ ဟာ တကောင်း အဘိရာဇာ ခေါ် မြတ်စွာ ဘုရား ရဲ့  ဆွေတော် မျိုးတော် ဇာတ်မြင့် ကုလား တွေ ကနေ တိုက်ရိုက် ဆင်းသက် တဲ့လူမျိုး။
  • ပိဿနိုး ပျူတွေ ကနေ မြန်မာ ဖြစ်လာ တာပေါ့ကွဲ့  ကလေး တို့ရဲ့ ။
  • နန်ကျောင် တရုတ် ရဲ့ မျိုးကွဲ မိရ်မ တွေ၊ ဧရာ ၀တီ မြစ်ဝှမ်း အတိုင်း စုန်ဆင်း လာပြီး ကျောက်ဆည် နယ်ကို ၀င်ရောက် နေထိုင် ရာက မြန်မာ ဖြစ်လာတယ်။
  • ဘီစီ ၂၀၀၀ လောက်မှာ ကျောက်ခေတ် ဟောင်း ယဉ်ကျေးမှု ကို အထက် အညာမှာ တွေ့ခဲ့ ရတယ်။ Anyathian culture (အညာသား ယဉ်ကျေးမှု) နဲ့ ပုံတောင် ပရိုင်းမိတ် တွေကြောင့် ကမ္ဘာ အစ မြန်မာ ကကွဲ့ ..…………။


တကယ်တော့ ကျွန်တော် တို့ဟာ ကိုယ့်လူမျိုး ဘယ်က စသလဲ။ ရှင်းရှင်း ပြောရရင် ငါဘာကောင် လဲဆိုတာ မသိရိုး အမှန်ပါ ခင်ဗျာ။ အထက်က ပြောခဲ့ တဲ့မြန်မာ အစ တွေကလည်း အချို့ က ထင်ကြေး၊ အချို့  က ပါးစပ် ရာဇ၀င်၊ အချို့ က မရှိတာ ကိုအရှိ လုပ်၊ လက်တစ်ဆုပ် စာအချို့  က တော့ သုတေသန တစ်ပိုင်း တစ်စ လုပ်ပြီး မြန်မာ အစကို သိသလောက် ပြောခဲ့ ကြတာပါ။ ဘဲဥ အစ လိုလုံးဝ ရှာမရ တာမဟုတ် ပေမဲ့ ရှေးဟောင်း သုတေ သန ရဲ့  အကူအညီ မပါရင် အတော် လုပ်ရ ခက်တဲ့ မြန်မာ အစ ဖြစ်စဉ် ကြီး ကို အသာ ထားလို့ လက်လှမ်း မိရာ မြန်မာ သမိုင်းကျမ်း များထဲ က ကိုယ့် အကြောင်း ကိုယ် လေ့လာ ကြည့်တဲ့ အခါ……………….။
မြန်မာ သမိုင်းကျမ်း တွေကို ရှေးရာဇ၀င် ဆရာ တွေရေးတဲ့ ကျမ်း၊ နိုင်ငံခြား သား တွေရေးတဲ့ ကျမ်း၊ တိုင်းရင်း သား ပြင်ညာယှိ (ရှေးခေတ် ကဒီလို ခေါ်သကိုး) တွေရေးတဲ့ ကျမ်းရယ် လို့ခွဲခြား နိုင်တယ်။ ဘယ်ကျမ်း ကိုမှ ဘုရား ဟော လို အတိ အကျ လက်မခံ နိုင်ပါ။ သူ့ အထွာ နဲ့သူ အမှားများ၊ Bias များကတော့ ပါသင့် သလောက် ပါမှာပဲကိုး။
ရှေးရာဇ၀င် ဆရာ များ၏ မြန်မာ သမိုင်းကျမ်းများ
ခရစ် သက္ကရာဇ် ၁၇၂၀ မှာ စီရင် ပြုစုတဲ့ ဦးကုလား ရဲ့  မဟာရာဇ၀င် တော်ကြီး၊ ၁၇၈၀ မှာ ပြုစု တဲ့ တွင်းသင်း တိုက်ဝန် ဦးထွန်းညို ရဲ့  ရာဇ၀င် သစ်၊ ၁၈၂၉ မှာ မင်းမိန့် နဲ့ ရေးတဲ့ ပထမ မှန်နန်း၊ ၁၈၆၇ မင်းတုန်း လက်ထက်မှာ ရေးတဲ့ ဒုတိယ မှန်နန်း စတဲ့ ရာဇ၀င် ကျမ်း တွေကို ရှေးရာဇ၀င် ဆရာ များပြုစုတဲ့ မြန်မာ့ သမိုင်းကျမ်း များလို့ ခေါ်မယ်ဆို ခေါ်နိုင်တယ်။ ဒီကျမ်း တွေကို အထောက် အထား အဖြစ် ကိုးကား ပြီး မြန်မာ ဆိုတဲ့ လူမျိုး ကိုရုပ်လုံး ဖော်နိုင် သလား။ မြန်မာ့ လူနေမှု စနစ်၊ လူမှု စံများ နဲ့ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး ခေတ်ကာလ အခြေ အနေကို ယထာ ဘူတ ကျကျ သုံးသပ် နိုင်ရဲ့ လား လို့ မေး လာရင် တော့ ၀မ်းနည်း စွာနဲ့ ပဲ ဟင့်အင်း လို့ဖြေ ရမှာပါ။ ရှေး မြန်မာ သမိုင်းကျမ်း များရဲ့  အကြီးဆုံး ချွတ်ယွင်းချက် နှစ်ခု ကတော့-

  1. ဘယ်ကိစ္စ ကိုရေးရေး စကြ ၀တေး မန္ဓမင်း စင်လျက် ဖြစ်ခြင်း ပျက်ခြင်း နှင့် မကင်း ဆိုတဲ့ ကမ္မဌာန်း စာမျိုး ဖြစ်အောင် ရေးခြင်း နဲ့
  2. သက်ကြီး စကား လာ ပါးစပ် ရာဇ၀င် တွေထဲက အကဲ တွေ အပို တွေကို စစ်ထုတ် ဆန်းစစ် ဖို့ အင်မတန် ၀န်လေး လို့ ပြောတဲ့ အတိုင်း ချရေး လိုက်ခြင်း ဆိုတာ တွေပါ။

ရှေး မြန်မာ ရာဇ၀င် လာ မြန်မာ တို့ရဲ့  အကြောင်း ကို သတိထား ကြည့်ရင်-

  • ဖတ်ရှု ၍ အလွန် ကောင်းခြင်း
  • အလွမ်းဇာတ်၊ အပျော်ဇာတ် တို့ ဖြင့် ဇာတ်သိမ်း လွန်လွန်းခြင်း
  • ရေပက် မ၀င်အောင် ပြီးပြည့်စုံ လွန်းခြင်း- စတဲ့ အချက် တွေကို တွေ့ ရပါမယ်။

ဒါမကောင်း ဘူးလား ဆိုတော့ အမှန် တကယ် ဖြစ်ပျက် ခဲ့တဲ့ real events တွေကို အချိန် နဲ့ တပြေးညီ မှတ်တမ်း တင်နိုင် ခဲ့လို့ အထောက် အထား အကိုး အကား ဒေါင်ဒေါင်မြည် မယ်ဆိုရင် သိပ်ကောင်း တာပေါ့။ ကမ္ဘာမှာ ဘယ်သူ မှ မယှဉ် နိုင်တဲ့ မြန်မာ့ ရာဇ၀င် ဖြစ်လာ လိမ့်မယ်။ ခုတော့-
ရှေး မြန်မာ ရာဇ၀င် ဟာ ကုလား ရာဇ၀င် ရဲ့ ညီတော် ပူတူတူး လေးပဲ လို့ ထင်လာ ရလောက်အောင် ကုလားပြည် က အကြောင်း တွေကို ပြွတ်သိပ် ထိုးထည့် ပြီး ဒါဒို့ပြေ မှာဖြစ်တာကွ လုပ်ထားတာ မနည်း မနော။ ငါးရာ့ ငါးဆယ် နိပါတ်တော် များ နဲ့၊ ဇာတ်ကြီး ဆယ်ဘွဲ့ တို့ဟာ ဘုန်းတော်ကြီး များရဲ့ ကျေးဇူး ကြောင့် မြန်မာ တွေနဲ့ မတန် ရင်ကာ ရင်းနှီး လွန်း မက ရင်း နှီးကြ တဲ့ အခါ မတော့ ကုလားပြည်က ဇာတ်ထုပ် တွေဟာ မြန်မာ့ မြေ မှာဖြစ်လေဟန် ရှေးလူကြီး တွေက ပြော၊ သက်ကြီး စကား မပါယ်လို၊ မပါယ်ဝံ့ ကြတဲ့ ရာဇ၀င် ဆရာ များကလည်း ဒီအတိုင်း ကြိတ်လိုက် ကြတော့ လူရယ် စရာ ရာဇ၀င် တွေဖြစ်လာ တာကို ၀မ်းနည်း ဖွယ်တွေ့ ရတယ်။
စေတီတိုင်း၊ ကုရုတိုင်း၊ အင်္ဂတိုင်း၊ ကလိင်္ဂတိုင်း၊ ပါဋလိပုတ်၊ ရာဇဂြိုလ်၊ ဗာရာဏသီ၊ တက္ကသီလ ဆိုတာ တွေဟာ ကုလားပြည် မှာ အမှန်စင်စစ် ဖြစ်ပါလျှက် ရာဇ၀င် ဆရာ များကျေးဇူး ကြောင့် မြင်းခြံ နားမှာ လိုလို၊ မန္တလေး နဲ့ တပြလောက် ပဲဝေး သလိုလို ထင်ယောင် ထင်မှား ဖြစ်ကြ ရတာ ထင်တဲ့ သူအပြစ် လို့ မဆိုသာပါ။ စေတီတိုင်း သား တွေဆိုတာ ချစ်တီး ကုလား တွေ၊ လိမ်ပြော လို့ မြေမျိုတဲ့ စေတီယမင်း ဆိုတာ ချစ်တီးကုလား၊ ကလိင်္ဂတိုင်း ကပုဏ္ဏား စူစကာ ဆိုတာ ဂေါ်ရင်ဂျီ ကုလား၊ ကုရုတိုင်းသား ဝေဿ န္တရာ နဲ့ မဒ္ဒီဒေ၀ီ ဟာ ဘာဘူ ကုလားမျိုး၊ မဒ္ဒ တိုင်းက ပဘာ ၀တီ ဆိုတာ မဂို ကုလားမ၊ ကလိင်္ဂ တိုင်း က မင်းကုသ ကဂေါ်ရင်ဂျီ ကုလား။ ဒီလို ဒိုတီ ၀တ် အိန္ဒိယ လူမျိုး များကို တောင်ရှည်၊ ခေါင်းပေါင်း စွတ်ပေးပြီး ဒို့ဗမာ လို့ ထင်ကြ တာဟာ ဘာသာရေး နဲ့ သိပ်မဆိုင် ပဲ ရာဇ၀င် ဆရာ များရဲ့ လက်ချက် လို့ ပြောနိုင်တယ်။
အထင်ရှားဆုံး ကတော့ ရွှေတိဂုံ စေတီတော် ရဲ့  ဒကာတော် ရေမြေ့ရှင် များလို့ အခြောက်တိုက် နာမည် ရတဲ့ တဖုဿ နဲ့ ဘလ္လိက ရေမရောတဲ့ ကုလားညီနောင် ပါပဲ။ တကယ့် တဖုဿ နဲ့ ဘလ္လိက တို့ရဲ့  ဥက္ကလာပ ဒေသ ဆိုတာ ရန်ကုန်က တောင်၊ မြောက် ဥက္ကလာ နဲ့ ဘာမှ မပါတ်သက်၊ အိန္ဒိယ နိုင်ငံ သြရိဿ (Orissa) ပြည်နယ် က ကုဘက်စ် ခေါ် ဥတ်ကလ ဒေသ ခင်ဗျ။ ကုဘက်စ် တောင်တွေ ပေါ်က ဗုဒ္ဓ သာသနိက အဆောက် အဦး များက ဒို့ ကမှ original တဖုဿ နဲ့ ဘလ္လိက ဟေ့ လို့ ပြောနေ သလိုပါပဲ။
ဗုဒ္ဓ၀င် မှာ မြတ်စွာ ဘုရား ကြွလာဖူး သမျှ အရပ် များကို အသေ အချာ ဖော်ပြ ပါရှိ ရာမှာ မဇ္ဈိမ ဒေသ ကလွဲလို့ ဘယ်မှ မကြွ ဖူးပါကြောင်း သေချာပါ လျှက်နဲ့ မြန်မာ ရာဇ၀င် တွေမှာ မြတ်စွာ ဘုရား ဟာ တန့်ကြည်တောင်လည်းရောက်၊ စက်တော်ရာ လည်းရောက်၊ မန္တလေး တောင်လည်းရောက်၊ ကျိုင်းတုံလည်း ရောက်၊ ရောက်ယုံမျှ မကဤ အရပ် ၌ဤ မည်သော အခါတွင် ဤမည် သောမင်း ဖြစ်ထွန်း ၍ငါ၏ သာသနာ ကိုချီးမြှင့် လိမ့်မည် ဆိုတဲ့ ဗျာဒိတ် စကားတွေ ပေးသဟေ့ လို့ အကြိမ် ပေါင်း များစွာ ရေးကြ ပြန်တယ်။ ဖတ်သူ၊ မှတ်သူ အပေါင်း ကလည်း မငြင်းတန်း လက်ခံ ယုံကြည် လိုက်ကြ ပြန်တယ်။ ငတို့ က ဘုရား အသိ အမှတ် ပြုထား တဲ့နေရာ မှာ နေသူ တွေ၊ ငတို့ မင်းက ဘုရား ဗျာဒိတ် တော်ရ သာသနာပြု မင်းကောင်း မင်းမြတ် ဆိုတာ ကကျေနပ် စရာ ကောင်းလွန်း လို့ မယုံ လည်း အသာလေး မှိန်း နေလိုက်ကြ တော့တယ်။ ဒီလိုနဲ့ ကချင်၊ ကယား၊ ကရင်၊ ကုလား ညီအကို တော်တွေ ဖြစ်လာ ကြသပေါ့။
အပြစ် မှန်ရင် တတ်နိုင် သလောက်ဖုံး၊ ရာဇ၀င် လာ ဇာတ်ကြောင်း ပြတ်နေရင် ငါးရာ့ ငါးဆယ် အင်ဆိုင်ကလို ပီးဒီးယား ကြီး ထဲ ကယူယူ ဖြည့်ရင်း နဲ့ ပဲ မြန်မာ့ သမိုင်း မှာ-နတ်နဲ့ နဂါး ညားပြီး လူသား လည်းမွေးပြီးပြီ။ ၀ါးရုံတော ကလဲ ဗိုက်ဖုံး အင်္ကျီ ၀တ်ပြီး ဝေဠုကျော် (မှားလို့) ဝေဠု ၀တီ ကိုဖွားမြင် သန့်စင် ပြီးပြီ။ သားလေးမွေးရင် နန်းတော်ကို လိုက်ခဲ့ ဖို့ လက်စွပ် တော် ကို ကြင်ယာတော် keeping လေးကို ပေးခဲ့ ရတဲ့ ဧက နိပါက် ကဋ္ဌ ၀ါယန ဇာတ်ကို လည်း ဇာတ်လိုက် ကျန်စစ်သား၊ ဘုရင့်နောင်၊ ဇေယျ ခေတ္တရာ တို့နဲ့ အကြိမ်ပေါင်း များစွာ ကပြ ဖျော်ဖြေ ခဲ့ပြီးပြီ။ ငါ့ အသား စားလျှင် မင်းဖြစ် လတ္တံ ဆိုပြီး မကြောက် မရွံ့  တွန်တဲ့ကြက် ကိုဖမ်းစား ပြီးမင်းဖြစ် လာတဲ့ တိက နိပါတ်၊ သီရိ ဇာတ်ကို သရေ ခေတ္တရာ မင်းဆက် ကို ဇွတ် အတင်း ကခိုင်း ခဲ့ပြီးပြီ။ ပုဂံ နာတောင်မျာ မင်းကို နန်းတောင်းများ လို့ မှားဖတ်ပြီး ရှေ့ က နန်းစဉ် senior အကို များကို ကျော်ခွ ပြီး ညီငယ်လေး ကို မင်းဖြစ် စေဖို့ ဖခင် ဘုရင်ကြီး လက်မှာ ပေါက်တဲ့ ခူနာ ကို သူ့ အမေ မိဖုရား ကပြည်စုတ် ပေးပြီး သား အတွက် နန်းတောင်း တဲ့ ဧက ဒဿ နိပါတ် ဒသ ရထ ဇာတ်ကို နာတောင်မျာ လည်မှာစွပ် ပေးခဲ့ ပြီးပြီ။
ဒီလို အချိုး တွေကြောင့် အင်မတန် ဖတ်လို့ကောင်း၊ ဟာကွက် မရှိအောင် ပြည့်စုံ ပြီး၊ လွမ်းမော ဖွယ်ရာ မြန်မာ ရာဇ၀င် ကျမ်း များဟာ ပညာရှင် တွေရဲ့  ကဲ့ရဲ့  လှောင်ပြောင် ရှုံ့ ချ စရာ ဖြစ်ခဲ့ ရတာ ရင်နင့် စရာ ပါလေ။

ကိုးကား။

  1. သန်းထွန်း၊ ဒေါက်တာ။ ခေတ်ဟောင်း မြန်မာ ရာဇ၀င်
  2. ငါးရာ့ ငါးဆယ် နိပါတ်တော်များ
  3. ကုမာရ်ရသ်၊ အသောက၊ သြရိဿ ကုဘက်စ် မှ ဗုဒ္ဓ သာသနာ ရှေးလက်ကျန် အဆောက် အဦးများ၊ အန္ဒြရာဇ၀င် သုတေ သန ဂျာနယ် အတွဲ ၂၇။

3 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Jul 29, 2008 @ 23:02:51

    မှန်လိုက်တာ ဗျာ … ဘုရား တောင် ကုလားမှန်း မသိတဲ့ ဗုဒ္ဓ ဘာသာ မြန်မာ တွေ အများကြီး ဗျ ….

    Reply

  2. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 13:34:15

    KO SOE HTET,
    Don’t say Our Buddha Like that.If you want to say please use the polite word because Buddha is our most admirable and there is nothing to say properly Buddha like that for a Buddhist i think .Mind your words because you are also a Buddhist.

    Reply

  3. shwemyanmar
    Jun 18, 2010 @ 15:36:13

    ရှေးဟောင်းသမိုင်းတွေ တူးဖော်မှ ရာဇဝင် ဘာလဲ ဘယ်လဲဆိုတာ သိရတော့မှာပဲလေ….

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.