That's Our Bamar (24)
02 Sep 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
သမိုင်း ထဲက မြန်မာ ပြည်သား (၂၄)
ကျောက်စာ ထဲက ပုဂံ (၆)
စည်သူ ၂ (၁၁၆၈- ၁၂၁၁ အေဒီ)
ဘုရား အလောင်း မို့ အလောင်း စည်သူ လို့ခေါ်ခဲ့ ကြတဲ့ ပထမ စည်သူ ကစလို့ ပုဂံ မင်းတွေ မှာ မင်းမှန်ရင် စည်သူ ပါရမယ် ဆိုတဲ့ အစွဲ များဖြစ်သွား သလားတော့ မသိပါဘူး။ တစည်သူ တည်း စည်သူ လိုက်တာ ခေါ်ရ၊ မှတ်ရ လွယ်အောင် နံပါတ် ထိုးမှတ် ရတဲ့ ဘ၀ ရောက်သွား ပါတယ်။ ထိလိုင်မင် ရဲ့  ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဇာ ဆိုတဲ့ ဘွဲ့ ကိုနောက်မင်း တွေ ဆက်ခံ သလို စည်သူ ကိုလည်း ဆွေစဉ် မျိုးဆက် ယူသုံး ကြသလားတော့ မသိပါ။ ဒီမင်း လက်ထက် မှာ ထူးခြား လာတာ ကတော့ -
- ထိလိုင်မင် ကိုဆက်ခံ တဲ့ မွန်-ဗမာ မင်းဆက် ပြတ်ခြင်း
- မွန် ကြီးစိုးမှု လျော့ကျ လာပြီး မြန်မာ့ ဓလေ့ တိုးတက် ထွန်းကား လာတာ ကိုနေရာ တိုင်း တွေ့ လာရပြီး ပုဂံ ခေတ်ပြောင်းချိန် လို့ ယူဆ ကြလို့ သူ့လက်ထက် ကစပြီး ပုဂံ ခေတ် ဒုတိယ ပိုင်း လို့ ခေါ်ကြခြင်း
- အနိ ရုဒ္ဓ၊ ၀ဇြာ ဘရဏ မင်းနှစ်ပါး အပြီး ပြတ်သွားခဲ့ ရတဲ့ အနိ ရုဒ္ဓ မင်းဆက် ပြန်လည်အာဏာ ရလာခြင်း
- သီရိ လင်္ကာသူ မင်းသမီး ကို ၀ဋံ သိကာ ဘွဲ့ အမည် နဲ့ မိဖုရား မြှောက်သော်လည်း ထိုမင်းသမီး နှင့်ရသော သားတော် များ ကို ထီးမွေ နန်းမွေ မပေးခဲ့ခြင်း သို့မဟုတ် မပေးပါဟု ကတိ ထားခဲ့ခြင်း
- မွန်သြဇာ လျော့ကျ လာ၍ မြန်မာ ဓလေ့ ထွန်းကား လာသော်လည်း နန်းတွင်း မှ သီရိ လင်္ကာ သြဇာ မြင့်မား လာခြင်း
- မွန် ဓလေ့ ထုံးစံ များ မြန်မာ နိုင်ငံ အလယ်ပိုင်း တွင် ပျောက်ကွယ် ပြီး အောက်မြန်မာ ပြည်တွင် သာ ကျန်ရှိ တော့ခြင်း- တို့ကို တွေ့ရ ပါတယ်။
စည်သူ (၂) ဟာ အနိ ရုဒ္ဓ ရဲ့  အဆက် အနွယ် ဆိုတာ ကို သူ့သားတော် ရာဇ သူရ ရဲ့ မုခ်ကူး ကျောက်စာ မှာ ဖော်ပြ ပုံက-
“စကြာ ၀တေးမင်းဆက်တွင် အနိ ရုဒ္ဓ ကားလူတို့ အတွက် ထင်ရှား ကြီးကျယ် သူဖြစ်၏။ ထိုမင်း၏ အဆက် အနွယ် ဖြစ်သော ဇေယျ သူရ ကား ဥာဏ်ပညာ ကြီးရင့်သူ၊ သာသနာ ကိုလေးစား ကိုင်းရှိုင်းသူ၊ တက်ကြွ လုံ့လ ကြီးသူ၊ ရဲရင့်သူ ဖြစ်သည်။ စည်သူ အမည်တော် ရှိသော ထိုမင်းကို ဇမ္ဗူ ဒီပါ တွင်ပြိုင်ဝံ့ သူမရှိ၊ လူအပေါင်း တွင် ထင်ရှား ကြီးကျယ်သည်။ ထိုမင်း၏ သားမှာ လွန်စွာ အကျင့်မြတ်သော မိခင် ၀ဋံသိကာ မှ မွေးဖွားသူ ဖြစ်သည်။ ရာဇ သူရ အမည်ရှိပါသည်။ ခမည်းတော် သည် တရား သဖြင့် မင်းမူ၏။ သာသနာ တော်တွင် သက်ဝင် ယုံကြည်၏။ ပြိုင်သူ ရှား၏။ မယ်တော်သည် အလွန် မြင့်မြတ်သော အနွယ်တော် မှ ဆင်းသက် ပေါက်ဖွား လာသူ ဖြစ်၍ အတုမရှိ ထူးခြား ကောင်းမွန် လှသည်” စသည်ဖြင့် ရောက်တတ် ရာရာ လျှောက်ရေး ထားတယ်။ အချုပ် ကတော့ ငါ့ဖေဖေ ကြီး တယ်တံခိုးကြီး။ ငါ့မေမေ ကြီး လွန် ဘုန်းကြီး။ ငါသည်လည်း ခေသူ မဟုတ် လို့ ကြော်ငြာတာ ပဲပေါ့။ ငါဟေ့၊ ငါကွ၊ ငါ၊ ငါ လို့ အော်နေ သံတောင် နားထဲ ကြားယောင် မိသလို ပါပဲ။
တကယ်တော့ သူဘုန်းကြီး လို့ထီးနန်း ရတာ မဟုတ်ပါ။ ဗုဒ္ဓ ဘာသာ အချင်းချင်း မို့ သီဟိုဠ် က တိုင်းပြည်ကို သိမ်းနိုင် ပေမဲ့၊ ရက်ရက် စက်စက် မလုပ် လိုတာရယ်။ မြန်မာ- သီရိ လင်္ကာ ရဟန်းတော်များ ရဲ့ ဖျောင်းဖျ မှုရယ်။ ရာသီ ဥတု အခြေ အနေနဲ့ တိုင်းရင်းသား ပုန်ကန် မှုတွေကြောင့် ရေရှည် သိမ်းပိုက် ထားလို့ မဖြစ်ဖူး လို့တွက်ချက် မိတာတွေရယ် ကြောင့် ရှေးမင်း အနိ ရုဒ္ဓ အဆက် အနွယ် လို့ သက်သေ ပြနိုင်တဲ့ စည်သူ (၂) ကို ကုလားမင်းသမီး နဲ့ ပေးစား၊ မင်းမြှောက် ပြီး သြဇာညောင်း အောင်လုပ်ကာ ပြန်တော် ပြန်သွားကြတာ ဖြစ်ပါလိမ့်မယ်။
စည်သူ (၂) ဟာ မယား အတော်များများ ယူလို့ အနွယ်တော် တွေလည်း အတော်များ ခဲ့တယ်။ သူ့ Family tree ကို ကျောက်စာ မှာတွေ့ သလောက်ဖော်ပြ ရရင်-
| မင်း | မိဖုရား | မျိုးဆက် |
| စည်သူ(၂) | တောဝ်ဖ္လင်သည် | - |
| စည်သူ(၂) | မ္လစ်ဖ္လင်သည် | - |
| စည်သူ(၂) | စ၀်မြကန်သည် | နာတောင်မျာ |
| အစပ် မင်လှ | ||
| စည်သူ(၂) | ၀ဋံ သိကာ | ရာဇ သူရ |
| ဂင်္ဂ သူရ | ||
| ပျံချီ | ||
| စည်သူ(၂) | စောအလွှမ် | - |
| စည်သူ(၂) | ဝေဠု ၀တီ | သတ္တိ ကာမိ |
| စည်သူ(၂) | အမည် မသိ | ကြံသိုဝ်ကြီ |
| သိင်္ဃ ပိစည် | ||
| ဖျက္ကသူ မယား | ||
| သမန္တသူ မယား |
ဆိုပြီး တွေ့ရ ပါတယ်။ အမည် မသိတဲ့ မိဖုရား နဲ့ ကြမှ သားသမီး တွေ အများဆုံး ပွားစီး နေတော့တယ်။ ဒီနေရာ မှာ ၀ဋံ သိကာ ဆိုတာ ထိလိုင်မင် ရဲ့  တြိလောက ၀ဋံ သကာ ဒေ၀ီ ခေါ် ပယ်မယား၊ ရာဇ ကုမာရ် ရဲ့ အမေ ကိုဆိုလိုခြင်း မဟုတ် ပါ။ ၀ဋံ သိကာ ဆိုတဲ့ ပါဠိ ဟာ အနက်ပြန်ရင် ခေါင်းပေါ်မှာ ပန်းတစ်ပွင့် အမြဲ ပန်ဆင် ထားတဲ့ မင်းချစ်မြတ် နိုးသူ ဦးဆောက်ပန်း မိဖုရား ဆိုတဲ့ အတွက် လူနာမည် မဟုတ်ပဲ အစဉ် အဆက် ခေါ်ခဲ့ ကြတဲ့ ဘွဲ့နာမည် မျိုးသာ ဖြစ်ပါတယ်။
ကုလား မင်းသမီး ကိုအရေးပေး တယ်၊ သူ့ဆွေမျိုး သားချင်း သီရိ လင်္ကာ သားတွေ ကိုမှုးမတ် ခန့်တယ်။ သို့သော် အရိုက် အရာ မပေးပဲ မင်းသွေး (Royal blood) ပါတဲ့ အနိ ရုဒ္ဓ အဆက် အနွယ် ကိုသာ နန်းရ အောင် စီမံ နိုင်မှု ကတော့ ချီးကြူး လောက်ပါတယ်။ ၀ဋံ သိကာ နဲ့ ရတဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ ဆိုတဲ့ သားတော်ကြီး နှစ်ပါးက ဖခင် အပေါ် မှာရော နောင်တက် လာတဲ့ မင်းတွေ အပေါ်မှာပါ သစ္စာ စောင့်သိ ရိုသေ ကြပေမဲ့ သားတော်ငယ် ပျံချီ ရော သူ့မျိုးဆက် တွေက ပါ နာတောင်မျာ လက်ထက် မှာ ပုန်ကန် ထကြွ ကြပါတယ်။ ၀ဋံ သိကာ ရဲ့ မောင်တော် တွေဖြစ်တဲ့ သုလာ ဖိရစ် နဲ့ အနန္တ သူလ ဖိရစ် (နာမည် တွေကြည့်တာနဲ့ မြန်မာ မဟုတ်မှန်း သိသာသူ) တို့ဟာ ပုဂံနန်း မှာ အမတ်တွေဖြစ်ပြီး သုလာ ဖိရစ် ဆိုရင် နရ သိင်္ဃ ဥစ္စနာ ရဲ့ တန်ခိုးထွား မိဖုရားကြီး နာမည်ကျော် မိဖုရား စ၀် ရဲ့  ခမည်းတော်ကြီး၊ ဘုရင့် ယောက္ခမကြီး ဖြစ်တဲ့ အထိ ကောင်းစား ခန်းနား ကြီးကျယ် ခဲ့ကြ ပါတယ်။ သီရိ လင်္ကာ ရဲ့ တန်ခိုး သြဇာ ပုဂံ မှာ ကြီးမား လာတာကို ညောင်ဦး ဆပဒ စေတီလို သီဟိုဠ် ပုံစံ ဟရ်မိကာ ကြီးကြီး နဲ့ စေတီတွေ ပြန်လည်ဆန်းသစ်လာပုံ၊ တင်းကျပ်တဲ့ ထေရ ၀ိဟာရ စည်းကမ်း တွေနဲ့ ပုဂံ ရဟန်းတွေ ကိုကျင့်ကြံစေပုံ ကျောက်စာ များ၊ ပါဠိ ဘာသာ နဲ့ ထေရ ၀ါဒ ကို ရှိရင်းစွဲ မွန်ဘာသာ၊ ဗိဿနိုး နဲ့ နတ် ကိုးတာ တွေထက် ပိုဦးစားပေးလာ ပုံများမှ တဆင့် ခန့်မှန်း သိရှိ ရတယ်။ အနိ ရုဒ္ဓ မင်းဆက် ပြန်စ တယ် ဆိုပေမဲ့ ထိလိုင်မင် ရဲ့  အဆက် အနွယ်တွေ ကို နှိပ်ကွပ် ခြင်း မရှိပဲ အလှူကြီး ပေးပြီး တင့်တောင့် တင့်တယ် ထားခဲ့ ပုံများ ကိုလည်း တွေ့ရ ပါသေးတယ်။
စည်သူ (၂) လက်ထက် မှာ အရေး အပါ ဆုံး အပြောင်း အလဲ ကတော့ မြန်မာ စာသက်သက် ကိုအသုံးပြုပြီး ကျောက်ထက် အက္ခရာ တင်ခဲ့ခြင်းပါပဲ။ မင်းနန်သူ တပ်ကလေး ဘုရား က စောမွန်သင် ကျောက်စာ ဟာ ရှေးမြန်မာ စကား ရဲ့  ဦးဆုံး စံပြ ကျောက်စာ လို့ အမည်ကင်ပွန်း တပ်ကြရ ပါတယ်။ မွန်လို အဖွဲ့ အနွဲ့ မပါ။ ရိုးရိုး တိုတို တုတ်တုတ် နဲ့ လိုရင်း ရေးခဲ့ ပုံကတော့ ဟန်မလုပ် ချင် တဲ့ ဗမာ့ စိတ်ဓါတ် အမှန်ပါပဲ။
နောက်ထပ် ထူးခြားချက် တစ်ခု ကတော့ သူ့လက်ထက် ကစလို့ မင်းဟာ မြေအားလုံး ကိုပိုင်ဆိုင် တယ်။ ဘိုးဘ ပိုင် ဓါးမ ဦးချ ဆိုတာတွေက မြေကို လုပ်ကိုင် စားသောက် ခွင့်သာ ရှိတော့တယ်။ သားစဉ် မြေးဆက် လုပ်စားခွင့် ပေးပေမဲ့ သာသနာ့မြေ အဖြစ် လှူရင် တော့ မင်းကို ခွင့်ပန် ပြီးမှ မင်းကိုယ်တိုင် အလှူ ကိုလာပြီး ရေစက် သွန်းချ လှူဒါန်း မယ် ဆိုတာ မျိုးကို ထင်ထင် ရှားရှား လုပ်လာ တယ်။ သူကြီး ဘုရား ရွာသား ကောင်းမှု၊ အလှူ့ လက်ဖက် နဲ့ မျက်နှာ လုပ်ချင် တာထက် ပိုတဲ့ အကြောင်း တွေရှိပါတယ်။ ထိလိုင်မင် လက်ထက် ကစလို့ မဲမဲ မြင်ရာ လက်ညှိုးထိုး လှူခဲ့တဲ့ သာသနာ့မြေ ကိစ္စဟာ နောက်ပိုင်း ပုဂံမင်း တွေအတွက် လည်ချောင်းထဲမှာ နင်နေတဲ့ အရိုး သဖွယ် မထွေးနိုင် မအန်နိုင် ဖြစ်လာတာ ကြောင့် ဒီကိစ္စ ကိုစီမံ ရဟန် တူပါတယ်။
ရိုးရိုး ရှင်းရှင်း လိုချင် တာကို လိုချင် တဲ့ အတိုင်း မကွယ် မ၀ှက် ပြောခဲ့တဲ့ မလှိုင်၊ ရေငွေ့ရွာ၊ အိုက္လောသင် ကျောက်စာ မှာ စည်သူ (၂) လက်ထက် မြန်မာ စကားကို သဘောကျဖွယ်တွေ့ရတယ်။ လှူဖွယ် ပစ္စည်း နည်းနည်းလှူပြီး ဆုကျတော့ အကြီးဆုံး မှလိုချင် တဲ့လူ့လောဘ ကို တိုတို ပြတ်ပြတ် ကျောက်စာ ထွင်းလိုက်ပုံက နည်စွာ ရင် အတိုင် မသိ လိုဝ် သတေ တဲ့လေ။
References
Epigraphia Barmanica Vol. I, II and III
Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 133-35.
သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

Sep 03, 2008 @ 17:20:37
သေခြာလာဖတ်မှတ်ပါတယ်ဆရာရေ။