That's Our Bamar (28)

သမိုင်း ထဲက မြန်မာ ပြည်သား (၂၈)

ကျောက်စာ ထဲက ပုဂံ (၁၀)

ဥစ္စနာ (၁၂၄၉- ၁၂၅၆ အေဒီ)

နရ သိင်္ဃ ဥစ္စနာ နဲ့ သ္ခိင်ဖွါစ၀် တို့ရဲ့ သား ဥစ္စနာ ဟာ က္လစွာ နေရာ ကိုဆက်ခံ တဲ့မင်း ဖြစ်လာပါတယ်။ ပြဿဒါ ဘုရား တည်နေတုန်း ဘုရား မပြီးမှီ ၁၂၄၉ မှာ ရေးထိုးခဲ့တဲ့ ကျောက်စာ “က္လစွာ မင်ကြီ ပျံတာဝ်မူပြီ ဥစ္စနာ ရှုယ်တောင်တက်ရုယ်” အရ သော်လည်းကောင်း။ ဇာတာတော်ပုံ ရက်စွဲ ပါ က္လစွာ နတ်ရွာစံတဲ့ နှစ်ဟာ ခရစ်နှစ် ၁၂၄၉ ဖြစ်လို့သော် လည်းကောင်း။ ဥစ္စနာ နန်းတက် တဲ့နှစ်ကို ၁၂၄၉ လို့ယူရပါမယ်။

ဥစ္စနာ ရဲ့  တရားဝင်ဘွဲ့တော်က ဂြီတြိ ဘ၀န ပ၀ရ ဒိတျ ဓမ္မရာဇာ ဇေယျ သူရ တဲ့။ ဥစ္စနာ ဟာ က္လစွာ လက်ထက် မှာပဲ အမြင့်ရောက်နေပြီ ထင်ရပါတယ်။ ၂၆၊ ဒီဇင်ဘာ၊ ၁၂၄၈ ရက်စွဲပါ ဥစ္စနာ သမီး အစ၀်ကြွမ် ကျောက်စာ အရ-

ပယ်မယာကြီ တြိလောက စန္ဒြ နာမ မဟာဒေ၀ီ သုံလူလ မိဖုရှာ တောင်ဖ္လင်သည်

ဆိုတဲ့ စကားအရ ဥစ္စနာ ရဲ့ တောင်ညာစံ ဒေ၀ီ မဟေသီ က သုံလူလ လို့သိရပါတယ်။ မိဖုရား ဆိုတဲ့ အသုံးကို ရဲရဲ သုံးပုံ ထောက်ရင် အဲဒီ အချိန် ကတည်းက ဥစ္စနာ ဟာမင်းဖြစ်ဖို့ ဗျာဒိတ်ရပြီး ဖြစ်ဟန် တူတယ်။ အစ၀်ကြွမ် ကျောက်စာ ကထူးထူး ခြားခြားတော့ မဟုတ်ပါ။ ငွေအမြောက်အများ သုံးပြီး အလှူကြီး ပေးခြင်းကို ထုံးစံ အတိုင်း မှတ်တမ်း တင်ထားတာပါပဲ။ သူများထက် ထူးတာက တော့ သူ့အလှူ မှာ ဂူဘုရား အတွက်၊ ဂူ အထွတ် ကိုရွှေသား တင်ဖို့အတွက်၊ ကျောင်းဟောင်းပြင် ဖို့ အတွက်၊ ကျောက်သစ် ဆောက်ဖို့ အတွက်၊ ပိဋကတ် သုံးပုံ တစ်စုံ လုံးကူးခ အတွက်၊ ပဋကတ်တိုက် ဆောက်ဖို့ အတွက်၊ စာတိုက်ကြီး တွေဆောက်ဖို့ အတွက် ကုန်ကျ စရိတ် တွေကို အလှူရှင်းတမ်း စာရင်းလုပ်ခဲ့တဲ့ အတွက် သူ့ဟာသူ ကြွားချင်လို့ ပဲထိုးထိုး၊ ဘာအတွက် ရေးထိုးခဲ့ မှန်းမသိ ရပေမဲ့ အဲဒီခေတ် monetary value တွေနဲ့ price prediction လုပ်နိုင်တဲ့ အတွက် အလွန် တန်ဖိုး ရှိတယ် လို့ဆိုရမယ်။ ဂူဘုရား တည်စရိတ် ၁၇၄၇ ကျပ်၊ စလစ်ကျောင်းဟောင်း ပြင် စရိတ် ၇၅၈ ကျပ်၊ စာတိုက်ကြီး လုပ်ခ ၂၁၅ ကျပ်၊ အုတ်ကျောင်းကြီး ဆောက်ခ ၃၉၂ ကျပ်၊ ပါတ်လည် တံတိုင်း ၃၂ ကျပ်၊ စူဠာ မုနိ စေတီ တည်ခ ၄၄ ကျပ်၊ တန်မွမ် အုတ်ကျောင်း တည်ခ ၂၁၅ ကျပ်၊ ပိဋကတ် သုံးပုံ တစ်စုံ ကူးခ ၂၀၃၇ ကျပ် လို့ဆို ထားတဲ့ အတွက် ပိဋကတ် သုံးပုံ ကူးခ ဟာ ကျန် ကိစ္စ အားလုံးထက် ပိုကုန်ကျ လို့ စာတတ်တဲ့ လူအင်မတန် ရှားမယ်။ (မှတ်တမ် တစ်ခု မှာ ပုဂံ ခေတ် Adult Literacy Rate 9% လို့တွေ့ဖူးပါတယ်) ပညာရှင် ကို တန်ရာ တန်ဖိုး ပေးရတယ် ဆိုတာ တွေ့ရလို့ ကျေနပ် စရာ ပါပဲ။ အလုပ်သမား အကျွေး အမွေး၊ အစား အသောက်၊ အ၀တ် အစား၊ ပို့ဆောင်ခ နဲ့ အခြား စရိတ် ဆိုတာ တွေပါ item တစ်ခု ခြင်းစီ အတွက် အကုန် ထည့်ရေး ထားလို့ ပုဂံ ခေတ် ကတည်းက economic & opportunity cost တွေကို တတ်ကြ ပါလား လို့ တောင်အံ့သြ ဘနန်း ဖြစ်မိသေးတယ်။

ဥစ္စနာ ဟာ နရ သိင်္ဃ ဥစ္စနာ ရဲ့ သားဖြစ်ပေမဲ့ အဖေ နဲ့ မနီးစပ်ပဲ ၁၅ နှစ်မင်းလုပ် သွားခဲ့တဲ့ ဦးလေး က္လစွာ နဲ့ နီးစပ် သူမို့ သူမင်း ဖြစ်လာတာနဲ့ က္လစွာ လက်ထက်က လုပ်ခဲ့တဲ့ ဘုရားကျောင်း မြေ သိမ်းတဲ့ အလုပ်ကို ဆက်လုပ်ပါတယ်။

ဘာကြောင့်များ ဒီမြေတွေကို သိမ်းချင်နေ ရသလဲ ဆိုတာ ဆန်းစစ်ကြည့်တော့-

  1. ထိလိုင်မင် လက်ထက် ကစလို့ ဖက်ရှင် တစ်ခု လို သူ့ထက်ငါ အပြိုင် အဆိုင် လှူထားကြတဲ့ ဘုရားကျောင်းမြေ များဟာ နိုင်ငံတော် မြေလွတ် မြေရိုင်း ရဲ့  တစ်ဝက် နီးပါးလောက် ရှိတယ်။
  2. ဒီ ဘုရားကျောင်းမြေ ပေါ်က မြေခွန် မြေခ ကို မင်း (နိုင်ငံ) က မရ။
  3. ဘုရား ကျောင်း မြေ ဧရိယာ အကျယ် ဟာ ကျယ်ပြန့် သထက် ကျယ်ပြန့် လာတော့ ဘဏ္ဍာရေး ကပ်ဆိုး ဆိုက် မလာခင် ဒီကိစ္စ ကို ဟန့်တားချိန် တန်ပြီ လို့ မင်းက ယူဆ ပုံ ရတယ်။
  4. မူလ လှူခဲ့တဲ့ ကျောင်း၊ ဘုရား၊ စေတီ တွေဟာ ပျက်စီး ယိုယွင်းပြီး အချို့ နေရာ တွေမှာ ရဟန်း သံဃာ တွေ လည်း စွန့်ခွာ သွားကြလို့ ဆိတ်သုဉ်း နေတယ်။ အမွေ ဆက်ခံ သူ မရှိတဲ့ ပစ္စည်း မှန်သမျှ မင်းဘဏ္ဍာ ဖြစ်ရမယ် ဆိုတဲ့ ဓလေ့ ကလည်း ရှိနေတယ်။

ဒါတွေကြောင့် ဥစ္စနာ ဟာ က္လစွာ စလုပ်ခဲ့တဲ့ ဘုရား ကျောင်း မြေ သိမ်းခြင်း ကိစ္စ ကို ဆက်လုပ်ပါတယ်။

သက၇စ် ၆၁၇ ခု စိဿနှစ် တပေါင် လ္ဆန် ၁၃ ရျက် (8 February 1256) ၅ နိယ် တလပျံမင် ဖောင် ဆင် ပင်က္လီ မ္လိင် ယူတ် မူရကာ ယူတ် မမူမီက ကြံတူ နိမ်တ်က္လောင် ဖုန်မ္လဿ သ္ခိင် မဟာ မတိမာထေကိုဝ် ပစ္စယာ ဖောင် ဆင် ငါပ္လည်စင်သင် ငါမြင်သင် လှူသော မ္လိ ၂၀၀ ခပင် ၀င်ပါလိယ်၏။ ထိုဝ်ယူသနှစ် အကြိယ် တလလာရာ ပျံတ၀်မူ လိယ်၏။ သာ ပန်ပွတ်သည် မ္လိယ် ရှုယ်တောင်ရလိယ်၏။ ရှုယ်တောင်ရပြိ ပုကံ ရောက်လတ္တေ ရောက်ပြိသောခါ သက၇စ် ၆၁၈ ခု အာသတ်နှစ် နံယုန်လ (24 May 1256)———- ထိုဝ်မ္လိယ်——— ကိုဝ်၊ သိခင် တိုဝ်ကိုဝ် ငါလှူ၏။ အလိုဝ်ရစိယ်၏၊ ရတနာ သုံပါသော မ္လိာကာ ငါမ္လိယ် သိုဝ် ဆံခြည် တတန်လျှင် အ၀င်စိယ် ငါတိုဝ် မ္လိယ်ကာ ရတနာ သုံပါသော မ္လိယ်သိုဝင် သကာ မထိယ်ပ္လစ် သ္ခိင်တိုဝ် မ္လိယ်ခြာ နင် (သရိယ်) အမြယ် အမြံတိုင် ဆောက်ပလိယ်။။။

ဒီကျောက်စာ အရ ဥစ္စနာ မင်းဟာ ၈၊ ဖေဖော် ၀ါရီ၊ ၁၂၅၆ မှာ အနိမ့်၊ အမြင့် က တောကျောင်း ဘုန်းကြီး သခင် မဟာ မတိမာ ရဲ့  မြေကို သိမ်းယူတယ်။ ပြီးတော့ တလ (ဒလ) မြို့ တော် (အခု တွံတေး နား) ကိုလာတယ်။ ဒီမှာပဲ ခြွေရံ သင်းပင်း များနဲ့ တကွ အသတ် ခံရတယ်။ Assassination သဘော ပြောထားပေမဲ့ ဘယ်သူ လုပ်ကြံသလဲ မသိပါ။ သာ ပန်ပွတ်သည် မ္လိယ် ရှုယ်တောင် ရလိယ်၏ လို့ဆိုထားတဲ့ အတွက် ဥစ္စနာ နဲ့ ပန်းပွတ်သည် သမီး ကမွေးတဲ့ ပန်းပွတ်သည် မြေး ထီးမွေ ရတယ်။ ဒါကြောင့် ဥစ္စနာ နတ်ရွာစံ တဲ့ကာလ ဟာ ဒီကျောက်စာ အရ 8 February 1256 နဲ့ 24 May 1256 အတွင်း ဖြစ်ဖို့ အလွန် နီး စပ်ပါတယ်။ ခုနှစ်နှစ် တာ နန်းစံ လိုက်ရတဲ့ ဥစ္စနာ အကြောင်း ကိုဒီထက် ပိုပြီး ဘာမှ မသိရပါ။

References

Epigraphia Barmanica Vol. I, II and III

Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.

သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။

သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  
Follow

Get every new post delivered to your Inbox.