ကြောင်ကို ချူဆွဲကြသူများ (၁)
11 Dec 2008 3 Comments
in အက်ဆေး
တောကြီး မျက်မည်း အတ္တ ဈေးကွက်
အိုဘယ့် ဈေးကွက်
ခုခေတ်က ဘယ်သူ ဘာပြောပြော ဈေးကွက် စီးပွားရေး ခေတ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း ဘယ်လို နိုင်ငံရေး စံနစ်ကို ကျင့်သုံး နေပါစေ၊ စီးပွားရေး မှာတော့ မားကတ် အီကော်နော်မီ က တစ်ရွေးသား မှ မလျှော့ကြ။ ဟိုမှာဖက် ဆီက ဂန္ဓာလရာဇ် နဂါးကြီး ကလည်း မားကတ်။ ဒီမှာဖက် ဆီက မစ္ဆျိမ ဆွေတော် မျိုးတော် တွေကလည်း မားကတ်၊ မာ့စ်ဝါဒ နဲ့ မျက်နှာ သစ်ပြီး မျှော်ပေမဲ့ ပေါ်မလာ၊ အတော်ကြာ ဇာတ်ခင်း သွားတဲ့ အရှေ့က ထွက်မဲ့ နေမင်းကို မျက်ကွယ် ပြုလိုက်ပြီး ကပူတင် ကြိုးဆွဲ ရာနောက် လှုပ်တုတ် လှုပ်တုတ် လိုက်က နေရရှာတဲ့ ရုရှ ၀က်ဝံကြီး ကလည်း ဈေးကွက်က တပြားသားမှ မလျှော့။ ဘာပဲဖြစ်ဖြစ် တကမ္ဘာလုံး မားကတ် ဒီရေ တက်နေ ကြတဲ့ ခေတ်ကိုး။ အနှီ ဈေးကွက် ခေတ်ကြီးမှာ ခက်နေ တာက ကျွန်တော်တို့ ကိုရွှေ မြန်မာတွေ။ ဈေးကွက် ဆိုရင် အိမ်ရှေ့ က အခွန်လွတ် ဈေး ကွက်ကွက် ကလေး ကို တစ်သက်လုံး မြင်လာ သူတွေ ဆိုတော့ သူများယောင်လို့ ဂယောင်ဂယင် နဲ့ ဈေးကွက် မြင်းကြီး တက်စီး လိုက်ရ ပေမဲ့ ကိုယ်စီးတဲ့ မြင်း အထီးလား၊ အမ လား၊ အခြောက်လား၊ ခုထိ ဝေဝေ ဝါးဝါး ဖြစ်နေတုန်း။
Examination (3)
10 Dec 2008 Leave a Comment
in အက်ဆေး
စာ မေး ပွဲ (၃)
(၁)
Examinations are necessary evils. သိုးဆောင်း ပညာရေး ပါရဂူ ကြီးများက စာမေးပွဲကို ထိုသို့ ချီးမွမ်း ခြေကျောက် ပြောခဲ့ ရေးခဲ့ကြသည်။
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေည များတွင် စာမေးပွဲညများ မပါဝင်ဖို့ ကျိန်းသေသလောက်ရှိသည်။ ချောက်ချား ဖွယ်ကောင်းသော၊ စိုးထိတ်ကြောက်လန့်ဖွယ် ဖြစ်သော၊ မူးဝေ ဖျော့တော့အားနည်းသော၊ စိတ်နှင့် ကိုယ်နှင့် မကပ်သော၊ အချိန်နှင့် အမျှ စိတ်ဆင်းရဲရသော ညများသည် အဘယ်မှာ လွမ်းမောဖွယ် ကောင်းလိမ့် မည်နည်း။ လွမ်းမောဖို့ နေနေသာသာ တွေးကြည့်တာနဲ့တင် အော်ဂလီဆန်စရာ ကောင်းတော့သည်။ More
Examination (2)
02 Dec 2008 2 Comments
in အက်ဆေး
စာ မေး ပွဲ (၂)
(၁)
စာမေးပွဲ အမျိုးမျိုး ရှိ၏။ ထို အမျိုးမျိုးသော စာမေးပွဲ တို့ကို မရိုးရအောင် အစွမ်းကုန် ကျင်းပသည် ကတော့ ဆေးတက္ကသိုလ် များပင်။ လူတကာ သိသည့် ရေးဖြေ စာမေးပွဲ မှာပင် အမေး နွားကျောင်းသား။ အဖြေ ဘုရားလောင်းပုံစံ နည်းနည်း မေးပြီး များများ ဖြေရသည့် essay type ပုံစံ၊ သိသမျှ တိုတို ရှင်းရှင်း ချရေးရ သည့် multiple short question (MSQ) ပုံစံ၊ တစ်ခုမေး တစ်ခုဖြေ၊ မှန်ရင်နေ၊ မှားရင် သေရမည့် multiple choice question (MCQ) ပုံစံ၊ ဘွဲ့လွန် အဆင့် ကိုးကား သိုင်းဝိုင်း ချဲ့ ထွင် ဆွေးနွေး ဖြေဆို ရသည့် open book ပုံစံ တို့ကို သူ့ အဆင့် နှင့်သူ စုံတကာ စေ့အောင် မေး၏။ More

Recent Comments