အတ္တလန်တစ် ရှာပုံတော် (၃၈)

နံပါတ်တစ်သည် လက်နှိပ်ဓါတ်မီး အလင်းရောင် အားကိုးဖြင့် ပိန်းပိတ်အောင် မှောင်သည့် လှိုဏ်ဂူ ထဲသို့ သတိကြီးစွာ ဝင်ရောက် သွားသည်။ လှိုဏ်ဂူထဲ ရောက်သည်နှင့် သေနတ်ကို အသင့် ပစ်ခတ်ရန် အနေအထားသို့ ပြောင်းလဲ လိုက်သည်။ လက်နှိပ်ဓါတ်မီး အလင်းရောင် အောက်တွင် သူ မြင်ရသည်ကား အရိုးစုတစ်ခု၊ ဟောင်းနွမ်းစုတ်ပြတ် နေသော ပရိဘောဂ အချို့ နှင့် နံရံ တစ်ဖက်တွင် ထူထပ်စွာ ဖုံးအုပ်ထားသော ပင်လယ်ရေမှော်များသာ။နံပါတ်တစ်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သေနတ်ကို အောက်နှိမ့်လိုက်ပြီး ရေဒီယိုဖုန်းမှ တစ်ဆင့်ဆက်သွယ် လိုက်သည်။

“နံပါတ်တစ် စကားပြောနေတယ်၊ လှိုဏ်ဂူထဲမှာ အရိုးစုတစ်ခုပဲတွေ့တယ်၊ ပြောတာကြားလား”

“ပြောတာကြားတယ် နံပါတ်တစ်” ရဟတ်ယာဉ်ပိုင်းလော့က နံပါတ်တစ်၏ ဆက်သွယ်ချက်ကို ပြန်လည်ဖြေကြားလိုက် သည်။

“အသုံးလုံး အဖွဲ့က လူတွေအဲဒီမှာ မရှိဘူးဆိုတာ သေချာလား”

“အသေအချာရှာပြီးပြီ၊ ဘယ်သူမှ မရှိဘူး”

“ဒါဆို နံပါတ် လေး၊ ငါး၊ ခြောက် ဒုတိယ အုပ်စုရောက်လာရင် ကျုပ်တောင်ပေါ်မှာ ပတ်ရှာကြည့်လိုက်ဦးမယ်”

နံပါတ်တစ်သည် သူ၏ရေဒီယို ဆက်သွယ်ရေး ကိရိယာကို ပိတ်လိုက်၏။ ဤသည်ပင်လျှင် သူ့ဘဝ၏ နောက်ဆုံး လုပ်ခဲ့သည့် အလုပ်ဖြစ်တော့သည်။ နံရံတစ်ဖက်တွင် ထူထပ်စွာဖုံးအုပ်ထားသည့် ပင်လယ်ရေမှော်များကြားမှ လက်ကြီး တစ်ဖက်ထွက်လာ၏။ ထိုလက်ကြီးဖြင့် ဆုပ်ကိုင်ထားသော ချွန်မြနေသည့် အော့ဆီဒီယန် လှံသွားသည် နံပါတ်တစ်၏ လည်မျိုကို ထုတ်ချင်းပေါက်ထိုးစိုက်သွား၏။ ဂီးဂီး ဂစ်ဂစ် အသံအချို့ ထွက်လာပြီးနောက် နံပါတ်တစ် ၏အသက်မဲ့ ခနဿဓာကိုယ်ကြီးသည် ကျောက်လှိုဏ်ဂူကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဂျီယိုဒီနိုသည် နံပါတ်တစ်၏ တိုက်ခိုက်ရေး ပစဿစည်းမှန်သမျှ သူ့ကိုယ်ပေါ်တွင် လျှပ်စီးလက်သလို လျှင်မြန်စွာတပ်ဆင် လိုက်ပြီး အလောင်းကို ပင်လယ်ရေမှော်များနောက်သို့ ထိုးထည့်လိုက်သည်။ ထိုအခိုက်-

“နံပါတ်တစ်၊ အထဲမှာ ဘာတွေ့လဲ” လှိုဏ်ဂူဝမှ နံပါတ်နှစ်၏ အသံကိုကြားလိုက်ရ၏။

ဂျီယိုဒီနိုသည် သူများအသံကို မတူတူအောင်တုပပြောဆိုရာတွင် ပါရမီရှိလှသူဖြစ်သည့်အတိုင်း ပါးစပ်ကိုစေ့၍ နံပါတ်တစ်၏အသံမျိုးဖြင့်-

“အရိုးစု တစ်ခုပဲတွေ့တယ်ဟေ့” ဟုအော်ပြောလိုက်သည်။

“တစ်ခြားရော—————–”

“ဘာမှမရှိဘူး၊ ဝင်လာကြည့်ပါလား နံပါတ်နှစ်”

နံပါတ်နှစ်သည် လှိုဏ်ဂူထဲသို့ သံသယကင်းစွာ ဝင်လာသည်။ ဂျီယိုဒီနိုသည် လက်နှိပ်ဓါတ်မီးကို နံပါတ်နှစ်၏ မျက်နှာတည့်တည့်သို့ ထိုးလိုက်ပြီး မျက်လုံး နှစ်လုံးကြားသို့ ရိုင်ဖယ်ဖြင့် ပစ်ထည့်လိုက်သည်။ ခြောက်ပေအကွာမှ ခြေမှုန်းရေးရိုင်ဖယ်ဖြင့် အနီးကပ်တေ့ပစ်ခြင်း ခံလိုက်ရသည့် နံပါတ်နှစ်မှာ မြင်းကန်ခံလိုက်ရသကဲ့သို့ လွင့်စဉ် မြောက်တက်သွားပြီး ချက်ချင်းပင် အသက်နှင့်ခနဿဓာ အိုးစားကွဲသွား၏။

ရူဒီဂန်းသည် လှိုဏ်ဂူထဲသို့ ပြေးဝင်လာ၏။

“ကဲ ရူဒီ၊ ခု ခြောက်ယောက် နှစ်ယောက်ကနေ သုံးယောက်နှစ်ယောက် ဖြစ်သွားပြီ” ဂျီယိုဒီနိုက ရူဒီ့ကို ပြုံးပြုံးကြီး နှုတ်ဆက်လိုက်၏။

“သိပ်ကြွမနေနဲ့ဦးဟ၊ ရဟတ်ယာဉ် ကျန်သေးတယ်”

“ဟယ်လို နံပါတ်တစ်၊ ဟေး နံပါတ်နှစ်၊ နှစ်ကောင်လုံး ကိစဿစချောသွားပြီ၊ တော်လွန်းလို့ ကျုပ်ကိုကျုပ်တောင် ကြည်ညိုလာပြီ ရူဒီ၊ ခင်ဗျားကိစဿစရော ပြီးခဲ့ပြီ မဟုတ်လား”

“ပြီးလို့ ငါအခုရောက်လာတာပေါ့ဟ”

“ဒါဆို နောက်သုံးကောင်ကို ဒီကနေစောင့်ပြီး ကျည်ဆန်အရသာ မြီးခိုင်းဖို့ပဲ ကျန်တော့တယ်”

သူတို့ပြောသည့် နောက်သုံးကောင်သည် ပထမ သုံးကောင်ထက်ပို၍ သတိရှိလေသည်။ စာတိုက်စစ်ဆေးရေးအရာရှိ က စာအိတ်ဗုံးများကို စစ်ဆေးသည့်နှယ် ကျောက်လမ်းတစ်လျှောက် တစ်လက်မမကျန် စစ်ဆေး၍ လှိုဏ်ဂူရှိရာသို့  ဖြည်းညှင်းစွာ၊ တိတ်ဆိတ်စွာ၊ သတိကြီးစွာ တက်၍လာကြသည်။ ဂျီယိုဒီနိုသည် သူတို့ဆက်သွယ်နေသော ရေဒီယို ဆက်သွယ်ရေးဖုန်းကို မကိုင်သဖြင့် ပိုမိုသတိထားနေခြင်းလည်း ဖြစ်သည်။

ဂန်းနှင့် ဂျီယိုဒီနိုသည် ခြေမှုန်းရေးရိုင်ဖယ်များကို အသင့်အနေအထားဖြင့်ကိုင်ဆောင်ရင်း စောင့်နေကြသည်။ ဂျီယိုဒီနိုသည် ဂန်းကို ခေါင်းညိတ်ပြလိုက်ပြီး လှိုဏ်ဂူဝသို့ ထွက်၍ ကိုယ်ရောင်ပြလိုက်သည်။

ခေါင်းဆောင်နားကြပ်၏ မိုက်ကရိုဖုန်းမှတဆင့် သူလှံဖြင့် ဆောင့်ထိုးသတ် ခဲ့ပြီး နံပါတ်တစ်၏လေသံကိုတု၍-

“ဘာလို့ ဒီလောက်ကြာနေတာလဲ နံပါတ်လေး၊ မင်းကြည့်ရတာ အသက်ရှစ်ဆယ်ကျော် အမယ်ကြီးအိုကျနေတာပဲ၊ လှုပ်တုတ် လှုပ်တုတ်နဲ့၊ လှိုဏ်ဂူထဲမှာ အရိုးစုတစ်ခုကလွဲလို့ ဘာမှမရှိပါဘူးကွ” ဟုပြောလိုက်၏။

နံပါတ်လေးက ချက်ချင်းပင် ပြန်လည်ဆက်သွယ်၏။

“ခင်ဗျားအသံ ဘယ်လိုဖြစ်နေတာလဲ နံပါတ်တစ်”

သူတို့ကို ကြာကြာလှည့်စား၍ ရမည်မဟုတ်မှန်း ဂျီယိုဒီနို သိလိုက်သည်။ “အအေးမိသွားလို့ အသံနည်းနည်း အက်သွားတယ်ကွ၊ ရာသီဥတုက ဆိုးပါ့ကွာ” ဟု ရလိုရငြား ဖြီးကြည့်လိုက်သေး သည်။

“အအေးမိသွားလို့ အရပ်တောင်လေးလက်မလောက် ပုသွားသလိုပဲ”

ဂျီယိုဒီနို ရယ်ချင်သွား၏။ ဟုတ်တော့လည်းဟုတ်သည်။ သူတုပနေသော နံပါတ်တစ်က သူ့ထက်အရပ်အများကြီး မြင့်သည်ကိုး။

“မိုးစိုမခံနိုင်ဘူးဟေ့၊ ငါ ဂူထဲပြန်ဝင်ပြီ” ဟုလုံးချရင်း ဂူထဲပြန်ဝင်လာခဲ့သည်။ ကျောတော့ အတော်စိမ့်နေ၏။ ကျည်ဆန်တွေ ကျောထဲ အစုလိုက်အပြုံလိုက် ဝင်လာမည်ကို မှန်းဆရင်း အသည်းယားနေ၏။

အထဲရောက်တော့ ရူဒီဂန်းက- “မင်းလွယ်လွယ်နဲ့ ဖြီးလို့မရခဲ့ဘူး မဟုတ်လား” ဟုလှမ်းပြော၏။

“ဟုတ်ပဗျာ၊ ဒါပေမဲ့ ဒီကောင်တွေ နဝေတိမ်တောင်ဖြစ်နေတုန်းပဲ၊ ဒုတိယ အစီအစဉ်များမရှိဘူးလား ရူဒီ”

“ဟိုဖက်က မံမီခန်းထဲ ဝင်တဲ့ လှိုဏ်ကလေးထဲကနေ ခြုံခိုတိုက်မယ်ကွာ”

“တစ်ယောက်၊ အလွန်ဆုံးနှစ်ယောက်လောက်ပဲ အလစ်ပစ်လို့ ရမှာပေါ့ဗျ”

“တခြားလည်း ရွေးစရာမရှိဘူး ငါ့ကောင်၊ ချောင်းမပစ်ချင်ရင် ပေါ်တင်ပစ်ကြဖို့ပဲရှိတယ်၊ အဲဒါဆိုရင် နင့်အဘ ဟယ်လီကော်ပတာက ငါတို့ကို ဒုံးကျည်နဲ့ ဆော်လိမ့်မယ်”

ဂျီယိုဒီနိုနှင့် ဂန်းသည် မံမီခန်းသို့ အဝင်လမ်းတွင် သူတို့ ပိတ်ပစ်ခဲ့သော ကျောက်တုံးများကို သေလုမြောပါးဖယ်ရှားနေ ၏။ ရာသီဥတုက သေလောက်အောင် အေးမြနေသောလည်း တစ်ကိုယ်လုံး ချွေးဒီးဒီးကျနေကြသည်။ အလောင်းနှစ်လောင်းကို အထဲပစ်ထည့်ပြီး သူတို့ နှစ်ဦးလုံး လှိုဏ်ဂူပေါက်ကလေးထဲသို့ တိုးဝှေ့ဝင်ပြီးချိန်တွင် ဒုတိယ အဖွဲ့ ဂူဝသို့ ရောက်ရှိလာသည်။ အချိန်ကိုက်ပင်။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2009
M T W T F S S
« Jul   Sep »
 12
3456789
10111213141516
17181920212223
24252627282930
31  
Follow

Get every new post delivered to your Inbox.