500 days in Dvaravati (9)

ဒွါရာဝတီမှာရက်ငါးရာ (၉)

မိုးမလင်း တဲ့ ကိုးန၀င်း

သူ့ ပစ္စည်း ပစ္စယ များကို အဆောက် အဦး တွင်းမှ မီးခိုးရောင် ယူနီဖောင်း ၀တ် မျက်နှာကြော တင်းတင်း၊ ခပ်ဖိုင့်ဖိုင့် ပုဂ္ဂိုလ် တစ်ဦး ကလာရောက် သယ်မ သွား သဖြင့် အမော ကလေးမှ မဖြေရပဲ ထိုပုဂ္ဂိုလ် နောက်လိုက်ရ ပြန်၏။ မှန်ကန်လန့်ကာ တံခါးပေါက် ကိုဖွင့်၊ ဧည့်ခန်းကျဉ်း ကလေးကို ဖြတ်၊ လှေကားထစ် တွေ ကိုဖြတ်၊ စင်္ကြန် တိုကလေး တစ်ခု ကိုကျော်၊ လှေကားထစ် တွေမှ ပြန်ဆင်း ပြီး မှ ရန်နန် အိမ်ယာ ၏ဧည့်ကြို ကောင်တာ ကိုတွေ့ရ တော့သည်။ ကောင်တာ ကိုနောက်မှာ ထားသော အိမ်ယာ စခန်းကို ပထမဆုံး အကြိမ်တွေ့ဖူး ခြင်းပင်။

ဧည့်ကြို ကောင်တာ မှ အမျိုး သမီးကြီး က သူ့ နိုင်ငံကူး လက်မှတ် နှင့် စာရွက် စာတမ်း များကို တောင်းသဖြင့် ထုတ်ပေး လိုက်၏။ ဟိုစာရွက်ပုံ ကိုဖွ၊ ဒီစာရွက် ထပ်ကို မွှေ အတန်ကြာ ရှာဖွေ ပြီးမှ သူ့အမည် နှင့် နေရမည့် အခန်း ကိုတွေ့တော့ ၏။ ရန်နန် အိမ်ယာ တွင်ဖင်ချင်းပေါက် တည်ဆောက်ထားသော အဆောက် အဦး နှစ်ခု အနက် ဧည့်ကြိုကောင်တာ တည်ရှိရာ ခုနှစ်ထပ် အဆောက်အဦးက မူလ လက်ဟောင်း။ ကားရပ်ရပ် ခြင်း တွေ့ခဲ့သော အရှေ့ ဖက်က ဆယ်ထပ် အဆောက် အဦးသစ် က နောက်မှ ဆောက်သည့် အသစ် ဟုဆို၏။ ဒါကြောင့် ဧည့်ကြို ကောင်တာ ကမူလ အဆောက် အဦး နှင့် အတူ နောက်ရောက်နေခြင်း ဖြစ်သည်။ ဆယ်ထပ် အဆောက် အဦး သစ် မှာ သူနေရမည်။ အမျိုး သမီး ကြီးက သူ့ကိုယ်သူ မစ္စ ၀မ်းဟု မိတ်ဆက်သည်။ ဘယ်လို ၀မ်း တာလဲ မေးတော့ ၀မ်း-တူး-သရီး ထဲက ၀မ်းမျိုး ၀မ်း တာပါတဲ့။ ဒေါ်ဝမ်း၊ ဒေါ်တစ် ပေါ့။

အနှီ ဒေါ်ဝမ်း ကိုယ်တိုင်ပင် အထုတ် အပိုးတွေ ဆွဲ၍ လှေကားထစ် တွေပြန်တက်၊ စင်္ကြန် ကိုဖြတ်လျှောက်၊ လှေကား တွေ ပြန်ဆင်းပြီး ရှေ့ အဆောက် အဦးဖက်ပြန်ရောက် လာသည်။ သူနေရမည့် အထပ်သို့ ဓါတ်လှေကား မှ တစ်ဆင့် တက်ခဲ့ကြသည်။ သူနေရမည့် အခန်းရှေ့ သို့ ရောက်လာသည်။ အခန်းသော့ ကိုဖွင့်၏။ သူ့ကို သော့ပေး၏။ ရက်ငါးရာ နီးပါး နေထိုင်ရ မည်မို့ အဆင် မပြေလျှင် အခန်းလဲလို့ ရမလား မေးကြည့်တော့ ပညာတော်သင် ခွဲတမ်းကျ အခန်းမို့ လဲ လို့ မရတဲ့။ မကောင်းသူထိပ်၊ ကောင်းသူ ထိပ်။ နေ ဆိုတဲ့ သဘောပေါ့။ အေးရော။

အခန်းက (၁၅) ပေ ပါတ်လည်ခန့်၊ အိပ်သာ ရေချိုး ခန်းတွဲလျက် ပါသည်။ ၀ရံတာ ပေါက်စ လေးတစ်ခု၊ ဘေစင် တစ်ခု၊ Split type အဲကွန်း အကြီးကြီး တစ်လုံး၊ ရေခဲ သေတ္တာ တစ်လုံး၊ ပန်ကာ တစ်ခု၊ အ၀တ် ထည့်သည့် မတ်တတ် ဗီရို ဧရာမ ကြီးတစ်လုံး၊ နှစ်ယောက် အိပ်ကုတင်၊ စောင်၊ မွေ့ယာ၊ ခေါင်းအုံး အပြည့်အစုံ နှင့် ခုတင်ဘေး စားပွဲပု လေးပေါ်ရှိ ဖုန်းတစ်လုံး။ ဘယ်ဆိုးမလဲ။ ဒီလောက် ကောင်းကောင်း ထားတာ။ သူ့ အတွက်လိုတာ ထက်တောင် ပိုနေ သေးတော့ သည်။

အိုက်စပ် လှသဖြင့် တံခါး တွေပိတ် ပြီး အဲကွန်း ကိုဖွင့်လိုက်၏။ အံ့မခန်း ကြီးလှသည့် နှစ်ကောင်အား အဲကွန်း ကြီး ကို အခန်းကျဉ်းလေးတွင် သတ္တ၀ါ နှင့် လက်နက် မမျှ ပဲ တပ်ထားသည့် ထိုင်းတို့၏ ရွှေဥာဏ်တော် ကြောင့် တခဏ ချင်း မှာ ပင်အေးစိမ့် လာတော့သည်။ ဒေါ်ဝမ်း ကား စေတနာ ရှိလွန်းလှ၍ သူ့ကို လိုက်ပို့ခြင်း မဟုတ်၊ မှာ စရာ ရှိတာ မှာဖို့ ဖြစ်၏။ ဒီအခန်းမှာ နေထိုင်ခ အဖြစ် တစ်လလျှင် ဘတ် (၇၀၀၀)၊ ကျပ် နှစ်သိန်းကျော် ပေးရမည် ဖြစ်ကြောင်း။ ထိုအတွက် သူ့ စပွန်ဆာ အဖွဲ့ အစည်းမှ ရန်နန် အိမ်ယာသို့ ဘဏ်စာရင်းဖြင့် တိုက်ရိုက်လွှဲ မည်ဖြစ်သဖြင့် အခန်းလခ ငွေကို သူမျက်မွှေး ထော်၍ မော်ကြည့်ခွင့် ပင်မရှိကြောင်း။ အဓိက သတိထား ရမည်မှာ သူခုလေးတင် ဖွင့်လိုက်သော အဲကွန်း ကြီးကြောင့် ကျသင့်သည့် မီတာခ ပင်ဖြစ်ကြောင်း။ မီတာခ ကို ဘတ် (၁၀၀၀) ဖိုးထိ အခန်းခ ထဲမှာပါပြီး ဖြစ်၍ သဘောရှိ၊ ကလောဟိ နိုင်ကြောင်း။ သို့သော် ဘတ် ၁၀၀၀ ကျော်လွန် ကျသင့် ပါလျှင် ဖြစ်သမျှ ဒဏ် င၀က်ခံ ရမည် ဖြစ်ကြောင့်။ အဲကွန်း တစ်နာရီ မရပ်မနား ဖွင့်လျှင် ၁၂ ဘတ် တိတိ ကျသင့်ကြောင်း၊ ထို့ကြောင့် ချင့်ချိန် တိုင်းထွာ နိုင်ရန် သတိပေး ထားခြင်း ဖြစ်ကြောင်း၊ ဖုန်းခေါ် ရာတွင် မြို့ တွင် တစ်ခါခေါ် ငါးဘတ်၊ အင်တာနက် တစ်ခါ ချိတ် ငါးဘတ်။ ဖုန်းသုံးခ ဘတ် ၁၀၀၀ အတွင်း လည်း အခန်းခ မှ ကျသင့်ပေးမည် ဖြစ်ပြီး ထိုထက်ပိုလျှင် ကြိုက်သလောက်သုံး၊ ကျသလောက် ပေးရ မည်ဖြစ်ကြောင်း။ မရပ် မနား ၀မ်နင် တွေပေးလေ၏။ ပညာတော်သင် လူပေါင်းစုံ ထံမှ အတွေ့အကြုံ ခါးခါးများ မဟား တရား ရခဲ့ပြီး ဖြစ်ဟန် တူသည်။ နောင်ရှင်း စေရန် ခုရှုပ် နေခြင်း ဖြစ်ကြောင်း သူသဘောပေါက် ပါသည်။ နောက်ဆုံး ဒင်း ပြန်ဖို့ အခန်းတံခါး ဖွင့်အပြီး ဒေါ်ဝမ်းက တံခါး နဖူး တွင် ကပ်ထားသော အခန်း နံပါတ် ကိုမော့ကြည့်၍ “အို……. နံပါတ် အားလုံးပေါင်း တော့ ကိုး ကျ သကိုး၊ ကံကောင်း ဦးမဲ့ လူပဲ” လို့ ပြုံးတုံးတုံး ပြော၍ သူဘာမှ ပြန်မပြော ရသေးခင် ထွက်သွားတော့သည်။

ဒေါ်ဝမ်း စကားက သူ့ အတွေးတွေ ကို အလုပ်ရှုပ်စေပြန်တော့သည်။ အိပ်ယာ ပေါ်တွင် လှဲရင်း ထို ကိုး ကို စဉ်းစား နေမိ ၏။ ဘာကြောင့် အခန်း နံပါတ် ပေါင်းလာဒ် ကိုး ရတော့ ကံကောင်းမယ် လို့ တထစ်ချ ပြောရ သတုန်း။ မြန်မာ နှင့် ထိုင်း အိမ်နီးနားချင်း ဝေဒ ၀ါသနာအိုး တွေပီပီ ဗေဒင် ကိန်းခန်း အရ လား။ သင်္ချာ သဘော အရလား။ ဂဗ္မီရ အထာ တွေလား။ ကြားဖူး သမျှ ကိုး အနွယ်ဝင် တွေခေါင်းထဲ မှာ တန်းစီ ပေါ်လာပြန်၏။

ကိုးန၀င်း၊ နောဧကနော၊ န၀မ တံခါး၊ ကိုးသင်္ချိုင်းမှ စိန်ခေါ်သံ။ နေမင်း သို့ ခြေလှမ်း ကိုးဆယ်။ ကိုးပါးသီလ၊ ဂြိုလ်ကြီး ကိုးလုံး၊ ဂရိ နတ်ဘုရား ကိုးပါး၊ အင်ဒီကိုး (မှားလို့ အဲဒါ ဘောလုံး သမား)၊ ဘာအဓိပ္ပါယ် ကိုဖော်ဆောင် သလဲ။ ကိုးသည် မဂဏန်း တစ်ခု၊ ခွကျ သည့် ဂဏန်း တစ်ခု။ ရှေးဦး နှစ်ထပ်ကိန်း တစ်ခု၊ ကိုးနှင့် ဘာဂဏန်း ကိုမြှောက်မြှောက် စုပေါင်း ရလာဒ် က ကိုးပြန် ရတတ် သည့် ဂဏန်း။ ဒါနဲ့ပဲ ကောင်းရ ရောလား။ မကောင်းတဲ့ ၉ တွေမရှိ တော့ဘူးတဲ့လား။

အီတလီ ရှင်အဂ္ဂ သမာဓိ လို့ ပြောရမည့် စာဆိုကြီး ဒန်တေ သည် ကောင်းကင်ဘုံ ၉ ပါး ကို သွားရေ တမျှားမျှား ကျလောက်အောင် ဖွဲ့ဆိုပြီး ငရဲကြီး ၉ ထပ်ကိုလည်း ကြက်သီး မွှေးညှင်း တဖြန်းဖြန်း ထအောင် မမေ့ မလျှော့ ဖွဲ့ဆိုခဲ့ သေးသည်။ ရှိတ်စပီးယား ၏ ဟင်းမလက် ပြဇာတ်မှာ စုန်းအိုမကြီး သုံးယောက် က “သင့် အတွက် သုံးကြိမ်၊ ငါ့ အတွက် သုံးကြိမ်၊ နောက်သုံးကြိမ် ပေါင်း အလောင်း ကိုးလောင်း” ဟု သေးဖျန်းဖျန်းပါလောက်သည့် ကြောက်ဖွယ် မန္တာန် တို့ကို ၉ အရင်းတည်၍ ရွတ်ဆိုခဲ့သည် မဟုတ်လော။ ၁၉၉၊ ၉၁၁ အရေးပေါ် ခေါ်ရသည့် တယ်လီဖုန်း နံပါတ်များသည်လည်း ကိုး ကို ဗဟို ပြုထားသေးသည်ပင်။ တရုတ်ပြည် နောက်ဆုံး ဧကရာဇ် ဘိသိက် ခံသော အခါ အဆင့် အတန်း ၉ ဆင့် ရှိသော မှူးမတ် တို့က ၉ ကြိမ်စီ ဦးခိုက် ပူဇော်ခြင်း ကိုခံယူ တော်မူပြီး လှေကားထစ် ကိုးဆင့် စီပါသော ပြဿဒ် ကိုးဆင့် မှ ဆင်း တော်မူလာ၏ လို့ ရေးထားတာ လည်းတွေ့ဖူးသည်။ ပြီးတော့လည်း ထီးနန်း စွန့်ရတာပဲ မဟုတ်လား။ စာဆိုကြီး အီမာဆန် က သူ့ရဲ့  နာမည်ကျော် သဘာဝ ဖွဲ့ မော်ကွန်း လင်္ကာကြီး ထဲမှာ- “ကမ္ဘာကြီး သည် အလှကြွယ်၊ ကိုးဆ ဆန်းကြယ်၊ အံ့သြဖွယ်” လို့ ထည့်ရေး ထားခဲ့သေးသည်။

လူတို့၏ အစွဲ အလန်း များသည် အံ့သြဖွယ်။ သေချာတာ ကတော့ ၉ သည် ၉ ရက် သာခံမည့် အံ့သြ စရာ တစ်ခုတော့ မဟုတ်ပဲ လူ အတော် များများ အတွက် မင်္ဂလာ ဂဏန်း အဖြစ် အသုံးတော်ခံနေပေဦးမည်။ တစ်ခါ တစ်လေ တော့ အမင်္ဂ လာ ဖြစ်ချင် ဖြစ်နေ မှာပေါ့။

ဘာဖြစ်ဖြစ် သူ့ အဖို့ ထိုကိုးန၀င်း သည် မိုးမလင်း နိုင်ပါ။ ဗိုက်ထဲ မှာ ဆာလောင် သောဝေဒနာ ကို ကိုးန၀င်း ဖြင့် သတ် ၍ ရနိုင်အံ့လော။ စားရေး သောက်ရေး ကိစ္စ က တစ်စခန်း ထလာပြီ ဖြစ်၏။ လေယာဉ် ပေါ်တွင် ဆင့်ပါးစပ် နှမ်းပက် သလောက် စားခဲ့ရသည့် နေ့လည်စာ က ဘယ်နားရောက်သွား မှန်းမသိ။ သောက်စရာ ရေလည်း မရှိ။ အ၀တ်လဲ၍ အောက်ထပ် ဆင်းလာခဲ့သည်။ ကောင်တာ မှာ ဒေါ်ဝမ်း ကိုပြုံးပြုံးကြီး တွေ့ရ ပြန်၏။ မေးကြည့်တော့ ဤ အဆောက် အဦး အတွင်းမှာ စားသောက်ဆိုင်၊ စတိုးဆိုင်၊ ဆံသဆိုင် အကုန်ရှိကြောင်း၊ ရှေ့ ပေါက် မှထွက်ထွက်၊ နောက်ပေါက် မှ ထွက်ထွက် ရကြောင်း၊ ဖုန်းဆက်၍ အခန်းပေါက်ဝ အရောက် စားစရာ ပို့ပေး စေလိုလျှင် လည်းရကြောင်း၊ အခန်းတွင်း ဖုန်း ဘေးတွင် နံပါတ် များအားလုံး ရှိကြောင်းပြော၏။ စောစောက ပြောခဲ့ပါလား။ ဘာမဟုတ် တဲ့ ကိုး အကြောင်း ကျတော့ လျှောက်ပြောပြီး တကယ် အုပ်ရမည့် အဟုတ် ကိစ္စ တွေကြတော့ မပြောခဲ့သည့် ထို ဒေါ်ဝမ်း။ ခုတော့ အောက်ရောက်လက်စနှင့် စားသောက်ဆိုင် သို့သွား၍ လွယ်လွယ် မြန်မြန် ရသည် ထမင်းကြော် မှာ၏။ ရလျှင် ဒရော သောပါး စားမျို၍ စတိုး ဆိုင်မှ အခန်း အတွက် သော့တစ်လုံး၊ (၁၀) လီတာ ၀င် ရေသန့် ဘူးကြီး တစ်ဘူး ၀ယ်၍ အခန်းသို့ ပြန်တက်လာခဲ့သည်။ ဒွါရာ ၀တီ ၏ ပထမ နေ့ကို စားပြီး အိပ်နေ ခြင်းဖြင့် ကုန်ဆုံး စေအံ့။

သင့်လူ

Advertisement

2 Comments (+add yours?)

  1. ကိုကိုဟန်
    Sep 22, 2008 @ 15:37:39

    ဆရာ..ကျွန်တော်စောင့်ဖတ်နေပါတယ်…ခရီးသွားဆောင်းပါးခေါ်ခေါ်..အတွေ့အကြုံပဲခေါ်ခေါ်..ဖတ်လိုကောင်းတာတော့အမှန်ပဲဗျ

    Reply

  2. mathetzin
    Oct 09, 2008 @ 03:43:09

    လာလည်ပါတယ်ရှင်—-အချိန်ယူပြီး စာတွေကိုဖတ်ပါတယ်—အလုပ်များနေလို့ အခုမှ အကြွေးတွေ လာဖတ်တယ်—ရေးထားတာတွေ တန်ဘိုးရှိလိုက်တာ—ဆက်ရေးပါရှင်—

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  
Follow

Get every new post delivered to your Inbox.