That's Our Bamar (20)
14 Aug 2008 5 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
အနိရုဒ္ဓ (၁၀၄၄-၁၀၇၇ အေဒီ)
ပုဂံ ကို ခရစ် သက္ကရာဇ် ၈၄၅ ကနေ ၈၅၀ အတွင်း မှာတည်တယ်။ ဒီ အယူအဆ ကိုပြင်ဆင် ရလောက်တဲ့ အထောက် အထား တစ်စုံ တစ်ရာ မတွေ့ ရသေးပါ။ မြန်မာ တို့ရဲ့  မူလဒေသ ခရိုန် နဲ့ တိုးချဲ့ ဒေသ တိုက် များအတွက် ဗဟိုချက်မ ဒေသ ဖြစ်လို့ အုပ်ချုပ်ရေး ဌာနချုပ် အဖြစ် ပြုလုပ် ခဲ့ပုံ ပါပဲ။ ခရစ်နှစ် (၁၁) ရာစု မှာတော့ အင်အား ကောင်းလာတဲ့ မြန်မာ တို့ဟာ ခရိုန် နဲ့ တိုက် မှကျော်ပြီး အခြားဒေသ များကို သိမ်းသွင်း (တိုက်ခိုက်) ပြီး ပုဂံ အုပ်ချုပ်ရေး ကိုဗဟို ပြုကာ နိုင်ငံ ဖြစ်အောင် အောင်မြင်စွာ ကြံဆောင် ခဲ့နိုင်တယ်။ ပထမ ဦးဆုံး ထင်ရှားတဲ့ မင်းက အနိ ရုဒ္ဓ ပေါ့။ အနော် ရထာ မင်းတရားကြီး လို့ ထင်ရှား တဲ့မင်းပါ။ ပုဂံ မှာအုပ်ချုပ် နေတဲ့ မင်း ဘ၀ ကနေ ပထမ မြန်မာ နိုင်ငံ ရဲ့  မင်းကြီး အဖြစ် လျှမ်းလျှမ်းတောက် ခဲ့သူပေါ့။ သူ့ အကြောင်း ဘာကျောက်စာ မှ မကျန်ရစ် ခဲ့ပါ။ ဒါကြောင့်လည်း ရှိရင်းစွဲ ထက်ပိုတဲ့ ပါးစပ် ရာဇ၀င် တွေ အများကြီး ကျန်ရစ်ခဲ့တယ်။
That's Our Bamar (19)
14 Aug 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ကျောက်စာ ထဲက ပုဂံ (၁)
သိတော် မူကြ တဲ့ အတိုင်း ပုဂံ ခေတ် ဆိုတာ တုတ်ထမ်း ပြော ရလောက်အောင် တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်းခဲ့ ကြတာ နှစ်ပရိစ္စေတ ကြာခဲ့ ပါပြီ။ ဒါကြောင့် ကုလား လိုခန့်ညားအောင် အရိမဒ္ဒ နပုရ၊ မြန်မာ လို ရန်မျိုး နှိမ် မြို့ တော်၊ မွန်လို ပေါကာမ်၊ ပုကာမ်၊ ဗုကာမ်၊ ထွန့်ထွန့်လူး အောင်ပူတဲ့ အရပ် လို့ဆိုတဲ့ တတ္တဒေသ၊ သျှင်ဒီသာ ပြာမုက် ရဲ့ အလို အရ ကြေးနိုင်ငံ လို့ ဆိုတဲ့ တမ္ဗ ဒီပ၊ နာမည် တွေတလှေ ကြီးနဲ့ ပုဂံ အကြောင်း တိတိ ကျကျ သိဖို့ ကတော့ ကျောက်စာ ကို အားကိုး ဖို့မှ တပါး အခြား မရှိ။

Recent Comments