500 days in Dvaravati (15)
22 Nov 2008 1 Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ဒွါရာဝတီမှာရက်ငါးရာ (၁၅)
ချူလာ နှင့် အန်နာ၊ မင်းတုန်းနှင့် ဆရာမှတ်
စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး သူ အပြင်မထွက်ဖြစ်။ ကိုးန၀င်း အခန်းထဲမှာ အောင်းနေ၏။ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး စားချင်တာ မှာစားသည်။ တီဗွီ ကြည့်သည်။ စာအုပ်ဖတ်သည်။ တစ်သက်လုံး တောင့်တ ခဲ့သော တစ်ယောက်တည်း နေချင် သလိုနေရသည့် အခွင့် အရေးကို အပြည့်အ၀ ရယူနေသည့်နှယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ပဲ ပြောရမလား။ တီဗွီမှ The king and I ဇာတ်လမ်းလာနေသည်။ ထိုင်းရဲ့ ဂန္တ၀င်မြောက် အလှည့်အပြောင်းတို့ ကို မှတ်တမ်းတင်ရင်း အနောက်လွှမ်းမိုးမှု ကို သိမ်မွေ့စွာ မီးမောင်းထိုးပြသည့် ချူလာ လောင်ကွန် ဘုရင် နှင့် အင်္ဂလိပ်စာ ဆရာမ မစ္စစ် အန်နာလီယို နိုဝင် တို့၏ လောကီထုပ္ပါတ် လူတို့ဇာတ် ကို စိတ်ရောကိုယ်ပါ နှစ်၍ ကြည့် နေမိသည်။ သြော်- ချူလာ နှင့် အန်နာ။ More
Examination (1)
14 Nov 2008 1 Comment
in အက်ဆေး
စာ မေး ပွဲ (၁)
(၁)
နာမည် ကိုက ကြောက်စရာ။ စာတွေ ကိုအပြတ် မေးမည့်ပွဲ။ “ရရင်ရ၊ မရ ရင်ကျ” မည်က သေချာ လှ၏။
(၂)
ဘ၀ မှာ စာမေးပွဲ ပေါင်းများ စွာ ကိုကြုံတွေ့ ခဲ့ဖူးပြီ။ ပီတိ ကလေး ပုစိကွေး ဘ၀ မှသည် ခေါင်း ကြာဇံ ပေါက်သည် အထိ စာမေးပွဲ အသင်္ချေ နှင့် စစ်ခင်း ခဲ့ ရပြီးပြီ။ တစ်ခါ တစ်လေ ပြုံး၊ တစ်ခါ တစ်လေ မဲ့၊ တစ်ခါ တစ်လေ တော့ နေသေး သပ၊ ခြုံထဲ ကချိုသွေး တမြမြ။ ချောက်အိပ်မက် တွေမက် လောက် အောင် ရင်မော ခဲ့ရသော စာမေးပွဲ တွေ ရှိခဲ့ သလို ဒူးနှံ့ ယပ်ခပ် ခဲ့ရသော စာမေးပွဲ များလည်း ရှိခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် စာမေးပွဲ ဟာ စာမေးပွဲ ပေါ့။ More
500 days in Dvaravati (14)
10 Nov 2008 Leave a Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ဒွါရာဝတီမှာရက်ငါးရာ (၁၄)
တိုက်ကား
Thailand International Corporation Agency အတိုကောက် TICA ကို သူက ဗြိတိသျှ အသံထွက်ဖြင့် တီကာဟု ဖတ်မိသော်လည်း ဆရာသမား ဦးခေါင်းဖြူနှင့် အဖွဲ့က အမေရိကန် အင်္ဂလိပ်သံဖြင့် တိုက်ကားတဲ့။ သူ့ကို ထောက်ပံ့မည့် ငွေကြေး စာရင်းများကို စိတ်ရှည်လက်ရှည်ရှင်းပြနေကြရှာသည်။ ကျောင်းစရိတ် ဘတ် ခြောက်သိန်းခွဲ (ဒေါ်လာ နှစ်သောင်းကျော်)၊ ချူလာလောင်ကွန် တက္ကသိုလ်ဘဏ်စာရင်းသို့ တိုက်ရိုက် လွှဲမည်ဖြစ်သဖြင့် သူနှင့်ဘာမှ မဆိုင်။ နေ စရိတ် တစ်လ ဘတ် ခုနှစ်ထောင်၊ ဒါလည်း ရန်နန်အိမ်ယာကို တိုက်ရိုက်ပေးအပ်မည်ဖြစ်သဖြင့် မျက်မွှေးထော်၍ပင် မော်ကြည့်ခွင့် မရှိ။ သူနှင့်ဆိုင်သည်က တစ်လ အသုံးစရိတ် အဖြစ်ပေးမည့် ဘတ် ခုနှစ်ထောင်မျှသာ။ ရောက်ခါစမှာ အခြေကျ စေဖို့ ဘတ် ခုနှစ်ထောင် နှင့် ဗီဇာကြေး ဘတ် နှစ်ထောင်၊ ပေါင်း ဘတ် တစ်သောင်းခြောက်ထောင်ကို အစိုးရ ငွေစုဘဏ် (Government Saving Bank) တွင်သွင်းပေးထားပြီး သူနှင့် မကင်းကောင်က ဘဏ်သို့သွား၍ ငွေစုစာအုပ်နှင့် ငွေထုတ်ကဒ် ATM လုပ်ကြရမည်။ ကောင်းလှပါပြီ။

Recent Comments