အတ္တလန်တစ် ရှာပုံတော် (၁၁)

မိန်းမ များသည် သောတ အာရုံနှင့် ပါတ်သက်လျှင် ယောက်ျား များထက် ပိုမို ထက်မြက် ကြသည်ဟု ပစ် ထင်မိ၏။ ပက်ထရစ်ရှာ ဒီလို ပြောလိုက်သော အခါ သူ့ တိုက်ခန်းသို့ ရိုးရိုးရော၊ ဆန်းဆန်းပါ လာရောက် လည်ပါတ်လေ့ ရှိသည့် အမျိုးသမီးတိုင်းက သူ့နားထဲမှာ အနေတော် ဖြစ်နေသည့် တီဗွီမှ အသံသည် သိပ် ကျယ်လွန်းသည် ဟု စောဒက တက်ကြ သည်ကို ပစ် အမှတ် ရမိ၏။ More

အတ္တလန်တစ် ရှာပုံတော် (၁၀)

at-found-1“ခင်ဗျား ရှေ့ က သွားပါ။ ဦးထုပ်က မီးအလင်းရောင်နဲ့ သွား၊ ကျွန်တော်တို့ နောက်က လိုက်မယ်။ ဘက်ထရီ ကုန်သွားရင် ကျွန်တော့် ဟေလိုဂျင် ရေငုတ် မီးကိုသုံးမယ်” ပစ်က မာကွီးကို ပြောလိုက်သည်။ မာကွီးက အားလုံးကို လှည့်ပြော လိုက်သည်။ More

အတ္တလန်တစ် ရှာပုံတော် (၉)

at-found-2လှိုဏ်ခေါင်းက မဲမှောင်ဘိခြင်း။ ဖွေးကနဲ ဖြာထွက် သွားသော မီးရောင် အောက်ဝယ် ရေက လှိုဏ်ခေါင်း အမိုးနားထိ တက်နေ သည်ကို တွေ့ကြ ရသည်။ လူစိမ်းက သူ့ကွန်ပြူတာ အသေးစားလေး၏ စကရင် ပေါ်ရှိ လှိုဏ်ခေါင်းများ တည်နေရာကို ပြသည့် အစိမ်းရောင် မျဉ်းကြောင်း များကို အသေအချာ ကြည့်ပြီး ခြေထောက် များကို လှိုဏ်ခေါင်း နံရံကို အားပြု တွန်းကန်ရင်း ရေအောက် မြုပ်နေသည့် လှိုဏ်ခေါင်းတစ်လျှောက် စတင် ကူးခတ် တော့သည်။ ပက်လည်း သူ့နောက်မှ ဖဝါးခြေထပ်၊ ထပ်ချပ်မကွာ။ More

အတ္တလန်တစ် ရှာပုံတော် (၈)

(၄)

at-found-3ကြောက်ရွံ့ ထိတ်လန့်ခြင်းကြောင့်လည်းကောင်း၊ ရေခဲတမျှ အေးစက်သော ရေ၏ အထိအတွေ့ကြောင့်လည်းကောင်း ထိုမျက်လှည့်ပြသည့်နှယ် ထူးဆန်းအံ့သြဖွယ် လူတစ်ယောက်ရေထဲမှ ဘွားကနဲပေါ်လာခြင်းကို ကိုယ်ရောစိတ်ပါ ထုံထိုင်းနေသော ပက်ထရစ်ရှာ တစ်ယောက် အံ့သြနိုင်စွမ်းပင်မရှိတော့လောက်အောင် ကြောင်ငေးနေမိ၏။ More

အတ္တလန်တစ် ရှာပုံတော် (၇)

(၃)

at-found-1တော်လဲသံကြီးသည် မြေအောက်လှိုဏ်ဂူ အတွင်း နားမခံသာအောင် ပဲ့တင်ထပ်လျှက်ရှိရာမှ တဖြည်းဖြည်း တိုး၍ တိုး၍နောက်ဆုံးတော့ လုံးဝဆိတ်ငြိမ်သွားတော့သည်။ ပိန်းပိတ်နေသော အမှောင်ထုနှင့် ခြောက်ချားဖွယ် ငြိမ်သက် တိတ်ဆိတ်မှု၊ ထိုအမှောင်ထုနှင့် တိတ်ဆိတ်မှု တို့ကို နှာခေါင်းနှင့် ပါးစပ်များထဲ ဖုံအလုံးအရင်းဝင်ရောက်မှုကြောင့် လည်ချောင်းယားလွန်လွန်းသဖြင့် အပြိုင်အဆိုင်ဆိုးလိုက်ကြသော လူသားသုံးဦး၏ ချောင်းဆိုးသံများက ဖြိုခွင်းပစ် လိုက်သည်။ ပထမဆုံးစကားစပြောနိုင်သူက အမ်ဗရိုစ်။ ချောင်းဆိုးရလွန်း၍ မောဟိုက်ပြီး အစ်တစ်တစ်ဖြစ်နေသော အသံကွဲကြီးဖြင့်- More

အတ္တလန်တစ် ရှာပုံတော် (၆)

at-found-1ကျောက်တူးသမား မာကွီး အမှတ်မထင် တွေ့ရှိ ခဲ့သော ကျောက်နံရံ တွင်းမှ အခန်းငယ်လေး။ အပေါ်သို့ တက်ရန် လှေကား အသင့် ထောင်ထား၏။ တောက်ပ စူးရှသည့် မီးလုံး များလည်း ထိန်နေအောင် ထွန်းထားသည်။ More

Calender

February 2009
M T W T F S S
« Jan   Mar »
 1
2345678
9101112131415
16171819202122
232425262728  
Follow

Get every new post delivered to your Inbox.