အတ္တလန်တစ် ရှာပုံတော် (၂)
11 Jan 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
တစ္ဆေ သင်္ဘောကြီး
စက်တင်ဘာ ၃၀၊ ၁၈၅၈
စတီဖင်ဆင် ပင်လယ်အော်၊ အန္တာတိက
လမ်းလျှောက် နေခြင်းကို ရပ်လိုက်လျှင် သူမ လဲကျ သေဆုံးသွား တော့မည်မှန်း ရိုဆန်နာ မန်ဒါ သိနေခဲ့ပါသည်။ စိတ်ဆောင် နေ၍သာ အခုလို သွားနေနိုင် သော်လည်း တကယ်တော့ သူမ အားကုန် နေပြီ။ အပူချိန် သည် သုံည အောက်၊ ရေခဲမှုန် များ ပါသည့် အေးစိမ့် နေသည့် လေအေးက အရေပြား ကို ဆွဲဖြဲ နေသလို၊ တစထက် တစ အသက် ဇီဝ ကို ချွေယူမည့် ငိုက်မြည်းခြင်း က တိုးသည်ထက် တိုး၍ လာသည်။ ဒီအချိန် အိပ်ပျော် သွားလျှင် မရဏ ကမ္ဘာ ရောက်မှ ပြန်နိုး တော့မည်မှန်း သူမ ကောင်းကောင်း သိသည်။ အချိန် မရွေး ကွဲအက် သွားနိုင်သော ရေခဲလွှာ ပေါ်တွင် ခြေ တစ်လှမ်းခြင်း ရွေ့ လျား နိုင်ရန် ဟန်ချက် ကိုလည်း အစွမ်းကုန် ထိန်းထား ရသည်။ အသက် ရှုရ သည်က ဟိမဝန္တာ တောင်တန်း များပေါ် အောက်စီဂျင် မပါပဲ တက်သည့် တောင်တက်သမား တစ်ဦးနှယ် ခက်ခဲ ပင်ပန်း လှဘိခြင်း။ More

Recent Comments