500 days in Dvaravati (20)

အရူးကတမူးသာ (၂)

၁၉၇ဝ နှောင်းပိုင်း ပရင်စတန်တကဿကသိုလ်တွင်တော့ ဂျွန်နက်ရှ်သည် အလွန်တရာနာမည်ကြီးသူ ဖြစ်နေလေပြီ။ လူတိုင်း က ပရင်စတန် သခဿင်ာဋဿဌာန၏ ကျောက်သင်ပုန်းမည်းကြီးပှေါတွင် ညကြီးသန်းခေါင် သခဿငျာညီမျှခြင်းများ ထထရေးတတ် သည့် ဂျွန်နက်ရှ်အကြောင်းကို ဒဏဿဍာရီထဲက ပုံပြင်တစ်ပုဒ်နှယ် ပြောဆိုနေကြ၏။ ၁၉၇၈ ခုနှစ်တွင် နက်ရှ် အီကွီ လီဘရမ်ရှာဖွေတွေ့ရှိမှုကို အကြောင်းပြု၍ ဗွန်နျူမန်းဆုကို ရ၏။ထို့နောက်တွင်တော့ ဂျွန်နက်ရှ်သည် ပါရဂူကျောင်းသားဘဝတည်းက အစပြုခဲ့သည် ဂိမ်းသီအိုရီကို တစိုက်မတ်မတ် ပြန်လည်လေ့လာ၏။ မွမ်းမံပြင်ဆင်၏။ အဆင့်မြှင့်တင်၏။ ထိုအဆင့်မြင့် ဂိမ်းသီအိုရီကို လက်ကိုင်ပြု၍ နက်ရှ်သည် မူလ သခဿငျာလောကမှ ဘောဂဗေဒ လောကသို့ ဝင်ရောက်မွှေနှောက်၍ ရှိရင်းစွဲ ဘောဂဗေဒပညာရှင်တို့ကို ချောက်ခြား စေ၏။ ထို့အတွက်ကြောင့်ပင် ၁၉၉၄ ခုနှစ်အတွက် ဘောဂဗေဒဆိုင်ရာ နိုဗယ်ဆုကြီးကို အခြားသော ဂိမ်းသီအိုရီ ပညာရှင်နှစ်ဦးနှင့် အတူ ဂျွန်နက်ရှ် ရရှိခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် နေပါယ်တကဿကသိုလ်မှ ဂျွန်နက်ရှ်အား ဂုဏ်ထူးဆောင် ဘောဂဗေဒ ပါရဂူဆုကို ချီးမြှင့်ခဲ့သည်။ ထိုမျှ ဖိန့်ဖိန့်တုန်အောင် နာမည်ကြီးလှသော ဂိမ်းသီအိုရီဆိုသည်က ဘာများ ပါလဲ။

ဂိမ်းသီအိုရီ ဘာလဲဆိုတာသိဖို့ အရင်ဆုံး ဂိမ်း (Game) ဆိုသည့်စကားလုံးကို ရှင်းလင်းအောင်လုပ်ဖို့လိုသည်။ ဂိမ်း ဆိုတာ ကစားတာပေါ့။ အားရင် ကစားတဲ့ အားကစားမှန်သမျှ ဂိမ်းပေါ့ဟဲ့ဟု ပြောချင်လည်းပြောလို့ရသည်။ ဂျွန်နက်ရှ် ၏ ဂိမ်းအဓိပဿပါယ်ဖွင့်ဆိုချက်ကတော့ တစ်ဖက်နှင့် တစ်ဖက်ပြိုင်ဆိုင်ရမည့် အခြေအနေတစ်ခုခုပှေါတွင် သတ်မှတ် ထားသော စည်းကမ်းချက်များပါဝင်သော အစုဟုဆိုသည်။ ဘိုလိုတော့- game is essentially a set of rules describing the formal structure of a competitive situation ဟုအဓိပဿပါယ်ဖွင့်၏။ စည်းကမ်းချက်များပါဝင်သော အစုဆိုသည်မှာ အောက်ပါအရာများပါဝင်သည်တဲ့။

  1. ပြုလုပ်နိုင်သော အရာများ
  2. ထိုပြုလုပ်နိုင်သော အရာများနှင့် သက်ဆိုင်သည့် သိထားရန်လိုအပ်သော အချက်အလက်များ
  3. တစ်ခုခုပြုလုပ်သည့်အခါတွင် ရရှိနိုင်သည့်အကျိုးအမြတ် သို့မဟုတ် ထိခိုက်နစ်နာစေနိုင်သည့် အရှုံးများ

ဂိမ်းသီအိုရီသည် ထင်ရှားသောဥပမာတစ်ခုမှာ Prisoner’s dilemma ခှေါအကျဉ်းသားဖြောင့်ချက် ဖြစ်၏။ ဘယ်နှယ့် အကျဉ်းသား၏ ဝန်ခံချက် သို့မဟုတ် ဖြောင့်ချက်သည် ဂိမ်းဖြစ်ရသနည်းဆိုလျှင် အစုထဲပါဝင်သော အချက်များနှင့် ကိုက်ညီသောကြောင့်ဟု ဆို၏။

  1. ပြုလုပ်နိုင်သောအရာများ- ဖြောင့်ချက်ပေးရန် သို့မဟုတ် မပေးရန်
  2. ၎င်းနှင့်သက်ဆိုင်သည့်အချက်အလက်များ- ဖြောင့်ချက်ပေးခြင်း၊ မပေးခြင်းအားဖြင့် အမှုမှကွင်းလုံးချွတ်လွတ် မည်လား၊ ထောင်ကျမည်လား။
  3. အကျိုးအမြတ်များ-
    1. ဖြောင့်ချက်ပေးလိုက်၍ ဖှောကောင်ဘညွှန့် အဖြစ်သတ်မှတ်ခံရပြီး အမှုမှ ကွင်းလုံးချွတ်လွတ်နိုင်သည်။
    2. ဖြောင့်ချက်မပေးပဲ ဘူးခံလိုက်ပြီး သက်သေမရှိသဖြင့်လည်း အမှုမှ ကွင်းလုံးချွတ်လွတ်နိုင်သည်။
  4. အရှုံးများ-
    1. ဖြောင့်ချက်ပေးခြင်းအားဖြင့် ပြစ်ဒဏ်ပိုကြီးသွားပြီး ထောင်နှစ်ရှည်ကျနိုင်သည်
    2. ဘူးခံလိုက်ခြင်းအားဖြင့် ပြစ်ဒဏ်ပိုကြီးသွားပြီး ထောင်နှစ်ရှည်ကျနိုင်သည်။

ထိုအချက်များကို စုံလင်စွာသိရှိပြီးသည့်အခါတွင် game matrix ခှေါတိုင်နှစ်ခုနှင့် တန်းနှစ်ခုပါသော လေးကွက်ကျား တစ်ခုဆွဲ၍ game theory ကိုတွက်ချက်ပေတော့ဟုဆို၏။ Game matrix ဆိုသည်ကို ဒီလိုဆွဲရမတဲ့-

အမှုမှ ကွင်းလုံးကျွတ်လွတ်ခြင်း နှစ်ရှည်ထောင်ဒဏ်ကျခြင်း
ဖြောင့်ချက်ပေးခြင်း က
ဖြောင့်ချက်မပေးခြင်း

လွတ်နေသောကွက်လပ်များနေရာတွင် ပြုလုပ်သည့်အရာ (ဖြောင့်ချက်ပေးခြင်း၊ မပေးခြင်း) နှင့် ကြုံတွေ့ရမည့် ဖြစ်ရပ် (အမှုမှ ကွင်းလုံးကျွတ်လွတ်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်ကျခြင်း) တို့အပှေါမူတည်၍ ရရှိမည့်အကျိုးတရားနှင့် နစ်နာမည့် အရှုံးတရားတို့ကို အမှတ်ပေးစနစ်တစ်ခုခုဖြင့် စဉ်းစားရမည်ဟုဆိုသည်။ ဆိုကြပါစို့-
ဖြောင့်ချက်ပေးလိုက်ပြီး အမှုမှကွင်းလုံးကျွတ်လွတ်သွားလျှင် အလွန်အကျိုးရှိသည်။ ထို့ကြောင့် (က) အတွက် (၇) မှတ်ပေးမည်။
ဖြောင့်ချက်ပေးလိုက်သှောလည်း ထောင်ဒဏ်နှစ်ရှည်ခံလိုက်ရလျှင် အလွန်နစ်နာသည်။ ထို့ကြောင့် (ခ) အတွက် (-၅) မှတ်ပေးမည်။
ဖြောင့်ချက်မပေးပဲ အမှုမှကွင်းလုံးကျွတ်လွတ်လျှင် အလွန့်အလွန်အကျိုးရှိမည်။ ထို့ကြောင့် (ဂ) အတွက် (၉) မှတ် ပေးမည်။
ဖြောင့်ချက်မပေးပဲ ထောင်ဒဏ်နှစ်ရှည်ခံရလျှင် အကျိုးမရှိသှောလည်း အလွန်နစ်နာသည်ဟုမဆိုသာ။ ထို့ကြောင့် (ဃ) အတွက် (၃) မှတ်ပေးမည်။
ထိုအမှတ်တွေ ဘယ်လိုရလာသလဲ ဆိုတော့ ကိုယ်ကြိုက်သလို ကိုယ်ပေးတာပေါ့တဲ့။ အေးရော။ သို့ပေမဲ့ အကျိုးရှိသည့် အလုပ်ကို အမှတ်များများပေး၍ နစ်နာသည့်အလုပ်ကို အမှတ်နည်းနည်းပေးရမည်ဆိုသည့် ဥပဒေသ တစ်ခုတော့ရှိဟန်တူသည်။

အမှုမှ ကွင်းလုံးကျွတ်လွတ်ခြင်း နှစ်ရှည်ထောင်ဒဏ်ကျခြင်း
ဖြောင့်ချက်ပေးခြင်း -၅
ဖြောင့်ချက်မပေးခြင်း

ထိုသို့အမှတ်များထည့်ပြီးလျှင် ရှာရမည်မှာ ထိုထိုသောအဖြစ်မျိုးနှင့် ကြုံတွေ့ရသည့်အခါ ဘယ်နှစ်ကြိမ် ဖြောင့်ချက်ပေး ၍ ဘယ်နှစ်ကြိမ် ဘူးကွယ်နေခြင်းသည် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မည်လဲ ဆိုသည့် မဟာဗျူဟာ (Strategy) ပင်ဖြစ်တော့သည်တဲ့။ ဂိမ်းသီအိုရီ၏ တွက်နည်းချက်နည်းများကို အသုံးပြု၍ တွက်ချက်လိုက်သော အခါမတော့ (၃) သည် ဆုံချက်ခှေါ saddle point ဖြစ်နေ၍ ထိုသို့သောအခြေအနေမျိုးဖြင့် ကြုံတွေ့ရလျှင် အမြဲတမ်း ဖြောင့်ချက် မပေးပဲ ဘူးခံနေခြင်းသည်သာလျှင် ကိုယ့်အတွက်အကောင်းဆုံး၊ အကျိုးအရှိဆုံး မဟာဗျူဟာဖြစ်တော့သည်ဟု အဖြေ ထွက်လာသည်။ မည်သို့မည်ပုံတွက်ချက်သည် ကတော့ တစ်ကဏဿဍဖြစ်သည်။
ထိုဂိမ်းသီအိုရီကို တကယ်တမ်းအသုံးချသည့်အခါ မသေချာ၊ မရေရာမှုများပြည့်နှက်နေသည့် အခြေအနေများ (Uncertain conditions) တွင်သာအကျိုးရှိသည်ဟု ဆို၏။ သေချာသည့် အခြေအနေများတွင် ဂိမ်းသီအိုရီကို သုံးစရာ မလို၊ သုံး၍လည်းမရ။ ဆိုကြပါစို့။ ဌက်ဖျားပိုး သွေးထဲတွေ့ရသော လူနာတစ်ဦးအတွက် ဌက်ဖျားဆေးပေးခြင်းသည် သာ ရောဂါပျောက်ကင်းခြင်းသို့ရောက်မည်မှန်းသေချာနေပါလျှက် ဂိမ်းသီအိုရီကိုသုံး၍ ဤအခြေအနေမျိုးကြုံတွေ့လျှင် သုံးကြိမ် ဌက်ဖျားဆေးပေးပြီး နှစ်ကြိမ်မပေးခြင်းသည် ကိုယ့်အတွက်အကောင်းဆုံး ဗျူဟာဖြစ်သည်ဟု အဖြေထုတ်၍ မရစကောင်း။
ထို့ကြောင့်လည်း သီအိုရီများကို အသုံးချသိပဿပံအဖြစ်ပြောင်းလဲရာတွင် အမေမှာမှာသည့်အတိုင်း တသွေမတိမ်းလုပ်၍ မရ။ ပါရမီရှင် အရူးကြီး ဂျွန်နက်ရှ်၏ ဂိမ်းသီအိုရီသည်လည်း စီးပွားရေး၊ စစ်ရေးကိစဿစများတွင် အသုံးတည့်သည် ဆိုသှောလည်း ခုမှ မြေစမ်းခရမ်းပျိုးဆဲ သာပါ။ အဟုတ်တကယ်ကောင်းမကောင်းဆိုသည်ကိုတော့ အချိန်ပေး၍ စောင့်ကြည့်ကြရလိမ့်ဦးတော့မည်။
+++++++++++++++++++++++++++

Advertisement

2 Comments (+add yours?)

  1. nyimuyar
    Oct 07, 2009 @ 21:03:39

    happy to read your post again, Thanks for Games Theory and Proff: John Nesh, unfortunately I’m not understand about Games Theory, too confusing, but your Post is clearly to understand.

    Cheers

    Reply

  2. Yu Yu
    Oct 15, 2009 @ 20:09:14

    great post! have just subscribed your blog in my reader. Thanks :-)

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2009
M T W T F S S
« Aug   Oct »
 123456
78910111213
14151617181920
21222324252627
282930  
Follow

Get every new post delivered to your Inbox.