အတ္တလန်တစ်ရှာပုံတော် (၄၅)

ဟီရမ် ယယ်လ်ဂါသည် နေ့လည် ထမင်း စားပြီးနောက် သေတဿတာကြီး တစ်လုံး ဆွဲ၍ သူ၏ ကွန်ပြူတာခန်းမ ထဲသို့ ဝင်လာ ၏။ သေတဿတာအတွင်း တွင်တော့ ခွေးငယ်ကလေး တစ်ကောင်။ နှစ်ရှည်လများ မိသားစုနှင့်အတူ ရှိခဲ့သည် အချစ်တှော ခွေးကြီး သေဆုံးသွားပြီး နောက်ပိုင်း သမုဒယ သံယောဇဉ်၏ စိတဿတဒုကဿခမ်ားကို မခံစားချင် တော့သည့် ယယ်လ်ဂါသည် နောက်ထပ် ခွေးမမွေးဖို့ ဆုံးဖြတ် ခဲ့သှောလည်း ခွေးမှ မရလျှင် ကျောင်းမတက်နိုင်ပါ ဟု ဆနဿဒပြလျှက် ရှိကြသည့် သမီးလေး နှစ်ယောက်အလိုကို လိုက်ခဲ့ရပြန်သည်။အမြဲမွေးခဲ့သည် ဂိုးလ်ဒင်း ရီထရီဗာ အမျိုးအစား ခွေးကို ဝယ်ရန် သွားခဲ့သှောလည်း ဝမ်းနည်းရိပ် သန်းနေသည့် ကှောဖီရောင် မျက်လုံးရွဲကြီး များဖြင့် သူ့အား ကြည့်နေသော၊ နားရွက်ဖားလျားကြီးက ကြမ်းပှေါ တရွတ်တိုက် ကျနေသော ဗက်ဆက် ခွေးငယ်လေးကို မြင်သောအခါ ချစ်စိတ်၊သနားစိတ် များဖြင့် သူ့နှလုံးသားများ အရည်ပျှောရ ပြန်လေသည်။ သူသည် စားပွဲအောက်တွင် သတင်းစာများ ခင်း၍ ခွေးငယ်ကလေးကို သေတဿတာထဲမှ ထုတ်ပြီး လွှတ်ထား လိုက်သည်။ သူ့ကို မော့ကြည့်နေရှာသော ခွေးလေး၏ မျက်လုံးလေးများက သူ့အာရုံကို ဖမ်းစားထား၍ တှောတှောနှင့် အလုပ်မ လုပ်နိုင်ပဲ ဖြစ်နေသည်။

နောက်ဆုံးမှာတော့ သူသည် အလုပ်ဆက်လုပ်ရန် စိတ်ပိုင်းဖြတ်လိုက်ပြီး မက်စ်ကို ခှေါလိုက် နိုင်သည်။ မက်စ်သည် မှောနီတာထဲမှ နေ၍ သူ့ကို မခိုးမခန့် ကြည့်နေ၏။

“ဘာလို့ဒီလောက်ကြာနေတာလဲ” ကွန်ပြူတာမက သူ့အားရန်တွေ့နေသေးသည်။

ယယ်လ်ဂါသည် ဗက်ဆက်ခွေးလေးကို မက်စ်မြင်အောင်မြှောက်ပြလိုက်ပြီး-

“ငါ့သမီးတွေအတွက် ဒါလေးသွားဝယ်နေရလို့ဟေ့” ဟု သူ့ကွန်ပြူတာကို ပြေရာပြေကြောင်း ပြောလိုက်သည်။

မက်စ်သည် တမုဟုတ်ချင်း ရွှင်လန်းလာပြီး-

“ဟဲ့-ခွေးလေးက ချစ်စရာလေးတော့” ဟုဆိုနေ၏။ တတ်-တတ်နိုင်သေးတော့။

“သေကဿငတေတြ အဓိပဿပါယ္ေဖာှေနတာ အခြေအနေဘယ်လိုလဲ မက်စ်” ယယ်လ်ဂါက အလုပ်အကြောင်း မေးလိုက်သည်။

“သကေဿငတတစ်ခုချင်းစီရဲ့ အဓိပဿပါယ်ကတော့ အားလုံးပြီးသလောက်ရှိပြီ။ ဒါတွေကို စကားလုံး အဖြစ် ပြောင်းပြီး ဘာသာစကား တစ်ခုအဖြစ် ပုံဖှောနေတယ်”

“ဒါဆို သိသလောက်အရင်ပြောပြကွာ”

“ပြောရမှာ အများကြီးပဲ”

“ပြောသာပြောပါ။ ငါနားထောင်နေပါတယ်”

“ကောင်းပြီလေ။ ပထမဆုံးပြောရမှာကတော့- ခရစ်တှောမပှေါခင် နှစ်ပေါင်း ခုနှစ်ထောင် ကျှောလောက်က ကမဿဘာကြီး ဟာအလွန်ပြင်းထန်တဲ့ ဘေးဒုကဿခကပ်ကြီးတစ်ခုနဲ့ ကြုံတွေ့ ခဲ့ရသတဲ့”

“ဘာဖြစ်တာတဲ့လဲ”

“ကိုလိုရာဒို ကျောက်မိုင်းအမိုးက သကေဿငတတွေရဲ့ ဖှောပြချက်အရတော့ နေစကြာဝဠာ အပြင်ဖက်က ကြယ်တံခွန် နှစ် ခု ကမဿဘာပှေါ ကြွေကျခဲ့တယ်လို့ ဆိုတယ်”

“ကြယ်တံခွန် ? ဟုတ်ရဲ့လားကွာ၊ ဥကဿကာခဲများဖြစ်နေမလား၊ ကြယ်တံခွန်က ကြွေကျတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး”

“ကြယ်တံခွန်လို့ အတိအကျ ပုံဖှောထားတာရှင့်၊ အမြီးအရှည်ကြီးနဲ့ လင်းလက်တောက်ပတဲ့ အရာဝတဿတုနှစ်ခု ဘေးချင်း ယှဉ်လာပြီး ကမဿဘာကို ဝင်ဆောင့်တာ”

“ကြယ်တံခွန်နှစ်ခု နဲ့အဆောင့်ခံရရင် အတှောပျက်စီးမှာပေါ့”

“ဆောရီး ဟီရမ်၊ ကျွန်မစကားပြောလောကြီးသွားလို့၊ အဲဒီနှစ်ခုထဲက တစ်ခုပဲ ကမဿဘာပှေါ ကျလာတယ်။ ကျန်တစ်ခုက နေကို ပါတ်ပြီး အာကာသ တွင်းနက်ထဲမှာပျောက်သွားတယ်လို့ ဆိုတယ်”

“အဲဒါဖြစ်တာ ဘယ်နားမှာလို့ ပါသလား”

“သူ့မြေပုံမှာတော့ မပါဘူး။ ကျွန်မရဲ့ တွက်ချက်မှုအရတော့ အခု ကနေဒါနိုင်ငံ၊ ဟတ်ဆန် ပင်လယ်အှော တစ်နေရာ ရာမှာပဲ”

“သိပ်ကောင်းတယ် မက်စ်၊ ငါမင်းအတွက်ဂုဏ်ယူပါတယ်၊ မင်းစုံထောက်ကြီးဖြစ်နေပြီ”

မက်စ်က မချိုမချဉ်ပြုံး၍-

“စုံထောက်ဆိုတာ စောက်ထုံပါတှော၊ ကျွန်မနဲ့ မနှိုင်းစမ်းပါနဲ့” တဲ့။ လာလာချေသေး တော့သည်။

“ဟုတ်ပြီ၊ ကနေဒါရဲ့ ပြည်နယ်တစ်ခုထဲကို ခရစ်တှောမပှေါမှီ နှစ်ပေါင်း ခုနှစ်ထောင်ကျှော တုန်းက ကြယ်တံခွန်တစ်ခု ကျရောက်ပြီး အကြီးအကျယ်ပျက်စီးခဲ့တယ်၊ ဆက်ပါဦး”

“ဒါပဏာမ အဖွင့်ရှိသေးတယ် တှောရဲ့။ ခုမှ ကောင်းခန်းရောက်တော့မှာ။ အဲဒီ ကြယ်တံခွန်ရဲ့ ဖျက်ဆီးမှုကြောင့် ဖြစ်ထွန်းခဲ့ပြီးသား လူ့ယဉ်ကျေးမှုတွေအားလုံး ပျက်စီးခဲ့ရသတဲ့။ အချို့ လူနည်းစု လောက်သာ အသက်ရှင်ခဲ့ကြပေမဲ့ သူတို့ နိုင်ငံကို ပြန်လည် တည်ဆောက်နိုင်စွမ်း မရှိတော့ဘူးတဲ့။ ဒါကြောင့် ကမဿဘာကို လှည့်လည်ပြီး သူတို့ရဲ့ အသိပညာ အတတ်ပညာ တွေကို အခြားသော အသိဉာဏ်ပညာ မဖွံ့ဖြိုးသေးတဲ့ လူမျိုးစုတွေကို လှည့်လည်သင်ကြားပေးရင်း နောင်လာမဲ့ ဘေးဒုကဿခကပ်တွေကို သတိပေးဖို့ ရုပ်ထုတွေ တည်ဆောက် ခဲ့ကြတယ်လို့ ဆိုထားတယ်”

“ဒါဆိုရင် သူတို့ဟာ အာကာသထဲက နောက်တစ်ကြိမ် အနဿတရာယ်ပေးလိမ့်ဦးမယ်လို့ ယူဆ ကြတယ်ပေါ့”

“ကျွန်မ အခုလက်ရှိစုဆောင်းဖှောထုတ်ထားတဲ့ အချက်အလက်တွေအရ သူတို့ဟာ ကမဿဘာကို မတိုက်မိပဲ လွတ်ထွက် သွားတဲ့ ဒုတိယ ကြယ်တံခွန်ပြန်လာလိမ့်ဦးမယ်ဆိုတာကို ကြိုတင် သိထားကြသတဲ့။ အဲဒီအခါ ကမဿဘာပျက်လိမ့်မယ် လို့ ဟောကိန်းထုတ်ထားကြတယ်”

ယယ်လ်ဂါသည် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အတန်ကြာမှ-

“မက်စ်၊ မက်စ်၊ အခုပြောနေတာ အတဿတလန်တစ်တိုက်ကြီး ပျောက်ဆုံးမှုဆိုတဲ့ ဒဏဿဍာရီပုံပြင်နဲ့ တူနေသလိုပဲနှော” ဟု ပြောလိုက်သည်။

“ကျွန်မ အဲသလို မပြောခဲ့ပါဘူး။ ဒီရှေးဟောင်း လူမျိုးစုတွေ သူတို့ကိုယ်သူတို့ ဘယ်လို ခှေါသလဲဆိုတာ ကျွန်မ ဘယ်သိပါ့မလဲ။ ပလေတိုပြောခဲ့တဲ့ အတဿတလန်တစ် ပုံပြင်နဲ့ ခပ်ဆင်ဆင် ဖြစ်နေတာတော့ အမှန်ပဲ။ သို့ပေမဲ့ ဒီဂရိ ပညာရှင်ကြီးကလဲ သူ့ကိုယ်တွေ့ကိုပြောတာမှ မဟုတ်ပဲ။ သူမမွေးခင် နှစ်ပေါင်းနှစ်ရာလောက်တုန်းက ဂရိ နိုင်ငံရေး သမား ဆိုလွန်နဲ့ အီဂျစ်ဘုန်းကြီး တစ်ပါး ထားခဲ့တဲ့ မှတ်တမ်းကနေ ယူပြောခဲ့တာမဟုတ်လား”

“ဟုတ်တယ်လေ။ ဒီပုံပြင်ကို လူတိုင်းနီးပါးသိကြတာပဲ မက်စ်ရဲ့။ အီဂျစ်ဘုန်းကြီးက အတဿတလန်တစ် သမုဒဿဒရာအလယ် မှာ ခုခေတ် ဩစတေးလျားတိုက်ထက်ကြီးတဲ့ အတဿတလန်တစ် တိုက်ကြီးရှိခဲ့တယ်လို့ ပြောခဲ့တယ်။ အင်မတန်ကြီးကျယ် တဲ့ ဘေးဆိုးကြီးတစ်ခုကြောင့် တစ်တိုက်လုံးရေအောက်မြုပ်သွားတယ်ဆိုတဲ့ ယုံတမ်းစကားကို ဒီနေ့ခေတ်အထိ သမိုင်းဆရာများ အထောက်အထား ရှာဆဲပဲ။ ငါ့တစ်ဦးတည်း အမြင်အရဆိုရင်တော့ အတဿတလန်တစ် ဆိုတာ ဒီနေ့ခေတ် သိပဿပံဝတဿတုမ်ားရဲ့ ဘိုးအေပဲကွ။ ဒါပေမဲ့ တကယ်ရှိခဲ့တာတော့ မဟုတ်လောက်ဘူး”

“ယုံတမ်းသက်သက်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ဟီရမ်”

ယယ်လ်ဂါသည် မက်စ်အား မျက်ခုံးပင့်၍ ကြည့်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်တုန်းက အတဿတလန္တစ္သမုဒဿဒရာ အလယ္တည့္တည့္မွာ မြေပြင် ရှိခဲ့တယ်ဆိုတာ ပထဝီ ပညာအရ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစဿစပဲကွ။ အတဿတလန်တစ် တိုက်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး”

“ဒါဆို ပလေတိုက သက်သက်မဲ့ လုပ်ကြံလီဆယ်ပြီး ပြောခဲ့တာပေါ့”

“ဟုတ်တယ် ရှေးစာတွေကို သူ့စိတ်ကူးနဲ့ပေါင်းစပ်ပြီး ပြောခဲ့တာပဲ”

“ရှင်က တစွတ်ထိုးသမားပဲ ဟီရမ်၊ ဒါဆို စိတ်ပညာရှင် အက်ဂါကေစီ ရဲ့စကားတွေကိုလည်း ရှင်ယုံမှာ မဟုတ်ဘူး”

ယယ်လ်ဂါက ခေါင်းခါရင်း-

“ကေစီက အတဿတလန်တစ် တိုက်ကြီး ပျောက်ဆုံး သွားတာကို သူ့ စိတ်အာရုံမှာ မြင်ရတယ်လို့ ဆိုတယ်နှော။ တကယ်သာ အဲဒီတိုက်ကြီး ရှိခဲ့မယ်ဆိုရင် အခု အဲဒီဒေသမှာ ရှိတဲ့ ရာချီနေတဲ့ ကျွန်းစုတွေမှာ အထောက်အထားလေး ဘာလေးတော့ တွေ့ရဖို့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီနေ့အထိ ဘာမှ မတွေ့ကြဖူး မဟုတ်လား”

“ပင်လယ်ရေအောက်မှာ ရှိတဲ့ ဘီမီနီ ကျောက်ခင်းလမ်းမကြီးဆိုတာရော”

“ဒါလည်း မြေမျက်နှာပြင်အပြောင်းအလဲကြောင့် ဖြစ်တဲ့ ကိစဿစပါကွာ။ အခြားဒေသတွေမှာလည်း ပင်လယ်အောက်မှာ ဒါမျိုးတွေ တွေ့နေရတာပဲ”

“ဒါဆို ဂျမေကာ ပင်လယ်ပြင်အောက်က ကျောက်တိုင်တွေကရော”

“အဲဒါ ဘိလပ်မြေတင်တဲ့ သဘေဿငာတွေ နစ်ရာကတဆင့် ဖြစ်တာ။ ငါ့ကို လာမကလိနဲ့မက်စ်၊ အတဿတလန်တစ် ဆိုတာ ပုံပြင်ပဲ”

“ရှင်က နလပိန်းတုံးကြီးပဲ ဟီရမ် ဒါကို ရှင်သိရဲ့လား”

ယယ်လ်ဂါ ဒေါပွသွားသည်။ သူအနှစ်နှစ်အလလ တည်ထွင်ခဲ့သည့် သူ့လက်ရာ ကွန်ပြူတာက သူ့ကို နလပိန်းတုံးဟု ခှေါနေသည်။ ကိုယ်မွေးတဲ့မျောက်က ပြန်ချောက်ခံရတာတော့ အေတာှ ခံရခက္စရာကိစဿစပါေပ။

“ေခါှခ်င္သလိုေခါှကြာ။ ပုံပြင်ကိုတော့ တကယ်ပါလို့ မယုံနိုင်ဘူး။”

“ဒီမှာ ဟီရမ်ရဲ့၊ အတဿတလန်တစ်ဟာ လီယိုနာဒို ဒါဗင်စီနဲ့ တောမတ်အက်ဒီဆင်တို့ ပြောခဲ့တဲ့ လေပှေါပျံနိုင်တဲ့ သဘေဿငာကြီးတွေရှိတဲ့ မြို့တှောလည်းမဟုတ်ဘူး။ ပလေတိုပြောသလို အတဿတလန္တစ္သမုဒဿဒရာ အလယ္မွာ ဒေါက်တိုင် ကြီးတွေနဲ့ တည်ဆောက်ခဲ့တဲ့ ကျွန်းနိုင်ငံလည်း မဟုတ်ဘူးရှင့်။ ကျွန်မတွေ့ထားတာကို ပြောရရင် အတဿတလန်တစ် ဆိုတာ ပင်လယ်ရေကြောင်း အတတ်ပညာရှင် လူတစ်စုပဲ။ ပင်လယ်သားတွေဆိုကြပါစို့။ သူတို့ဟာ အီဂျစ်တွေ ပိရမစ်မတည်ခင် နှစ်ပေါင်းလေး ထောင်စောပြီး ကမဿဘာ့မြေပုံကိုဆွဲနိုင်ခဲ့တယ်။ ပင်လယ်ပြင်ကို အောင်နိုင်ခဲ့တယ်။ နကဿခတ်ဗေဒကို တဖက်ကမ်းခပ် တတ်ခဲ့တယ်၊ သခဿငျာပညာမှာ ဌာန်ကုန်ခဲ့တယ်။ ဒါကြောင့် ပင်လယ်ခရီးကို အင်မတန်ကျွမ်းကျင်တဲ့ လူမျိုးစု ဖြစ်ခဲ့ကြ တယ်။ သူတို့ဟာ ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် မြို့တှောတွေတည်ထောင်ခဲ့ပြီး သတဿတုတူးဖှောရေး လုပ်ငန်း ကို အကြီးအကျယ်လုပ်ခဲ့ကြတယ်။ အဲဒီအချိန်မှာ သူတို့ထက် ယဉ်ကျေးမှုနဲ့ အသိပညာ အဆင့်အတန်း အလွန်နိမ့်ပါးတဲ့ လူမျိုးစုတွေကတော့ တောင်တန်းဒေသ တွေမှာ နေထိုင် ခဲ့ကြတယ်။ တောင်ပှေါသားတွေပေါ့။ ကြယ်တံခွန်ကြောင့် ကပ်ဆိုက်တဲ့အခါကျတော့ အသိပညာ မြင့်မား တဲ့ ပင်လယ်သားတွေအားလုံး ပျက်စီးသေဆုံးပြီး တောင်ပှေါသားတွေပဲ ကျန်ရစ်ခဲ့ကြတယ်။ သူတို့တည်ဆောက်ခဲ့တဲ့ ကမ်းနားမြို့ကြီးတွေကတော့ ခုထိ ရေအောက်မှာ ရှိနေဆဲပဲရှင်”

“မက်စ်၊ မင်း အဲဒီ အချက်အလက်တွေကို မနေ့တစ်နေ့ကမှ ဖှောထုတ်နိုင်တာ မဟုတ်လား” ယယ်လ်ဂါက မယုံသကဿငာ လေသံဖြင့်မေးလိုက်သည်။

“ကျွန်မက လုပ်ကြံပြောပါ့မလားရှင့်၊ ကျွန်မက စက်ပဲဥစဿစာကို၊ ဒေတာထည့်ပေးမှ အဓိပဿပါယ် ဖှောနိုင်တာပေါ့”

“အေး-မင်းပြောတဲ့ အချက်တွေကြောင့် ငါခေါင်းတောင်ကိုက်ချင်လာပြီ”

မက်စ်က ယယ်လ်ဂါကို ပြုံးပြလိုက်ပြီး-

“အိမ်ပြန်လိုက် ဟီရမ်၊ ရှင့်မိန်းမနဲ့ ကလေးတွေကို ရုပ်ရှင်ခှေါသွား။ ပြီးတော့ စောစော အိပ်ယာဝင်၊ မနက်ဖြန်မနက် ကျရင် ရှင့် ပိုနီတေးလ်ဆံပင်တွေ ထောင်သွားအောင် ကြီးကျယ်တဲ့ သတင်းအချက်အလက်တွေ ကျွန်မပေးဦးမှာ” ဟု ပြောလိုက်လေတော့သည်။

+++++++++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

October 2009
M T W T F S S
« Sep   Nov »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.