That's Our Bamar (21)

ကျောက်စာ ထဲက ပုဂံ (၃)

ထိလိုင်မင် (၁၀၈၄-၁၁၁၃ အေဒီ)

အနိ ရုဒ္ဓ လွန်ပြီးတဲ့ အခါ ဂြီဝဇြာ ဘရဏ တြိဘုပတိ ခေါ် ကျက်သရေ ရှိသော မိုးကြိုး အရှင် သုံးလူ့ သခင် ဘွဲ့ခံသူ မင်းဖြစ် လာတယ်။ အနော် ရထာ ရဲ့ သား၊ စောလူးမင်း လို့ လူသိများတဲ့၊ ဒီမင်း ဟာ ကျက်သရေ ရှိမရှိ မသေချာ ပေမဲ့ လူ့လောက က စောစော စီးစီးထွက်သွား ရတာတော့ သေချာတယ်။ ငရမာန်ကန်း ဦးဆောင်တဲ့ မွန်သူပုန် ထလို့ ပြည်ရွာ ချောက်ချားပြီး မင်းပါ အသက် ဆုံးရှုံး ရတယ် ဆိုတာ ဟုတ်ဟန် တူတယ်။ ဒါကလွဲ လို့ သူ့အကြောင်း ဘာမှ မသိလို့ ဆက်ပြောဖို့ မဖြစ်နိုင်ပါ။

သူ့နောက် မှာ နန်းတက်တဲ့ ထိလိုင်မင် ကတော့ ကျန်စစ်သား ဆိုတဲ့ နာမည် နဲ့ မြန်မာ ရာဇ၀င် မှာ လျှမ်းလျှမ်းတောက် ခဲ့တယ်။ နာမည်ကြီး တဲ့ နေရာ မှာ ရှေ့ လူ အနိရုဒ္ဓ ထက်တောင် နည်းနည်း ပိုချင်သေးတယ်။ သူ့ရဲ့  ဇာတ်လမ်း လေးတွေ ကလည်း ဂျိမ်းစ်ဘွန်း ကားလို အနု အရွ၊ အလှ အပ၊ အပစ် အခတ်၊ အညှစ် အသတ် ကလေး တွေနဲ့ ကြွရွ နေတော့ အင်မတန် နားထောင်ချင် စရာ ကောင်းတယ်။ အလွန် ဘုန်းကြီး သောမင်းပေ ကပဲ။ သူ့ အကြောင်း ဘာများသိရ မလဲ။ ကြည့်ကြ ရအောင်လား။

ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့  သားအရင်း လိုလို၊ ဒူးမနာ သားလိုလို ရှေး ရာဇ၀င် ကျမ်း များက ရေးခဲ့ကြတယ်။ မှန်နန်း ရာဇ၀င် ပထမတွဲ။ အပုဒ် ၁၃၀ မှာ “ကျန်စစ်သား သည် အနော် ရထာ နှင့်ယှဉ်သော ပဋိ သန္ဓေ မှ မွေးသူ” လို့ဆိုခဲ့ ပြီး ဒီကျမ်း၊ ဒီအတွဲ မှာပဲ အပုဒ် ၁၃၉ ရောက်တော့ ကျန်စစ်သား က မိမိ သမီးကို အနော် ရထာ ရဲ့ မြေး နဲ့ လက်ဆက် စေလိုတဲ့ အတွက် “ငါ့ အရှင် မြေးတော် ဖြစ်သော စောယွမ်းနှင့် ထိမ်းမြားပေးအံ့” လို့ဆိုပြန်တယ်။ ငါ့ခမည်းတော် လို့မဆို။ ဆိုခဲ့ ရင်လည်း အဒေါ်နဲ့တူ ကိုပေးစား သလိုဖြစ်နေ မှာကိုး။

အေဒီ ၁၅၁၆ မှာ လှော်ကား သုံးထောင်မှူး စပ်ဆိုတဲ့ မင်း တရား ရွှေထီး ဧချင်း အပုဒ် ၅ မှာ-

နော် ရထာ ၏ ဆက်ကာ မြေးသား၊ တလပ် ခြားရှင့်၊ တိုင်းကား နိုင်ငံ၊ ပြည် ပုဂံ ကို၊ တတန် ကိုးယောက်၊ လွန်ပြီး မြောက်မှလို့ စပ်ဆိုခဲ့ လို့ အနိ ရုဒ္ဓ မင်းဆက် ဟာ ၀ဇြာ ဘရဏ သေပြီးတစ်ဆက် ပြတ်ခဲ့တယ် လို့ဆိုရမယ်။

အေဒီ ၁၇၂၅ မှာ ဦးဖျော် စပ်ဆိုတဲ့ ပလိပ်စား ဧချင်း အပုဒ် ၃၀ မှာ-

စောလူး စံမြောက်၊ နှစ်ဆယ့် ခြောက်တွင်၊ ချောက်ချောက် ချားချား၊ မင်းကြား မချပ်၊ နှစ်နှစ် လပ်သော်” လို့ တွေ့ ရတဲ့ အတွက် ၀ဇြာ ဘရဏ သေပြီး မင်းမဲ့ ကာလ နှစ်နှစ် ကြာခဲ့တယ်။ မွန်သူပုန် အန္တရာယ် ကြောင့် ကလန်၊ သံပျင် ထဲက အတော် ဆုံး၊ အစွမ်းဆုံး ပုဂ္ဂိုလ် ထိလိုင်မင် ကို အားလုံးက ကျေကျေ နပ်နပ် မင်းမြှောက်လိုက် ကြတယ်။ ၁၀၈၄ မှာ မင်းဖြစ်ပေမဲ့ မွန်သူပုန် ရန်ကို အပြီး နှိမ်ပြီး တိုင်းပြည် အေးချမ်း သာယာတဲ့ ၁၀၈၆ မှ ဘိသိက် ခံပြီး မင်းအဖြစ် ရယူ တယ် လို့ ပညာရှင် များက ကောက်ချက် ဆွဲကြပါတယ်။

ဒါကြောင့် ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့ သား ဆိုတဲ့ အဆိုကို ပယ်ပြီး ငတပါးမင်း လို့ယူရ ပါမယ်။ အများ သူငါ ထဲမှာ အစွမ်း အစ အရှိဆုံး ကျန်နေ ရစ်တဲ့ စစ်သား ကြီး မို့ ကျန်စစ်သား လို့ခေါ်တယ် ဆိုတဲ့ စကား ဟာလည်း ရီစရာ တောင်ကောင်း လောက်အောင် လွဲပါတယ်။ ကလန် စစ်သာ လို့ ကျောက်စာ မှာ တွေ့ ရတာ တော့ရှိတယ်။ ကလန် ဆိုတာ အုပ်ချုပ်ရေး အရာ ရှိ ရာထူး၊ စစ်သာ ဆိုတာ အများသုံး ခုခေတ် စစ်သား မဟုတ်။ စစ်သား လို့ အဲဒီ ခေတ်က မခေါ်၊ စစ် သူရဲ လို့သာ ခေါ်ပါတယ်။ စစ်သာ က ရိုးရာ အလိုက် မြို့ နယ် ကျေးရွာ ကိုအုပ်ချုပ် ရသူ လို့ အဓိပ္ပါယ် ရတယ်။ ၀မ်းတွင်း မြို့ နယ်၊ ထီးလှိုင် မြို့ သူကြီး၊ ရွာသူကြီး လို့ပြောတာပါ။ ဒါကို စစ်သား လုပ်ပြီး ကျန်စစ်သား အစွမ်းပြလိုက် တဲ့စစ်ပွဲ တွေကို ရာဇ၀င် မှာ မနည်း ပါဘူး။ အနိ ရုဒ္ဓ ကစစ်တိုက် ရင်းမြေပုံ ဘုရား ဖြန့်ဝေ သလို သူကလည်း စစ်တိုက် ရင်း မျိုးဆက် ဖြန့်ဝေ တယ်ပြော ရလောက်အောင် တွေ့ ရာနေရာ တစ်ရွာ တစ်ကျီဆောက်လိုက်တာ အားကျ စရာကြီးနော်။

ဘိသိက် ခံတော့ ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဌာ ပရ မိသွ ရ ဗလ စက္က၀ရ် ဆိုပြီး ခေါ်ရင်း နဲ့ လေဖြတ် သွားနိုင်လောက် တဲ့ ဘွဲ့ရှည်ကြီး ကိုခံယူ တော်မူတယ်။ အလွန် အင်မတန် ကျက်သရေ ရှိတော် မူထ သော သုံးလောက ၏ နေမင်း၊ တရားမင်း ဟု အခေါ်ခံ ထိုက်သည့် အဆူဆူ သောမင်း တို့၏ အရှင် ဘ၀ရှင် စကြ၀တေး မင်းကြီး လို့ အနက်ပြန် ရမယ်။ ထိလိုင်မင် အကြောင်း ကိုတော့ ကျောက်စာ တွေက တဆင့် အတော်လေး သိနိုင် ပါတယ်။ သို့သော် ထိုးသမျှ ကျောက်စာ အားလုံး ကမွန် ဘာသာ နဲ့ဖြစ် နေတဲ့ အတွက် မွန်-မြန်မာ ချစ်ကြည်ရေး ကိုရှေးရှု တဲ့ အနေနဲ့ ထိုးခဲ့ တာလား။ မွန်ယဉ်ကျေးမှု ကို သဘောကျ လို့လား။ သူကိုယ်တိုင် ကရော မွန်သွေး နှော သလား၊ စဉ်းစား စရာ တွေ ချန်ထား ရစ်သလို ပါပဲ။

ရွှေစည်းခုံ ကျောက်စာ စစချင်း- ငါသည် ဂြီက္မေတြ (ပျူမြို့ တော်) ကိုတည်သော ဗိဿနိုး နတ်မင်းကြီး ၀င်စား သူဖြစ် တော့သည် လို့ တွယ်လိုက်ပါတယ်။ ဖခင် က အာဒ္ဒိစ နေမျိုး၊ မိခင် က ဥသျှစ်သီးမျိုး လို့ရေး ပါတယ်။ အနိ ရုဒ္ဓ ရဲ့ သားလို့ ဒီကျောက်စာ မှာလည်း မတွေ့၊ ဘယ်ခေတ်ပြိုင် ကျောက်စာ မှာမှ မတွေ့ရပါ။ ဒီလို ကြွားတာ တွေက ရာဇ၀င် တန်ဖိုး မရှိ ပေမဲ့ ဆက်ရေးတဲ့ အချက် အလက် တွေက တော့တန်ဖိုး ရှိပါတယ်။ သူ့ လက်ထက် သူပုန်၊ သူကန် ဆူပူပုံ၊ နှိမ်နင်း ရပုံ၊ ပြန်လည် ထူထောင်ရေး လုပ်ရ ပုံတွေပါလို့ မွန်သူပုန် ထဖူးတယ် ဆိုတဲ့ အချက် ကိုအတည်ယူ နိုင်ပါတယ်။ ဘုရင် ဖြစ်တဲ့ အခါ အများပြည်သူ သာယာဝပြော အောင် အုပ်ချုပ်ပါမည် လို့ ကျောက်စာ မှာ ကတိပြုပါတယ်။

ထိလိုင်မင် ဟာ အပြောနဲ့ အလုပ်ညီ တဲ့ မင်းကောင်း မင်းမြတ် ဆိုတာ ကို အခြားကျောက်စာ တွေ ကသက်သေ ပြပါတယ်။ စိုက်ပျိုးဖို့ ကန်ဆည်၊ မြောင်းတူး၊ ဆည်ဆောက် အလုပ်တွေ ကို ဘုရင့် အမိန့် နဲ့ လုပ်စေတယ်။ မွန်ဒေသ မှာ ပျက်စီးနေတဲ့ ရှေးဘုရား တစ်ဆူကို ၁၀၉၈ ခု ဧပြီ ၁၆ ရက်နေ့ မှာ ပြုပြင် တယ်။ ဘုန်းကြီးကျောင်းများစွာ တည်တယ်။ လယ်ယာ မြေများစွာ ကိုသာသနိက မြေ အဖြစ်လှူတယ် (ဘုန်းကြီးကျောင်း ကိုလယ်လှူ တဲ့ကိစ္စ ဟာ နောက်မင်း တွေ လက်ထက် မှာ ပြဿနာကြီး ဖြစ်လာခဲ့တယ်) ပိဋကတ်သုံးပုံ တစ်စုံ ကူးစေတယ်။ သဘင် အတတ်ကို တိုးတက်စေတယ်။ သစ်ပင် ပန်းမာန် များစိုက်ပျိုး စေတယ်။ ပြည်သူ များစာရိတ္တ ကောင်းဖို့ သွန်သင် ဆုံးမတယ်။ ၁၁၀၁ ဒီဇင်ဘာ မှာ တည်ပြီး ၁၁၀၂ ဧပြီ မှာပြီးတဲ့ နန်းတော်သစ် ကိုဆောက်တယ်။ ဒါပေမဲ့ ဘယ်ကျောက်စာ မှာမှ ရှေးရာဇ၀င် များမှာ ထပ်ကာ တလဲလဲ ပါတဲ့ အနိ ရုဒ္ဓ လက်အောက်မှာ အမှုထမ်းပြီး နာမည်ကြီး ခဲ့ပုံများ နဲ့ မင်းပျို မင်းလွင် ဘ၀ က အချစ် ဇာတ်လမ်း များကို မတွေ့ ရပါ။

ထိလိုင်မင် ရဲ့  ဇာတ်သိမ်း ကို ရာဇကုမာရ် ကျောက်စာ မှာတွေ့ ရတယ်။ ၁၁၁၂ အေဒီ မှာ နန်းသက် ၂၈ နှစ်စိုးစံပြီး မင်းကြီး သိယ်ခမူနာ နေစဉ် တိလောက ၀ဋံ သကာ ဒေ၀ီ နဲ့ ရတဲ့ သားတော် ရာဇကုမာရ် ကချည်းကပ် ၍အဖ ကိုယ်စား ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် များကို လျှောက်ထား တဲ့အတွက် မင်းကြီးက ကောင်လှောင်တေဟ်၊ ကောင်လှောင်တေဟ် လို့ ရေရွတ် သာဓု အနု မောဒနာ ခေါ်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက် လိမ်မာ လှတဲ့ သားတော် ကိုထီးနန်း မပေးပဲ မြေးတော် စည်သူ ၁ ခေါ် အလောင်း စည်သူ ကို ထီးနန်း ပေးတယ်။ ဒီအကြောင်း ၀ိဝါဒ တွေကွဲပြား လွန်းလှလို့ စည်သူ ၁ အခန်း ရောက်မှ ဖော်ပြ ပါရစေတော့။

ထိလိုင်မင် လက်ထက် မှာ ထင်ရှားတဲ့ အချက် တွေက တော့ ဗိဿနိုး ပူဇော်ပွဲ များကို အလွန် အရေးပေး ကျင်းပခြင်း နဲ့ အထက်တန်း ရာထူး များကို အချို့  မွန်များ ကို ပေးအပ်ခြင်း တွေကို တွေ့ရတယ်။ ဘာပဲ ပြောပြော ဒီလောက် သိရ တာနဲ့ ကိုထိလိုင်မင် ဟာ အစွမ်း အစ ရှိတဲ့ မင်းကောင်း မင်းမြတ် တစ်ပါး၊ ပုဂံ ကိုထိပ်တန်း ပို့နိုင်ခဲ့ သူဆိုတာ ထင်ရှား လှပါပြီ။ ပုံပြင် တွေ မပါလည်း ရပါတယ်ဗျာ။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr: “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, 1955-7, pp: 121-36.

Than Tun Dr: “The Burmese Administration, 1044-1287” Chapter 3, The History of Buddhism in Burma

2 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Aug 18, 2008 @ 23:38:27

    ကျန်စစ်သားပါ ဆို :P

    Reply

  2. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 14:28:07

    May be people of that time loved KyanSitThar so much that they made many stories about his goodness and his heroic acts.We could indirectly conclude that these “Mouth History” could give us clues about how much people loved him at that time.And what was more,For a king if he already had announced one person as a future king after him i think it is not good to change words back again because there might be conflicts between the country about it.Just sharing my thoughts.But thanks for your post Sayar Juan.Interesting!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.