That's Our Bamar (17)

သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
တတိယပိုင်း

နိုင်ငံခြားသား များ၏ မြန်မာ သမိုင်းကျမ်းများ
မြန်မာ ရာဇ၀င် ကို အများဆုံး ရေးတဲ့ နိုင်ငံခြားသား တွေထဲ မှာ အများဆုံး က အင်္ဂလိပ်နဲ့ ကုလား (အိန္ဒိယ) ပဲ။ အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကို ယေဘုယျ သဘောကြည့် မယ်ဆိုရင် အချက်နှစ်ချက် တွေ့ရတယ်။

  1. မြန်မာ ဘုရင် တွေဟာ လူတွေ့ ရင် သတ်ချင်၊ ဖြတ်ချင်၊ လှံနဲ့ ထိုးချင်၊ ဓါးနဲ့ ခုတ်ချင် ကြတဲ့ ရက်စက် ရမ်းကား တဲ့ လူဆိုး လူသွမ်း များမို့ ရွံမုန်း စရာ ကောင်းတယ် ဆိုတာ ကိုပုံကြီးချဲ့ ရေးခြင်း နဲ့
  2. အင်္ဂလိပ် အုပ်ချုပ်ရေး ရဲ့  တရား မျှတ ကောင်းမွန် ခြင်းကြောင့် မိမိ တို့ လက်ထက် မှာ မြန်မာ တွေကြီးပွား တိုးတက် ပြီး အေးချမ်း သာယာ ကြောင်း ကိုထပ်ခါ တလဲလဲ ရေးခြင်း တို့ပဲ ဖြစ်တယ်။

ပညာဝန် မစ္စတာ စီဒဗလျူ ကောက် ရဲ့  ကျောင်းသုံး မြန်မာ ရာဇ၀င် မှာ အနှစ်ချုပ် သဘောက မြန်မာ ကလေးတွေ မိမိ အမျိုးသား အုပ်ချုပ်ရေး ကိုမုန်းပြီး အင်္ဂလိပ် ကိုအားကိုး ချင်စိတ် တဖွားဖွား ပေါ်လာအောင် လုပ်ခဲ့ တာပဲ။ ရည်ရွယ် တဲ့ အတိုင်း လည်းအောင်မြင် ပါတယ်။ သက်ကြီး ရွယ်အို ဘိုးဘွား တွေနဲ့ စကားပြော ကြည့်ရင် “ဒို့ များ အင်္ဂလိပ် ခေတ်ကောင်း တုန်းက လို့” တဖွဖွ ပြောတတ် ကြတုန်း။
၁၉၂၂ မှာ ရန်ကုန် တက္ကသိုလ် ပါမောက္ခ ဒီဂျီ အီးဟော က ကမ္ဘာမှာ ရှိသမျှ အင်ပီရီယယ် လစ်ဇင်း အမျိုးမျိုး အကြောင်း စာအုပ်ရေးတယ်။ သူများ နိုင်ငံ ကစီးပွား ဥစ္စာ ကို ရသလောက် ညှစ်ယူ ချင်လို့ တိုက်ခိုက် သိမ်းပိုက် တဲ့ အင်ပီရီယယ် လစ်ဇင်း ဟာ ဟော ရေးလိုက်မှ မယဉ်ကျေး သေးတဲ့ လက်အောက်ခံ ကို အစွမ်းကုန် ညှာတာ ထောက်ထား စေတနာ ထားပြီး ကိုယ်တိုင် အုပ်ချုပ် နိုင်ဖို့ ပြင်ဆင် ပေးတဲ့ ၀ါဒ ဖြစ်သွား ပါတယ်။
မစ္စတာ ဂျီ အီး ဟာဗေး ဟာ ၁၉၂၆ မှာ မြန်မာ ရာဇ၀င် ကျမ်း ကို ရေးပြန်ပါတယ်။ ဒီစာအုပ် ရဲ့ အနှစ်ချုပ် ကလည်း မြန်မာ အမျိုး ရဲ့ တုံး၊ ချာ၊ ဖျင်း၊ ညံ့၊ အူ၊ အ၊ အသုံး မကျ ပုံ တွေကို ထင်ရှား နိုင်သမျှ ထင်ရှား အောင်သတိပေး သလိုလို၊ ကဲ့ရဲ့  သလိုလို နဲ့ မြန်မာ့ အမျိုး သိက္ခာ ကိုမှတ်ကျောက် တင်ထားတာ တွေ့ရတယ်။ ဒီလောက် စော်ကား တာကို တော့ မြန်မာ တွေ၊ အထူး သဖြင့် ပညာတတ် တွေ သည်းမခံ နိုင်ပဲ အလွန် စိတ်ဆိုး ခဲ့ကြတယ်။ ဒီစာအုပ် ကျောင်းသုံး ဖြစ်လာ တော့ ဆတ်ဆတ် ခါအောင် နာခဲ့ ကြတာပေါ့။
မြန်မာ မင်းနေပြည်တော် ကို ၁၈၂၆ ခု စက်တင်ဘာ (၁) ရက်ကနေ ၁၈၂၇ ခု ဇန်န၀ါရီ (၅) ရက်နေ့ ထိ လာရောက် ခဲ့တဲ့ သံအမတ် ဂျွန် ကရောဖို့ (စင်ဒီ ကရောဖို့ နဲ့ ဘာမှ မဆိုင်ပါ) ရဲ့  diary ကို မှန်၊ မမှန်၊ ယုတ္တိ ရှိမရှိ analysis ဘာမှ မလုပ်ပဲ ဒီအတိုင်း ကူးချ ပြီး professor D G E Hall က ဥရောပ နှင့် မြန်မာ ဆိုတဲ့ ရာဇ၀င် ကျမ်း ရေးပြန်ရာမှာ- အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲ ရှုံးပြီး ပုဆိုးခြုံ ထဲက လက်သီးပုန်း ပြနေတဲ့ ဗမာ တွေ ဆိုတဲ့ သဘော၊ လူပျက် တွေ လိုလို ပြက်လုံး လိုလို၊ ရယ်စရာ ကောင်းတဲ့ အရူးတွေ လိုလို ဟာသ လုပ်ရေး ပါတယ်။ မြန်မာ ရာဇ၀င် ဆရာ တွေဟာ ပထမ အင်္ဂလိပ် မြန်မာ စစ် မှာ ရှုံးလို့ စစ်လျှော်ကြေး ပေးရ တာကိုတောင် မဟုတ် မမှန် လီဆည် ပြီးပြောင်းပြန် ဖြစ်အောင် ရေးတယ် ရယ်လို့ အောက်ပါ စာကို ပြပြီး စွပ်စွဲ ပါတယ်။
သက္ကရာဇ် ၁၁၈၆-၈၇ ခုနှစ် များက တိုင်း တပါးသား အနောက် နိုင်ငံ နေ ကုလားဖြူ တို့က ဘုန်းတော် အလွန် တရာ ကြီးမြတ် တော် မူလှသော ဘ၀ အရှင် ရွှေနန်း သခင် ၏ နိုင်ငံတော် ကို ထိပါး ရိုင်းပြ လာသည်။ ရန်ကုန် တွင် သင်္ဘော ဆိုက်၍ ရန်ကုန်ကို လည်းကောင်း၊ ပြည်မြို့  ကိုလည်းကောင်း သိမ်းယူ ကြသည်။ရန္တပို အထိ လက်နက် လူသူ အများ ဖြင့် ကျူးကျော် မိသည့် တိုင်အောင် စော်ကားခွင့် ရကြ သည်မှာ သတ္တ၀ါ တို့ အသက် ကို မင်းတရားကြီး နှမြော စုံမက်ခြင်း နှင့် ကြင်နာ သနားခြင်း တို့ကြောင့် ဖြစ်ချေမည်။ လူမျိုးခြား ကုလားတို့ ထိုမျှ ချီတက် လာမိ သဖြင့် ငွေကြေး ကြီးစွာ ကုန်ဆုံးလျှက် ရန္တပို အရောက်တွင် မျိုးရိက္ခာ ပြတ်လတ်၍ ဒုက္ခ လှလှ ကြီး တွေ့ကြ ရကား ဘ၀ရှင် မင်းတရား ကြီးထံ အသနား တော်မြတ် ခံကြ သည့်အလျှောက် သည်းခံတော်မူလျှက် အပြစ် မယူ၊ ငွေတော် အမြောက် အများပေး၍ လိုရာ အရပ် သို့ ထွက်ခွာ ပြန်သွားခွင့် ပြုလိုက်သည်။
ဒီစာ ကို ၁၈၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ မှာ မင်းမိန့် နဲ့ ရေးတယ် လို့ ကရောဖို့ ကသူ့ မှတ်တမ်းမှာ ဆိုတာ ကို Professor Hall က အထွဋ် တင်ပြီး မှတ်ချက်ပေးပါသေးတယ်။ ဒီကျမ်း ကို ၁၉၄၅ မှာပုံနှိပ် တာဆိုတော့ အဲဒီ အချိန် တကမ္ဘာ လုံးက ခါတော်မှီ လူစွာ ဟစ်တလာ နဲ့ သူ့ရဲ့ နာဇီ ဖက်ဆစ် ၀ါဒ ကိုသောက်မြင်ကပ် နေကြတာ ဆိုတော့ ဟစ်တလာ ရဲ့ လက်ရုံး ၀ါဒ ဖြန့်ချီရေး ပါရဂူ ဒေါက်တာ ဂိုးဘဲ တောင် ဗမာ ထက်ပို ပြောင်မြောက် အောင်လိမ် နိုင်မှာ မဟုတ် ဆိုပြီး ပြင်းပြင်း ထန်ထန် တွယ်ပါတယ်။ မမှန် သတင်းရေးသူ က အင်္ဂလိပ် သံအမတ်၊ ခုံ သမာဓိ က အင်္ဂလိပ် ရာဇ၀င် ဆရာ၊ ခံရတော့ မြန်မာ၊ လူလိမ် ဂိုးဘဲ နဲ့ သူမသာ၊ ကိုယ်မသာ။ အတော် တတ်နိုင် သူများ ပါပေ။ မြန်မာ ပညာတတ် တွေက ဒီကိစ္စ ကိုဒေါသပုန် ထကြ ပေမဲ့ မရှင်း နိုင်ကြဘူး။ နောက်ဆုံး အင်္ဂလန် မှာ ပါဠိ ပါရဂူ ဘွဲ့ယူ ဖို့လာခဲ့ ပေမဲ့ ကျမ်းတစ်ခန်း ရေးလိုက်၊ မကြိုက်သေးလို့ ဆုတ်ပစ်လိုက်နဲ့ အချိန်လွန် သွားလို့ ဒေါက်တာ မဖြစ်လိုက် ရပဲ အင်္ဂလန် မှာပဲ သေသည် အထိ နေထိုင်သွားတဲ့ ဆရာဦးတက်ထွဋ် ရှင်းမှ ဒီကိစ္စ ပြေလည် ပါတယ်။ ၁၉၅၆ ခုနှစ် လန်ဒန် မှာလုပ်တဲ့ အာရှ သမိုင်း ပညာရှင် များညီလာခံ မှာဒီကိစ္စ ကို ဦးတက်ထွဋ် ကရဲရဲ တောက် အကွက် ကျကျ ချေပ ရာမှာ- မြန်မာရာဇ၀င် မှာ အထက်ပါ စာကို မင်းမိန့် နဲ့ ရေးတယ် ဆိုရင် Officially recorded ဖြစ်တဲ့ အတွက် မှန်နန်း ရာဇ၀င် မှာ ပါရမယ်။ ၁၈၂၆ နိုဝင် ဘာ ၂ ရက် နေ့မှာ အထက်ပါ စာရေးတယ် လို့ဆိုထားတယ်။ ပထမ မှန်နန်း ကို ၁၈၂၉ မှရေး တယ်။ ကမ္ဘာ တည်ချိန် ကစလို့ ၁၈၂၀ ထိ အကြောင်း တွေပဲ ပါတယ်။ ပထမ- အင်္ဂလိပ် မြန်မာ စစ် အကြောင်း တစ်လုံး တစ်ပါဒ မှ မပါ။ ၁၈၆၇ ခုနှစ် မင်းတုန်း လက်ထက် မှာ ဒုတိယ မှန်နန်း ကိုရေးတယ်။ ၁၈၂၀ ကနေ ၁၈၆၀ ထိ အဖြစ် အပျက် တွေကို မှတ်တမ်းတင်တယ်။ စစ်ရှုံးလို့ စစ်လျှော်ကြေး ပေးခဲ့ ရတယ် လို့ပဲ မကွယ် မ၀ှက် အမှန် အတိုင်းရေးခဲ့ ပါတယ်။ အထက်ပါ စာ မတွေ့ ရပါ လို့ချေပ တဲ့ အတွက် ၀ါရင့် သမ္ဘာရင့် သမိုင်း ဆရာကြီး ဟော ဟာ သူ့ စကားနဲ့ သူပါတ် ပြီး တစ်ဖက်နားနဲ့ ရေးတယ် ဆိုတဲ့ အချက် ပေါ်လွင် ထင်ရှား သွားပါတယ်။ မြန်မာ စာလည်း မတတ်၊ မြန်မာ အထောက် အထား နဲ့ လည်းမညှိ ပဲတစ်ဖက်သတ် ရာဇ၀င် ကျမ်းတွေ ရေးနေ တာကို မီးနီ ပြလိုက်တာပါ။ ကိုယ့် ဂုဏ်သိ က္ခာ ထိပါးရင် သေတာထက် ရှက်တတ်တဲ့ အင်္ဂလိပ်၊ အမေရိကန် ကိုလွတ်လပ် ရေးပေးတာ အရှေ့ ကိုလိုနီ များ အတွက် အချိန်ပေး ထူထောင်ချင် လို့တို့၊ ဒုတိယ ကမ္ဘာစစ် မှာ ဂျပန်ရန်ကြောင့် ခွေးပြေး၊ ၀က်ပြေး ပြေးရတာ ကို အောင်မြင်စွာ ဆုတ်ခွာခြင်း (Glorious retreat) တို့၊ ထိုးမည့်ဆင် ခြေတစ်လှမ်း ဆုတ်ပြီး နိုင်အောင် လုပ် မလို့ (Defeat to victory) တို့ အရှက်ပြေ ပြောလေ့ ရှိတဲ့၊ ဂုဏ်သိက္ခာ အဖတ် ဆည်တတ်တဲ့ လူမျိုး။ ကုလားတွေ လိုမှန်ပါ့ ဘုရားဆပ် မလုပ် တတ်တဲ့ ဦးမကျိုးတဲ့ ဗမာကို မုန်းလွန်းလို့ ရေးသွားတာ လည်းဖြစ်နိုင်တယ်။ မြန်မာ ရာဇ၀င် ဆရာ တစ်ယောက်ယောက် က အမျိုးမာန် အတွက် ရေးထားတဲ့ စာကို တွေ့သွား ပြီး ကူးယူ ဖော်ပြ လိုက်တာ လည်းဖြစ်ချင် ဖြစ်မယ်။ ဘာပဲ ဖြစ်ဖြစ် နောက်ကြောင်း ထက် ရှေ့ ကြောင်း ကောင်းဖို့ ပိုအရေးကြီး တယ် မဟုတ်လား။

ကိုးကား။

  1. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်
  2. မှန်နန်း ရာဇ၀င်။ ပ-ဒု
  3. Hall. D.G.E. Professor: Europe and Burma

6 Comments (+add yours?)

  1. mathetzin
    Aug 07, 2008 @ 06:25:39

    စာတွေကိုအချိန်ယူပြီးလာဖတ်ပါတယ်။
    အလွန်ကောင်းပါတယ်။ဗဟုသုတတွေရစေပါတယ်။
    အချို့ မသိတာတွေမှတ်သားသွားပါတယ်။

    Reply

  2. Juan
    Aug 07, 2008 @ 15:54:42

    ကျေးဇူးတင်ပါတယ် မသက်ဇင်။ ရေးချင်တာတွေ ရေးလို့ ရပြီး အားပေးမယ့် လူတွေ ရှိနေတာ ကိုပဲ ကျေနပ် လှပါပြီ။

    Reply

  3. mathetzin
    Aug 09, 2008 @ 14:43:11

    ဆက်ရေးပါ့ 
    ကျမက တော့ အကျဉ်းရုံးပဲတင်ပြနိုင်ပါတယ်။
    နိုင်ငံခြားသားတွေ ရေးတဲ့သမိုင်းဟာ ကိုလိုနီနယ်
    ချဲ့ စနစ်ကိုဇောင်းပေးတယ်။ လိုရာဆွဲရေးတယ်။ ဗမာဘုရင်တွေကိုနှိမ်တယ်။
    ကျမတို့မြန်မာလူမျိုးတွေကတော့ သင်ခန်းစာ
    ယူဖို့ နဲ့ တိုင်းပြည်အနာဂတ်တိုးတက်စေချင်တဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာသက်သက်ပါ။

    ချမ်းမြေ့ပါစေ

    Reply

  4. သာထွန်းအောင်
    Mar 07, 2009 @ 04:06:07

    ကုလားတွေက အင်္ဂလိပ်ကို မှန်ပါ့ဘုရားဆပ် လုပ်တယ်လို့ပြောတယ်။ ဗမာတွေရော မလုပ်ခဲ့ဘူးလား
    ဘုန်းတော်ဘွဲ့တွေ ကုလားရေးတာ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒေါက်တာ မရှိတော့ ငေါ့သလိုဖြစ်နေ
    မှာတော့ကြောက်မိတယ်—–

    Reply

  5. သာထွန်းအောင်
    Mar 07, 2009 @ 04:11:25

    ဟော လို လူတွေက သမိုင်းဆရာလို့တောင် မသုံနူန်းသင့်ပါဘူး ၀ါသနာရှင်အဆင့်လောက်သာ
    ပြောရမှာဖြစ်ပါတယ်။ ဒေါက်တာပြောခဲ့သလို မြန်မာစာ မတတ်ပဲ မြန်မာသမိုင်းရေး၊ ဝေဖန်
    တွေ လုပ်နေရင်တော့ လွန်လွန်းတယ်လို့ဘဲ ပြောရမှာပါ။

    Reply

  6. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 13:56:19

    I agree with you Ko Thar Tun Aung.They are not real historians.They are just pessimistic because they just wrote randomly what they want to say and a real historian never did like that.I think they died shamefully of what they have done to our history by expressing wrong thoughts and facts about it.Thanks for all our historian who dont accept this mistake and who response about it till we could proof what really truth is.A historian must always be honest and his facts what he wrote down must also be from sound sources and must be evidence base.

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.