အတ္တလန်တစ် ရှာပုံတော် (၁၉)
25 Mar 2009 2 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
အမျိုးသားအဏ္ဏဝါဗေဒ အေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ၊ အက်ဖ်ဘီအိုင် ညွှန်ကြား ရေးမှူး ဖရန်စစ်ရပ်ဒေးလ် တို့နှင့် နာရီပေါင်း များစွာ တယ်လီဖုန်း အမေးအဖြေ လုပ်ပြီးနောက် နိဗ္ဗာန်ဘုံမိုင်းတွင်းမှ အဖြစ်အပျက်များအတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ပဏာမအဆင့်အဖြစ် အစိုးရ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် အတွက် ဒတ်ပစ်၊ အယ်လ်ဂျီယိုဒီနိုနှင့် ဒေါက်တာ ပက်ထရစ်ရှာ အိုကွန်းနယ်လ်တို့သည် ဝါရှင်တန်သို့ သွားရောက်ရန် အကြောင်းဖန်လာ၏။ More
အတ္တလန်တစ် ရှာပုံတော် (၁၈)
19 Mar 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဒုတိယပိုင်း
အတိတ်ခြေရာ ရှာသောခါဝယ်
မတ်လ ၂၇ ရက်၊ ၂ဝဝ၁ ခုနှစ်
အိုကူမာ ကမ်းခြေ၊ အန္တာတိက
(၉)
ဝင်ရိုးစွန်းမုန်တိုင်း ဟု အမည်ရသော တန်ရှစ်ထောင် ရေခဲခွဲ သင်္ဘောကြီး ၏ မှန်လုံ ပဲ့ခန်း ထဲတွင် ရပ်ရင်း ကပ္ပတိန် ဒင်နီယယ် ဂီလက်စပီး သည် မှန်ပြောင်း တစ်လက် ဖြင့် ရေခဲပြင် ၏ အခြေအနေ ကို လေ့လာနေ၏။ More
အတ္တလန်တစ် ရှာပုံတော် (၁၇)
15 Mar 2009 4 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဒတ်ပစ်၊ အဲလ်ဂျီယိုဒီနို၊ အီဂမ်၊ မာကွီးနှင့် လက်ထောက် ရဲမှူး နှစ်ဦး ပေါင်း ခြောက်ဦးပါ အဖွဲ့သည် ဘူကေးနီးယား မိုင်းတွင်းသို့ချီတက်လာကြသည်။ ပစ်တို့လွတ်မြောက်ခဲ့ကြသည့် နယူးရှယ်ရီဒန် မြေအောက်ခန်းဝင်ပေါက်မှာ ပေါက်ကွဲ မှုကြောင့် တွင်းပြို ပိတ်ဆို့ သွားပြီ ဖြစ်သည့် အတွက် အာမီးနီးစ်အခန်းသို့ရောက်ရန် ရေအောက်လမ်းကိုသာသုံးရတော့ မည်။ More
အတ္တလန်တစ် ရှာပုံတော် (၁၆)
09 Mar 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မီးဖိုခန်းထဲမှ ဖုန်းသည် အဆက်မပြတ် မြည်နေ၏။ လူးဝစ်မာကွီး သည် အပြေးအလွှား သွား၍ ဖုန်းကိုင်သည်။ တစ်မိနစ် ခန့် စကား ပြောပြီးနောက် ဖုန်းခွက်ကို ပြန်ချ၍ ဒတ်ပစ်တို့ ရှိသည့် မှန်လုံ အိမ်လေး ထဲသို့ ပြန်လာသည်။ More
အတ္တလန်တစ် ရှာပုံတော် (၁၅)
07 Mar 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
“ကျုပ်ကတော့ အဲဒီ လေယာဉ် ပျက်ကျသွားတဲ့ တောင်တက် အဖွဲ့တွေနဲ့၊ တွင်းပိ သေသွားတဲ့ အရီဇိုးနား က သုတေသန အဖွဲ့ တွေ့ခဲ့တာဟာ မဟူရာ သလင်း အရိုးခေါင်းပဲလို့ ထင်နေတယ်ဗျာ” More
အတ္တလန်တစ် ရှာပုံတော် (၁၄)
06 Mar 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
“ညစာစားဖို့ ကျွန်မ နည်းနည်း နောက်ကျ သွားတာ ခွင့်လွှတ် ကြပါရှင်၊ ရေနွေး စိမ်ပြီး အပန်းဖြေ လိုက်တာ တော်တော်လေး ကြာသွားလို့”
ပက်ထရစ်ရှာသည် မာကွီး၏ အိမ်တံခါးဝ ၌ နတ်သမီးလေး တစ်ပါး ကိုယ်ထင် ပြသလို လှပ ကျော့ရှင်းစွာ ပေါ်လာ၏။ More
အတ္တလန်တစ် ရှာပုံတော် (၁၃)
04 Mar 2009 Comments Off
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
နယူးရှယ်ရီဒန် ဟိုတယ်၏ မြေအောက် ဝိုင်သိုလှောင်ခန်း သည် ဒတ်ပစ် လက်ချက်ဖြင့် အင်္ဂတေ နံရံတွင် ဟောင်းလောင်း ပေါက်ကြီး ဖြစ်နေပြီး ဝိုင်ပုလင်း ကွဲများ၊ အုတ်ကျိုး အစအနများ ဖြင့် ဓမ္မာသောက ဒီဇိုင်း ဖြစ်နေ၏။ ထိုအပေါက်ကြီးမှ တဆင့် ဒတ်ပစ်၊ မာကွီး၊ အီဂမ် နှင့် လက်ထောက် ရဲမှူး တစ်ဦး တို့သည် မိုင်းတွင်း လှိုဏ်ခေါင်း အတွင်းသို့ တန်းစီ၍ ဝင်ကြ၏။ More
အတ္တလန်တစ် ရှာပုံတော် (၁၂)
01 Mar 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ရဲအရာရှိ ဂျိမ်းအီဂမ် ဂျူနီယာ သည် နိဗ္ဗာန်ဘုံ မိုင်းတွင်း ပြိုကျမှု အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်ရန် အသွား နယူးရှယ်ရီဒန် ဟိုတယ် မြေအောက်ခန်း ကို ဖောက်ခွဲ ဝင်ရောက်မှုဖြင့် လူးဝစ်မာကွီး နှင့် အပေါင်းအပါ တစ်စု ကို ဖမ်းဆီး ထားကြောင်း သတင်း ဝင်လာ သဖြင့် အလျှင်အမြန် ပြန်လာ ခဲ့သည်။ More

Recent Comments