That's Our Bamar (23)
26 Aug 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
သမိုင်း ထဲက မြန်မာ ပြည်သား (၂၃)
ကျောက်စာ ထဲက ပုဂံ (၅)
ဣမ်တ၀်သျှင် (၁၁၆၃- ၁၁၆၅ အေဒီ)
ဣမ်တ၀်သျှင် ဆိုတာ အီဂျစ်မှာ ဘုရင် ကို အိမ်ကြီးရှင် လို့ အဓိပ္ပါယ် ရတဲ့ ဖာရိုး (Pharaoh) လို့ခေါ်သလို၊ ပထမ အင်းဝ ခေတ်နှောင်းက ဘုရင် ကိုရွှေနန်းကျော့ရှင် လို့ခေါ်ခဲ့သလိုမျိုး အိမ်တော် သခင် ရွှေနန်းရှင် ဆိုတဲ့ အဓိပ္ပါယ် နဲ့ခေါ်ဆို တာပါ။ ရာဇ၀င်ကျမ်း များ အလိုအရ နရသူရ ခေါ် နရသူ ခေါ် ကုလားကျ မင်းဖြစ်ပါတယ်။ More
500 days in Dvaravati (3)
26 Aug 2008 1 Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
နဂါးဖမ်း ပညာ
တကယ်တမ်း နဖူးတွေ့၊ ဒူးတွေ့ စာမေးပွဲ ဖြေရန် ပြင်ဆင် ရသောအခါ သူ ဒုက္ခ ရောက်တော့၏။ ရေမရော သည့် နိုင်ငံခြား မဟာဘွဲ့ အဟုတ် တကယ် ဖြစ်ရိုးမှန် သော်လည်းသူမျှော်လင့် စောင့်စား နေသည့် ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာဘွဲ့ မဟုတ်၊ ကျန်းမာရေး ဘောဂဗေဒ မဟာသိပ္ပံဘွဲ့ Master of Science in Health Economics ဆိုပဲ။ ရုပ်မြင်သံကြားမှ လာသော ဂန္တလရာဇ်နှင့် ဂျိုဆောင် အရှေ့တိုင်း ဇာတ်လမ်းတွဲ တွေမှာ မကြာခဏ ဘာသာ ပြန် ရေးထိုးလေ့ ရှိသည့် သူတို့ မြန်မာတွေ မပြောသော မြန်မာစကား ဖြစ်သည့် ‘ဒီလိုကိစ္စမျိုးရှိသလား’ ဟုမေးရ လောက်အောင်ပင် ထိုထိုသော ပညာရပ်မျိုးကို တစ်ခါဘူးမှ ရှိသည် ဟူ၍ပင် သူ မကြားမိခဲ့ ဘူးပါ။ သွားရောက် ပညာ သင်ယူရမည့် နိုင်ငံကို ကြည့်ပြန်တော့လည်း နိုင်ငံခြားလို့ ခေါ်ရ မှာပင် ခပ်ခက်ခက်၊ ထိုင်းနိုင်ငံတဲ့။ More


Recent Comments