That's Our Bamar (19)
14 Aug 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ကျောက်စာ ထဲက ပုဂံ (၁)
သိတော် မူကြ တဲ့ အတိုင်း ပုဂံ ခေတ် ဆိုတာ တုတ်ထမ်း ပြော ရလောက်အောင် တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်းခဲ့ ကြတာ နှစ်ပရိစ္စေတ ကြာခဲ့ ပါပြီ။ ဒါကြောင့် ကုလား လိုခန့်ညားအောင် အရိမဒ္ဒ နပုရ၊ မြန်မာ လို ရန်မျိုး နှိမ် မြို့ တော်၊ မွန်လို ပေါကာမ်၊ ပုကာမ်၊ ဗုကာမ်၊ ထွန့်ထွန့်လူး အောင်ပူတဲ့ အရပ် လို့ဆိုတဲ့ တတ္တဒေသ၊ သျှင်ဒီသာ ပြာမုက် ရဲ့ အလို အရ ကြေးနိုင်ငံ လို့ ဆိုတဲ့ တမ္ဗ ဒီပ၊ နာမည် တွေတလှေ ကြီးနဲ့ ပုဂံ အကြောင်း တိတိ ကျကျ သိဖို့ ကတော့ ကျောက်စာ ကို အားကိုး ဖို့မှ တပါး အခြား မရှိ။
ကျောက်စာ အထောက် အထား နှင့် ဇာတာ တော်ပုံ ရာဇ၀င် အရ ပုဂံမင်းဆက်
|
စဉ် |
အမည် |
မှ (AD) |
ထိ (AD) |
| ၁ | အနိ ရုဒ္ဓ | 1044 | 1077 |
| ၂ | ၀ဇြာ ဘရဏ | 1077 | 1084 |
| ၃ | ထိလိုင်မင် | 1084 | 1113 |
| ၄ | စည်သူ ၁ | 1113 | 1163 |
| ၅ | ဣမ်တ၀်သျှင် | 1163 | 1165 |
| မင်းမဲ့ ကာလ (၉) နှစ် | |||
| ၆ | စည်သူ ၂ | 1174 | 1211 |
| ၇ | နာတောင်မျာ | 1211 | 1231 |
| ၈ | နရ သိင်္ဃ ဥစ္စနာ | 1231 | 1235 |
| ၉ | က္လစွာ | 1235 | 1249 |
| ၁၀ | စည်သူ ၃ (ဥစ္စနာ) | 1249 | 1256 |
| ၁၁ | မင်ယန် | 1256 | 1256 |
| ၁၂ | စည်သူ ၄ (တရုတ်ပ္လိယ်) | 1256 | 1287 |
| ၁၃ | ရှုယ်နန်သျှင် | 1288 | 1287 |
| ၁၄ | မင်လုလင် (စောနှစ်) | 1297 | 1334 |
ဒီ ကန္တရ တစ်ပိုင်း ဆူးပင် ရိုင်းတွေ ပေါက်တဲ့ မိုးခေါင် ရေရှား ရပ်ဝန်း မှာ တစ်ခေတ် တစ်ခါ က ကျွန်တော် တို့ရဲ့  ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေ ဘာလုပ်ခဲ့ ကြသလဲ။ ဘယ်လို ရောက် လာသလဲ၊ ဘာ လုပ်စား ကြလဲ။ ဘယ်လို နေကြ သလဲ။ စတဲ့ မေးခွန်းတွေ ကိုပြေလည် အောင်ဖြေဆို ဖို့ မဖြစ်နိုင် သလောက် ကို အထောက် အထားတွေ ပျောက်ခဲ့ ပါပြီ။ ရေ အောက်မြုပ် သွားတဲ့ အတ္တ လန်တာ ရာဇ၀င် လိုပဲ စမ်းတ၀ါးဝါး လျှောက်ပြော ရင်တော့ ရပါ့။ ပြောဖို့ ကိုးကား စရာ ရာဇ၀င် ကျမ်း တွေလည်း အပြည့်။ သို့သော် ဘယ်လောက် ခိုင်မာ သလဲ။ ဘာ့ကြောင့် ဒီလိုရေး သလဲ။ ဘာ သက်သေ ပြမလဲ။ ဘယ်လို ပေတံ နဲ့ တိုင်းမှာလဲ၊ သုတေ သနစံ ကနတ္ထိ၊ ဒါကြောင့် လည်းပဲ သမိုင်း ပညာရှင် ကြီး များရဲ့  ပုဂံ က ကျောက်စာ အထောက် အထား အရ ဟိုတစ်စ၊ ဒီတစ်စ မီးကျိုး၊ မောင်းပျက် ပုဂံ ဖြစ်နေ ရရှာ ပါတယ်။ သို့သော် ကွက်လပ် ကလေး မကောင်းတတ် လို့ ဖြည့်လိုက် ဦးမယ်။ ဒီနှာခေါင်း လေးက မလှလို့ မိတ်ကပ် ဖို့လိုက်မယ်။ ဒီသွား လေးက ကွမ်းချိုး ချွတ်ပြီး စိန်စီ လိုက်မယ်။ မလုပ် အပ်ပါ။ အရှိ ကို အရှိ အတိုင်းသာ လေ့လာ တာကောင်းပါသဗျား။ မင်း တစ်ပါး ချင်းစီ ရဲ့  biography နဲ့ contemporary historical facts များကို ဆက်လက် တင်ပြ ပါ့မယ်။
ကိုးကား
1. Than Tun Dr: “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, 1955-7, pp: 121-36.

Aug 15, 2008 @ 13:55:16
ကွက်လပ် ကလေး မကောင်းတတ် လို့ ဖြည့်လိုက် ဦးမယ်။ ဒီနှာခေါင်း လေးက မလှလို့ မိတ်ကပ် ဖို့လိုက်မယ်။ ဒီသွား လေးက ကွမ်းချိုး ချွတ်ပြီး စိန်စီ လိုက်မယ်။ မလုပ် အပ်ပါ။ အရှိ ကို အရှိ အတိုင်းသာ လေ့လာ တာကောင်းပါသဗျား။