အတ္တလန်တစ် ရှာပုံတော် (၃၂)
10 Jun 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မုန်တိုင်းကို သယ်ဆောင်လာသော တိမ်မည်းညိုတို့ကင်းစင်သွားပြီး နောက်လေးနာရီအတွင်း ဟူးဟူးရားရား တိုက် ခတ်နေသောလေသည် ငြိမ်သွား၏။ ကော့စ်က မြေပြင်ပေါ်တက်၍ အလံဝါတစ်ခုကို ဝှေ့ယမ်းပြနေသည်။ ပစ်သည် မျက်စိ တစ်ဆုံး ကျယ်ပြောလှသည့် နှင်းထုကဗ္ဗလာထက်ဝယ် ပုရွက်ဆိတ်သာသာမျှသာ မြင်ရသည့် လူဆယ်ယောက် ကိုငေးကြည့်နေ၏။ သူတို့တဖြည်းဖြည်းနီးလာသောအခါ ဂယ်လက်စပီး ကိုယ်တိုင် ဦးဆောင်လာသည်ကို တွေ့ရသည်။ သူ့နောက်မှာတော့ ဂျာနယ်လစ် အီဗီတန်က ကပ်လိုက်လာ၏။ More

Recent Comments