အတ္တလန်တစ် ရှာပုံတော် (၃၀)

ပစ်သည် စိတ်ဓါတ်မကျအောင် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်အားပေးနေရ၏။ ဒီလို ဆိုးလှသောရာသီဥတုရှိသည့် နေရာ မျိုးတွင် တစ်စုံတစ်ခုကိုရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက် ဆိုးကြောင်း သူကောင်းကောင်း သိပါသည်။ နှစ်ပေါင်း ၁၅ဝ အတွင်းဤတစ္ဆေ သင်္ဘောကြီးကို ရေခဲမှုန်များ မည်ရွေ့ မည်မျှ ဖုံးအုပ်ဖျက်ဆီးပြီးပြီကို မသိနိုင်။ အနည်းဆုံး ဂိုက်တစ်ရာခန့် ရေခဲပြင်တွင်းနစ်မြှုပ်နေပြီဟုသာ အကြမ်းဖျင်းခန့်မှန်းရ၏။ ပစ်သည် ဝင်ရိုးစွန်းမုန်တိုင်းကို အခြေစိုက်စခန်းအဖြစ် သတ်မှတ်၍ နှစ်မိုင်ပါတ်လည်အတွင်းစတင်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ More

အတ္တလန်တစ် ရှာပုံတော် (၂၉)

ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ ထံမှ ကပ္ပတိန် ဂယ်လက်စပီးထံသို့ ခရီးစဉ် ဆိုင်းငံ့ထားရန် အကြောင်းကြားချက်ရောက်ရှိ လာချိန်တွင် ဝင်ရိုးစွန်းမုန်တိုင်းသည် သိပ္ပံပညာရှင်များကိုတင်ဆောင်၍ အန္တာတိက ပနင်ဆူလာမှ ဝက်ဒယ်လ် ပင်လယ် ကိုဖြတ်ကျော်နေချိန်ဖြစ်၏။ သို့နှင့် ကပ္ပတိန် ဂယ်လက်စပီးသည် ဝင်ရိုးစွန်းမုန်တိုင်းအား ပရင့်စ်အိုလက်ဗ် ကမ်းခြေသို့ ဦးတည်မောင်းနှင်စေသည်။ ထိုနေရာရှိ ဆယိုဝါ ဂျပန်သုတေသန စခန်းတွင်သင်္ဘောကို ရပ်နားပြီး နောက်ထပ် ညွှန်ကြားချက်ကိုစောင့်ရန် ဖြစ်၏။ ဂယ်လက်စပီးသည် အင်ဂျင်နီယာချုပ်အား သင်္ဘောကို စက်ကုန်ဖွင့် မောင်းခိုင်း၏။ More

ကြေငြာချက် အမှတ် ၂၀၀၉/၀၀၁

လေးစားအပ်တဲ့ စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ ခင်ဗျား။ ဟိရိသြတ္တပ္ပကို http://hitiautatpa.co.cc မှ http://www.hiriautatpa.com သို့ ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါတယ်။ URL redirect လုပ်ပြီး ဖြစ်လို့ http://hiriautatpa.co.cc ကို လာမိရင်လည်း http://www.hiriautatpa.com ကိုဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် စာဖတ်သူများ အနေနဲ့ အထွေအထူး ပြောင်းစရာ မလိုဘူး ဆိုပေမယ့် Internet Explorer, Firefox, Chrome, Opera အစရှိတဲ့ browser အသီးသီးမှာ bookmark / favourite အနေနဲ့ မှတ်ထား ခဲ့ရင် URL ကို http://www.hiriautatpa.com ကို ပြောင်းလဲ မှတ်သားပေးဖို့ တောင်းဆို အပ်ပါတယ်။ Site link / blog roll အနေနဲ့ မှတ်သားထားကြတဲ့ blogger မိတ်ဆွေ အပေါင်းကလည်း link ကို update လုပ်ပေးကြဖို့ တောင်းဆိုပါတယ်။ Feed ယူပြီး reader နဲ့ ဖတ်သူတွေ အတွက်တော့ feedburner မှာ update လုပ်ပြီး ဖြစ်တဲ့ အတွက် အပြောင်းအလဲ ရှိမယ် မထင်ပါ။ လောလောဆယ်အထိ co.cc account က သုံးလို့ ရနေသေးတဲ့ အတွက် redirect လုပ်ခြင်းက ပြဿနာ မရှိ ပေမယ့် account သက်တမ်း ကုန်ဆုံးခဲ့ရင် ဘယ်လို ဖြစ်မယ်ဆိုတာ မပြောတတ်ပါ။ နောက်ပြီး http://hiriautatpa.co.cc ကို ဆက်လက် အသုံးပြုမှာ မဟုတ်တော့တဲ့ အတွက် နောက်နောင် မှာ ဟိရိသြတ္တပသည် http://hiriautatpa.co.cc အဖြစ် ပေါ်ပေါက် လာခဲ့ရင် ၎င်းဟာ မူလ ဟိရိသြတ္တပ္ပ မဟုတ်ကြောင်း ကြိုတင် အသိပေးကြေငြာ အပ်ပါတယ်။ မူလ ဟိရိသြတ္တပ္ပသည် http://www.hiriautatpa.com အဖြစ်သာ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။ (အကယ်၍များ တစုံတယောက်က http://hiriautatpa.co.cc ဆိုတဲ့ နာမည်ကို မတန်တဆဈေးပေးပြီး ဝယ်သွားခဲ့ရင်ပေါ့။ သို့ပေမယ့် ဘယ်သူကမှ အားအားယားယား ဝယ်၍ တုပမည် မထင်ပါ။)

admin

http://hiriautatpa.co.cc http://www.hiriautatpa.com

အတ္တလန်တစ် ရှာပုံတော် (၂၈)

ကျောက်ကုလားထိုင်ကိုယ်စီဖြင့် ထိုင်နေကြသော မံမီရုပ်အလောင်းကောင် နှစ်ဆယ်တိတိ ဖြစ်တော့သည်။ မံမီ အလောင်းနှစ်ခုက အနည်းငယ်ပိုမြင့်သော ကျောက်ကုလားထိုင်များပေါ်တွင် ရှိပြီး အခန်းအပေါက်ဝကို မျက်နှာချင်း ဆိုင်ထားသည်။ ကျန်ဆယ့်ရှစ်လောင်းကို အခန်းထဲတွင် မြင်းခွာပုံ ညီညီညာညာ စီစီရီရီ နေရာချထားသည်ကို တွေ့ကြ ရသည်။ More

အတ္တလန်တစ် ရှာပုံတော် (၂၇)

ဂျီယိုဒီနိုကတော့ မောပန်း ပုံမပေါ်ပါ။ ကျားကိုးစီး စားမကုန်အောင် တုပ်ခိုင်သည့် သူ့ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင်ပင် ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားနေ၏။ ရူဒီဂန်းကလည်း မခေလှပါ။ ဂန်းသည် တတ်နိုင်သလောက် အန္တရာယ်ကို ရှောင်ကွင်းချင်သော သဘောရှိသော်လည်း မတတ်နိုင်သည့်အဆုံး အပြုံးမပျက်အန္တရာယ်နှင့် ရင်ဆိုင်နိုင်သူဖြစ်၏။ ပိန်ပိန် ပါးပါး သေးသေး ကွေးကွေး သူ့ခန္ဓာကိုယ်လေးက ထင်သည်ထက်ပိုမာကြော၏။ ထို့ကြောင့်လည်း ဤခရီးကို တစ်ချက်မငြီးပဲ ဂျီယိုဒီနို နောက်မှ လိုက်လာနိုင်၏။ ကိုက်နှစ်ဆယ်လောက်ခရီးပေါက်ပြီးတိုင်း တစ်ခါနား၍ သူ့မျက်မှန်ထူကြီး တွင်တွယ်ငြိလာ သောရေငွေ့များကို သုတ်ပစ်နေရတာ တစ်ခုပဲရှိသည်။ More

အတ္တလန်တစ် ရှာပုံတော် (၂၆)

ဂျီယိုဒီနိုသည် အရုဏ်တက်စ နံနက် လေးနာရီခန့်တွင် တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့ပြင်ရှိ လေယာဉ်ကွင်း ဟောင်းတစ်ခုမှနေ၍ ပါရှန်းအပြာရောင်သန်းစပြုနေပြီဖြစ်သော ကောင်းကင်ပြင်သို့ ဘယ်လ်-ဘိုရင်း ၆ဝ၉ တေ့လ်-ရိုတာ လေယာဉ်ကြီးကို မောင်းတက်လာခဲ့သည်။ ဟယ်လီကော်ပတာများကဲ့သို့ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင် သည့် တေ့လ်-ရိုတာ လေယာဉ်သည် မြေပြင်မှ ပေငါးရာအကွာအထိ ဒေါင်လိုက်ကြီးတက်လာခဲ့သည်။ ထို့နောက်တွင် တော့ သာမာန်လေယာဉ်တစ်စီးကဲ့သို့ပင် လေထုထဲသို့ ကျော့ကျော့မော့မော့ ပျံသန်းသွားတော့၏။ More

အတ္တလန်တစ် ရှာပုံတော် (၂၅)

အသုံးလုံး အဖွဲ့ပိုင် အဆောက်အဦးကြီး၏ ဒဿမမြောက် အထပ်တစ်ထပ်လုံးအပြည့်နေရာယူထားသည့် ကွန်ပြူတာ ပစ္စည်းများကို ကြည့်ရင်း ပက်ထရစ်ရှာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေသည်။ ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ ကွန်ပြူတာသရဲများပြောသည့် အဏ္ဏဝါဗေဒ ဆိုင်ရာအချက်အလက်ဘဏ်တိုက်ကြီး ဆိုသော အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီ၏ ကွန်ပြူတာစင်တာကို ဒီလောက်ကြီးကျယ်ခမ်းနားလိမ့်မည်ဟု သူမ မထင်မိရိုးအမှန်ပါ။ More

အတ္တလန်တစ် ရှာပုံတော် (၂၄)

မပြော၊ မပြောနှင့် ပြောမဲ့ပြောတော့လည်း အယ်လ်သည် စီအိုင်အေရော၊ အက်ဖ်ဘီအိုင်ရောကို ဆော်ပလော်တီးသည့် စကားမျိုးက စပြော၏။

“ဟုတ်ပါတယ်၊ ဒါကိုတော့ ဝန်ခံရမှာပဲ။ ခင်ဗျားလည်းသိသားပဲ၊ ရည်ရွယ်ချက်မရှိတဲ့ ရာဇဝတ်မှုက ဖြေရှင်းရ အခက်ဆုံးဆိုတာလေ။ ခုကိစ္စက အဲသလို ဖြစ်နေတာဗျ” အက်ဖ်ဘီအိုင်မှ ကန်ဟိန်းက ပွင့်လင်းစွာ ဝန်ခံလိုက်သည်။ More

Calender

May 2009
M T W T F S S
« Apr   Jun »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.