That's Our Bamar (9)
06 Jul 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ပါးစပ်ရာဇ၀င်
ပါးစပ် ရာဇ၀င် ခေါ်တဲ့ နှုတ်ပြော သမိုင်းကြောင်း တစ်ခုကို လေ့လာ ကြတဲ့ အခါမှာ-
- နောက်ကြောင်းပြန်ခြင်း (Narrative)
- ပုဂ္ဂိုလ်ထူးတစ်ဦးဦး၏အတ္တုပတ္တိ ကိုပြောပြခြင်း (Legend)
- စိတ်ဝင် စားဖွယ် အဖြစ် အပျက် ကိုတင်ပြခြင်း (Anecdote)
- စကားပုံ နှိုင်းခြင်း (Proverb) နဲ့
- သမိုင်းလင်္ကာရွတ်ခြင်း (Historical Lay) ဆိုပြီး ကွဲပြား ခြားနားပါတယ်။
That's Our Bamar (8)
01 Jul 2008 Leave a Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
အင်ကြင်း ကြာအုံ ရတနာပုံဏ် ၏ အရေးကြီး ရက်စွဲများ သမိုင်း
- ၁၈၅၃ စက်တင်ဘာ ၁၁- အမ ရပူရ မင်းနေပြည် ကနေ ဘယ်မှ မပြောင်း သင့်ကြောင်း ရဟန်း ပညာရှိ လူ ပညာရှိ တို့  မစိုးရိမ် တိုက်မှာ စည်းဝေး ဆုံးဖြတ်၍ မေတ္တာစာ ရေးပြီး မင်းတုန်းမင်း ထံဆက်။
- ၁၈၅၆ အောက်တိုဘာ ၃၀-ရဟန်း ရှင်လူ ပြည်သူ အများ တောင်းပန် နေတဲ့ ကြားက မြို့ သစ် တည်မဲ့နေရာ သွားကြည့်
- ၁၈၅၆ အောက်တိုဘာ ၃၁- မြို့ သစ် နေရာ အသေးစိတ် ပုံစံ ရေးဆွဲ စေ
- ၁၈၅၇ ဇန်န၀ါရီ ၁၃- မန္တလေး မြို့ တည်စေ အမိန့်တော်
That's Our Bamar (7)
01 Jul 2008 3 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ဒို့ဗမာ ရွှေနှုတ်တော်ထွက်နိုင်ငံခြားသားအမည်များ
- Father Paulo Abbona- ဒေါင်ပေါက်လူ ဘုရင်ဂျီဘုန်းကြီး၊ မင်းတုန်းမင်းလက်ထက်ခရစ်ယာန်သာသနာပြု
- Father Domingo Tarolly- ဒေါင်ဒမိန်ကူ ဘုရင်ဂျီဘုန်းကြီး
- John Laird Mair Lawrence- ဇံလယ်မင်းလာရင်း အိန္ဒိယဘုရင်ခံချုပ်
That's Our Bamar (6)
29 Jun 2008 2 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
အုတ်ကျစ်ကျော်အေးမန္တလေးနှင့်သိမှတ်စရာအချက်များ
- ၁၈၅၃ စက်တင်ဘာလ (၁၁) ရက်နေ့ – အမရပူရ မင်းနေပြည်တော်မှ မပြောင်းသင့်ကြောင်း ရဟန်းပညာရှိ၊ လူပညာရှိ အပေါင်းက မစိုးရိမ်တိုက်မှာ စည်းဝေး ဆုံးဖြတ်ပြီး မင်းတုန်းမင်းထံ မေတ္တာစာ ရေးသွင်းပါတယ်။
- ၁၈၅၆ အောက်တိုဘာ (၃၀) ရက်နေ့ - မြို့သစ် တည်မဲ့နေရာကို မင်းကိုယ်တိုင် သွားရောက် ကြည့်ရှုပါတယ်။
- ၁၈၅၆ အောက်တိုဘာ (၃၁) ရက်နေ့ - မြို့ သစ်နေရာရဲ့ အသေးစိတ် town plan ကို ရေးသား တင်သွင်း စေပါတယ်။
- ၁၈၅၇ ဇန်န၀ါရီ (၁၃) ရက်နေ့ - မန္တလေးမြို့တော်သစ် တည်စေ- အမိန့်တော်ကို ချမှတ်ပါတယ်။
- ၁၈၅၇ ဖေဖော်ဝါရီ (၁) ရက်နေ့ မှ ၁၈၅၉ ဇူလိုင်လ (၁၆) ရက်နေ့ ထိ- မြို့ တော်သစ်တည်ဆောက်ရန်ပြင်ဆင်မှုများ ဆောင်ရွက်ပါတယ်။
- ၁၈၅၉ ဧပြီ (၂ဂ) ရက်နေ့ - မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် တန်ခူးလပြည့်ကျော် (၁၀) ရက်နေ့ မှာ မန္တလေး ရတနာပုဏ် မြို့တော်သစ်ကို တည်ဆောက်ပြီးစီးလို့ အုတ်ကျစ်ကျော်အေး မန္တလေးလို့ မှတ်သားရ လွယ်အောင် ကင်ပွန်း တပ်ခဲ့ပါတယ်။
That's Our Bamar (5)
27 Jun 2008 Leave a Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
တတိယအင်္ဂလိပ်-မြန်မာစစ်
နှစ်ကြိမ် ရှုံးခဲ့ရတဲ့ အင်္ဂလိပ်ကို တတိယအကြိမ် စစ်တိုက် ရဦးမယ် ဆိုတဲ့ အခါမှာ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ကို နှစ်ကြိမ် တိုင်တိုင် ကာလ ရှည်ကြာ ရောက်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်းက လုံးဝ စစ်မတိုက် လိုပါဘူး။ သီပေါနဲ့ အပေါင်းအပါ များကတော့ ဓါးတ၀င့်ဝင့်၊ လှံတပြင်ပြင် လုပ်နေ ကြပါပြီ။ စလေမြို့ စားလှေသင်း အတွင်းဝန်က မိုက်မဲ ဆိုးသွမ်းလှတဲ့ အတွက် လက်မောင်းမှာ နာမည်ရေးပြီး နောင်မဆိုးနဲ့ လို့ စုတ်ထိုး အပြစ်ပေး ထားတဲ့ လူဆိုး လူမိုက် (၇၀၀၀) ကျော်၊ အခြား အမတ်များ ကလည်း ဆွေသားမျိုးသား လို့ အမည် လှလှ ပေးထားတဲ့ သခင်ထားရာနေ၊ စေရာသွား၊ သေဆို သေရမဲ့ အသေခံ ဗမာကာမိ ကာဇေ (၃၀၀၀) ကျော်ကို စစ်ပွဲအတွက် ရည်ရွယ် စုဆောင်း ကြတယ်။ အင်္ဂလိပ်ကို အသေခံ ချမယ် ပေါ့လေ။ More
That's Our Bamar (4)
25 Jun 2008 2 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ကုန်းဘောင်ခေတ် နိုင်ငံခြား ပညာတော်သင်များ
ပထမနဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်နှစ်ကြိမ် ရှုံးနိမ့် ပြီးတဲ့နောက် အနောက် တိုင်းသားကို အနောက်တိုင်း ပညာနဲ့ တန်ပြန် တိုက်ခိုက်မှ ရမယ်လို့ မြန်မာတို့ သဘောပေါက် နားလည် လာကြပါတယ်။ တစ်ချိန်တည်း လိုလို ၁၈၅၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ရေတပ်က ဗိုလ် မက်သရူးစီပယ်ရီ ဂျပန်ကျွန်းကို ရောက်လာပြီး နိုင်ငံခြားသား တွေအတွက် တံခါး ဖွင့်ပေးရမယ် လို့ အနိုင်ကျင့် စော်ကားပြီး အတင်းအကျပ် အမိန့်ပေး စေခိုင်း ခံခဲ့ရတဲ့ ဂျပန်တွေ ဟာလည်း အနောက်တိုင်း ပညာ သင်ရမယ် ဆိုတာကို သဘောပေါက် လာကြတယ်။ More
That's Our Bamar (3)
24 Jun 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
ကုန်းဘောင်ခေတ်မှာ ထူးခြားတဲ့ အကြောင်း ခြင်းရာ တစ်ခုကတော့ မင်းဝတ် ဘုရားဆင်းတုများ တည်ထား ကိုးကွယ် လာခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရင်တွေ လှူဒါန်း ကိုးကွယ်တဲ့ ဘုရား ဆင်းတုတော် တွေဟာ မင်းမြှောက်တန်ဆာ ငါးပါး ဆင်ယင် ထားတဲ့ မင်းဝတ် ဘုရား ဆင်းတုတော်တွေ ဖြစ်နေ တတ်တယ်။ More
That's Our Bamar (2)
23 Jun 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
တရုတ်နိုင်ငံ တောင်ပိုင်းက နေနန်ကျောင်နဲ့ မွန်ဂို နှိပ်စက်လို့ ပြေးလာ ကြရင်း၊ ရေကြည်ရာ မြက်နုရာမှာ အခြေချကြ ရာက ဗမာ ဖြစ်လာတယ် ဆိုတဲ့ သမိုင်း ယူဆချက်ကို ကျွန်တော်တို့ မြန်မာတွေ အင်မတန် နားခါးတယ်။ ကိုယ့်အမျိုး ကိုယ့်အဆွေကို အောက်ခြေ လွတ်အောင် မဟားတရား မြှောက်ပင့် ပေးရာမှာ ထူးချွန်လှတဲ့ အတွက် သကျသာကီဝင် မင်းမျိုးတွေ တကောင်း ရောက်ရာက မြန်မာမျိုး စခဲ့တယ် ဆိုပြီး ဘုရားနဲ့ အတင်းအဓမ္မ ဆွေမျိုးစပ်ရတာမျိုးကို သိပ် သဘော ခွေ့တာပေါ့။ More
That's Our Bamar (1)
20 Jun 2008 5 Comments
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
“တကောင်း အဘိရာဇာ ဒို့ ဗမာ သာကီမျိုး ဟာမို့၊ မညှိုးဂုဏ်တေဇာ” ဆိုပြီးတော့ ရေးတဲ့ သူကလည်း ရေး၊ ဆိုတဲ့ သူတွေ ကလည်း အားပါးတရ ဆိုခဲ့ကြတယ်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွ စေတယ် ဆိုတာ ကောင်းတာပေါ့။ သို့သော် တကယ်တမ်း မှာတော့ အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘ၀င် လေဟပ်တဲ့ အယူအဆ မျိုးတွေပဲ ဖြစ်လာခဲ့တယ်။ တကယ်တော့ ရှေးဗမာ တွေဟာ ဆင်းရဲတယ်၊ ရိုးသားတယ်၊ ရှေး အစဉ်အလာ ပါရာဒိုင်း ဘောင်အတွင်းမှ ရုန်းထွက် ခြင်းငှာ မစွမ်းသာ လောက်အောင် နာခံ သေ၀ပ် တတ်တယ်။ တင်းတိမ် ရောင့်ရဲ ကြတယ်။ More
Social Burden of Infectious Diseases
15 Jun 2008 Leave a Comment
in အက်ဆေး
အမြင်နီးသော်လည်းခရီးဝေးရခြင်း
ဆရာမနိုင်
ကုန်လွန်ခဲ့ ပြီးသော ၂၀ ရာစုကို ဆေးပညာနှင့် ပါတ်သက်သော တိုးတက်မှု သမိုးမှတ်တိုင်များ တစ်ခုပြီး တစ်ခု စိုက်ထူ နိုင်ခဲ့သည့် ရာစုနှစ်ဟု ဆိုကြ၏။ ဆေးလောကမှ စွန့်ဦး တီထွင် ပုဂ္ဂိုလ်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုများကြောင့် ရှေးယခင်က လူသား တို့၏ သေမင်းများ ဖြစ်ကြသော၊ ကုရာနတ္ထိ ဆေးမရှိ ခဲ့သော ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးများ နိဂုံး ချုပ်ခဲ့ ရသည်။ ကပ်ရောဂါ တို့၏ မူလအစ၊ ကပ်ရောဂါဆိုးတို့ကို မျိုးစေ့ ချပေးသော ရောဂါ ပိုးများ၊ လူ့ ခန္ဓာကိုယ်တွင် ရောဂါ ပိုးမျိုးတို့၏ အလုပ်လုပ်ကြပုံများ၊ ရောဂါ၏ လက္ခဏာ ကြီးငယ်များ၊ ဆေးဝါးများ၊ ကုထုံး အသွယ်သွယ် တို့အား လေ့လာ ရင်းဖြင့် သိလာ ကြ၏။ ကပ်ရောဂါ၊ ကူးစက်ရောဂါနှင့် ပါတ်သက်သမျှ မသိတာ ဘာမှ မရှိတော့ လောက်အောင်ပင် အရာရာ သိသည့် ကိုဖိုးသိများ ဖြစ်လာ ကြသည်။ ဤမျှ သိသော၊ တတ်သော၊ နားလည်သော လူသားကို ကပ်ရောဂါ၊ ကူးစက်ရောဂါ တို့က နောက်ထပ် နှိပ်စက် နိုင်ဦးမည်လော…။ ဤသို့ သွေးနထင်ရောက်၍ ဘဝင် အမြင့်ကြီး မြင့်နေ ကြသော လူသားတို့အား မာယာများလှသော ရောဂါပိုးတို့က ခြုံကွယ်မှ သွား၍ စောင့်နေသည်ကို အကြင်လူသားသည် မမြင်နိုင်ရှာ ပါတကား။ ။

Recent Comments