That's Our Bamar (22)

သမိုင်း ထဲက မြန်မာ ပြည်သား (၂၂)

ကျောက်စာ ထဲက ပုဂံ (၄)

စည်သူ (၁) (၁၁၁၃- ၁၁၆၃ အေဒီ)

လိမ္မာ လှတဲ့ သားတော် ရာဇကုမာရ် ကိုထီးနန်း မပေးပဲ မြေးတော် ပထမ စည်သူ သို့မဟုတ် လူသိများတဲ့ အလောင်း စည်သူ ကိုဘဇာကြောင့် ထိလိုင်မင် ကထီးမွေ နန်းမွေ အဖြစ်ရွေးခဲ့ သလဲ ဆိုတဲ့ ပုစ္ဆာကြီး တစ်ပုဒ် ပြီးခဲ့ တဲ့ အပိုင်းတုန်း က ပေးခဲ့မိတယ်။ မှန်နန်း ရာဇ၀င် အပိုဒ် ၁၃၈ နဲ့ ၁၃၉ မှာ ဖော်ပြထားတဲ့ အများသိတဲ့ အကြောင်း ကတော့ ထိလိုင်မင် နန်းတက်ပြီး ၂ နှစ်အကြာ မှာ သားအရင်း ရာဇကုမာရ် ပေါ်ပေါက်လာ ပေမဲ့ မြေးတော် စည်သူ ကိုထီးမွေ ပေးပြီးဖြစ် နေပြီ။ ရာဇကုမာရ် ကဒါကို ကျေနပ် စွာလက်ခံ ပါတယ် လို့လွမ်းလောက်အောင် ရေးပါတယ်။ သို့သော်……..

နန်းတက်ပြီး ၂ နှစ် အကြာမှာ သားတော်ပေါ်လာရိုးမှန်ခဲ့ရင် အေဒီ ၁၀၈၆ ခုနှစ်က ဖြစ်ရမယ်။ ၁၁၄၅ အေဒီ မှာ ရေးထိုး တဲ့ ကျောက်စာ အရ မြေးတော် စည်သူ ကို ၁၀၈၉ ခုနှစ်မှ မွေးတယ်ဆိုတော့ မြေးကို ထီးမွေ ပေးပြီး ဖြစ် နေလို့ သားတော် မရခဲ့ရှာ ဆိုတဲ့ လွမ်းစရာ ဇာတ်လမ်းကို ပါယ်သင့်တယ်။ မတော် တဆ ဖြစ်တာ မဟုတ်ပဲ နိုင်ငံရေး အရ လိုအပ်လို့ အသေ အချာ တွက်ချက်ပြီး မှလုပ်ခဲ့တာ လို့ကောက်ချက် ချရမယ် ထင်တယ်။ ဒါနဲ့ ပထမ စည်သူ ဟာ ဘယ်သူ့ မျိုးရိုးလဲ ဆိုတာ ကိုလေ့လာ ကြပြန်တယ်။ ထိလိုင်မင် နဲ့ ရာဇကုမာရ် သားအဖ နှစ်ယောက်လုံး မင်းရိုး မဟုတ်ခဲ့ကြ ပေမဲ့ စည်သူ ကတော့ ရှေးမင်းရိုးက ပေါက်ဖွားတယ် လို့ အစဉ်အဆက် ဆိုခဲ့ကြတော့ ဘယ်သူ့မင်းရိုး ကပေါက်ဖွား သလဲ။ ဘယ်မင်းသား လဲ?

မှန်နန်း ရာဇ၀င် ရဲ့ အလိုအရ တော့ စည်သူ (၁) ရဲ့  အဖေဟာ အနိ ရုဒ္ဓ ရဲ့ မြေး စောယွန်း လို့ဆိုတယ်။ ခေတ်သစ် သမိုင်း ပညာရှင် တို့က တော့ သထုံ နန်းကျ မနူဟာ လို့ အများခေါ်နေကြတဲ့ မကုဋ မင်းရဲ့  မြေး နဂသ္မန်း ပဲ လို့ မွန်ကျောက်စာ အထောက်အထား တွေနဲ့ ပြောကြတယ်။ ငရမာန်ကန်း ပုန်ကန် စဉ်က ထိလိုင်မင် ဟာသမီးတော်နဲ့ မကုဋ ရဲ့ မြေးကို ပေးစားပြီး သူတို့မောင်နှံ ရဲ့ သားကို နန်းညွှန့် နန်းလျှာ ပြုစေခြင်း ဖြင့် မွန်ရော မြန်မာ ပါ မငြင်းနိုင် အောင် တွက်ချက် စီမံတော်မူတယ် ဆိုတဲ့ အဆိုရှိတယ်။

စည်သူ (၁) ကနာမည်တွေ အများသား၊ ဇေယျ သူရ၊ အလောင်းစည်သူ ဆိုတဲ့ ခန့်ညားတဲ့ အများသိ နာမည်တွေ တင် မက ကျောက်စာ ပါအမည်တွေ ကတော့ သက်တ၀်ရှည်၊ ရွှေဂူ ဒါယကာ၊ ဂြီတြိ ဘုဝနာ ဒိတျ ပ၀ရ ဓမ္မ ရာဇ (သူ့ အဖိုး ထိလိုင်မင် ရဲ့ ဘွဲ့တော် အတိုင်း) ဆိုတာတွေ တွေ့ရတယ်။ ရွှေဂူ ဒါယကာ လို့ အမည်တွင်စေတဲ့ ပုဂံ ရွှေဂူကြီး ဘုရား နံရံ မှာ သူ့အကြောင်း ပါဠိ သင်္သကရိုက် နှစ်ဘာသာ နဲ့ရေးထိုး ထားတဲ့ နှစ်မျက်နှာ ကျောက်စာ အရ ရွှေဂူကြီး ဘုရား ကို မေ ၁၇၊ ၁၁၃၁ တနင်္ဂနွေ နေ့မှာ စတင် တည်စေ၍ ဒီဇင်ဘာ ၁၇၊ ၁၁၃၁ ကြာသာပတေး နေ့မှာ အပြီးသတ်တယ်။ တိုင်းခန်းလှည့် လည်တော်မူတယ် လို့လူပြော များပေမဲ့ အထောက်အထား မရှိ၊ အသက် (၇၇) နှစ် အထိ နေရပြီး ၁၁၆၅ မှာ ပျံလွန် တော်မူ တယ်လို့ ယူဆကြတယ်။

အနည်းဆုံး အနှစ်ငါးဆယ် လောက် ရှည်လျားတဲ့ သူ့လက်ထက် မှာ သူ့ဘိုးအေ ထိလိုင်မင် လို ပြောစမှတ် ပြုလောက် အောင် စွမ်းဆောင် နိုင်တာ မျိုး ဘာတစ်ခု မှ မတွေ့ရပါ။ မြန်မာ ဘာသာ နဲ့ကျောက်စာ တစ်ချပ် မှ မထိုးခဲ့ ပါ။ ထိလိုင်မင် ရဲ့  ရွှေစည်းခုံ ကျောက်စာ အောက်ခြေ ကဆက်ပြီး မွန်ဘာသာ နဲ့ စာကြောင်း လေးကြောင်း လောက် ထိုးတယ်။ အထက် ကဖော်ပြခဲ့တဲ့ ရွှေဂူကြီး ကျောက်စာ ရှိတယ်။ ဒါပဲ။

ဒါပေမဲ့ စည်သူ (၁) ဟာ နှောင်းခေတ် ပညာရှင်တွေ အတွက် ပုစ္ဘာ တွေ ချန်ထားခဲ့တယ်။ အထူး သဖြင့် သူ့မျိုးနွယ်နဲ့ ပါတ်သက်လို့ပေါ့။ စည်သူ (၁) ဟာ စောလူး သား စောယွန်း နဲ့ ထိလိုင်မင် သမီး ရွှေအိမ်စည် တို့က ပေါက်ဖွား လာတဲ့ ဗမာ အစစ်လား၊ မကုဋ မြေး နဂသ္မန်း နဲ့ ရွှေအိမ်စည် တို့ရဲ့ သား မွန်-ဗမာ ကပြားလား ဆိုတဲ့ ပြဿနာ ဟာ သမိုင်း သောတုဇန တွေအကြား တုတ်ထမ်း ပြီး အငြင်းပွား စရာ ဖြစ်ခဲ့ရတယ်။ တကယ်တော့လည်း သူဟာ ဘယ် ဖအေနဲ့ ရရ၊ ပဒေသရာဇ် ဟာ ပဒေသရာဇ် ပဲမို့ အချိန်ကုန်ခံပြီး ဆက်စဉ်းစား နေစရာ မလိုလောက်ပါဘူး။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr: “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, 1955-7, pp: 121-36.

Than Tun Dr: “The Burmese Administration, 1044-1287” Chapter 3, The History of Buddhism in Burma

သန်းထွန်း၊ ဒေါက်တာ၊ “မနုဟာ ကျောက်စာ” ယဉ်ကျေးမှု စာစောင် အတွဲ (၃)၊ အမှတ် (၁၀)၊ စက်တင်ဘာ ၁၉၆၀၊ ၅၅-၈။

One Comment (+add yours?)

  1. နုသွဲ့
    Aug 26, 2008 @ 20:31:20

    လာရောက်မှတ်သားသွားကြောင်းပါ……သမိုင်းဘာသာရပ်ကို ၀ါသနာ ပါပါတယ်။ ပညာရှင်များရဲ့ သုတေသနကို မှီးပြီး ခိုင်ခိုင်မာမာ ရေးတာ ကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.