That's Our Bamar (25)

သမိုင်း ထဲက မြန်မာ ပြည်သား (၂၅)

ကျောက်စာ ထဲက ပုဂံ (၇)

နာတောင်မျာ (၁၂၁၁- ၁၂၃၁ အေဒီ)

နာတောင်မျာ ဟာ စည်သူ (၂) နဲ့ စ၀်မြကန်သည် မိဖုရား တို့ရဲ့ သားတော် ဖြစ်တယ်။ တောင်ဖ္လင်သည် လို့ရေးကြတဲ့ တောင်နန်းစံ ဒေ၀ီ မိဖုရား ခေါင်ကြီး ကမွေးတဲ့ သားတော့ မဟုတ်ပါ။ သူထီးနန်း ရလာပုံကို တွေးဆ ကြည့်သမျှ ကတော့ သူ့ မိခင် မျိုးရိုး ထက်ပိုမြင့် တဲ့ သီဟိုဠ် မင်းသမီး ၀ဋံ သိကာ ကမွေးတဲ့ သားသုံးပါး (ရာဇ သူရ၊ ဂင်္ဂါသူရ နဲ့ ပျံချီ) တို့ဟာ သူ့ထက် အသက်အားဖြင့် မကြီး တာက တစ် ကြောင်း။ ပုဂံ နန်းမွေ ကို လူမျိုးခြား သွေးနှော မင်းသား များဆက်ခံ ခွင့် မရှိ လို့ ၀ဋံ သိကာ ရဲ့ သားတွေ ကိုနန်းမွေ မပေး ဘူးလို့ မူလ ကတည်းက သဘောတူ ထားတာ က တစ်ကြောင်း။ တောင်ညာစံ မဟေသီ မှာ သားတော် မထွန်းကား တာက တစ်ကြောင်း၊ စည်သူ (၂) ကိုဆက်ခံ ဖို့ အရည် အချင်း ရှိတာ ကတစ်ကြောင်း၊ နဲ့ အခြား အကြောင်းကြောင်း သော အကြောင်းကြောင်း တို့ကြောင့် နန်းရ ခဲ့တာ လို့ပဲ ပြောရ ပါမယ်။

နာတောင်မျာ နန်းရ ပုံကို ဇာတ်လမ်းဆင် ထားတဲ့ ၀တ္တု လေးတွေ ရာဇ၀င်ကြီး မှာတွေ့ရ ပါတယ်။ နာတောင်မျာ ဆိုတဲ့ ကျောက်စာပါ မင်းအမည် ကိုအဖတ်မှား ပြီး နန်းတောင်းများ လို့ အဓိပ္ပါယ်ကောက် ရာက- နာရ ပတိ စည်သူ မင်းကြီး ရဲ့  မိဖုရား (၇) ပါး မှာ မိဖုရားငယ် ကလေး ဖြစ်တဲ့ စ၀်မြကန်သည် က မင်းကြီးလက်မှာ ခူနာပေါက်စဉ်က ယုယစွာ ကုသ ပြီး ပြည်ပေါက်အောင် ပါးစပ်နဲ့ စုပ်ပေးကြောင်း။ နန်းတောင်းများ ဟာသားတော် များအနက် အငယ်ဆုံး၊ မထင် မရှား သားက လေး ဖြစ်ပေမဲ့ စ၀်မြကန် ရဲ့  အကြင်နာ ရေယဉ်ကြော မှာ မျောသွားတဲ့ မင်းကြီးဟာ မိဖုရား လေးကို ခိုက်ခိုက်တုန်၊ သဲသဲ လှုပ် အချစ်တွေ ပွားပြီး လိုရာဆုကို တောင်းလေလော့ လို့ပြောမိ ရာမှာ တခါထဲ သူ့သား ကိုမင်းဖြစ်အောင် တောင်းတော့ တယ်ဆိုပဲ။ တွေ့မရှောင် နန်းကိုတောင်း လွန်းလို့ နန်းတောင်းများ ခေါ်တယ် ဆိုပြီး ခပ်တည်တည် ဇာတ်လမ်း ဆင်လိုက် ပါတယ်။ သားတော်ကြီး လေးပါး က နန်းတောင်းများ ကိုထီးနန်း အပ်တာကို သဘောတူ ကြည်ဖြူ ပါသတဲ့။ နောင်တော်ကြီး လေးပါး ကို ၀န်ကြီး အရာထား တိုင်ပင် ပြီးတိုင်းပြည် အုပ်ချုပ် မင်းလုပ် သွားလို့ လွှတ်တော် ဆိုတဲ့ အဖွဲ့ အစည်းဟာ အဲဒီ အချိန်ကစလို့ ပေါ်ပေါက် လာတယ် လို့လဲ နောက်ဆက်တွဲ ထည့်ပါသေးတယ်။ ဒီ ၀တ္တုသွား မှန်မမှန် ကျောက်စာ အထောက် အထား များ နဲ့သက်သေ ပြပါ့မယ်။

ဒီမင်း ဟာ ဥစ္စနာထ၊ ဥစ္စနာ၊ နာတောင်သ္ခင် ဆိုတဲ့ အခြား အမည် များနဲ့လည်း ကျောက်စာ ထိုးခံထားရတယ်။ နာတောင်မျာ ဟာ စည်သူ (၂) ရဲ့  အငယ်ဆုံး သားမဟုတ် ဆိုတဲ့ အကြောင်းကို အောင်ချမ်းသာ အမတ် လို့ ခေါ်ရမဲ့ ဇေယျသွတ် အမတ် ကျောက်စာ မှာဖော်ပြ ပါရှိတယ်။ နာတောင်မျာ ကိုဆက်ခံတဲ့ က္လစွာ မင်းလက်ထက်မှာ ဇေယျသွတ် အမတ် က နာတောင်မျာ မင်းရဲ့ ခွင့်ပြုချက် နဲ့ လှူထားတဲ့ မဟာဒါန် လယ်တွေကို သိမ်းယူတဲ့ အခါ ရှင်ဘုရင် ကိုယ်တိုင် ရေစက်ချ လှူထားတဲ့ လယ်တွေကို သိမ်းယူတာသင့် မသင့် ခုံရုံး ဖွဲ့ စစ်ဆေးပါတယ်။ ခုံလူကြီး တွေထဲမှာ ပါဝင်တဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ တို့ကို ဘုရင့် ညီတော်များ လို့ အဓိပ္ပါယ် ရတဲ့ မင်ဖထုယ် လို့ဖော်ပြ ထားတဲ့ အတွက် နာတောင်မျာ ဟာ အငယ်ဆုံးသား မဟုတ်၊ ၀ဋံ သိကာ ရဲ့ သားသုံးယောက် ဟာ သူ့ထက် ငယ်ကြ တယ် ဆိုတာ ပေါ်လွင်ထင်ရှားလာပါ တယ်။

သူနန်းတက် တာကို ကျန် မင်းညီ မင်းသား တွေက ကျေနပ် နှစ်သက် လက်ခံ ကြတယ် ဆိုတဲ့ အဆိုသွက်သွက်ခါ အောင် မှားကြောင်း ကို ပထမ အသင်္ခယာ လင်မယား ကျောက်စာ မှာ တွေ့ရတဲ့ အောက်ပါ အချက်များက သက်သေ ပြပါတယ်။

1. နာတောင်မျာ သို့မဟုတ် သ္ခိင် ဥတ်စနာ လက်ထက် မှာကျောက်စာ ရေးထိုးခဲ့တယ်။

2. နာတောင်မျာ ဘုရင် နန်းတက် စမှ အခြားရှိသမျှ မင်းညီ မင်းသား တွေထဲက ပျံချီ၊ သိင်္ဃ ပိစည်၊ ပျံချီ ရဲ့ သားတော် နဲ့ နာတောင်မျာ ရဲ့သား နောင်မင်း ဖြစ်မဲ့ က္လစွာ မင်းသား ကိုယ်တိုင် တောင် ပုန်ကန် ထကြွ ပြီး ထီးနန်းလုဖို့ ကြိုးစား ခဲ့ကြတယ်။

3. ဒီသူပုန် တွေကို နှိမ်နင်း ဖို့ အထူးအားကိုး ရတဲ့ အမတ် ငါးဦး နဲ့ စည်းဝေး တိုင်ပင်တယ်။ (ဒါကိုပဲ လွှတ်တော် လို့ပြောကြတာဖြစ်မယ်)။ အမတ် တွေက- အသင်္ချာ (အသင်္ခယာ)၊ အနန္တသူရ် (အနန္တ သူရ)၊ အသ၀တ် (အဿ ၀တ္တ)၊ ရာဇ သင်္ကြံ(ရာဇ သင်္ကြမ္မ) နဲ့ စတ်တလင်ကသူရ် (စတ္တ လင်္က သူရ) တို့ဖြစ်တယ်။ အလွန် အားကိုးသော အမတ်၊ အင်မတန် ရင်းနှီးသော အမတ် (က္လံဝင် သောမင်မတ်) မှာ အသ၀တ် ဖြစ်တယ်။ ဒီငါးယောက် လုံး နာတောင်မျာ နဲ့ ညီအကို မပြောနဲ့၊ ဆွေမျိုး နီးစပ်တော်တာတောင် တစ်ယောက်မှ မပါပါ။

4. သူပုန်ရန် ကိုနှိမ်နင်း ပြီး (ပျံချီ နဲ့ သိင်္ဃ ပိစည် ကို ကွပ်မျက်၊ ပျံချီ သားတော် ထွက်ပြေး၊ သူ့သား က္လစွာ ကိုတော့ ချမ်းသာပေး) အမတ်ကြီး ငါးဦးကို တစ်ယောက် မြေပါယ် ၇၀၀ စီ ဆုတော် လာဘ်တော် ချတယ်။

5. ထားဝယ်ကို ထွက်ပြေးတဲ့ ပျံချီသား မင်းသား ပုဂံ ကိုပြန်လာချင်လို့ မင်းကြီးနားတော် ပေါက်အောင် ပြောပေး တဲ့ (ပွဲစားလုပ်ပေးတဲ့) အသင်္ချာ ကို ပျံချီသား ပိုင်တဲ့ စလင်းကျွန်း ၁၃၀ ကို သိမ်းပြီး ဆုတော် ပေးပြန်တယ်။

ဆိုတော့ နာတောင်မျာ ဟာ ရန်သူ များခဲ့တယ် ဆိုတာ ပေါ်လွင် ထင်ရှား လွန်းလှပါတယ်။ ရာဇသူရ နဲ့ ဂင်္ဂါသူရ ညီ အကို နှစ်ပါး ကတော့ အရိပ် အကဲ သိတတ်သူ များလို့ပြောရမယ် ထင်တယ်။ သူပုန် တွေကို နှိပ်ကွပ်ပြီး ကတည်းက နာတောင်မျာ ကို သစ္စာ ရှိစွာ လုပ်ကျွေး ပြုစု လိုက်ကြတာ က္လစွာ နန်းတက် တဲ့ အထိ အလုပ်အကျွေး ပြုကောင်းတုန်း……

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 135-36.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

One Comment (+add yours?)

  1. သဉ္ဖာ
    Sep 04, 2008 @ 14:28:58

    သမိုင်းထဲက မြန်မာပြည်သားကို အရမ်းကြိုက်လို့ ပုံမှန် လာဖတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ နာမည်တွေက ရှေးနာမည်တွေမို့လားတော့ မသိဘူး။ တော်တော် ဖတ်ရခက်တယ်နော်။ ဥပမာ – “တောင်ဖ္လင်” ကို တောင်ဖျင်လို့ ဖတ်တာလားဟင်။ “က္လစွာ” ဆိုတာ ကျစွာဆိုလို့ ရမ်းတုတ်ကြည့်တာ။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  
Follow

Get every new post delivered to your Inbox.