အတ္တလန်တစ် ရှာပုံတော် (၁)
07 Jan 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မဟာထိပ်တိုက် ထိတွေ့မှုကြီး
၇၁၂၀ ဘီစီ
ဟတ်ဆန် ပင်လယ်အော်ဒေသ၊ ကနေဒါ
ကျူးကျော်သူ သည် ဆိုင်းမဆင့် ဗုံမပါပဲ နောက်ကွယ်မှ ဘွားကနဲပေါ်လာခဲ့၏။ လူသားတို့ နေထိုင်ရာ နေစကြာဝဠာ ၏အပြင်ဖက်ရှိ ဂြိုလ်များဆီမှ ရေခဲမှုန်များ၊ ကျောက်စ ကျောက်န များ၊ ဖုန်မှုန့်များနှင့် ဓါတ်ငွေ့များ စုပေါင်း၍ လွန်ခဲ့သော နှစ်သန်းပေါင်း လေးထောင့်ခြောက်ရာ ခန့်ကတည်းက သန္ဓေတည်လာခဲ့သော ကြီးမားလှသည့် ထိုထု ထည်ကြီးသည် စကြာဝဠာ ကိုယ်တိုင် လောက်ပင် သက်တမ်းရင့်လှပြီ။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲ နေသော အမှုန်အမွှားများသည် တဖြည်းဖြည်း စုခဲ၍ အချင်းတစ်မိုင် ပါတ်လည်ခန့် ရှိသော အမြုတေ အစိုင်အခဲ တစ်ခု စတင် ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ ထိုအရာကြီးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နေကို ဗဟိုပြုလျက် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် မဆုံးနိုင်သည့်ခရီးရှည်ကြီး နှင်နေလေတော့သည်။ More

Recent Comments