That's Our Bamar (26)

သမိုင်း ထဲက မြန်မာ ပြည်သား (၂၆)

ကျောက်စာ ထဲက ပုဂံ (၈)

နရ သိင်္ဃ ဥစ္စနာ (၁၂၃၁- ၁၂၃၅ အေဒီ)

နရ သိင်္ဃ ဥစ္စနာ ဟာ original ဥစ္စနာ ဖြစ်တဲ့ နာတောင်မျာ ရဲ့ သားတော်ကြီး ဖြစ်လို့ နာတောင်မျာ မင်းဖြစ်စဉ် ကပဲ ထီးမွေ နန်းလျှာ အိမ်ရှေ့မင်း ဖြစ်နေခဲ့တယ်။ ဥစ္စနာ နံမည် ယူတဲ့ မင်းလေးပါး ရှိခဲ့ လို့-

  • ဥစ္စနာ (၁) – နာတောင်မျာ
  • ဥစ္စနာ (၂) – နရ သိင်္ဃ ဥစ္စနာ (နာတောင်မျာ ရဲ့ သားတော်ကြီး)
  • ဥစ္စနာ (၃) – နရ သိင်္ဃ ဥစ္စနာ ရဲ့ သား (က္လစွာ မင်းဖြစ်ပြီး မှ ထီးမွေ ဆက်ခံ ရတယ်)
  • ဥစ္စနာ (၄) – တရုတ်ပ္လိယ် မင်း-

ဆိုပြီး စည်သူ ကို နံပါတ် ထိုးမှတ် ရသလို ဥစ္စနာ နံပါတ် တွေထိုးရ ပြန်ပါတယ်။

မိဖုရား ဖွားစော ကျောက်စာ ကြောင့် ဒီမင်းကို ကလေးက အစ သိခဲ့တယ်။ ဖွားစော ကျောက်စာ ထဲက ငါ့လင် သခင် မင်းကြီး ဆိုတာ သူပေါ့။ ပြဿနာ က သူ့မိဖုရား တွေအားလုံး ဟာ စော (စ၀်) နာမည် နဲ့ချည်းပဲ။ တခြား စ၀် တွေက လည်း ရှိသေးတော့ ဘယ်သူက ဖွားစော လဲ သိရအောင် ဖွားစော ရှင်းတမ်း လုပ်ကြည့် ကြပါတယ်။ ပုဂံ ခေတ်မှာ စော ချည်းပဲ (၁၇) ယောက် ရှိခဲ့သတဲ့။ ဒီ စော စာရင်း မှာ ယောင်္ကျား တွေလည်း ပါတယ်။

  1. အစ၀်လပ် – စည်သူ (၁) ရဲ့ သမီးတော်
  2. စ၀်မြကန်သည် – စည်သူ (၂) ရဲ့ မိဖုရား တစ်ပါး၊ နာတောင်မျာ မင်းရဲ့ မယ်တော်
  3. စ၀် အလွှမ် – စည်သူ (၂) ရဲ့ မိဖုရား ပဲ
  4. အစ၀် မင်လှ – စည်သူ (၂) နဲ့ စ၀် မြကန်သည် ရဲ့ သမီး၊ နာတောင်မျာ ရဲ့ နှမ
  5. သ္ခိင် စ၀် – နရ သိင်္ဃ ဥစ္စနာ
  6. အမိ ပုရှာ စ၀် – နရ သိင်္ဃ ဥစ္စနာ ရဲ့ မိဖုရား
  7. သ္ခိင် ဖွာစ၀် – နရ သိင်္ဃ ဥစ္စနာ ရဲ့ မိဖုရားပဲ
  8. စ၀်ကြီး – က္လစွာ မင်း
  9. စ၀်ပုလယ်မယ် – က္လစွာ ရဲ့ မိဖုရား
  10. စ၀် မင်လှ – က္လစွာ ရဲ့ မိဖုရားပဲ
  11. အစ၀်လတ် – နရ သိင်္ဃ ဥစ္စနာ ရဲ့ သမီးတော်
  12. အရိ စ၀် – ဥစ္စနာ (၃) ရဲ့  အမ
  13. အစ၀် နာလုံ – ဥစ္စနာ (၃) နဲ့ သုံးလူလ ရဲ့ သမီး
  14. အစ၀် ကြွမ် – ဥစ္စနာ (၃) နဲ့ သုံးလူလ ရဲ့ သမီးပဲ
  15. စ၀်ပုလယ် – ဥစ္စနာ (၃) နဲ့ သုံးလူလ ရဲ့ သမီးပဲ၊ ဥစ္စနာ (၄) တရုတ်ပ္လိယ် ရဲ့ မိဖုရား
  16. စ၀်ဥ – တရုတ်ပ္လိယ် နဲ့ စ၀်ပုလယ် ရဲ့ သမီးတော်
  17. စ၀် နာစွင် – စ၀် ပုလယ် ရဲ့ ညီမ

ဒီအထဲ က သ္ခိင်စ၀် နဲ့  စ၀်ကြီး မင်းယောင်္ကျား နှစ်ယောက်ကို ပါယ် လိုက်ရင် မိန်းမ စော တွေချည်းပဲ ၁၅ ယောက် ထွက်လာတယ်။ ဒီ အထဲက ကျောက်စာ ထွင်းတဲ့ ဖွားစော က နရ သိင်္ဃ ဥစ္စနာ ရဲ့ မိဖုရား သ္ခိင် ဖွာစ၀် ဖြစ်တယ် လို့ အတိ အကျ ပြောပါတယ်။ သ္ခိင် ဖွာစ၀် ဟာ ကံအတော်ကောင်းတဲ့ မိန်းမကြီး လို့ပြော နိုင်ပါတယ်။ အသက်လည်းရှည်။ လင်ရော သားရော မြေးရော အကုန်လုံးလည်း ဘုရင်ဖြစ်ကြတော့ တရုတ်လို ဒိုဝေ မိဘုရား ကြီး လို့ အခေါ်ခံ ရမဲ့ သုံးထပ်ကွမ်း မိဖုရားကြီး ဖြစ်ခဲ့သူပါ။ ဖွားစော ကျောက်စာ သာ ကျောင်းသင်ရိုးညွှန်းတမ်း တွေထဲ ပါပြီး နာမည်ကြီး လို့ အများသိကြတာ။ တကယ်တော့ နောက်မိဖုရား တစ်ပါး ဖြစ်တဲ့ အမိ ပုရှာ စ၀် ရေးထိုးခဲ့တဲ့ ကျောက်စာ လည်းရှိခဲ့တယ်။ ဒါကို တော့လူသိ အင်မတန် နည်းတယ်။ ဒီကျောက်စာ နှစ်ချပ် ကို မူရင်း အတိုင်း နှိုင်းယှဉ် ကြည့်တဲ့ အခါ……

ဖွားစော ကျောက်စာ မူရင်း

သကရစ် ၆၃၃ ခု အာသိန်နှစ် တန်ဆောင်မှုန် လပ္လည် (19 October 1271) စနိယ်နိယ်အာ။ သ္ခိင်ဖွါစ၀် ကထိန်ပိယ် တောဝ်မူသော။ တကြိုက် လှူတာဝ်မူတုံသော။ ကျွန်မ လိုက်ကတျင် ဥယန်သည် နှစ်ကိပ်ကိုဝ်ယောက်။ လယ်မ္လိယ် သုံရျာ။ ဥယန် တခု။ လှူတာဝ် မူတုံ ဧအ်။ သကရစ် ၆၁၄ ခု ဖ္လဂိုန်နှစ် တပေါင် လဆုတ် ယှတ်ရျက် (21 February 1253) ကြာသပတိယ် နိယ်အာ။ ပိယ်တာဝ် မူသော။ ကျွန်မ လိုက်ကတျင် ဥယန်သည် နှစ်ကိပ် ကိုဝ်ယောက်။ လယ်မ္လိယ် သုံရျာ။ ဥယန် တခု။ အင်စရ ကျွန် တရျာနှစ်ကိပ် ခုနှစ်ယောက်။ ဥန်ရင် ကူလာ ကျွန် တရျာ သုံကိပ် သုံယောက်။ မဟာ သမန် ကိုင် မှူလာရုယ် ပိယ်တာဝ်မူစိယ်လှာသတေ။ သာ ဥတ်စနာ မင်ကြီ ပိယ်သတေ။ သ္ခိင် ဖွါစ၀် ပုရှာ တျြာ သိင်္ဃာ ရတနာ သုံပါကိုဝ် လှူသော အလှူတေ။ ဤသိုဝ် အတုမယ်လျှင် ငါပ္လုသော က္လောင်တာဝ်နှိုက်။ ငါမူသော ကောင်မှု ခပ်သိမ်သော ကိုဝ်။ အခါမ္လင်မ္လယ် တည်စိမ်သောဌာ။ မ္လိယ် မဟာဒါန် ဥယန်။ ငါလှူဧအ်။ ငါပ္လုသော ကောင်မှု ခပ်သိမ်သောကိုဝ် အခါမ္လင်မ္လယ်။ ပ္လုသော။ ဖာသော။ မူစိမ်သောဌာ။ တန်လင်လှည် စိမ်သောဌါ။ ပုရှာ တျြာ နှိုက် သံပုတ် ကွံပန် မပြတ် ၀တ် လုပ်က္လည်တင် စိမ်သောဌာ။ ဆီမီ မပြတ် ဌိစိမ်သောဌာ။ သည်ခံသော သ္ခိင်တိုဝ်ကိုဝ်။ ဆွံပစ္စည်ဖ္လင် လုပ် က္လည်စိမ် သောဌာ။ ကျွန်လေ ငါလှူ၏။ နိုဝ်သစ် နိုဝ်ထံမ် ရျတ်တက် ထ၀်ပိယ် ထ၀်ပတ် အရသာ ငါပါ စာစိမ်သောဌာ။ နွာလေ ငါလှူ ၏။ ဤသိုဝ်လျှင် ငါပ္လုသောကောင်မှု အက္လိုင်ကာ။ ရိယ်မ္လိယ် ခပ်သိမ်သော အသ္ခိင် ဖ္လစ်ထသောငါလင် သ္ခိင်မင်ကြီ။ ငါသာ မင်ကြီ။ ငါမ္လိယ် မင်ကြီ။ ဤမင်ကြီ သုံယောက်သော နောင်လာလတ်အံသော မင်ခပ်သိမ်လေ ငါအတူ ရစိယ်သ တေ။

အမိ ပုရှာ စ၀် ကျောက်စာ မူရင်း

နရိ သင်္ဃ ဥစ္စနာ မည်သော တျြာမင်ဧအ် ပယ်မျာကြီ။ သင်္ဃပတိနှင် ကျြာဖျာဧအ် မိဖွာ အမိ ပုရှာစ၀် သည်။ သင်သရာ ဆိုဝ်ငြာယ်မှ ထွက်မ္လောက်လိုဝ်သောဌာ။ နိရဗန်ကိုဝ် မျက်မှေယင်ကအ်ကာ မူရလိုဝ် သောဌာ။ ကူပုရှာ ပ္လုဧအ်။ ။ သက၇စ် ၆၀၃ ခု။ စယ်နှစ်။ ကုဆုန် လပ္လည် (26 April 1241) ဗုဒ္ဒဟူ နိနှိုက် လွှတ်ဧအ်။ လွှတ်သရှင် ရိယ်စင်တာဝ်ခ္လရုယ် လှူသော။ ရွာလာယ်ကျွန် ၁၇၈ ယောက်။ လာယ် ၂၆၀။ ဥယန် ၂ခု။ ပုကမ်ကျွေန်ကာ။ မျင်ထာရ်ဖုတ်။ စသျာဤမ်ထောင်။ သ္မီတပါ။ မောင်ပြကတ်။ သထွာ ဤမ်ထောင်။ မျာမိတ္ထီ။ သာငါရောက်သစ်။ ဤမ်ထောင် ဘယျာ။ မျာ ကိန္ဒရီ။ သ္မီ ဒုက္ခီ။ ခေတ္တြ ပါလာဖုတ်။ သာပနျာ။ စန္ဒျာဖုတ်။ တင်တဖုတ်။ နရည်စြာ သည်ဤမ်တောင် ဗုဓေါ။ မျာသုကီ။ သိတိတျာ။ ငီ ဟိတျာ။ နှမ ရတာယ်။ သီမ စိတာယ်။ မောင် ငါမွန်။ ငီ နိုဝ်အစိုအ၀်။ နရည်စြာ စည်သည် ပက္ခာ။ သာ ငါထုယ်။ ပလီ။ သာစည်သည် ငါရွတ်။ စည်သည် ငါပုကမ်၊ နှာမ ဂုမီ။ ဗျင်ကီ။ သာစည်သည် ငါမစွမ်၊ ဟီတူ၊ သာပသာသည် ငါရင်ကာ၊ ငီ ခွက်ခွင်သည် ငါဗုဓါ။ မုကီက္မယ်။ သ္မီ ပန်တျာ သုခီ။ ငီမ သိတယ်။ မ္လိယ် ငါဥိ။ သန္တီ။ သ္မီ ပန်တျာ သီဝလီ။ ဘဏီ။ သ္မီ ပန်တျာ ဒေ၀ီ။ အပေါင် ၄၁ ယောက်။ ရွာလာယ်တွင် မြုမ်ပြိည်သည် ငါကောင်။ ငီ ငါလောင်။ ငါပ္လည်ဝ။ အပေါင် ၃ ယောက်။ မြင်မူနွာ ၁၀၀။ နွာထိန် ၁၀။ ပရိက္ခာရာကာ။ သြက်ပုရှာ သန်ကန်တာဝ် တုယင် ၁။ တန်ကျတ် ၁။ အထက် ပုရှာ သင်ကန်တာဝ် တန်ကျတ်ရိယ် ၁။ ရှုယ်သလ၀န် ၁။ ဤမ်ရာတာဝ် နက်ပူစင် တံတိုဝ် ၁။ ခံတင်မွန် ၁။ ခင်နှီဥိံအစုံ။ ကွံချပ် ၁။ ကြိယ်ဆီမီ တိုင် ကြိယ်ပြတိုဝ်။ ကြိယ်ကြာကြီ ၁။ ခေါင်လောင်ဆွယ်သော ဆင်တြာ ၁။ ရှုယ် သပိတ် ငုယ်သပိတ် ကြိယ်ပွယ် ၂ခု။ လင်ပန် ၂ ခ္လပ် ခွက် ၅ ဥပ်။ စာလောင်ကြီ ၁။ နရည်စြာ ဂ ခ္လပ်။ နောင်နင် ၉ ခ္လပ်။ ခွက်ခွင် သုံဆူ ချူ ၃ ဆူ။ ပိဆယ် ငါသီ ပုဟာ လှူပါသော ကျွန်။ ခ၀်တယ်ရွာ အလုံဧအ်၊ ၁၇၄ ယောက်လယ် ၃၀၀။ စာသင် ၁၀ တိုက်။ ၀ါဆိုဝ် ၀ါခေါင် ၀ါက္လတ် ကုဆုန် လပ္လည် ဤယ်လိယ်ခါသော စုရင်ကြီ ပုစ၀် စိယ်သတေ။ ကူဤပ်သော ပုရှာကျွန် စည်သည် ပန်တျာ နရည် စရာ သည် ခပင်စုံ။ သံကောက်သည်၊ စည်သည်။ ပန်တျာ၊ အသက်ကြီ။ စပါ ၁၃၅ တင်။ အပေါင်ကြီ ၄၂၇ ခွယ်။ ။ ။

ကဲ- ဘယ့်နှယ့် ရှိစ။ ရှေးမြန်မာ စာဖတ်ရတာ အရသာ များရှိကြ ရဲ့ လား။ တကယ်တော့ အလွန်ညံ့တဲ့ အရေး အသား တွေနော်။ စာရေး တတ်စ သူငယ်တန်းလေးတွေ ၀တ်စပေါက် မပါပဲ ရေးထားတဲ့ စာတွေ လိုပါပဲ။ စာထဲ ပါတဲ့ အကြောင်း အရာ တွေကို အတိုချူံး ပြောရရင် မိဖုရား နှစ်ပါးလုံး အလှူ လုပ်ကြတဲ့ အကြောင်း ကျောက်စာ ထွင်းကြရာမှာ- အမိ ပုရှာ စ၀် က ဘုရား မှာ ကျွန် အဖြစ် တစ်ရွာလုံး လှူပစ်တယ်။ နွားထိန်း အလုပ်သမား တွေ၊ ဘုရား နဲ့ ဘုန်းကြီး ကျောင်းမှာ တီးမှုတ်ဖျော်ဖြေ ဖို့ သဘင်သည်တွေ၊ ပရိ က္ခရာ အပါ အ၀င် ရဟန်းသုံး ပစ္စည်းတွေ ဘယ်ရွေ့ ဘယ်မျှ လှူတယ် ဆိုတာ ကို စာရင်း လုပ်ထားကျောက်စာ ထွင်းရုံ ပါပဲ။ ဖွားစော ကတော့ သူ့ထက် ကဲတယ်။ ဘယ်နေရာ မှာ ဘာလှူတယ် ဆိုတာ ကို ထပ်ကာ ထပ်ကာ ပြောရုံတင် မက အတုမဲ့လျှင် ငါမူသော ကောင်မှု ခပ်သိမ် ကို တစ်တိုင်း တစ်ပြည်လုံးက ပြည်သူ တွေ အကျိုးခံစား ရပါစေတော့ လို့ စိတ်ထဲ မပါရင် တောင် စာလေးထွင်းထား ဖော်မရပဲ သူကြီး ဘုရား ရွာသား ကောင်းမှု ဤအလှူ့ အကျိုး ကို သူ့လင် မင်းကြီး နရ သိင်္ဃ ဥစ္စနာ ရယ်။ သူ့သား မင်းကြီး ဥစ္စနာ ရယ်။ သူ့မြေးမင်းကြီး တရုတ်ပ္လိယ် ရယ်ပဲ ရပါစေတဲ့။ ကြားက ဖောက်ပြီး ဘုရင် ဖြစ်တဲ့ သူ့မတ် က္လစွာ မင်းကို အမျှ အတန်း ဝေနိုင်ဘူး တဲ့လေ။ ငါစွဲ ကြီးလှ တဲ့ ဖွားစော………….။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine, pp: 136-38.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

Advertisement

2 Comments (+add yours?)

  1. Yu Wa Yi
    Sep 09, 2008 @ 01:12:29

    ငါစွဲ ကြီးလှ တဲ့ ဖွားစော………….။
    အဲဒါပဲလေ..ပညာသားမပါတဲ့ မိန်းမတို့ ရဲ့ မနာလိုစိတ်။

    Reply

  2. Yu Wa Yi
    Sep 09, 2008 @ 01:19:27

    အဟား သူ့ မက်ကလေးကိုတော့ အမျှမပေးဘူးပေါ့လေ။ ပေါ်တင်ကြီးပါလား။ မိဖုရားကလည်းပညာသားမပါ
    ဘူးနော်။ ရှေးလူကြီးများရိုးချက်ကတော့ ကမ်းကုန်တယ်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  
Follow

Get every new post delivered to your Inbox.