အတ္တလန်တစ်ရှာပုံတော် (၄၃)
19 Oct 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ပြဇာတ်အခန်း (၃)ကိုတင်ဆက်ရန် ကန့်လန့်ကာများ ဖွင့်လိုက်ချိန်ဝယ် ကိုယ်ရောင် ဖျောက်နေသည့် သက်တှောစောင့် နှစ်ဦးအနက် တစ်ဦးသည် အထူးခန်းထဲ ဝင်လာပြီး ကားလ်ဝုဖ်ကို တစ်စုံတစ်ခု တီးတိုးပြောလိုက်၏။ ဝုဖ်၏ခနဿဓာကိုယ် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ နှုတ်ခမ်းထက်မှ အပြုံးလုံးဝကွယ်ပျောက်သွား၏။ ပူဆွေး၊ သောက၊ ဗျာပါဒ အရိပ်များ မျက်နှာတွင်ပှေါလာ၏။ သူ့ညီမများဖက်သို့လှည့်၍-“ညီမတို့၊ အရေးပှေါကိစဿစတစ်ခုပှေါလို့ ကိုယ်အပြင်သွားရဦးမယ်။ မင်းတို့နေခဲ့ကြဦး။ ညစာစားချိန်ကျရင် ပလာဇာ ဂရေးမှာ ယူထားတဲ့ သီးသန့်ခန်းကို သွားနှင့်ကြ၊ ကိုယ် အမှီလာခဲ့မယ်” ဟုကမန်းကတန်းပြောလိုက်သည်။
ညီအမလေးဖှောသည် သူတို့ချစ်လှစွာသော အကို၏ ထိန်းချုပ်ထားရသော ဝမ်းနည်းကြေကွဲမှုများကို ရိပ်မိကြသည်။
ဂီလီက-
“အကို ဘာဖြစ်တာလဲဟင်”
“ဟုတ်တယ်။ ကျွန်မတို့ကိုလည်းပြောပြပါ” မာရီယာကလည်း ဝင်ပြော၏။
“အကိုသိတဲ့အချိန်ကျရင် ညီမတို့အားလုံးကို ပြောပြမှာပါ။ ခုတော့ နေရစ်ခဲ့ကြဦးနှော” ဝုဖ်သည် သူ့ညီမများကို နှစ် သိမ့်ခဲ့ပြီးနောက် ကိုယ်ရံတှောတစ်ဦးနှင့်အတူ အပြင်သို့ အလောတကြီးထွက်လာခဲ့သည်။ အပြင်တွင်အဆင်သင့် စောင့်နေသော ၁၉၆၉ ခုနှစ်ထုတ် မာစီဒီး ဘန်ဇ့် ၆ဝဝ မှောဒယ် ဇိမ်ခံကားကြီးပှေါသို့ သုတ်ကနဲတက်လိုက်သည်။ အာဂျင်တီးနား၏ လမ်းမများကား အမြဲတစေ ယာဉ်ကြောပိတ်ဆို့နေတတ်သည်။ ညဦးယံရောက်ကာမှ ပိုလို့ပင် ဆိုးနေ သေးတော့သည်။ ဒရိုင်ဘာသည် မာစီးဒီးကားကြီးကို ဗျူနိုအေးရီး၏ ထိပ်တန်းဒေသ ဖြစ်သည့် ရီကိုလီတာသို့ ဦးတည်၍ မောင်းနေ၏။
ရီကိုလီတာသည် ချီကာဂိုရှိ မီရှီဂန် ရိပ်သာကဲ့သို့၊ ဟောလီးဝုဒ်ရှိ ဘီဗာလီဟေးလ်စ်ကဲ့သို့ ရပ်ကွက်မျိုးဖြစ်၏။ ကျှောကြားပေ့၊ ချမ်းသာပေ့၊ ဩဇာအာဏာရှိပေ့ဆိုသည့် ဒိတ်ဒိတ်ကြဲလူတန်းစားများသာ နေနိုင်သည့်ဒေသ။
ထင်ရှားကျှောကြားသည် လူတန်းစားများကို မြှုပ်နှံရာ ရီကိုလီတာ သချိုင်းသည်လည်း ထိုအရပ်မှာပင် တည်ရှိ၏။ ဤနေရာတွင် တစ်ခေတ်တစ်ခါ ကလျှမ်းလျှမ်းတောက်ခဲ့သည့် အီဗာပီရွန်၏ ဂူသချိုင်းရှိသည်။ ကမဿဘာလှည့်ခရီးသည်များသည် သူမ၏ အုတ်ဂူရှေ့ တွင်ရပ်ရင်း “ကိုယ့်အတွက် မငိုပါနဲ့ အာဂျင်တီးနားရယ်။ ကိုယ်မင်းဆီအရောက်လာခဲ့မယ်” ဆိုသည့် ကမဿဘာကျှောစာသားများကို ဖတ်ရှုရင်း မှင်သက်လွမ်းမော နေတတ် ကြသည်။
မာစီဒီးကားကြီးသည် အိုင်ဗီနွယ်ပင် များ ကာရံထားသည့် ဧရာမအုတ်တံတိုင်းကြီးတွင်တပ်ဆင်ထားသည့် သံတံခါးကြီးမှတဆင့် ခြံဝင်းကြီးတစ်ခု အတွင်း သို့ဝင်လာသည်။ အမှန်စင်စစ် ထိုခြံသည် ဒုတိယကမဿဘာစစ်မတိုင်မှီက ဂျာမနီသံရုံးအဆောက်အဦးဖြစ်ခဲ့ဖူး၏။ စစ်ကြီးပြီးသည့်နောက် အသစ်တက်လာသည့် ဂျာမန်အစိုးရသည် ပါလာမိုချီကို သို့သံရုံးကို ပြောင်းရွေ့ သွားခဲ့ပြီး ထိုခြံဝင်းကား ကံကြမဿမာ အင်တာပရိုက်စ်၏ လက်ဝယ် သို့ရောက်ရှိ လာခဲ့ပြီး တစ်ကမဿဘာလုံးရှိ သူတို့၏လုပ်ငန်းများကို ထိန်းချုပ်ရာ ဋဿဌာနချုပ်ဖြစ်လာခဲ့သည်။
ကားလ်ဝုဖ်သည် ကားပှေါမှ စိတ်လှုပ်ရှားစွာ ဆင်းလာပြီးနောက် အဆောက်အဦး အတွင်းသို့ ခပ်သုတ်သုတ် ဝင်သွား၏။ အဖြူရောင် မာဘယ်ကျောက်အတိပြီးသော လှေကားကြီးက အပှေါထပ်ရှိ ရုံးခန်းများဆီသို့ရောက်ရှိစေနိုင် သှောလည်း ဝုဖ်သည် နံရံနောက်တွင် လျှို့ ဝှက်တပ်ဆင်ထားသည့် ဓါတ်လှေကားအသေးစားလေးတစ်ခုထဲဝင်သွား၏။ ထိုဓါတ်လှေကားကလေးသည် ဝုဖ်မိသားစု၏ အတွင်းလူများသာ သိရှိသော အစည်းအဝေးခန်းမသို့ တိုက်ရိုက်ရောက် ရှိနိုင်သည်။
အခန်းအတွင်း ပိတောက်သားဖြင့် ပြုလုပ်ထားသည့် သုံးဆယ့်လေးပေ ရှည်သော အစည်းဝေးစားပွဲကြီးတွင် ဝုဖ် ဆယ်ဦး သူ့ကိုစောင့်ဆိုင်းနေကြသည်။ ယောကဿငျားခြောက်ဦးနှင့် မိန်းမ လေးဦး။ ကားလ်ဝုဖ်ဝင်လာတော့ အားလုံးက မတ်တပ်ရပ်၍ ကြိုဆိုကြသည်။ အသက်အားဖြင့် သုံးဆယ့်ရှစ်နှစ်သာ ရှိသေးသှောလည်း ကားလ်ဝုဖ်သည် မိသားစု၏ အဓိက အကြံပေးပုဂဿဂိုလ်ဖြစ်နေသည်ကိုး။
“ကျွန်တှော နောက်ကျသွားတာ ခွင့်လွှတ်ကြပါ ခင်ဗျာ။ သတင်းကြားကြားချင်း အပြေးအလွှားလာခဲ့တာပဲ” ကားလ်ဝုဖ် သည်ပြောပြောဆိုဆိုနှင့် ငွေရောင်ဆံပင်များ တစ်ခေါင်းလုံးဖွေးနေသည့် အဖိုးကြီးတစ်ဦးထံ လျှောက်လှမ်းသွားပြီး ပွေ့ဖက်လိုက်သည်။
“ယူ ၂ဝ၁၅ နဲ့အတူ ဟေဒီ ကျသွားပြီဆိုတာ တကယ်လား အဖေ” သူ့အသံသည် လှိုက်လှဲတုန်ရင်နေ၏။ ကိုယ့်အမျိုး ထိတော့ မချိအောင်နာတတ်လှသည်ကိုး။
ကားလ်ဝုဖ်၏ ဖခင် မက်စ်ဝုဖ်သည် ခေါင်းကို ဖြည်းလေးစွာ ညိတ်ပြလိုက်၏။
“ဟုတ်တယ်။ မင်းညီမ ဟေဒီရော၊ ကတ်တ်ရဲ့သား အဲရစ်ရော အခြားလူတွေအားလုံးရော ယူ ၂ဝ၁၅ နဲ့အတူ အနဿတာတိက ကြမ်းပြင်အောက်ရောက်သွားပြီ ငါ့သား”
“အဲရစ် ပါသွားလားအဖေ၊ ကျွန်တှော သူပါသွားတာ မသိရပါလား။ သေရောသေချာလို့လား”
“ကျွန်တှောတို့ ဝါရှင်တန်က အမျိုးသား အဏဿဏဝါဗေဒ အေဂျင်စီရဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ထိုးဖောက် မွှေနှောက်ပြီးပြီ” ဂီလီဝုဖ်၏ ခင်ပွန်း၊ ကားလ်၏ ယောက်ဖ ဘရူနိုဝုဖ်က ဒေါသကြောင့် နီရဲနေသော မျက်နှာကြီးဖြင့် ဝင်ရောက် ပြောဆို၏။
“အခုဆို သူတို့အတှောသိနေကြပြီ။ ဘာသာပြန်တာလည်း အတှောခရီးရောက်နေပြီ။ အာမီးနီးစ် ပစဿစည်းတွေအားလုံး ကိုအစဖျောက်ဖို့ ကြိုးစားနေတုန်းမှာပဲ အမေရိကန် နျူစွမ်းအင်သုံး ရေငုတ်သဘေဿငာတစ်စီးရောက်လာပြီး ဒုံးကျည်နဲ့ ပစ်သွားတာ ယူ ၂ဝ၁၅ တစ်စစီဖြစ်သွားခဲ့တယ်။ သိရသလောက် အသက်ရှင်တဲ့လူမရှိဘူး”
ကားလ် ခေါင်းငိုက်စိုက်ကျသွားသည်။ အတန်ကြာမှ သူက လေသံတိုးတိုးလေးဖြင့်-
“အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ မိသားစုဝင်နှစ်ယောက် အသက်ဆုံးတယ်။ အဖနိုင်ငံတှောကနေ ကျွန်တှောတို့ ဘိုးဘေးတွေကို ဒီရောက်အောင်ပို့ပေးတဲ့ ယူ ၂ဝ၁၅ ကိုလည်း ဆုံးရှုံးခဲ့ရတယ်”
“ယူ ၂ဝ၁၅ ဟာ ဒီနှစ်ပိုင်းအတွင်း ကျုပ်တို့အတွက် အလုပ်လုပ်ပေးခဲ့တာ မနည်းလှဘူး။ အင်မတန်နှမြောစရာ ကောင်းတယ်” မိသားစုတွင်းရှိ ဆရာဝန်ရှစ်ဦးအနက် တစ်ဦးဖြစ်သည့် အှောတိုဝုဖ်ကလည်း လိုက်လံ ငြီးငြူ၏။
ထို့နောက်တွင်တော့ သူတို့သည် ပြောစရာစကားများ ကုန်ဆုံးသွားသည့်အလား ငူငူငိုင်ငိုင်ဖြင့် ထိုင်မှိုင်နေကြလေ၏။ တကယ်တော့ သူတို့သည် ကျရှုံးခြင်းဆိုသည့် ဝေါဟာရ ၎င်းတို့၏ အဘိဓါန်တွင် တစ်ခါဘူးမှ မရှိခဲ့သည် လုပ်တိုင်းအောင် အုပ်စုကြီးဖြစ်၏။ သုံးဆယ့်ငါးနှစ်တာ အချိန်ကာလအတွင်း ကံကြမဿမာအင်တာပရိုက်သည် အချိုပှေါ သကာဆင့်သည့် အောင်မြင်မှုများသာ တွေ့ကြုံခဲ့ရသည်။ ထိုသို့အောင်မြင်စေရန်လည်း မည်သည့် ပရောဂျက်ကို မဆို အသေးစိတ် စီမံကိန်းများ အထပ်ထပ်အခါခါ ချမှတ်ကျင့်သုံးခဲ့ကြသည်။ ဆုံးရှုံးခြင်းဆိုသည်မှာ သူတို့အတွက် မဖြစ်နိုင် သော စကားလုံးဖြစ်၏။
ကားလ်ဝုဖ်သည် ကုလားထိုင်တွင်ကျောမှီချလိုက်ပြီး-
“ပြီးခဲ့တဲ့ နှစ်ပါတ်အတွင်း ကျွန်တှောတို့ ဆုံးရှုံးမှု ဘယ်လောက်ရှိသလဲ”
ဘရူနို ဝုဖ်သည် ဖိုင်တွဲတစ်ခုကို လှန်လိုက်ပြီး-
“ကိုလိုရာဒိုမှာ အေးဂျင့် ခုနှစ်ယောက်၊ စိန့်ပေါလ်ကျွန်းမှာ ခုနှစ်ယောက် အဲဒီထဲမှာ ကျွန်တှောတို့ ညီအကိုတှော ဖရစ်ဇ်လဲ ပါသွားတယ်။ သူက ဟယ်လီကှောပတာ ကိုယ်တိုင်မောင်းသွားတာ။ ယူ ၂ဝ၁၅ ပှေါမှာ လေးဆယ့် ခုနှစ်ယောက် နဲ့ ဟေဒီ၊ အဲရစ်”
“ကျွန်မတို့ရဲ့ အကောင်းဆုံးလူ ခြောက်ဆယ့် ခုနှစ်ယောက်နဲ့ မိသားစုဝင် သုံးဦး ဆယ်ရက်အတွင်းဆုံးပါးသွားကြပြီ။ ကျွန်မ ကတော့ လက်ကိုမခံချင်ဖူး” အယ်လ်ဆီဝုဖ်က ဝင်ပြော၏။
“ဒီထက် ပိုပြီးမခံချင်စရာကောင်းတာက ဒီကိစဿစမှာ တာဝန်ရှိတဲ့လူတွေက ဂျယ်လီငါးသာသာ ရှိတဲ့ သောက်သုံး မကျ တဲ့ ပင်လယ်လေ့လာသူတွေဖြစ်နေတာပဲကွ” အှောတိုက ဒေါသဖြစ်စွာ ပြောလိုက်သည်။
ကားလ်က သူ့မျက်လုံးများကို ပွတ်ရင်း-
“တစ်ခုတော့ သတိပေးလိုက်ပါရဲ့ အှောတို။ ခင်ဗျားပြောတဲ့ သောက်သုံးမကျတဲ့ ဂျယ်လီငါးတွေက ကျွန်တှောတို့လူ ဆယ့်နှစ်ယောက်ကို ကောင်းကောင်းကြီးဆှောခဲ့ပြီး ခုထိ ဘေးမသီ ရန်မခ ရှိနေတုန်းပဲဗျ”
အယ်လ်ဆီက-
“ဘာပဲဖြစ်ဖြစ် အဏဿဏဝါဗေဒ ပညာရှင်တွေနဲ့ မရင်း အင်ဂျင်နီယာတွေပဲတှော။ ကြေးစားအဆင့်ကိုတော့ မယှဉ်နိုင်ပါ ဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ဝါရှင်တန် အသုံးလုံး ဋဿဌာနချုပ်က ကျွန်မတို့ရဲ့လူက ကိုလိုရာဒိုနဲ့ စိန့်ပေါလ်ကျွန်း ဖြစ်ရပ်တွေမှာ တာဝန်ရှိတဲ့ လူတွေရဲ့ ကိုယ်ရေးဖိုင်တွေ ပို့ထားပြီးပြီ။ သူတို့ကတော့ အတှောစွမ်းတယ်ပြောရမယ်။ အသုံးလုံးအဖွဲ့အတွင်းက လူစွမ်းကောင်းများပေါ့” အယ်လ်ဆီက ပြောပြောဆိုဆို ရောင်စုံဓါတ်ပုံများကို စားပွဲပှေါသို့ ချပြလိုက်သည်။
“ပထမလူက ဗိုလ်ချုပ်ကြီး ဂျိန်းစ်ဆန်ဒက်ကာတဲ့။ အသုံးလုံး ညွှန်ချုပ်ပေါ့။ ယူအက်စ် အစိုးရအဖြဲ့အေပါှအေတာှ ဩဇာသက်ရောက်မှုရှိတယ်။ ဗီယက်နမ်စစ်အပြီး သူ့ကို အသုံးလုံးအဖွဲ့မှာ တာဝန်ပေးခဲ့တယ်။”
“ဟုတ်ပြီ။ မာဆေးလ်မှာလုပ်တဲ့ အဏဿဏဝါသိပဿပံ ကြန္ဖရင့္စ္မွာ သူ့ကို က်ြန္ေတာှ တစ်ခါတွေ့ဖူးတယ်။ ဒီလူက လျှော့တွက်လို့မရတဲ့လူပဲ” ကားလ်က ဓါတ်ပုံကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“နောက်တစ်ပုံကတော့ အသုံးလုံး ဒုတိယ ညွှန်ကြားရေးမှုး ရူဒီဂန်းရဲ့ ပုံပဲ”
“ဒီလူ့ကြည့်ရတာ ညောင်နာနာနဲ့။ လူဗလံလေးပဲ။ လူသတ်ဖို့မပြောနဲ့၊ ကြောင်သတ်ဖို့တောင် အားရှိရဲ့လားမသိဘူး” မိသားစု ရှေ့ နေကြီး ဖီးလက်စ်ဝုဖ်က အထင်သေးစွာပြောလိုက်သည်။
အယ်လ်ဆီက ရိသဲ့သဲ့ပြုံးရင်း-
“သူသတ်ခဲ့တာ ဘယ်လောက်ရှိမှန်းသူကိုယ်တိုင်တောင် မမှတ်မိဘူးရှင့်။ ဒီလူက စိန့်ပေါလ်ကျွန်းကိစဿစရဲ့ ပဲ့ကိုင်ပဲ။ အရင် ရေတပ်ကလူ။ ခုတော့ ဆန်ဒက်ကာရဲ့ ညာလက်ရုံးကြီးပေါ့”
ဘရူနိုက တတိယ ဓါတ်ပုံရှင်ကိုကြည့်ရင်း-
“ဒီလူကတော့ ခင်ဗျား ပါးစပ်ထဲက မတ်စေ့ကိုတောင် ရအောင်နှိုက်မဲ့ရုပ်” ဟု ချီးမွှမ်းခြေကျောက်ပြော၏။
“အဲဒါ အယ်လ်ဘတ် ဂျီယိုဒီနိုလို့ခှေါတယ်။ အသုံးလုံး လက်ထောက်ညွှန်ကြားရေးမှူး။ ဗီယက်နမ်စစ်ပြန်ပဲ။ ဘရူနိုပြောတာ မှန်တယ်။ ဂျီယိုဒီနိုဟာ အင်မတန်ဆက်ဆံရခက်ပြီး သူဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ။ စိန့်ပေါလ်ကျွန်းမှာ သူနဲ့ ရူဒီဂန်း နှစ်ယောက်ထဲနဲ့ ကျွန်မတို့ လူတွေကို မျိုးဖြုတ်ခဲ့တာ”
“ဒီနောက်ဆုံးလူကရော”
“သူ့နာမည် ဒတ်ပစ်။ အသုံးလုံးရဲ့ အထူးစီမံကိန်းများဆိုင်ရာ ညွှန်ကြားရေးမှူး။ ဒီလူကတော့ အထူးခြားဆုံးပဲ။ အဏဿဏဝါ လောကမှာတော့ သူက ဒဏဿဍာရီလာ မင်းသားလေးတစ်ပါးလိုပဲ။ အိမ်ထောင်မရှိဘူး၊ ကားဟောင်းစုတဲ့ ဝါသနာအိုး။ လေတပ်အကယ်ဒမီထွက် ဗီယက်နမ်စစ်ပြန်။ ကိုလိုရာဒိုနဲ့ ယူ ၂ဝ၁၅ ကိစဿစရဲ့ အဓိက တာဝန္ရွိသူဟာ သူပဲ”
အှောတိုသည် ပစ်ဓါတ်ပုံကို ကြည့်ရင်း အစိမ်းလိုက် ဝါးစားပစ်ချင်လောက်အောင် ဒေါသထွက်လာသည်။ သူက တောက်တစ်ချက်ပြင်းပြင်းခေါက်ရင်း-
“ကျုပ်တို့ ယူ ၂ဝ၁၅ အစား ခေတ်မှီရေငုတ်သဘေဿငာကို သုံးခဲ့ရမှာ” ဟု မချိတင်ကဲ ပြောလိုက်သည်။
ကားလ်သည် စိတ်ကိုထိန်းချုပ်လိုက်နိုင်ပြီဖြစ်၏။ သူက လေသံအေးအေးဖြင့်-
“ဒါကတော့ ကျွန်တှောတို့ ရန်သူတွေကို ယုံထင်ကြောင်ထင်ဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာကိုးဗျ”
ဘရူနိုက စားပွဲကို လက်သီးဖြင့် ထုလိုက်ရင်း-
“ဒီကိစဿစအတွက် ဒီကောင်တွေအားလုံး သေစေရမယ်” ဟု ကြုံးဝါးကြွေးကြှောလိုက်သည်။
ကားလ်က သူ့ကို ဖျတ်ကနဲ လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က တင်းတင်းမာမာ-
“ဒီမှာ ဘရူနို၊ ကျွန်တှောတို့သဘောတူညီချက်မရပဲ ဒတ်ပစ်ကို လုပ်ကြံဖို့ အဖွဲ့တစ်ဖွဲ့ကို ခင်ဗျားကိုယ့်သဘောနဲ့ ကိုယ် လွှတ်ခဲ့ပြီး ဆုံးရှုံးခဲ့ရပြီးပြီ။ ပုဂဿဂလိက ခံစားချက်တွေ ဘေးချိတ်ထားစမ်းပါ” ဟုသတိပေးလိုက်သည်။
ဘရူနိုက မလျှော့သေး-
“မဟုတ်သေးဘူး ကားလ်။ ဒီလေးယောက်ကို အပြစ်မပေးပဲ နေလို့တော့မရဘူး”
“ဘရူနိုရာ။ ကံကြမဿမာသစ်စီမံကိန်း အောင်မြင်တဲ့အခါကျရင် ဒီကောင်တွေအသက်ရှင်ချင်လို့တောင် ရှင်ခွင့် မရှိပါဘူးကွာ”
အယ်လ်ဆီက ကြားဖြတ်၍-
“ကားလ်ပြောတာ မှန်တယ် ဘရူနို။ မိသားစုအရေးနဲ့ အလုပ်ကိစဿစကို မရောပစ်နဲ့” ဟု ဝင်သတိပေးပြန်၏။
“အခု ကျွန်တှောတို့ အလုပ်ကိစဿစကိုသာ အာရုံစိုက်ထားကြပါစို့။ ကျွန်တှောတို့ရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို အလုပ် အတွက် ကုန်ကျတဲ့ စရိတ်တွေလို့ သဘောထားလိုက်ကြရအောင်” ကားလ်က အေးဆေးစွာပြောလိုက်သည်။
အှောတိုက-
“အခု ကိုလိုရာဒို နဲ့ စိန့်ပေါလ်ကျွန်းက လျှို့ ဝှက်ချက်တွေကို သူတို့သိသွားကြပြီ။ ဒီတော့ ဆက်ဖုံးကွယ်ထားလို့တော့ အကျိုးမရှိတော့ဘူး လို့ကျွန်တှောမြင်တယ်”
ဘရူနိုကလည်း-
“ဟုတ်တယ်။အမေရိကန် အစိုးရက စကားဝှက်တွေဖှောပြီး အားမီးနီးကျိန်စာကို လူတကာသိအောင် သူတို့ အင်မတန်အားကိုးတဲ့ မီဒီယာတွေက တစ်ဆင့် ဖှောပြကြစမ်းပါစေ။ ကျုပ်တို့ အလုပ်ရှုပ်တောင်သက်သာသေးတယ်”
ကားလ်က စားပွဲကို စိုက်ကြည့်ရင်း-
“အဲသလိုတော့ မဟုတ်သေးဘူး။ အချိန်စောလွန်းသေးတယ်။ ကျွန်တှောတို့ အဆင်သင့်မဖြစ်သေးဘူး”
ဘရူနိုက-
“နောက်နှစ်ပါတ်လောက်ဆို တစ်ကမဿဘာလုံးက ကျွန်တှောတို့ကို အာရုံစိုက်လာကြတော့မယ်။ ကျွန်တှောတို့ ကိုယ်ရောင် ဖျောက်ကြရတော့မလား။ ဗယ်လ်ဟားလားက ကျွန်တှောတို့လူတွေ အဆင်သင့်ဖြစ်ပြီလား”
“အရေးတကြီး လောဆှောရင်တော့ ခုကစလို့ ဆယ်ရက်အတွင်း အဆင်သင့်ဖြစ်ပါလိမ့်မယ်”
ခရစ်စတာဝုဖ် ပါးစပ်ဟောင်းလောင်းဖြစ်သွား၏။
“ဘုရားရေ။ ဆယ်ရက်ဟုတ်လား။ ဒီလိုဆိုရင် ဆယ်ရက်အတွင်းမှာ ကမဿဘာဟောင်းကြီး ပျက်စီးပြီး စတုတဿတနိုင်ငံတှော ဟာ ပြာပုံကြားက ရှင်သန်ပေါက်ဖွားလာတော့မယ်ပေါ့”
ကားလ်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ တို့ဘိုးဘေးတွေ ၁၉၄၅ ကတည်းကစီမံခဲ့တဲ့ ဒီစီမံကိန်းကြီးသာ အောင်မြင်ခဲ့မယ်ဆိုရင် နောက် နှစ်ပေါင်း တစ်သောင်းလောက်အထိ လူသားမျိုးနွယ်ကို တို့လိုချင်သလို ပုံသွင်းလို့ရပြီလို့ ဆိုရလိမ့်မယ်”
++++++++++++++++++++

Recent Comments