အတ္တလန်တစ် ရှာပုံတော် (၄၀)

“ရေအောက်ကြမ်းပြင်အထိ ပေတစ်ရာ့ခြောက်ဆယ် နက်တယ်” အီရာကော့စ်က ရေခဲပြင်မှ ယူဘုတ်နစ်ဝင်သွားသည့် အပေါက်ကြီးကို ငေးကြည့်ရင်းပြောလိုက်သည်။ “ခင်ဗျားတကယ် ရေအောက်ကိုဆင်းချင်တာလား မစဿစတာပစ်”ပစ်က အီရာကော့စ်ကို မျက်လုံးစိမ်းများဖြင့် ကြည့်ရင်း-
“ခင်ဗျားတို့ ဝင်ရိုးစွန်းမုန်တိုင်းရဲ့ အင်ဂျင်ခန်းကို ပြင်ဖို့ အချိန်အနည်းဆုံးနှစ်နာရီကြာမယ်။ ရေငုတ်ပစဿစည်း တွေလည်း အပြည့်အစုံပါနေမှတော့ နစ်သွားတဲ့ ရေငုတ်သဘေဿငာထဲဝင်မကြည့်ပဲ ဒီအတိုင်းလက်လွတ်ခံလိုက်လို့ ဘယ်ဖြစ်မလဲဗျ”
သူတို့ နှင့်အတူလိုက်ပါလာသော သတင်းထောက်မလေး အီဗီတန်က မျက်လုံးစိမ်းနှင့်ကိုလူချောကို ရွှန်းရွှန်းစားစား ကြည့်ရင်း-
“ရှင်က ရေငုတ်သဘေဿငာထဲမှာ ဘာတွေများတွေ့မယ်ထင်လို့လဲ” ဟု မူနွဲ့နွဲ့ မေးလိုက်၏။ ပစ်နှင့် စတွေ့သည့်အချိန်တည်း က တရကြမ်း အသက်လုပြေးလွှားနေရသော သူမသည် ခုမှပင် ကြာပစ်ဖို့ အချိန်ရတော့သည်။
“ဒီသေဘဿငာဘယ္ကလာသလဲ။ ဘယ်သူတွေက အမိန့်ပေးစေခိုင်းနေသလဲဆိုတဲ့ အထောက်အထားတွေပေါ့”
“ဘယ်ကလာသလဲဆိုတော့ ဟစ်တလာဆိုတဲ့ နှုတ်ခမ်းမွှေးစစ၊ ဂင်တိုတို အာဏာရူးတစ်ယောက်နေတဲ့ နာဇီ ဂျာမနီ ပြည်က၊ ဘယ်တုန်းကလဲဆိုတော့ ၁၉၄၅ ခုနှစ်က”
ကော့စ်က ပြုံးစစဖြင့် ဝင်ဖြေ၏။
“ဟုတ်ပြီ၊ ဒါဖြင့် ပြီးခဲ့တဲ့ ၅၆ နှစ်လုံးလုံး ဒီသဘေဿငာဟာ ဘယ်သွားပုန်းနေသလဲ၊ ဘာလို့ ခုမှပှေါလာပြီး ကျုပ်တို့ကို ရန်ပြုရတာလဲ”
ကော့စ်က ပုခုံးတွန့်ပြလိုက်သည်။ ပြီးတော့ ပစ်၏ ရေအောက်ဆက်သွယ်ရေးကိရိယာများ အလုပ်လုပ်မလုပ်ကို စမ်းသပ်နေ၏။ အားလုံး အိုကေ။ ကော့စ်က ပစ်ကို လက်မထောင်၍ ပြုံးပြရင်း-
“ခင်ဗျားတစ်ယောက်တည်းသွားလို့ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်။ အာတိတ်ဒေသမှာ အကြိမ်နှစ်ဆယ်ထက်မနည်း ရေအောက်ငုတ်ခဲ့ပြီးပြီ”
ပစ်သည် ခနဿဓာကိုယ်အနွေးဓါတ်ပေးနိုင်သည် ဒိုင်ဗက်စ် အာမာဒီလို ရေငုတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ နောက်ဆုံးပှေါ ကြိုးမဲ့ဆက်သွယ်ရေးစနစ် တပ်ဆင်ထားသည် အေဂျီအေ အမ်ကေ-၂ ခေါင်းဆောင်းကို တပ်ဆင် ထားသည်။ ရေအောက်ငုတ်ဖို့ရန်အသင့်။
အီဗီတန်က ရေငုတ်ဝတ်စုံ အပြည့်အစုံ ဝတ်ထားသော ပစ်ကို ဓါတ်ပုံတဖျတ်ဖျတ်ရိုက်ရင်း
“ကံကောင်းပါစေ မစဿစတာပစ်” ဟုနှုတ်ဆက်စကားဆို၏။ အစောပိုင်းက သူမ၏ ရေစိုခံ ကင်မရာကြီးကို ပစ်အား ထိုးပေးရင်း နစ်မြုပ်သွားသော ရေငုတ်သဘေဿငာကို ဓါတ်ပုံရိုက်ခဲ့ရန် တောင်းဆိုခဲ့သှောလည်း ပစ်က မလိုက်လျှောခဲ့။
ပစ်သည် ရေထဲသို့ စတင်ဆင်းသက်လိုက်၏။ အပူထိန်းကိရိယာ အလုပ်လုပ်ကြောင်းသေချာစေရန် ဖြည်းညှင်းစွာ ဆင်းနေ၏။ ဤသို့စေ့စပ်သေချာမှုများကြောင့် ပစ်၏ ရေငုတ်သမား သက်တမ်းတစ်လျှောက် အသက်အနဿတရာယ် ကင်းနေခဲ့ခြင်းဖြစ်သည်။
သုံးပေထူသော ရေခဲလွှာအောက်သို့ လျှောဆင်းလိုက်သောအခါ သဘာဝအတိုင်းတည်ရှိသော အံ့မခန်းသည့် ရေအောက် အရိုင်းကမဿဘာနှင့် စတင်ထိတွေ့ရတော့သည်။ မြင်မြင်သမျှမြင်ကွင်းတို့ကား စကြဿငာဝဠာ အတွင်းရှိ လူမသိသေးသော ဂြိုလ်တစ်ခု၏ အတွင်းပိုင်းကဲ့သို့ အံ့ဩဘနန်းရှိလှ၏။ ဖြူလွလွရေခဲပြင်အောက်တွင် ဟေလိုဂျင်မီးအလင်း ရောင်ပြန်ဖြင့် မြင်ရသော စိမ်းဖန့်ဖန့် ပြာလဲ့လဲ့ ရေအောက်တောင်ကြားများတွင် ဝါတာတာ ရေညှိများနှင့် တောင်စွန်းများတွင် ကပ်ငြိနေသည့် သန်းချီသော ကမာကောင်တို့နှင့် အာတိတ်ရေအောက်အလှ သည် ယစ်မူးဖွယ်။
ဒတ်ပစ်သည် သတိကြီးစွာဖြင့် ရေအောက်ကြမ်းပြင်ထိရောက်အောင် ငုတ်ဆင်းလာခဲ့သည်။ အဏဿဏဝါကြမ်းပြင်ပှေါတွင် ယူဘုတ်သည် တစစီကျိုးပဲ့နေ၏။ သဘေဿငာကိုယ်ထည်တွင် ဒုံးကျည်သင့်ထားသော အပေါက်ကြီးကို ထင်ရှားစွာမြင်နေ ရသည်။ ရေငုတ်သဘေဿငာသည် ထိုဒဏ်ကြောင့် ခါးလည်မှ နှစ်ပိုင်းကျိုးမတတ်။
“ကော့စ်၊ ကျွန်တှော ရေငုတ်သဘေဿငာကိုတွေ့ပြီ၊ အထဲဝင်တော့မယ်” ပစ်က အီရာကော့စ်ကို ဆက်သွယ် သတင်းပို့ လိုက်၏။
“သတိထားသွားပါ မစဿစတာပစ်၊ သံချွန်လေးတစ်ခုလောက် ခင်ဗျားရေငုတ်ဝတ်စုံ နဲ့ငြိပြီး တစ်လက်မ လောက်ပြဲသွား တာနဲ့ ရေပှေါမရောက်ခင် ခင်ဗျားခဲသွားလိမ့်မယ်” အီရာကော့စ်က စိုးရိမ်မကင်းသံဖြင့် သတိပေး၏။
ဒတ်ပစ်သည် ရေငုတ်သဘေဿငာ အတွင်းသို့ မဝင်မှီ ဆယ်မိနစ်ခန့် အချိန်ယူ၍ စေ့စေ့စပ်စပ်လေ့လာနေ၏။ ရေငုတ်သဘေဿငာ၏ အပြင်ဘန်း သံကိုယ်ထည်ကြီးမှာ အကြမ်းဖက်သမားများ၏ ဗုံးဒဏ်ခံလိုက်ရသည့် ဘတ်စ်ကား ကဲ့သို့ တွန့်လိမ် စုတ်ပြတ်နေသည်။ ပစ်သည် အတွင်းသို့ သတိကြီးစွာထား၍ ဝင်လိုက်၏။ ဟေလိုဂျင်မီးအလင်းရောင် အောက်တွင် စတင်တွေ့ရှိလိုက်သည်က ဆိုးရွားစွာ ပုံပျက်နေသည့် အလောင်းနှစ်လောင်း။
ပျို့ ချင်စိတ်ကို ထိန်းချုပ်၍ ထိုအလောင်းများကို စတင်ရှာဖွေ၏။ သို့သှော မည်သည့် အမှတ်အသားမှ ရှာမတွေ့။
“ရေအောက်မှာနေဖို့ နောက်ထပ် ရှစ်မိနစ်ပဲ အချိန်ရတော့တယ်” အီရာကော့စ်၏ သတိပေးသံထွက်လာပြန်သည်။ ခါတိုင်းဆိုလျှင် ထိုအလုပ်မျိုးကို အယ်လ်လုပ်နေကြ။ ခုတော့ သူလည်း ဘယ်လိုအခြေအနေရှိသည် မသိရ။
ပစ်သည် ရေငုတ်သဘေဿငာအတွင်းခန်းများဆီသို့ ဝင်ရောက်၍ ပိုက်စိတ်တိုက်ရှာဖွေသှောလည်း သူလိုချင်သည့် အထောက်အထားများ ဘာမှ ရှာမရပဲ ဖြစ်နေသည်။ ရေချိုးပြီး ပြန်ချင်ပြန်၊ မပြန်ချင်နေ၊ ငါးကတော့ မရဆိုသည့် ကိန်း ဆိုက်နေပြီ။
“လေးမိနစ်” ကော့စ်၏ အသံက ဒီအခြေအနေတွင် ဌက်ဆိုးထိုးသံလို သူ့နားတွင်ခါးလှသည်။ လက်ချည်း ဗလာ ပြန်တက်သွားပါက ကျုပ်မပြောလားဆိုသည့် အကြည့်မျိုးခံရမည်ကို မြင်ယောင်နေမိသည်။ အရေးကြီးစာရွက် စာတမ်း မပြောနှင့် စာတိုပေစ၊ ဒိုင်ယာရီ၊ စာရွက်စုတ်လေး တစ်စ ပင်ရှာမတွေ့။ သဘေဿငာမှတ်တမ်းစာအုပ်လည်းမရှိ။ ဒီအတိုင်း ဆိုလျှင် သူမြင်နေရသော ရေငုတ်သဘေဿငာနှင့် သဘေဿငာသားအလောင်းများပင် အာရုံလှည့်စားမှုများ ဖြစ်နေမလား။
“နှစ်မိနစ်”
ဒတ်ပစ်သည် စိတ်လျှော့၍ သဘေဿငာထဲမှ လှည့်ထွက်တော့မည်အလုပ် ရုတ်တရက် လက်ကြီးတစ်ဖက် သူ့ပုခုံး ပှေါလာတင်သည်ကို မြင်လိုက်ရသည်။ အပူပေးဝတ်စုံဝတ်ထားလျှက်က သူ့ခနဿဓာကိုယ်သည် အေးခဲသွားသလို ခံစား လိုက်ရပြီး နှလုံးခုန်သံများ ဗရမ်းဗတာဖြစ်သွား၏။ အသက်ကို ပြင်းပြင်းရှုလိုက်သည်။ ထိုလက်သည် သူ့ကို ဆုပ်ကိုင် ထားခြင်းမဟုတ်ပဲ လက်မောင်းနှင့် လည်ပင်းကြားတွင် တင်ထားသည်ဆိုရုံမျှသာ။ ပစ်၏ ညာလက်သည် ဓါးမြှောင်ကို ဆွဲထုတ်လိုက်ပြီး ဘယ်လက်ဖြင့်ကိုင်ထားသော ဟေလိုဂျင်ရေငုတ်မီးဖြင့် နောက်မှတင်ထားသော လက်ပိုင်ရှင်ကို ဆတ်ကနဲထိုးလိုက်ပြီး ခနဿဓာကိုယ်ကိုလည်း နောက်သို့ ရုတ်တရက်လှည့်လိုက်သည်။
မြင်လိုက်ရသော မြင်ကွင်းကား————————————————————————-။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2009
M T W T F S S
« Jul   Sep »
 12
3456789
10111213141516
17181920212223
24252627282930
31  
Follow

Get every new post delivered to your Inbox.