Beautiful Theme
19 Aug 2008 Leave a Comment
in အထွေထွေ
ပထမ Justin Tadlock ၏ option theme ထို့နောက် Blog Oh! Blog မှ dailypress theme ယခုတဖန် Justin Tadlock ၏ Visionary Theme. ဘယ်လိုဘဲ ပြောပြော Justin Tadlock ၏ theme များက အမြဲ ပိုလှနေသည် ဟု ထင်မိတယ်။ Feedburner ကို သုံးမရခြင်း အတွက် ခေါင်းကိုက် ခဲ့ရတာ ကလည်း ဒီ theme ပြောင်းပြီးမှ စမ်းကြည့် တော့ ပြန်ရ သွားပြန်ပြီ။ မနေ့က comment တစ်ခုကို moderate လုပ်ရန် email ရသည့် အတွက် ဘယ်သူလဲဟဲ့ ဆိုပြီး ကြည့်မိတော့ Spirulina တဲ့။ IP address: 87.105.99.77 နဲ့ email address: asdkey23@gmail.com တဲ့၊ ဘယ်နိုင်ငံ ကလဲ ဆိုတော့ Poland တဲ့။ ဘာတွေ ရေးထားသလဲ ဆိုပြန်တော့ ဘာအဓိပ္ပါယ်မှန်း မသိတဲ့ အင်္ဂလိပ်စာ မဟုတ် ဗမာစာ မဟုတ် စာတွေ။ ဒါနဲ့ပဲ Akismet နဲ့ စစ်လိုက်တော့ ငနဲက spammer ကိုး။ google မှာ ရှာကြည့်တော့ http://www.stopforumspam.com/ ဆိုတာကို သွားတွေ့တယ်။ ဘာပဲ ပြောပြော akismet က စိတ်ချ ရပါတယ်။
That's Our Bamar (21)
18 Aug 2008 2 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ထိလိုင်မင် (၁၀၈၄-၁၁၁၃ အေဒီ)
အနိ ရုဒ္ဓ လွန်ပြီးတဲ့ အခါ ဂြီဝဇြာ ဘရဏ တြိဘုပတိ ခေါ် ကျက်သရေ ရှိသော မိုးကြိုး အရှင် သုံးလူ့ သခင် ဘွဲ့ခံသူ မင်းဖြစ် လာတယ်။ အနော် ရထာ ရဲ့ သား၊ စောလူးမင်း လို့ လူသိများတဲ့၊ ဒီမင်း ဟာ ကျက်သရေ ရှိမရှိ မသေချာ ပေမဲ့ လူ့လောက က စောစော စီးစီးထွက်သွား ရတာတော့ သေချာတယ်။ ငရမာန်ကန်း ဦးဆောင်တဲ့ မွန်သူပုန် ထလို့ ပြည်ရွာ ချောက်ချားပြီး မင်းပါ အသက် ဆုံးရှုံး ရတယ် ဆိုတာ ဟုတ်ဟန် တူတယ်။ ဒါကလွဲ လို့ သူ့အကြောင်း ဘာမှ မသိလို့ ဆက်ပြောဖို့ မဖြစ်နိုင်ပါ။
That's Our Bamar (20)
14 Aug 2008 5 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
အနိရုဒ္ဓ (၁၀၄၄-၁၀၇၇ အေဒီ)
ပုဂံ ကို ခရစ် သက္ကရာဇ် ၈၄၅ ကနေ ၈၅၀ အတွင်း မှာတည်တယ်။ ဒီ အယူအဆ ကိုပြင်ဆင် ရလောက်တဲ့ အထောက် အထား တစ်စုံ တစ်ရာ မတွေ့ ရသေးပါ။ မြန်မာ တို့ရဲ့  မူလဒေသ ခရိုန် နဲ့ တိုးချဲ့ ဒေသ တိုက် များအတွက် ဗဟိုချက်မ ဒေသ ဖြစ်လို့ အုပ်ချုပ်ရေး ဌာနချုပ် အဖြစ် ပြုလုပ် ခဲ့ပုံ ပါပဲ။ ခရစ်နှစ် (၁၁) ရာစု မှာတော့ အင်အား ကောင်းလာတဲ့ မြန်မာ တို့ဟာ ခရိုန် နဲ့ တိုက် မှကျော်ပြီး အခြားဒေသ များကို သိမ်းသွင်း (တိုက်ခိုက်) ပြီး ပုဂံ အုပ်ချုပ်ရေး ကိုဗဟို ပြုကာ နိုင်ငံ ဖြစ်အောင် အောင်မြင်စွာ ကြံဆောင် ခဲ့နိုင်တယ်။ ပထမ ဦးဆုံး ထင်ရှားတဲ့ မင်းက အနိ ရုဒ္ဓ ပေါ့။ အနော် ရထာ မင်းတရားကြီး လို့ ထင်ရှား တဲ့မင်းပါ။ ပုဂံ မှာအုပ်ချုပ် နေတဲ့ မင်း ဘ၀ ကနေ ပထမ မြန်မာ နိုင်ငံ ရဲ့  မင်းကြီး အဖြစ် လျှမ်းလျှမ်းတောက် ခဲ့သူပေါ့။ သူ့ အကြောင်း ဘာကျောက်စာ မှ မကျန်ရစ် ခဲ့ပါ။ ဒါကြောင့်လည်း ရှိရင်းစွဲ ထက်ပိုတဲ့ ပါးစပ် ရာဇ၀င် တွေ အများကြီး ကျန်ရစ်ခဲ့တယ်။
That's Our Bamar (19)
14 Aug 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ကျောက်စာ ထဲက ပုဂံ (၁)
သိတော် မူကြ တဲ့ အတိုင်း ပုဂံ ခေတ် ဆိုတာ တုတ်ထမ်း ပြော ရလောက်အောင် တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်းခဲ့ ကြတာ နှစ်ပရိစ္စေတ ကြာခဲ့ ပါပြီ။ ဒါကြောင့် ကုလား လိုခန့်ညားအောင် အရိမဒ္ဒ နပုရ၊ မြန်မာ လို ရန်မျိုး နှိမ် မြို့ တော်၊ မွန်လို ပေါကာမ်၊ ပုကာမ်၊ ဗုကာမ်၊ ထွန့်ထွန့်လူး အောင်ပူတဲ့ အရပ် လို့ဆိုတဲ့ တတ္တဒေသ၊ သျှင်ဒီသာ ပြာမုက် ရဲ့ အလို အရ ကြေးနိုင်ငံ လို့ ဆိုတဲ့ တမ္ဗ ဒီပ၊ နာမည် တွေတလှေ ကြီးနဲ့ ပုဂံ အကြောင်း တိတိ ကျကျ သိဖို့ ကတော့ ကျောက်စာ ကို အားကိုး ဖို့မှ တပါး အခြား မရှိ။
Life Cycle (7)
12 Aug 2008 3 Comments
in ကျန်းမာရေး, အက်ဆေး
ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇)
ဆေးဖိုးဝါးခ နှင့် လူနာ
ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ ရင်ရောဂါ ပျောက်ဖို့ မစဉ်း စားနဲ့ လို့ တရား လက်လွတ် ပြောရာ ရောက်နေ ပါပြီကော။
That's Our Bamar (18)
12 Aug 2008 2 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
စတုထ္တပိုင်း
ခေတ်ပညာတတ် မြန်မာ များ၏ မြန်မာ သမိုင်းကျမ်းများ
၁၉၂၀ ပြည့်နှစ် လောက်က စလို့ မျိုးချစ် စိတ်ဓါတ် ရှိတဲ့ ခေတ်ပညာတတ် မြန်မာ လူငယ် တွေပေါ်ထွန်း လာပါတယ်။ အမျိုးသားစိတ် နိုးကြားတဲ့ အခါ သမယ ကြီးဖြစ်လို့မို့ နိုင်ငံခြားသား အထူး သဖြင့် အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကျမ်း တွေမှာ ပါတဲ့ ကလိတိတိ၊ စော်ကား မော်ကား အရေး အသား တွေအပေါ် မခံ မရပ် နိုင်အောင် စိတ်ဆိုး ဒေါသ ထွက်ကြတယ်။ More
That's Our Bamar (17)
06 Aug 2008 6 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
တတိယပိုင်း
နိုင်ငံခြားသား များ၏ မြန်မာ သမိုင်းကျမ်းများ
မြန်မာ ရာဇ၀င် ကို အများဆုံး ရေးတဲ့ နိုင်ငံခြားသား တွေထဲ မှာ အများဆုံး က အင်္ဂလိပ်နဲ့ ကုလား (အိန္ဒိယ) ပဲ။ အင်္ဂလိပ် ရေးတဲ့ မြန်မာ ရာဇ၀င် ကို ယေဘုယျ သဘောကြည့် မယ်ဆိုရင် အချက်နှစ်ချက် တွေ့ရတယ်။ More
Life Cycle (6)
05 Aug 2008 1 Comment
in ကျန်းမာရေး, အက်ဆေး
ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၆)
ကျန်းမာရေး အသုံး စရိတ် နှင့် ဆေးဖိုးဝါးခ
ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ပုဂ္ဂလိက ကုသ ရေး ဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ၀ါးမျို ပစ်လိုက် တယ်။ ဘာသာရေး အသင်း အဖွဲ့ အချို့ ရဲ့  ခနော် ခနဲ့ မဖြစ် စလောက် အခမဲ့ ဆေးရုံ ကလေး များနဲ့ အစိုးရ ရဲ့  Medicare & Medicaid program ခေါ် သက်ကြား အိုနဲ့ ဒုက္ခိတ ကျန်းမာရေး စောင့်ရှောက်မှု မဖြစ်စလောက် ကလွဲ လို့ ပေါ့။ ကျွန်တော် တို့ ရွှေပြည်ကြီး မှာလည်း ယခင် စာဘူးတောင်း သာသာ ပုဂ္ဂလိက ဆေးခန်း လေးများ ရန်ကုန် ရွှေဘုံ သာလမ်း လောက်မှာ ပဲ ကျိုးတို့ ကျဲတဲ ရှိခဲ့ ရာက ဈေးကွက် လှိုင်းလုံး ကြီးတွေ ရိုက်ခတ်တဲ့ ၁၉၉၀ ပြည်လွန် နှစ်များ ကစလို့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များဟာ ကလလ ရည်ကြည် သန္ဓေ တည်လာ လိုက်တာ အချိန် တိုတို အတွင်း အခြေ ခိုင် အသားကျ လာကြတယ်။ ဘယ်စီးပွား ရေးလုပ်ငန်း မှ မယှဉ် နိုင်လောက် အောင် ဖွံ့ဖြိုး လာတယ်။ ခန္ဓာ ရှိသရွေ့  ဝေဒနာ ရှိမှာ မို့ ဖောက်သည် မရှိမှာ ဘယ်တော့ မှပူ စရာ မလိုတဲ့ လုပ်ငန်းကိုး။ More
That's Our Bamar (16)
02 Aug 2008 4 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
ဒုတိယပိုင်း
ရှေးရာဇ၀င် ဆရာ များ၏ မြန်မာ သမိုင်းကျမ်းများ
ဒါဆိုရင် ရှေးခေတ် ကမြန်မာ့ သမိုင်းကျမ်း၊ ရာဇ၀င် ကျမ်း မှန်သမျှ ဘာတန်ဖိုး မှမရှိပဲ မြှောက်ရေး၊ ခြောက်ရေး၊ ဖါးရေး၊ ထင်ရာ စိုင်းရေး ခဲ့ကြ တာပါ ဆိုရင်တော့ ၀ါးလုံးရှည် နဲ့ ရမ်းရာ ရောက်ပါလိမ့်မယ်။ သမိုင်းတန်ဖိုး နည်းတယ် လို့ ပြောချင် ပြောနိုင် ပေမဲ့ လူမှု တန်ဖိုးတော့ ကြီးလှ ပါတယ်။ နားထောင်တာ၊ မထောင်တာ အပ ထားလို့ ရာဇ၀င် ကျမ်း တိုင်း လိုလို မှာ မင်းကို ဆုံးမ တတ်တဲ့ အချက် ကတော့ အင်မတန် နှစ်သက် စရာ ကောင်းတယ်။ More
Life Cycle (5)
02 Aug 2008 3 Comments
in ကျန်းမာရေး, အက်ဆေး
ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၅)
ကျန်းမာရေး စံနစ် နှင့် ကျန်းမာရေး အသုံး စရိတ်
WHO ရဲ့  Health System Performance Index အရ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကနေ အဆိုးဆုံး တိုင်းပြည် ထိ အဖွဲ့ဝင် နိုင်ငံတွေ ကိုအမှတ်စဉ် ချလိုက်တဲ့ အခါ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်၊ သမားတော် ကြီးများ စုစည်းရာ လို့လက်မ ထောင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဟာ နံပါတ်ဝမ်း တစ်၊ ဂဏန်း တစ်ပဲ လို့ ထင်တစ်လုံး နဲ့နေ ကြရာ က တကယ်တမ်း မှာတော့ အဆင့် (၃၉) မှာသာ ရပ်တည် ရရှာ တယ်။ More


Recent Comments