500 days in Dvaravati (19)

အရူးက တမူးသာ (၁)

ကျောင်းပြန်ဖွင့်၍ သင်တန်းသစ်တက်ရပြန်လေပြီ။ ဒီတစ်ခေါက် အလှည့်ကျ အသုံးတှောခံ ရမည့်ဘာသာက မိုက်ခရို အီကှောနောမစ် ဖြစ်၏။ သင်တန်းတာဝန်ခံက တွဲဖက်ပါမောကဿခ ဒေါက်တာဂျွန် အမည်ရှိ မျက်မှန်ထူထူ၊ ဆံပင်တိုတို နှင့် အမြဲပြုံးနေတတ်သော ဆရာမ ဖြစ်၏။ အနားရထားသဖြင့် စိတ်သစ်လူသစ်ဖြင့် အားကြိုးမာန်တက် ကျောင်းတက် လက်ချာလိုက်သဖြင့် လည်းကောင်း၊ ဂျွန်သည် ရှေ့ နှစ်ဘာသာမှ သင်တန်းတာဝန်ခံများထက် အဂဿငလိပ်လို ရှင်းလင်း ပြတ်သားစွာ ပိုမို ပြောနိုင်သဖြင့် လည်းကောင်း၊ အသင်အပြ ကောင်းမွန်သဖြင့် လည်းကောင်း၊ အကြောင်းကြောင်း သော လည်းကောင်း၊ လည်းကောင်းများကြောင့် ထိုဘာသာရပ်ကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်၏။ သို့တည်း မဟုတ် နားလည် သဘောပေါက်သည်ဟု ထင်၏။

မိုက်ခရိုအီကှောနောမစ် ဆိုသည်က ဝယ်လိုအားနှင့် ရောင်းလိုအား၊ ထုတ်လုပ်သူနှင့် သုံးစွဲသူ တို့၏ ဆုံးဖြတ်ချက်များ အပှေါမည်သည်တို့က လွှမ်းမိုးသနည်းဆိုခြင်းကို သခဿငျာအခြေခံ၍ တွက်ချက်ခြင်းဖြစ်၏။ အီကွေးရှင်း နှင့် ဖှောမြူလာ ပေါင်းများစွာ ပါဝင်သော ဘာသာရပ်။ ထို သီအိုရီတစ်သိန်း၊ အနုမာန မှန်းဆချက် အနနဿတထဲတွင် အထူး စိတ်ဝင်စား မိသည်က ဂိမ်းသီအိုရီ။ စိတ်ဝင်စားမိသည့် အကြောင်းက ထိုသီအိုရီကိုဖှောထုတ် တီထွင်သူမှာ ထူးလည်းထူး၍ ရူးလည်းရူးသည့် ပါရမီရှင် ဂျွန်နက်ရှ်ဖြစ်သောကြောင့်ပင်။

ယခုအခါ အသက် (၈၁) နှစ်ရှိပြီဖြစ်သည့် ဂျွန်နက်ရှ်သည် သခဿငျာနှင့်စီးပွားရေးပညာရပ်တွင် မသိသူ မရှိသည့် လျှမ်း လျှမ်းတောက် ပညာရှင်ကြီးဖြစ်သလို စိတ်ရောဂါကုဆေးရုံများတွင် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရသည့် ကမဿဘာကျှော အရူးကြီးလည်းဖြစ်၏။ သူ့ဘဝက စိတ်ဝင်စားစရာ၊ လွမ်းမောစရာ။

ဂျွန်နက်ရှ်ကို ၁၉၂၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် အနောက်ပိုင်း ဘလူးဖီးလ် အရပ်တွင်ဖွားမြင်သည်။ အဖေက လျှပ်စစ်အင်ဂျင်နီယာ ဂျွန်နက်ရှ် စီနီယာ၊ အမေက မာဂရက် ဗာဂျီးနီးယား မာတင်။ သူ့တွင် မာသာ အမည်ရှိ ညီမတစ်ယောက်ရှိ၏။ ဂျွန်နက်ရှ် နှင့်ပါတ်သက်၍-

“ဂျွန်က ငယ်ငယ်လေးထဲက သူများထက်ထူးတယ်။ အဲသလို ထူးမှန်းကို ကျွန်မတို့ တမိသားစုလုံးလည်း သိကြတယ်။ ဘယ်ကိစဿစပဲဖြစ်ဖြစ် သူလုပ်ချင်သလို လုပ်တော့တာပဲ။ ကျွန်မဖြင့် သူငယ်ချင်းတွေနဲ့ သူ့ကို မိတ်ဆက်ပေးရမှာ ရှက်လွန်းလို့” ဟု မာသာကရေးသားခဲ့သည်။

သို့သှောလည်း ဘလူးဖီးလ်အထက်တန်းကျောင်း၊ ဘလူးဖီးလ်ကောလိပ်တို့တွင် ပညာသင်ယူစဉ် ဂျွန်နက်ရှ်သည် သူလိုကိုယ်လိုမျှသာ၊ အိပ်ခန်းအတွင်း ထင်ရာမြင်ရာ သိပဿပံစမ်းသပ်မှုများ လုပ်ခြင်း၊ သခဿငျာပညာရှင် ဖားမက်၏ သခဿငျာ အက်ဆေးများ ကို လက်ကမချ ဖတ်ရှုခြင်းတို့လောက်သာ ပြောစရာရှိ၏။ ၁၉၄၅ ခုနှစ် အထက်တန်းအောင် ပြီးချိန်မှ စ၍ ပင်ဆယ်လ် ဗေးနီးယားပြည်နယ် ပစ်စဘတ်ရှိ ကာနစ်ဂျီ စက်မှုတကဿကသိုလ်တွင် ဓာတုအင်ဂျင်နီယာ သင်တန်း တက်နေခဲ့သည်။ ထူးခြားသည်ကတော့ ၁၉၄၈ ခုနှစ်တွင် ထိုသင်တန်းပြီးသည့်အခါ ဂျွန်နက်ရှ်သည် ရိုးရိုးဘွဲ့ရော၊ မဟာဘွဲ့ပါ တပြိုင်နက် ချီးမြှင့်ခံခဲ့ရခြင်းပင်။ တကဲ့ဇာတ်လမ်းက ထိုအချိန်မှ စတော့သည်။

နက်ရှ် ကျောင်းပြီးသောအခါ ကာနစ်ဂီတကဿကသိုလ်မှ ပါမောကဿခ ဒတ်ဖင်၏ “ဤသူငယ်သည် ပါရမီရှင်ဖြစ်သည်” ဆိုသော စာတစ်ကြောင်းတည်းပါသည့် ထောက်ခံစာဖြင့် ကမဿဘာေက်ာှ ပရင္စတန္တကဿကသိုလ္ သခဿင်ာဋဿဌာနတြင္ ပါရဂူဘြဲ့ သင်တန်းတက်ရောက်ခွင့်ရသည်။ ပရင်စတန်၌ သုတေသနလုပ်ရင်း ယခုအခါ နက်ရှ်အီကွီလီဘရမ် ဟုခှေါတွင် နေကြသည့် မျှခြေသီအိုရီကို ဖှောထုတ်တီထွင်ပြီး ၂၈ မျက်နှာစာတမ်းတစ်စောင်ဖြင့် ၁၉၅ဝ တွင် ပါရဂူဘွဲ့ရခဲ့သည်။

ဒေါက်တာနက်ရှ်၊ အသက်ကကြည့်တော့ (၂၂) နှစ်၊ သခဿငျာနှင့် ပါတ်သက်လျှင် တဖက်ကမ်းခတ်သည့် ပညာရှင်။ ထိုအချက်များက နက်ရှ်ကို ကမဿဘာ့ဦးနှောက်ဂိုဒေါင် ဟုတင်စားကြသည့် RAND ကှောပိုရေးရှင်းသို့ တွန်းပို့ခဲ့သည်။ အကောင်းဆုံး၊ အတှောဆုံးသော သူ့ထက်သူ လူစွမ်းကောင်းတို့ ဆုံစည်းရာ RAND ကှောပိုရေးရှင်းသည် အသက် (၂၂) နှစ်အရွယ်သာမာန်လူငယ်တစ်ဦးအဖို့ အလုပ်လုပ်ရဖို့မဆိုထားဘိ၊ မျက်မွှေးထှော၍ပင် မှောမကြည့်ဝံ့သော အရာ။ ထိုသို့သော နေရာမျိုးတွင် ပထမတန်းစား သခဿငျာသုတေသန ပညာရှင်ဆိုသည့် ရာထူးဂုဏ်ရှိန်က ကြီးမြင့်လွန်း လှသည်။ ဂျွန်နက်ရှ်အဖို့ အနာဂါတ်သည် ပန်းခင်းသောလမ်းဖြစ်၏။

မကြာပါ။ ပန်းခင်းသောလမ်းကို မျက်နှာမော့လျှောက်လာသူ ဂျွန်နက်ရှ်တစ်ယောက် ဆူးနင်းမိတော့၏။ မည်ကာမတဿတ ဆူးမဟုတ်၊ သူ့ဘဝကို ဇောက်ထိုးမိုးမျှောဖြစ်သွားစေသည့် ဧရာမ ဆူးကြီးမဟာ ဖြစ်သည်။ RAND တွင်အလုပ်လုပ်ပြီး သုံးလေးလအကြာတွင် သူအဖမ်းခံလိုက်ရ၏။ စွဲချက်ကမကြားဝံ့ မနာသာ၊ အိမ်သာအတွင်း မျိုးတူပုရိသဿသ တစ်ဦးနှင့် မောင်မစဿစက ဇာတ်ခင်းခြင်းတဲ့။

ခြောက်ပစ်ကင်း သဲလဲစင်များကိုသာ လက်ရွေးစင်ခေါင်းခေါက်ရွေးသော RAND ကှောပိုရေးရှင်းသည် ထိုကိစဿစအတွက် နက်ရှ်ကို အလုပ်ထုတ်ပစ်ရုံမှတပါး အခြားမရှိ။ ထိုအဖြစ်ဆိုးကြီးသည်ပင်လျှင် နောင်နှစ်ပေါင်းများစွာ သူ့ကို ဥမဿမ တကောဖြစ်စေသည့် အဓိကလက်သည် တရားခံဟု ဆိုကြသည်။ ထိုထိုသော အဖြစ်အပျက်များသည် နက်ရှ်၏ ပညာ ပါရမီကိုတော့ မနှောက်ယှက်နိုင်ကြပါ။ သူ၏ ထူးကဲလှသော သခဿငျာပါရမီကြောင့်ပင် လူမှုရေးဖောက်ပြန်သူဟူသော စွဲချက်ကြီးရှိလျှက်နှင့် ဂျွန်နက်ရှ်သည် မက်ဆာချူးဆက် နည်းပညာတကဿကသိုလ် MIT သခဿငျာဋဿဌာနတွင် နည်းပြဖြစ်လာ သည်။

MIT တွင် အလုပ်လုပ်နေခိုက် အယ်လ်ဆာဗေဒိုးနိုင်ငံသူ အယ်လ်လီစီယာ လိုပက်စ်-ဟယ်ရီဆန် ဒီလာဒီး နှင့် ဆုံဆည်းခဲ့သည်။ ဒီလာဒီးက ရူပဗေဒကျောင်းသူ။ ပါရမီရှင် သခဿငျာဆရာလေး နက်ရှ်ကို တန်းတန်းစွဲ။ နောက်မှ တကောက်ကောက် လိုက်နေ၏။ ကြာတော့ ကိုရွှေဂျွန်နက်ရှ်လည်း ဘာသားနှင့်ထုထားတာမို့လဲ။ မစွမ်းရင်းကလည်း ရှိသည် မဟုတ်လား။

၁၉၅၇ တွင်သူတို့နှစ်ဦးလက်ထပ်လိုက်ကြသည်။ ၁၉၅၉ တွင် သားလေးတစ်ယောက် ထွန်းကားပြီးနောက် ဂျွန်နက်ရှ် သည် စိတ်ဝေဒနာကြောင့်လား၊ အချစ်တို့ ကုန်ခမ်းသွားသည်လားမပြောတတ်၊ ဒီလာဒီးအပှေါ ပီတိ တစိမ်းတရံနှယ် ဆက်ဆံတော့သည်။ သူတို့ အိမ်ထောင်ရေးပြသဿသနာကြောင့် ကလေးသည် မွေးပြီးတစ်နှစ်အထိ နာမည်မရှိ။ နောက်ဆုံးမှ ဂျွန်ချာလီမာတင်နက်ရှ် ဟုအမည်ကင်ပွန်းတပ်ခဲ့သည်။ ၁၉၆၃ တွင်လင်မယားကွာရှင်းပြတ်စဲကြ၏။ ၁၉ရဝ တွင် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ပြန်ပေါင်းထုပ်ကြသှောလည်း လင်မယားဆက်ဆံ ရေးကားမရှိတော့။ ဒီလာဒီးက ဂျွန်နက်ရှ်ကို သူ့အိမ်တွင် ဘှောဒါဆောင်လာနေသော ဧည့်သည်ဟု သမုတ်၏။ တမိုး အောက်ဝယ် တစိမ်းပြင်ပြင် ဖြစ်နေသော ဂျွန်နက်ရှ်တို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေးသက်တမ်း နှစ်ပေါင်း ငါးဆယ်ခန့် အတွင်း အကြိမ်ပေါင်းများစွာ ကွဲလိုက်၊ ပြန်ပေါင်းလိုက်နှင့် သံသရာလည်နေကြ၏။

တကယ်တော့ နက်ရှ်သည် ၁၉၅၉ လောက်ကတည်းက စိတ်ကစဉ့်ကလျားဖြစ်သော ဝေဒနာကို စတင်ခံစားနေရပြီ ဖြစ်၏။ တနည်းဆိုသှော သူရူးနေချေပြီ။ သို့သှောလည်း ပါရမီထူးသော အရူးမို့ အားလုံးထက် တမူးသာလေ၏။ ရူးပုံ ရူးနည်းကိုက လွန်စွာအဆင့်မြင့်၏။ ဒီလာဒီးကိုယ်ဝန်ဆောင်နေချိန် ၁၉၅၉ ခုနှစ် နွေဦးတစ်ညတွင် ဂျွန်နက်ရှ်သည် အိမ်ပှေါသို့ အူယားဖားယားပြေးတက်လာ၏။ သူ့အမူအရာက မထိတ်သာ မလန့်သာ။ မျက်လုံးတွေ ဝိုင်းဝိုင်းလည် လျှက်။ ပြီးတော့ သူ့နောက်သို့ လူတွေလိုက်နေကြောင်း၊ အလွန်လျှို့ ဝှက်သည့် အဖွဲ့အစည်းတစ်ခုမှ သူ့အကြံအစည် ကို သိရှိသွား၍ သူ့ကို ဖျောက်ဖျက်ရန် လည်စည်းနီနှင့် လက်မရွံ့ များလွှတ်ထားကြောင်း၊ ထိုသူများသည် ယခုသူ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီ ဖြစ်ကြောင်း၊ မကြာခင် အသက်နှင့်ခနဿဓာ အိုးစားကွဲဖို့ရှိကြောင်း တတွတ်တွတ်ပြော နေ၏။

သူ့အကြံအစည်က ဘာတုန်းဆိုတော့ သူသည် ကမဿဘာ့အစိုးရ တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်၍ တကမဿဘာလုံးကို စိုးမိုး အုပ်ချုပ်ရန် ဆိုပဲ။ တကယ်လည်း ဝါရှင်တန်ဒီစီရှိ နိုင်ငံခြားသံရုံးများကို စာရေး၍ထိုအကြောင်းကို ကြေငြာချက် ထုတ် ၏။ လက်စသတ်တော့ အာဏာရူးကိုး။ နပိုလီယံ၊ ဟစ်တလာ တို့နောက်မှ သမိုင်းမှောကွန်းရေးထိုးချင်သည်ထင့်။ ဒီလာဒီးက ချော့မော့ပို့ဆောင်သဖြင့် ၁၉၅၉ မေလတွင် မက်ကလိန်းစိတ်ဆေးရုံသို့ရောက်၍ စိတ်ကျရောဂါနှင့် ပါရာနွိုက် စကီဇိုဖရီးနီးယားခှေါ အပြင်းစားစိတ်ကစဉ့်ကလျား ဝေဒနာသည်အဖြစ် ရောဂါနာမည်တပ်ခံ လိုက်ရသည်။

ဆေးရုံမှ ဆင်းပြီးနောက် MIT မှအလုပ်ထွက်၏။ သူ့မိသားစုကို ရှိသည်ပင် မအောက်မေ့ပဲ ဥရောပသို့ခရီးထွက်၏။ ပါရီ နှင့် ဂျီနီဗာတွင်နေထိုင်စဉ်အတွင်း ထိုပါရမီရှင်အရူးသည် ပြသဿသနာမျိုးစုံ မီးထွန်းရှာ၏။ အမေရိကန် နိုင်ငံသား အဖြစ်မှ စွန့်လွှတ်၍ ပြင်သစ်နှင့် အရှေ့ ဂျာမနီတွင် နိုင်ငံရေး ခိုလှုံခွင့်ရဖို့ အကြိမ်ပေါင်းများစွာကြိုးစားခဲ့သည်။ နောက်ဆုံး အမေရိကန် အစိုးရ၏ တောင်းဆိုမှုဖြင့် ပြင်သစ်ရဲက ဖမ်းဆီးပြီး ပြန်ပို့လိုက်တော့မှ အရူးဂျွန်နက်ရှ် တစ်ယောက် ပြည်တှောပြန်တော့သည်။

ပြန်ရောက်တော့သည် နက်ရှ်သည် ရူးမြဲရူးဆဲ ဖြစ်၏။ ၁၉၆၁ မှ ၁၉ရဝ ထိ ကိုးနှစ်တိုင်တိုင် စိတ်ရောဂါကု ဆေးရုံများ တွင် နက်ရှ်သည် ပုံမှန်ဖောက်သည်ကြီး ဖြစ်လာ၏။ ရှိသမျှ ကုထုံးပေါင်းစုံခံယူခဲ့ရသည်။ ၁၉ရဝ မှစ၍ နက်ရှ်သည် ဘယ်ဆေးရုံမှ မသွားတော့၊ ဘာဆေးမှ မသောက်တော့ပဲ ရုတ်တရက် ရပ်ပစ်လိုက်သည်။ ထူးဆန်းစွာပင် သူ၏ ရောဂါ သည် ထိုအချိန်မှစ၍ တဖြည်းဖြည်းသက်သာပျောက်ကင်းလာခဲ့သည်။

နက်ရှ်၏ အဆိုအရ သူစိတ်အနှောက်အယှက် (စိတ်ကစဉ့်ကလျားဖြစ်ခြင်းကို သူ့ကိုယ်သူ သုံးနှုန်းသည့် အသုံးအနှုန်း မှာ စိတ်အနှောက်အယှက်ဖြစ်ခြင်း ဟူ၏) ဖြစ်နေစဉ်ကာလသည် သိပဿပံနည်းကျ ကျိုးကြောင်းဆင်ခြင်မှု ရှိရှိ တွေး ခှေါနည်းစနစ် တစ်ခုမှနေ၍ အိပ်မက်ဆန်ဆန် ပရမ်းပတာ တွေးခှေါနည်းစနစ်တစ်ခုသို့ ပြောင်းလဲသွားခြင်းသာ ဖြစ် သည်တဲ့။ ဟုတ်မပေါ့လေ။ ဘယ်အရူးမှ ကိုယ့်ကိုယ်ကို ရူးသည်ဟု ဝန်မခံချင်ပဲကိုး။ နောက်ဆုံးတော့ သူ၏ အိမ်မက် နည်းစနစ်တို့ လွှမ်းမိုးထားသော နိုင်ငံရေးသဘော တွေးခှေါမျှောမြင်မှုများမှာ မလိုအပ်ပဲ အားအင်ဖြုန်းတီးခြင်းဖြစ် ကြောင်းသိရှိလာသည်နှင့် တပြိုင်နက် သူသည် ထိုအေတြးအေခါှတို့ကို လိမဿမာပါးနပ္စြာ၊ အသိဉာဏ်ပညာဖြင့် ချွန်းအုပ် ၍ဖယ်ရှားလိုက်သည့် အတွက် မူလသိပဿပံနည်းကျ အတွေးအခှေါတို့ကို ပြန်လည်ရရှိခဲ့သည်ဟု ဆို၏။ ခံယူခဲ့ရသော စိတ်ရောဂါကုထုံးများက သူ့အတွက် ဘာမှအကျိုးမပြုခဲ့ဟုလည်း ဆိုလိုက်သေး၏။ ကဲ၊ ဘယ့်နှယ့်ရှိစ စိတ်ရောဂါကု ဆရာဝန်ကြီးများ၊ သင်တို့ကရော ဘာများတတ်နိုင်ကြဦးမည်နည်း။

Advertisement

2 Comments (+add yours?)

  1. အလှတရား
    Sep 09, 2009 @ 06:18:07

    ဂိမ်းသီဝရီပိုင်ရှင်ဇာတ်လမ်းကို ကြားရတာ A beautiful mind ဇာတ်ကားတောင် သတိရသေးတယ်။ Schizophrenia ဖြစ်နေတဲ့ mathematical genius တစ်ယောက်အကြောင်းလေ။ ဆရာဝန်ထဲမှာလည်း ရှိတယ်ဆရာရေ။ ကျနှောတွေ့ဖူးတယ်။

    Reply

    • admin
      Sep 19, 2009 @ 03:28:42

      >>>To အလှတရား
      ဆရာ။
      A beautiful mind မှာ ဇာတ်ကောင်အဖြစ်အရိုက်ခံရတဲ့ Mathematical genius ဆိုတာ ခုကျွန်တော်ရေးနေတဲ့ ဂျွန်နက်ရှ်ပါပဲ။ သူ့အကြောင်း မဟုတ် တမ်းတရားရုပ်ရှင်ရိုက်တယ်ဆိုပြီး တရားတောင်စွဲမယ်လုပ်သေးတယ်။ နောက်တော့လည်း အော်စကာတွေဘာတွေရပြီး နာမည်ကြီးသွားတော့ ကျေနပ် သွားတယ်ထင်တယ်။ သူ့အကြောင်းကို ဘိုးလှိုင်လား၊ ဒေါက်တာ ထင်အောင်လားမသိ၊ ဦးနှောက်မြူးသူ တစ်ယောက်အကြောင်းဆိုပြီး ဘာသာပြန်ထားတဲ့ စာအုပ်ရှိပါတယ်။
      လေးစားစွာဖြင့်-
      Hiriautatpa

      Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2009
M T W T F S S
« Aug   Oct »
 123456
78910111213
14151617181920
21222324252627
282930  
Follow

Get every new post delivered to your Inbox.