That's Our Bamar (23)

သမိုင်း ထဲက မြန်မာ ပြည်သား (၂၃)

ကျောက်စာ ထဲက ပုဂံ (၅)

ဣမ်တ၀်သျှင် (၁၁၆၃- ၁၁၆၅ အေဒီ)

ဣမ်တ၀်သျှင် ဆိုတာ အီဂျစ်မှာ ဘုရင် ကို အိမ်ကြီးရှင် လို့ အဓိပ္ပါယ် ရတဲ့ ဖာရိုး (Pharaoh) လို့ခေါ်သလို၊ ပထမ အင်းဝ ခေတ်နှောင်းက ဘုရင် ကိုရွှေနန်းကျော့ရှင် လို့ခေါ်ခဲ့သလိုမျိုး အိမ်တော် သခင် ရွှေနန်းရှင် ဆိုတဲ့ အဓိပ္ပါယ် နဲ့ခေါ်ဆို တာပါ။ ရာဇ၀င်ကျမ်း များ အလိုအရ နရသူရ ခေါ် နရသူ ခေါ် ကုလားကျ မင်းဖြစ်ပါတယ်။

အိမ်တော် သခင် ရွှေနန်းရှင် ဆိုတော့ သူ့လက်ထက် မှာ နန်းတော်သစ် များဆောက်လေ သလား လို့ သံသယ ဖြစ်ဖွယ် ရှိတဲ့ ဒီမင်းဟာ ပုဂံခေတ် ပထမပိုင်း ခေါ် မွန်ယဉ်ကျေးမှု ကြီးစိုး လွှမ်းမိုးတဲ့ ခေတ် နဲ့ ဒုတိယ ပိုင်း လို့ဆို နိုင်တဲ့ မြန်မာ မှု သက်သက် အရေးပေးလာတဲ့ ခေတ် နှစ်ခုတဲ့ junction လို့ဆိုရမယ်။

၁၁၆၃ မှာနန်းတက် တယ်ဆိုတဲ့ အပေါ်မှာလည်း ၀ိဝါဒ ကွဲပြားကြတယ်။ ပါမောက္ခ Luce ရဲ့ အဆိုအရ ပထမ စည်သူ ဟာ ၁၁၆၀ မှာ နတ်ရွာစံ တာသေချာ တဲ့အတွက် ဣမ်တ၀်သျှင် နန်းတက် တာ ၁၁၆၀ ထက်ဘယ်နည်းနဲ့ မှ နောက်ကျ စရာ အကြောင်းမရှိဘူး လို့ဆိုပါတယ်။

ပုဂံ ဘုရား တွေထဲမှာ အကြီးတကာ့ အကြီးဆုံး၊ တည်ဆောက်ပုံ အင်မတန် သပ်ရပ် ကောင်းမွန်တဲ့ ဓမ္မရံကြီး ဂူဘုရား ရဲ့ ဒယကာ ဟာ ဣမ်တ၀်သျှင် ပဲလို့ သမိုင်း ဆရာတွေ တညီတညွှတ် တည်းသဘော မတူတောင် ငြင်းဝံ့တဲ့ သူတော့ မရှိ ကြပါ။ ဒီလောက် ကြီးကျယ်၊ မြင့်မား၊ ခန့်ထည် တဲ့ ဂူဘုရားကြီး ကိုနှစ်တိုတို နဲ့ အပြီးသတ် ဖို့ မဖြစ်နိုင် လို့ သူနန်းတက် တာ ၁၁၆၀ ကဖြစ်နိုင်ပါတယ်။

ဣမ်တ၀်သျှင် ဟာ နရသူ အဖြစ်နဲ့ ရာဇ၀င် ကျမ်းများ မှာ အသုံးတော်ခံ ရစဉ်က ခမည်းတော်၊ နောင်တော် တွေကို လုပ်ကြံ ပြီး ထီးနန်း လုယူတဲ့ အင်မတန် ရက်စက်သော၊ ဖိစီး နှိပ်စက်သော လူဆိုး ဇာတ်ရုပ် နဲ့ ပါဝင်ခဲ့ ရရှာတယ်။ နာမည်ကိုက ကုလားကျမင်း လို့ဆိုထားတဲ့ အတွက် ဒီမင်းကို ဘယ်ကုလား သတ်သလဲ ဆိုတာ မေးစရာ ဖြစ်ရ ပြန်တယ်။ မှန်နန်း ရာဇ၀င် (အပိုဒ် ၁၄၂) မှာ ဣမ်တ၀်သျှင် ဟာ ပဋိက္ကရား မှကုလားများ ရဲ့ လုပ်ကြံခြင်း ခံရတယ် လို့ဆိုတယ်။ သီဟိုဠ် ရာဇ၀င် ဖြစ်တဲ့ စူဠာ ၀ံသကျမ်း မှာတော့ သီဟိုဠ် မင်း ပထမ ပရာကြမ ဗာဟု (၁၁၆၄- ၁၁၉၇) ဟာ အာဒိစ္စ အမတ် ကို စစ်ဦးစီးချုပ် ခန့်ပြီး ပုဂံ ကိုစစ်ချီ စေရာ နိုင်ငံကို အလိုတော်ပြည့်၍ မင်းကိုလည်း သတ်ရ၏ လို့ ဆိုထားတော့ မပြေးသော်လည်း ကန်ရာရှိ သူ့လက်ထက်မို့ သူ့ သတ်တာနေမှာပေါ့ လို့ ယူဆ ကြပြန်တယ်။ သီဟိုဠ် ကုလားက သတ်သတ်၊ ပဋိက္ကရား ကုလား ကသတ်သတ် နိုင်ငံခြားသား သတ်လို့ သေရတယ် ဆိုတာတော့ သေချာလောက်တယ်။ တိုင်းပြည်ပျက်နေချိန် မို့ သူ့ အကြောင်း ဘာမှထွေထွေ ထူးထူး ပြောစရာ မရှိပေမဲ့ သူနဲ့ သူ့အောက်က စည်သူ (၂) ကြားမှာ ဖြစ်ခဲ့တဲ့ ကိစ္စ တွေအပေါ် ၀ိဝါဒ ကွဲပြား ကြတာကိုတော့ ပြောစရာ ရှိတယ်။

ရှေး ရာဇ၀င် ကျမ်း အဆက်ဆက် မှာ နရသူ နဲ့ နရ ပတိ စည်သူ (စည်သူ ၂) ကြားမှာ ၁၁၇၁ ကနေ ၁၁၇၄ အထိ မင်းပြု စိုးစံတဲ့ မင်းယဉ် နရ သိင်္ခ ဆိုတာ ကိုထည့်သွင်း ထားတယ်။ တကယ်တမ်းကျတော့ ဣမ်တ၀်သျှင် နဲ့ ဒုတိယ စည်သူ ကြား မှာဘယ်မင်း မှမရှိပါ။ တိုင်းပြည်ပျက် နေတဲ့ ကာလ ဆိုပြီး မင်းမဲ့ ကာလ ကိုးနှစ် လို့သာ ပညာရှင်များက ယူကြ တယ်။ သို့သော် နှောင်းခေတ် တွေ့ရှိ လာတဲ့ အသိသစ် များအရ မင်းမဲ့ ကာလ ရှိခဲ့ ပေမဲ့ ကိုးနှစ် မဟုတ်ပဲ လေးနှစ်ထက် မပိုဘူး လို့ ဆိုကြ ပြန်ပါတယ်။ ဣမ်တ၀်သျှင် ကို သီဟိုဠ် မင်း ပထမ ပရာကြမ ဗာဟု ကသတ်တယ် လို့ ရေးထားတဲ့ သီရိ လင်္ကာ ရဲ့  စူဠာ ၀ံသကျမ်း အရ အနှစ် နှစ်ဆယ်ကျော် ရဲမက် အင်အားစု ထားတဲ့ စစ်အင်အားကြီး သီဟိုဠ် မင်းဟာ အဲဒီ အခါ ကသူရဲ တစ်ထောင် လောက်သာ ရှိတဲ့ ပုဂံ စစ်အင်အား ကို လျှပ်တစ်ပြက် တိုက်ခိုက် ပြီးမင်းနေပြည်တော် ပုဂံ ကို ယာယီ သိမ်းနိုင်ခဲ့ ပေမဲ့ ပြင်းထန် လှတဲ့ အပူရှိန် နဲ့ တွန်းလှန် ထကြွ ကြမဲ့ တိုင်းရင်းသား တို့ အရေးကြောင့် စည်သူ (၂) ကို မင်းအဖြစ် အသိအမှတ်ပြု ပြီး မဟာမိတ်ပြုကာ ပြန်လည် ဆုတ်ခွာ ကြတယ် လို့ ဆိုပါတယ်။ နန်းတက် စမှာ အခြေ အနေ ကရှုပ်ထွေးပြီး မင်းသစ် ကလည်း အာဏာ မဲ့သလို ဖြစ်နေလေတော့ ၁၁၆၅ ကနေ ၁၁၇၄ အထိ ကိုးနှစ် တာကို မင်းမဲ့ ကာလ လို့ ပြောခဲ့ မိတာ ဖြစ်သတဲ့။ တကယ်တော့ စည်သူ (၂) နန်းရ တာ ၁၁၆၈ ကလို့ အသေ အချာ ပြောနိုင်ပါ သတဲ့။

ဆိုတော့ မြန်မာ ရာဇ၀င် ကျမ်းတွေ ထဲက မင်းယဉ် နရသိင်္ခ ဆိုတာ ဘာလဲ၊ ဘယ်လဲ လို့မေး စရာ ရှိလာ ပါတော့ တယ်။ တိုင်းပြည် ပျက်မလောက် ဒုက္ခ ရောက်ချိန်မှာ မင်းမဲ့ ကာလ လို့ မရေးချင်လို့လား။ အမှတ်မှားကြ လို့လား။ ဘာလား၊ ညာလား သေချာ မသိရပဲ မရှိတဲ့ မင်းယဉ် နရ သိင်္ခ ကိုဇွတ်ထည့် လိုက်တယ်။ ပုဂံမင်းဆက်မှာ နရ သိင်္ဃ ဥစ္စနာ နဲ့ မင်ယန် ဆိုတဲ့ မင်းနှစ်ပါး ရှိတယ်။ သူတို့ နှစ်ယောက် ကိုစုပေါင်း ပြီး မင်းယဉ် နရ သိင်္ခ လုပ်လိုက်တော့ တကယ်ရှိတဲ့ နာတောင်မျာ နဲ့ က္လစွာ ကြားက နရ သိင်္ဃ ဥစ္စနာ ဆိုတဲ့ မင်းက ဆိုင်ရာ နေရာ မှာ မပါတော့ပဲ သူတကယ် နန်းရတဲ့ ၁၂၃၁ ထက်ကို အနှစ် ခြောက်ဆယ် စောပြီး တော့လည်းကောင်း၊ စည်သူ (၃) ဥစ္စနာ နဲ့ စည်သူ (၄) တရုတ်ပ္လိယ် ကြား ၁၂၅၆ မှာ မင်း အဖြစ် တစ်နှစ်တောင် မပြည့်ရှာတဲ့ မင်ယန် ကလည်း တကယ် မင်းဖြစ်တာထက် (၈၅) နှစ်စောပြီး မင်းဖြစ်ရ ရှာတော့တာပေါ့။ လုပ်လိုက် ပုံများ။

References

Epigraphia Barmanica Vol. I, II and III

Geiger W (1953). Culavamsa I & II. Colombo Government Publication, Chapter 76 & 78.

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 131-32.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

One Comment (+add yours?)

  1. mathetzin
    Aug 27, 2008 @ 01:05:59

    စာတွေလာဖတ်ပါတယ်။ အလွန်တန်ဘိုးရှိလှပါတယ်
    ကျမဆီမရှိသောအချက်အလက်တွေကိုလည်း
    ရင်နဲ့အပြည့်မှတ်ယူသွားပါတယ်။
    ကျမတို့ ရေးနေရတာက သမိုင်းဆိုတော့ဘလောဂ့်
    ရေးရတာချုံ့ ရေးရတယ်လေ၊ သမိုင်းကိုဘလောဂ့်
    ရေးရတာဆိုတော့ အတော်လေးခက်တယ်မို့ လား။
    ဒါကြောင့် သမိုင်းကို ကောက်နုတ်ပြီး စာဖတ်
    သူ နားလည်နိုင်ဘို့ နဲ့ သမိုင်းထဲဆွဲခေါ်သွားဖို့ 
    အတွက် မသက်ဇင် ကြိုးစားရပါတယ်။
    လိုအပ်တာရှိရင်လည်း အကြံဥာဏ်ကွန်မန့်ရေး
    ပေးပါနော်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.