အတ္တလန်တစ်ရှာပုံတော် (၄၄)
24 Oct 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ရေခဲပြင်စခန်းတစ်ခုမှ လေယာဉ်ဖြင့်လိုက်ပါလာခဲ့သော ဒတ်ပစ်သည် အိနဿဒိယသမုဒဿဒရာ အနောက်ခြမ်းကို ကျှောဖြတ်၍ ကိတ်တောင်းသို့ဆိုက်ရောက်လာ၏။ ကိတ်တောင်းတွင် ဝါရှင်တန်မှ ခရီးနှင်လာခဲ့သော ပက်ထရစ်ရှာအိုကွန်းနယ်လ် နှင့် မံမီပညာရှင် ဒေါက်တာ ဘရက်ဖိုဒ့် ဟက်ဖီးလ်တို့နှင့် ဆုံရ၏။ ထိုမှတစ်ဆင့် သူတို့သုံးဦးသည် တေ့လ်-ရိုတာ လေယာဉ်ဖြင့် စိန့်ပေါလ်ကျွန်းသို့ ဆက်လက်ခရီးထွက်ခွာခဲ့ကြသည်။ ရာသီဥတုက မကောင်းလှ။ တိမ်များထူထပ် လျှက်ရှိသည်။ စိန့်ပေါလ်ကျွန်းတွင် ရေတပ်မှ ဆီးလ်လေယာဉ်အဖွဲ့သားများနှင့်ဆုံတွေ့ရသည်။
“ငရဲပြည်က ကြိုဆိုပါတယ်ဗျာ” ခနဿဓာကိုယ်ထွားကြိုင်းလှသော လေယာဉ်မှူးတစ်ဦးက ပြုံးပြုံးကြီးနှုတ်ဆက်လိုက်သည်။ သူ့ပခုံးပှေါတွင် လက်နက်ဆန်းကြီးတစ်ခုကို ထမ်းထား၏။ ပုံစံကြည့်ရသည်ကတော့ အှောတိုမက်တစ် ရိုင်ဖယ်၊ လက်ပစ် လောင်ချာ၊ စနိုက်ပါ ရိုင်ဖယ်နှင့် နှစ်လုံးပြူးသေနတ် အားလုံးကို ပေါင်းစပ်ထားပုံရ၏။
“ကျွန်တှောက မိုင်းလ်ဂျက်ကော့ဘ်ပါ။ ခင်ဗျားတို့အတွက် ဧည့်လမ်းညွှန်ပေါ့”
ပစ်က မိုင်းလ်ကို လက်ဆွဲနှုတ်ဆက်လိုက်ရင်း-
“ကျုပ်တို့လူကြီး ဆန်ဒက်ကာကတော့ အကြမ်းဖက်သမားများအတွက် အစစအရာရာပြင်ဆင်ထားတော့တာပဲ။ ရေတပ် အရာရှိကို ဧည့်လမ်းညွှန် လုပ်ခိုင်းတယ်။ ပြီးတော့ လောင်ချာကြီးထမ်းလို့” ဟုကလိလိုက်သည်။
မိုင်းလ်က တဟီးဟီးရယ်ရင်း-
“ခင်ဗျားတို့လူကြီးက ကျုပ်တို့ရေတပ်အပှေါ အတှောဩဇာရှိတာဗျ” ဟုပြန်လည်ပြောဆိုလိုက်၏။
မိုင်းလ်နှင့် သူ့လူလေးယောက်တို့သည် ဒတ်ပစ်တို့သုံးဦးအား ခြံရံလျှက် လှိုဏ်ဂူရှိရာသို့ တောင်တက်လမ်းမှတစ်ဆင့် တက်လာခဲ့ကြသည်။ ပက်ထရစ်ရှာကား ရွှဲရွှဲစို၍ ခိုက်ခိုက်တုန်နေပြီ။ လှိုဏ်ဂူဝတွင်တော့ အယ်လ်ဂျီယိုဒီနိုသည် သူတို့ကို ထွက်ကြိုနေ၏။ သူ့ပုံစံကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေပုံပှေါသောလည်း အနိုင်ရသည့် ဘောလုံးအသင်း ခေါင်းဆောင်အလား ပြုံးဖြီးဖြီးလုပ်နေသည်။
ပစ်နှင့် အယ်လ်တို့သည် တစ်ယောက်ကို တစ်ယောက်အကြာကြီး ပွေ့ဖက်နှုတ်ဆက်နေကြသည်။ စကားတစ်ခွန်းမှ မဆိုကြသှောလည်း သူတို့မျက်ဝန်းထဲမှ အရည်လဲ့နေသော မျက်ရည်စများကို ပက်ထရစ်ရှာတွေ့နေရသည်။ အတန်ကြာမှ-
“သေချင်းဆိုးကြီး၊ မင်းကို မသေမပျောက်တွေ့ရတာ ဝမ်းသာလိုက်တာ” ပစ်၏အသံသည် မြူးတူးနေ၏။ သူသိပ်ပျှော နေမှန်း သိသာလှသည်။
“ငါလဲ ဝမ်းသာတာပဲ မသာရဲ့၊ နေစမ်းပါဦး၊ ငါကြားတာက မင်း ဂျာမန်ရေငုတ်သဘေဿငာကို နှင်းခဲနဲ့ ပစ်တယ်ဆို”
“အလကား လျှောက်ပြောတာပါကွာ။ တို့တကယ်လုပ်တာက လက်သီးတွေဆုပ်ပြီး ဘုရားတနေကြတာကွ”
“အိုး- ဒေါက်တာ အိုကွန်းနဲလ်” ဂျီယိုဒီနိုသည် ပက်ကို အခုမှတွေ့သည့်အလား အလန့်တကြားနှုတ်ဆက်လိုက်ပြီး လက်အိတ်စွပ်ထားပြီး ရွံ့ များပေနေသော သူမ၏လက်ကို သူ့နှုတ်ခမ်းကြီးဖြင့် နမ်းလိုက်၏။
“ကြွပါခင်ဗျာ။ ဒီနေရာမှာ ခင်ဗျားကို အများကြီးလိုအပ်ပါတယ်”
တမင်သက်သက် ယဉ်ကျေးသမှုပြုနေသည့် အယ်လ်ကို ကြည့်ပြီး ပက်က ပြုံး၍-
“ကျွန်တှောမျိုးမရဲ့ လုပ်အားကို လိုတယ်ကြားလို့ စိတ်နှလုံးရွှင်ပြုံးရပါတယ် သခင်” ဟုပြန်ရွဲ့ လိုက်သည်။
ဒတ်ပစ်သည် အယ်လ်ဂျီယိုဒီနိုနှင့် ဒေါက်တာ ဘရက်ဖိုဒ် ဟက်ဖီးလ်ကို မိတ်ဆက်ပေးသည်။
“ဝမ်းသာပါတယ် မစဿစတာ ဂျီယိုဒီနို၊ ကျွန်တှောတော့ ခင်ဗျားတို့တွေ့ခဲ့တဲ့ ပစဿစည်းတွေကို သိပ်ကိုကြည့်ချင်နေပြီ” ဒေါက်တာ ဟက်ဖီးလ်က စိတ်အားထက်သန်စွာပြောလိုက်သည်။ သူ့ပုံစံက ပိန်ပိန်ကိုင်းကိုင်း၊ မှုန်မှုန်မှိုင်းမှိုင်း၊ ၁၉၂ဝ လောက်က ထုတ်လုပ်ခဲ့ဟန်တူသည့် မျက်မှန်ဝိုင်းလေးကို နှာခေါင်းပှေါညှပ်၍ တပ်ထား၏။
“တွေ့ချင်ရင် လိုက်ကြည့်တှောမူပါ ခင်ဗျာ” အယ်လ်သည် သူ့ထုံးစံအတိုင်း ဗလရွှတ်တပြောရင်း လှိုဏ်ဂူထဲဝင်သွား ၏။ မီးခိုးနှင့် ယမ်းနံ့များက လှိုဏ်ဂူထဲတွင် မွှန်နေ၏။ ဆီးလ်အဖွဲ့သားများသည် လျှပ်စစ်ဓါတ်အားပေးစက် တစ်လုံးကို ဂူထဲတွင် ဆင်ထားပြီးဖြစ်၏။ လှိုဏ်ဂူတစ်ခုလုံးသည် ဒုဗဿဗိကနဿတရကပ် ဆိုက်ထားသကဲ့သို့ ဆိုးရွားစွာ ပျက်စီးနေ၏။
“ဒီအထဲမှာ ဘာဖြစ်ထားတာလဲ” ပစ်က လှိုဏ်ဂူ၏ အခြေအနေကိုကြည့်ရင်း မေးလိုက်သည်။
“ဟယ်လီကှောပတာပှေါက သောက်ရူးက တို့ကို ဒုံးကျည်နဲ့ပစ်ထားတာလကွာ” ဂျီယိုဒီနို ဖြေပုံက ပန်းသီးကို ဘယ်လို အခွံနွှာစားရမလဲ ဆိုတာကို ကလေးများအား ရှင်းပြနေသကဲ့သို့ ရှိ၏။
“ဒီလှိုဏ်ဂူနောက်က အခန်းကလေး ကယ်ပေလို့ပေါ့။ ရူဒီနဲ့ငါနဲ့ နားတွေလည်းအူ၊ အဆုတ်တွေလည်း ပြုတ်ထွက် မတတ်ပဲ။ ဒါပေမဲ့ နောက်ဆုံးကျတော့ အီဖေကို တို့အသက်ရှင်ပြီး ဟိုခွေးကောင်တွေ သေကုန်ရောမဟုတ်လား”
ပစ်သည် မီးကျွမ်း၍ မဲသဲနေသော ရန်သူ့အလောင်းများကိုကြည့်ရင်း-
“ဒီကောင်တွေလို အမဲကင်ဖြစ်မသွားတာ မင်းတို့ကို ဘုရားမတာပဲ” ဟုပြောလိုက်သည်။
ပက်ထရစ်ရှာသည် နံရံပှေါမှ သကေဿငတများကို ကြည့်ပြီး ဝမ်းနည်းစွာ ခေါင်းခါယမ်းလိုက်သည်။
“အားလုံး ပျက်စီးကုန်ပြီ။ ဖတ်မရတော့ဘူး”
ဂျီယိုဒီနိုက သွားဖြဲပြရင်း-
“ဟာ မပူလေနဲ့။ နောက်အခန်းထဲမှာ အကောင်းစားတွေ ကျန်သေးတယ်။ အားပါးတရ ရှုစားတှောမူပါ။ခင်ဗျားတို့ကို ငုတ်တုပ်ထိုင်နေတဲ့ မသာကြီးတွေက ကြိုနေဦးမှာ” ဟုပြောလိုက်သည်။
“ဘယ်လိုဗျ၊ ငုတ်တုတ်ထိုင်နေတယ်၊ ဟုတ်လား၊ အခေါင်းထဲမှ ရှိနေတဲ့ မံမီတွေမဟုတ်ဖူးလား” ဟက်ဖီးလ်က တအံ့ တဩ မေးလိုက်သည်။
“ဟုတ်ပဗျား။ ကုလားထိုင်ကြီးတွေပှေါမှာ မိန့်မိန့်ကြီးတွေ ထိုင်နေလိုက်တာများ။ ကိုယ်လုံးကိုယ်ပေါက်က ခင်ဗျားထက် အများကြီးသာတယ်” အယ်လ်သည် ဟက်ဖီးလ်အား ဘလိုင်းကြီးဖဲ့လိုက်သည်။
“နောက်ပြီး ခင်ဗျားတွေ့ဖူးတဲ့ မံမီ အစုတ်ပလုပ်တွေလို တစ်ကိုယ်လုံးပါတ်တီးစီးထားတယ်လို့ မထင်လိုက်နဲ့ဦး။ အစည်း အဝေးတက်နေသလို ဦးထုပ်နဲ့ ဘွတ်ရှူးနဲ့ စတိုင်နဲ့ မလိုင်နဲ့ ဗျ”
ဟက်ဖီးလ်က ခေါင်းယမ်းရင်း-
“အဲသလို ဟာမျိုးတော့ ကျွန်တှောတစ်ခါမှ မမြင်ဘူးတာ အမှန်ပဲဗျ”
“ခုပဲ မြင်ရတော့မှာပါဗျာ။ အထဲကြွကြပါ။ မီးတွေအားလုံး ထွန်းထားပြီးပါပြီ။ ကလေးတို့ မကြောက်ကြနဲ့နှော၊ ဘဘကြီးက လမ်းပြပေးဦးမှာ” အယ်လ်သည် အူကြွနေ၏။ ဒတ်ပစ်တို့သုံးယောက်ကို စိတ်ရှိလက်ရှိ စနေ၏။
ဒတ်ပစ်တို့ မရောက်မှီအတောအတွင်း ဂျီယိုဒီနိုနှင့် ဆီးလ်အဖွဲ့သားများရှင်းလင်းထားခြင်းကြောင့် အနောက်ဖက် လှိုဏ်ဂူသို့ဝင်ရာလမ်းသည် ရှင်းလင်းနေ၏။ တွားသွားပြီးတိုးဝင်စရာမလိုတော့ပဲ လမ်းလျှောက်၍ ဝင်နိုင်ပြီဖြစ်၏။ မီးစက်မီးကြောင့် တစ်ခန်းလုံး ဝင်းဝင်းတောက်အောင် လင်းထိန်နေသည်။
ဟက်ဖီးလ်သည် ပထမဆုံးတွေ့ရသည့် မံမီရုပ်အလောင်းကို နှာခေါင်းချင်းထိမတတ် အသေးစိတ် ကြည့်ရှုနေ၏။ အခြားဘာကိုမှ စိတ်မဝင်စား။ ရုပ်အလောင်း၏ အရေပြား၊ နားရွက်၊ နှာခေါင်း၊ နှုတ်ခမ်းများကို မျက်တောင်မခတ် တမ်းကြည့်ရှု၏။ ပြီးတော့ သားရေသေတဿတာထဲမှ ခွဲစိတ်ဆရာဝန်သုံး ခေါင်းဆောင်းမီးနှင့် မှန်ဘီလူးတွဲရက်ပါသော ကိရိယာလေးကို ခေါင်းမှာစွပ်၍ တဖန်စစ်ဆေးပြန်၏။ ရုပ်အလောင်း၏ မျက်ခွံများကို ပန်းချီစုတ်တံကလေးဖြင့် တယုတယ သုတ်ပြီး မျက်လုံးကို ဖြဲကြည့်ပြန်၏။ သူ့ကိစဿစများ ပြီးစီးသည်အထိ အခြားလူများက စကားမပြောပဲ ငေး ကြည့်နေကြသည်။
ဟက်ဖီးလ်၏ အသံသည် ဘုရားကျောင်းတွင် ကျမ်းစာရွတ်သကဲ့သို့ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လှိုက်မောနေ၏။
“ကျွန်တှော လေ့လာခဲ့သမျှ ဒီလောက်ကောင်းအောင် ကြာရှည်ခံအောင် စီရင်ထားနိုင်တဲ့ အလောင်းမျိုးမတွေ့ဖူးသေး ဘူး။ မျက်လုံးအရောင်ကိုတောင် ခွဲခြားနိုင်သေးတယ်”
“နှစ်သိပ်မကြာသေးလို့ ဖြစ်ချင်ဖြစ်မှာပေါ့ဗျ” ဂျီယိုဒီနို ကဝင်ပြောလိုက်သည်။
“ကျွန်တှောတော့ အဲသလို မထင်ဘူးဗျ။ သူတို့အဝတ်အစားတွေရယ်၊ စီးထားတဲ့ ဖိနပ်တွေရယ်၊ ဆံပင်ညှပ်ထားပုံ တွေရယ်ဟာ အင်မတန်ထူးခြားနေတယ်။ သမိုင်းမှတ်တမ်းတွေမှာ မတွေ့ရဘူးတဲ့ လူမျိုးတွေပဲ။ သူတို့ အလောင်း တွေကို ဘယ်လိုစီမံထားသလဲတော့ မသိဘူး။ ကျွန်တှောတို့တွေ့ဖူးတဲ့ အီဂျစ်မံမီအလောင်းတွေထက် အပြတ် အသတ်သာတာတော့ အမှန်ပဲ။ အီဂျစ်တွေက အထဲက ပုပ်သိုးနိုင်တဲ့ ကလီစာတွေ ထုတ်ပစ်ပြီးမှ ကျပ်စည်းကြတာ”
“ကိုလိုရာဒို တောင်တန်းတွေပှေါက သကေဿငတတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်ကျှောက ဆိုတာ ကျွန်မတို့ သိခဲ့ပြီးပြီ။ ဒီမှာရှိတဲ့ လူတွေကရော အဲဒီအချိန်တုန်းကပဲလား” ပက်ထရစ်ရှာက ဟက်ဖီးလ်အားမေးလိုက်သည်။
“သက်တမ်းရှာ နည်းပညာမသုံးပဲနဲ့တော့ ကျွန်တှော မပြောရဲဘူး။ သေချာတာကတော့ ဒီလူတွေအကြောင်းကို သမိုင်း မတင်ခဲ့ဘူး ဆိုတာပဲ”
“ကြည့်ရတာတော့ ဒီလူမျိုးစုတွေဟာ ပင်လယ်ရေကြောင်းခရီးသွားရင်း ဒီကျွန်းကိုရှာတွေ့ပြီး သူတို့ခေါင်းဆောင်တွေ ရဲ့သချိုင်းမြေအဖြစ်သတ်မှတ်လိုက်ကြပုံပဲ” တစ်ချိန်လုံး ငြိမ်နေသော ပစ်က ပြောလိုက်သည်။ ဂျီယိုဒီနိုက-
“ဘာဖြစ်လို့ ဒီလောက် သွားလမ်းလည်းမသာ၊ လာလမ်းလည်း မဖြောင့်တဲ့ ဒီနေရာကို ရွေးရသလဲကွာ။ ရွေးစရာ ဒီလောက်ပဲ ရှားကြသလား။ မင်းကောင်တွေက ဖွတ်ကြားတွေနဲ့ တူပါရဲ့”
“သူတို့ကို အလွယ်တကူ ရှာမတွေ့စေချင်လို့ပေါ့ ရှင့်” ပက်ထရစ်ရှာက ဒီတစ်ခါတော့ အယ်လ်ကို ပြန်ပက်လိုက်သည်။
ဒတ်ပစ်သည် မံမီများကို စိုက်ကြည့်နေမိသည်။ အတန်ကြာမှ-
“ကျွန်တှော ထင်တာတော့ ဒီလူတွေဟာ သူတို့ကို ရှာတွေ့စေချင်တယ် ထင်တာပဲ။ နို့မို့ရင် မိုင်ထောင်ချီ ဝေးတဲ့နေရာ တွေမှာ ရှိတဲ့ လျှို့ဝှက်မြေအောက်ခန်းတွေမှာ ဘာလို့စကားဝှက်တွေ ထားခဲ့သလဲ။ ဘုရားသခင်အတွက် ထားခဲ့တာ တော့ မဟုတ်လောက်ဖူး”
“သေကဿငတ အားလံုးကို အဓိပဿပါယ္ေဖာှဖို့ အချိန်ယူရဦးမယ်။ ဒါပေမဲ့ ခုသိရသလောက်တော့ သကေဿငတတွေဟာ အနာဂါတ်မှာ ဖြစ်မဲ့ ဘေးအနဿတရာယ်တစ်ခုခုကို ညွှန်းဆိုနေသလိုပဲ”
“ဒီလိုဆိုလည်း နှစ်ကိုးထောင်တောင်ကြာမှပဲဟာ။ ဖြစ်ပြီးသွားရောပေါ့” ဂျီယိုဒီနိုက အယုံအကြည်မရှိသည့် လေသံဖြင့် ပြောလိုက်သည်။
“ဟီရမ် နဲ့ သူ့ကွန်ပျူတာ မက်စ်တို့တော့ ဆက်လုပ်နေကြတယ်။ မကြာခင်သိရတော့မှာပါ” ပက်သည် နံရံတစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းသွားပြီး ဖုန်များကို သုတ်ချလိုက်သည်။ ပှေါထွက်လာသော ရုပ်ပုံများကြောင့် သူမ မျက်လုံးပြူး ကျယ်သွား၏။
“ဒီဟာတွေက ကိုလိုရာဒိုရဲ့ သကေဿငတတွေနဲ့မတူဘူး။ လူရုပ်တွေနဲ့ တိရိစဿဆာန်ရုပ်တွေပါတယ်”
သူတို့သည် အားတက်သရောဖြင့် နံရံများကို ဖုန်သုတ်ကြတော့သည်။ နံရံထောင့်လေးထောင့်မှ အစပြု၍ တဖြည်း ဖြည်းအလယ်ကို စုလာကြသည်။ ဖုန်မှုန့်များပြောင်စင်သွားသည့်အခါ သကေဿငတများသည် ပို၍ထင်ရှားလာသည်။
“ဒါဘာတွေလဲ” ဂျီယိုဒီနိုက ဘယ်သူ့ကိုမှန်းမသိ မေးလိုက်သည်။
“ဒါဆိပ်ကမ်းတစ်ခုရဲ့ပုံပဲ။ သေချာတယ်” ပစ်က ခပ်တိုးတိုးပြောလိုက်သည်။
“ဟုတ်တယ်။ ဒီဟာတွေက သဘေဿငာတွေပဲ” ဟက်ဖီးလ်က အရုပ်များကို လက်ညိုးထိုး၍ ပြောလိုက်သည်။
ပက်က မှန်ဘီလူးလေးဖြင့် ကြည့်ရင်း-
“ဟုတ်တယ်ရှင့်။ ကုန်တင်ကုန်ချလုပ်နေသလိုပဲ။ လူတွေကလည်း ဟိုအလောင်းတွေမှာ ဝတ်တဲ့ အဝတ်မျိုးတွေ ဝတ်ထားတယ်။ ဒီသဘေဿငာတစ်စင်းဆိုရင် တိရိစဿဆာန်တွေ သယ်လာတဲ့ပုံပဲ”
ဂျီယိုဒီနိုကလည်း ပက်နားသို့တိုးကပ်ပြီး ကြည့်ရင်း-
“ဟ-ဒီသတဿတဝါတွေဟာ ယူနီကွန်တွေပဲ။ ကြည့်ကြစမ်း၊ သူတို့ခေါင်းမှာ ချိုတစ်ချောင်းတည်းပါတာ မြင်ကြလား” ဟု ဝင်ပြောလိုက်၏။
“အံ့ဩစရာပဲ၊ ယူနီကွန်တွေဟာ ဂရိပုံပြင်ထဲက သတဿတဝါတွေမဟုတ်လား” ဟက်ဖီးလ်က မှတ်ချက်ချလိုက်သည်။
ပစ်သည် ဟက်ဖီးလ်ကို စေ့စေ့ကြည့်လိုက်ရင်း-
“ပုံပြင်ထဲက သတဿတဝါဆိုတာ သေချာလို့လား။ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်ကျှောက ယူနီကွန်တွေ တကယ်ရှိချင် ရှိခဲ့မှာပေါ့။ ကျွန်တှောတို့မှ မသိနိုင်ပဲ” ဟုပြောလိုက်သည်။
ဟက်ဖီးလ်က ခပ်သဲ့သဲ့ပြုံးရင်း-
“ဟုတ်ချင်ဟုတ်မှာပေါ့ဗျာ။ ခင်ဗျားပြောသလိုဆိုရင် ဂါဂွန်သတဿတဝါ မီဒူးဆာတို့ မျက်လုံးတစ်လုံးနဲ့ ဆိုက်ကလော့ ဘီလူး တို့လည်း တကယ်ရှိခဲ့မဲ့ပုံပဲ”
ဂျီယိုဒီနိုကလည်း အတည်ပေါက်နှင့်-
“ဟုတ်တယ်။ ဂါဂိုလီတွေ၊ နဂါး၊ ဂဠုန်၊ ဂုံမဿမာန်၊ ရကဿခတို့လည်း တကယ်ရှိခဲ့မှာပေါ့နှော”
“ဒီသတဿတဝါတွေရဲ့ အရိုးဖြစ်ဖြစ် အခြားအထောက်အထား တစ်ခုခုတွေ့ခဲ့ရင်တော့ ယုံရမှာပေါ့ဗျာ။ အဲသလို မဟုတ်ရင် တော့ သူတို့ကို ပုံပြင်ထဲက သတဿတဝါတွေလို့ယူဆထားတာ ဘေးအကင်းဆုံးပဲ မဟုတ်လား”
ပစ်သည် ဟက်ဖီးလ်နှင့် ပြိုင်မငြင်းနေတော့ပဲ မံမီများထိုင်သည့် ကုလားထိုင်များနောက်သို့ လျှောက်လာခဲ့ပြီး နံရံတွင် ကာရံ ထားသော တိရိစဿဆာန်အမွှေးဖြင့် ပြုလုပ်ထားသည့် ကန့်လန့်ကာကြီးကို ကြည့်နေ၏။ ကန့်လန့်ကာ၏ အနားစွန်း တစ်ဖက်ကို လှန်ကြည့်၏။ သူ့မျက်နှာက အသိရခက်လောက်အောက် လျှို့ဝှက်နက်နဲလျှက်ရှိသည်။
“ဟေ့လူ၊ သတိထားကိုင်ဗျ၊ ကြွေကျကုန်လိမ့်မယ်” ဟက်ဖီးလ်က သတိပေးသှောလည်း ပစ်က နားမထောင်ပဲ ကန့်လန့်ကာကို သူ့ခေါင်းပှေါရောက်သည်အထိ ဆွဲလှန်နေ၏။ ပြီးတော့ ဂျီယိုဒီနိုအား-
“အယ်လ် ဟိုလှံတွေယူပြီး ဒီနားလာခဲ့စမ်းပါ”
ဟက်ဖီးလ် ဒေါပွသွား၏။ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစဿစည်းမို့ သတိထားကိုင်ပါဟု သတိပေးနေလျက်နှင့် လှံနှင့်တောင် ထိုးဖြဲဦးမတဲ့။ ဂျီယိုဒီနိုကို လှမ်းဆွဲလိုက်သှောလည်း ကိုယ်လုံးကိုယ်ထည်ကြံ့ခိုင်လှသော ဂျီယိုဒီနိုကို တားဖို့ဆိုသည်မှာ ကျောက်ဆောင်ကို ကြက်ဥဖြင့်ပေါက်သည့်ပမာ ဖြစ်နေ၏။
ဂျီယိုဒီနိုသည် အော့ပ်ဆီဒီယန် ကျောက်သွားလှံနှစ်စင်းကို တစ်ကိုက်ခန့်ခွာ၍ အသွားများကို မြေထဲစိုက်လိုက်သည်။ ပစ်သည် ကန့်လန့်ကာ အစွန်းနှစ်ဖက်ကို လှံရိုးများပှေါတင်လိုက်ရာ အောက်ခြေမှ ထွန်းထားသည့် မီးရောင်များ ကြောင့် နံရံတွင် အရိပ်များထင်လာသည်။
ပက်သည် နံရံတွင် ထင်ဟပ်နေသော အရိပ်ကြီးများကို စိုက်ကြည့်ရင်း-
“မြေပုံတွေနဲ့ တူနေတယ်” ဟုရေရွတ်လိုက်၏။
ပစ်၏ နှုတ်ခမ်းဖျားများတွင် အပြုံးရိပ်ထင်ဟပ်လာသည်။
“ဟုတ်တယ်။ ဒါကမဿဘာရဲ့ မြေပုံပဲ”
ဟက်ဖီးလ်သည် သူ၏မျက်မှန်ဝိုင်းလေးကို ပင့်၍ အရိပ်ကိုစိုက်ကြည့်ရင်း-
“အဓိပဿပါယ္မရွိတာပဲ။ ကျွန်တှောတွေ့ဖူးတဲ့ ရှေးဟောင်းမြေပုံတွေနဲ့ နည်းနည်းမှ မတူဘူး”
“လွန်ခဲ့တဲ့ နှစ်ကိုးထောင်က မြေပြင်နဲ့ ကမ်းရိုးတန်းတွေအကြောင်း ခင်ဗျားမသိတာနဲ့ပဲ အဓိပဿပါယ်မရှိရရောလား” ပစ်က ဟက်ဖီးလ်ကို မေးလိုက်သည်။
“ကျွန်မလည်း ဒေါက်တာ ဟက်ဖီးလ်နဲ့ သဘောတူတယ်။ ဒီလောက်အနုစိတ်တဲ့ ကမဿဘာ့မြေပုံ မဖြစ်နိုင်ဘူး”
“ကျွန်တှောကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်ကျှောက အနဿတာတိကတိုက်ရဲ့ ထောင့်လေးထောင့် ကနေ ကမဿဘာကို ရှုမြင်ထားတဲ့ မြေပုံကို ရှင်းရှင်းကြီးမြင်နေရတယ်” ပစ်က အားလုံးကို အေးဆေးစွာပြောလိုက်သည်။
“ဒါဆို ဒီမြေပုံက ဘာအဓိပဿပါယ်လဲ” ပက်က မေးလိုက်၏။ သူမ စိတ်ရှုပ်ထွေးနေပုံပှေါသည်။
“ဘာအဓိပဿပါယ်လဲဆိုတော့။ ဟိုလူတွေဟာ” ကုလားထိုင်ကိုယ်စီနှင့် ထိုင်နေသော မံမီအလောင်းကောင်များကို လက်ညှိုးထိုးပြရင်း-
“ခေတ်သစ်လူသား မပှေါထွန်းခင် နှစ်ထောင်ပေါင်းများစွာကတည်းက၊ ပင်လယ်ပြင်ကနေရွက်လွှင့်ပြီး အနဿတာတိက တိုက်ကို ရောက်ခဲ့ကြတယ်။ အနဿတာတိကကို ရေခဲပြင်ကြီးမဖုံးလွှမ်းခင်ကာလက သူတို့ အနဿတာတိကမြေပြင်ပှေါမှာ ကြီးစိုး ခဲ့ကြတယ် ဆိုတဲ့ အဓိပဿပါယ်ပဲ”
“မဖြစ်နိုင်ပါဘူးဗျာ” ဟက်ဖီးလ်က ခေါင်းရမ်းရင်း-
“လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အနဿတာတိကတိုက်ရဲ့ သုံးရာခိုင်နှုန်းသော မြေပြင်ကလွဲလို့ ကျန်ဒေသ အားလုံးရေခဲနဲ့ ဖုံးလွှမ်းခဲ့တယ်လို့ သိပဿပံနည်းကျ သက်သေပြခဲ့ပြီးသားလေ မစဿစတာပစ်ရဲ့”
ပစ်သည် အတန်ကြာအောင် တိတ်ဆိတ်နေ၏။ သူသည် မံမီများကို အကြာကြီးစိုက်ကြည့် ငေးမောနေသည်။ သူကြည့်နေပုံက ထိုမံမီများအနက် တစ်ယောက်ယောက်က သူ့ကိုစကားထပြောတော့မည့်ပုံမျိုး။ နောက်ဆုံးတွင် ခေါင်းဆောင် ၏ရုပ်အလောင်းကို လက်ညှိုးညွှန်ပြလိုက်ပြီး-
“ဟုတ်မဟုတ်ဆိုတာကို မကြာခင် သူတို့ဆီက အဖြေသိကြရတော့မှာပါ” ဟုပြောဆိုလိုက်သည်။

Recent Comments