That's Our Bamar (18)

သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
စတုထ္တပိုင်း

ခေတ်ပညာတတ် မြန်မာ များ၏ မြန်မာ သမိုင်းကျမ်းများ
၁၉၂၀ ပြည့်နှစ် လောက်က စလို့ မျိုးချစ် စိတ်ဓါတ် ရှိတဲ့ ခေတ်ပညာတတ် မြန်မာ လူငယ် တွေပေါ်ထွန်း လာပါတယ်။ အမျိုးသားစိတ် နိုးကြားတဲ့ အခါ သမယ ကြီးဖြစ်လို့မို့ နိုင်ငံခြားသား အထူး သဖြင့် အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကျမ်း တွေမှာ ပါတဲ့ ကလိတိတိ၊ စော်ကား မော်ကား အရေး အသား တွေအပေါ် မခံ မရပ် နိုင်အောင် စိတ်ဆိုး ဒေါသ ထွက်ကြတယ်။
ထွန်းနေ့စဉ် သတင်းစာ အယ်ဒီတာ ဦးထွန်းဖေ ကစလို့ မြန်မာ့ ဇာတိသွေး၊ ဇာတိမာန် ကိုမြှင့်တင် ပေးနိုင်တဲ့ ဇာတ်ကွက် တွေကို အသားပေးပြီး၊ ရှေးမြန်မာ သူရဲကောင်း များရဲ့  စွန့်စားခန်း တွေကို ပေါ်လွင် ထင်ရှား စေတဲ့ ၀တ္တု၊ အထ္ထု ပ္ပတ္တိ၊ ရာဇ၀င် စာအုပ်တွေ ကို ရေးသား ကြပါ လို့တိုက်တွန်း လှုံ့ ဆော် တယ်။
မြန်မာ ရာဇ၀င် ရေးတဲ့ အင်္ဂလိပ် ကိုမကျေနပ် လို့ ပြန်ရေးတယ် လို့ အမှာစာ မှာ ဗြောင်ရေးပြီး ဆရာဖီ၊ မှော်ဘီ ဆရာ သိန်း နဲ့ ဆရာ ဘကျော် တို့ရေး တဲ့ သုသော ဓိတ ရာဇ၀င် ခြောက်တွဲ ထွက်လာတယ်။ ရှည်လွန်း အားကြီး လို့ လူတွေ လက်ထဲ မြန်မြန် နဲ့ များများ မရောက် နိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဆရာ ဦးဘသန်း က ကျောင်းသုံး မြန်မာ ရာဇ၀င် ကိုရေးပြန်တယ်။ အမျိုးသား ပညာဝန် ဦးဖိုးကျား က ခေတ်မှီ ရာဇ၀င် အကျဉ်း နဲ့ မြန်မာ့ ဂုဏ်ရည် ကျမ်း များ ကိုသီကုံး ပြုစုတယ်။ နောက်ပိုင်းမှာ တော့ ဦးအုန်းမောင် ရဲ့  ကျောင်းသုံး မြန်မာ ရာဇ၀င် သစ် သုံးတွဲ ၊ သခင် ကိုယ်တော်မှိုင်း ရဲ့  မှန်နန်း ရာဇ၀င် သစ် ၊ ဦးဖေ ရဲ့  ပုဂံ ရာဇ၀င်၊ ပုဂံ ၀န်ထောက် ဦးတင် ရဲ့ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း လေးတွဲ စတဲ့ သမိုင်းကျမ်း တွေ အပြင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး ရဲ့  တပင်ရွှေထီး ၀တ္တု လေးတွဲ၊ သတင်းစာ ဆရာ ဦးသိမ်းမောင် ရဲ့  မြန်မာ့ သူရဲကောင်း လေးဦး (မင်းရဲ ကျော်စွာ၊ ဘုရင့်နောင်၊ ဗန္ဓုလ နဲ့ အလောင်း ဘုရား)၊ ရွှေစကြာ ရဲ့  နာခံတော် စတဲ့ ရာဇ၀င် ၀တ္တု များလည်း ပေါ်ပေါက်ခဲ့ ပါတယ်။
ဒီလို ရေးသား သမျှ ရာဇ၀င် ကျမ်းများ နဲ့ ၀တ္တု များရဲ့  အချုပ် သဘောကတော့ အင်္ဂလိပ် ကသူ့ အုပ်ချုပ်ရေး ကို အမွှန်း တင်ပြီး မြန်မာ ဘုရင် စနစ် ကို တစက် မှ မကောင်း အောင်အပုပ် ချတယ် လို့ယူဆ တဲ့ အတွက် တန်ပြန်လက်နက် အနေနဲ့ မြန်မာ လူစွမ်းကောင်း တွေကို တန်းစီ ဒရိန်းပြ တဲ့ သဘောပါပဲ။ ဆိုခဲ့တဲ့ ဆရာ များက မြန်မာဟေ့ လို့ လက်သီး လက်မောင်းတန်း ပြီး ဟစ်ကြွေးလို့ ရတဲ့ အကွက် ကလေးတွေ ကိုချည်း ရွေးပြီး ဖော်ထုတ် ခဲ့တာကို အပြစ်တင် ဖို့ ပြောတာ မဟုတ်ပါဘူး။ မြန်မာ့ မျိုးချစ်စိတ် ကို အခေါင်အထွတ် ကိုပို့ချင် တဲ့ရည်ရွယ်ချက် နဲ့ ရေးတာ ပါလို့ ဗြောင်ပြော ပြီးသားပဲ၊ ရည်ရွယ် တဲ့ အတိုင်းလည်း အောင်မြင်တာ ကိုတွေ့ ရပါတယ်။ ဒါပေမဲ့ သရုပ်မှန် ကိုခွဲခြမ်း လေ့လာ မြင်သာ အောင် မြန်မာ ဘုရင် လက်ထက် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး ကို မြင်သာ အောင်ဖော်ပြ တဲ့ကျမ်းမျိုး တွေ မဟုတ် တာက တော့သေချာ ပါတယ်။ မျိုးချစ်စိတ် တယူသန် ပြီး “ဘာပဲ ဖြစ်ဖြစ် ဒို့မြန်မာပေါ့” ဆိုပြီး ရေးကြတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
ဂျပန် ခေတ်မှာလည်း ပါမောက္ခ ဦးဘညွှန့် ရဲ့  မြန်မာနိုင်ငံ သမိုင်း အခြေပြ ဆိုတဲ့ ကျမ်းပေါ်ဖူးသေးတယ်။ ရောင်ခြည် ဖြာနေတဲ့ စုလစ် မွန်ချွန် ပြာသာဒ် ရှေ့ မှာ ဗမာ၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်းတို့ လက်သီးဆန့် အော်နေပုံ နဲ့ အောက်က တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့စာတမ်း ထိုးထားတဲ့ မျက်နှာဖုံး ကြီးနဲ့။ အာဏာရှင် သဘောကို ကျောင်းသား တွေက စလို့ လက်ခံအောင် ကျောင်းသုံး ဖြစ်ဖို့ ရေးတဲ့ စာအုပ်ပါ။
ဒုတိယ ကမ္ဘာစစ် အပြီး ဗိုလ်မှူး ဘရှင် ရဲ့  မြန်မာ နိုင်ငံတော် သမိုင်း စာအုပ်၊ ဗန်းမော် တင်အောင် ရဲ့  မြန်မာ နိုင်ငံတော် သမိုင်း စာအုပ်၊ ငါးသိုင်းချောင်း မောင်မောင် ရဲ့  နယ်ချဲ့  မြန်မာ အရေး တော်ပုံ စာအုပ် တွေ ထွက်လာပါတယ်။ ခေတ်ပြောင်း ကာလ မှာ ဇော်ဂျီ ရဲ့  တို့ပြည်ထောင်စု သမိုင်း ပုံပြင်များ ၂ တွဲ၊ ပြည်ထောင်စု သမိုင်း မှတ် တိုင်များ စာအုပ် တွေ၊ ဦးဘဖေ ရဲ့  အလယ်တန်း မြန်မာ့ သမိုင်း အကျဉ်းချုပ်၊ ဦးကွန်း ရဲ့  ခေတ်မှီ အထက်တန်း မြန်မာ ရာဇ၀င် နဲ့ ဒေါက်တာ ကျော်သက် ရဲ့  အထက်တန်း ပြည်ထောင်စု မြန်မာ နိုင်ငံ သမိုင်း စတဲ့ ကျောင်းသုံး စာအုပ်တွေ ဆင့်ကဲ ဆင့်ကဲ ပေါ်ထွန်း လာပါတယ်။ ဒီစာအုပ် တွေရဲ့  အဓိက ရည်ရွယ်ချက် ကတော့ ခေတ်နဲ့ အညီ ပြည်ထောင်စု စိတ်ဓါတ် ကို သွင်းပေးဖို့ ပါပဲ။
အားလုံး ကိုခြုံငုံ ကြည့်လိုက် တော့ မျိုးချစ်စိတ် လှုံ့ဆော်ဖို့၊ လူတန်းစား တိုက်ပွဲ ကိုသရုပ်ဖော်ဖို့၊ ပြည်ထောင်စု စိတ်ဓါတ် ကိုဆွဲဆောင် သွတ်သွင်း ဖို့ ရည်ရွယ်ချက် တွေနဲ့ သမိုင်း ကိုရေးခဲ့ ကြတယ်။ အမှန်တော့ မြန်မာ ရဲ့  ဖြစ်ကြောင်းရယ် ကုန်စင် ကို အပို မပါပဲ အမှန် ကို သုတေသန ပြုပြီး တင်ပြ နိုင်မှ သာ မြန်မာ့ သမိုင်း စစ်စစ် လို့လက်ခံ ရပါမယ်။ အစ မှာ ရိုင်း၊ နောက်ပိုင်း မှာ ယဉ်၊ အောင်မြင် တာလည်း ရှိ၊ နိမ့်ကျ တာလည်း ရှိမှာပေါ့။ ဒါကို အမှန် အတိုင်း မြင်တတ် ရင် သမိုင်း တန်ဖိုး ရှိတာ ပါပဲလေ။
ကိုးကား။

  1. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။
  2. သိန်းနိုင်၊ ရှာရှာ ဖွေဖွေ မြန်မာ့ သမိုင်း။
Advertisement

2 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Aug 15, 2008 @ 13:53:14

    အမှန် အတိုင်း မြင်တတ် ရင် သမိုင်း တန်ဖိုး ရှိတာ ပါပဲလေ။ :)

    Reply

  2. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 13:58:11

    We have to learn a lots from the history.

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.