အတ္တလန်တစ်ရှာပုံတော် (၄၆)

ဓါတ်ပုံ မှတ်တမ်း တင်သော အလုပ်များ အားလုံး ပြီးစီးသွားသောအခါ ပက်နှင့် ဂျီယိုဒီနို တို့သည် ကိတ်တောင်းသို့ လေယာဉ် ဖြင့် ထွက်ခွာလာခဲ့ကြသည်။ ခွဲစိပ်ခန်းထဲမှ ထွက်လာခါစ ရူဒီဂန်းကို သွားရောက်တွေ့ဆုံကြသည်။ အကျိုး အကြောင်းသိပြီးသည့်အခါ ဂန်းသည် သူ့ကို ချက်ချင်း ဝါရှင်တန်သို့ ပို့ပေးဖို့ အယ်လ်အားအမိန့်ပေးတော့သည်။ဆရာ ဝန်၊ ဆရာမများ အတန်တန်တားဆီးနေသည့်ကြားမှ အင်မတန်ခေါင်းမာသည့် ထို လူဖလံလေး သည် ဆေးရုံမှ ဆင်းသွားပြီး ကိတ်တောင်း လေဆိပ်ရှိ အသင့် စောင့်နေသော အသုံးလုံး ဂျက်လေယာဉ် တစ်စီးဖြင့် ဝါရှင်တန်သို့ ပြန်လိုက် ခဲ့တော့သည်။

ဒတ်ပစ် နှင့် ဒေါက်တာဟက်ဖီးလ်တို့နှစ်ဦးမှာ ဆီးလ်အဖွဲ့ဝင်များနှင့်အတူ ကျွန်းပှေါတွင်နေရစ်ခဲ့သည်။ သူတို့သည် ပစဿစည်းအားလုံးကို စနစ်တကျထုပ်ပိုး၍ ရဟတ်ယာဉ်များဖြင့် အသုံးလုံးအဏဿဏဝါ သုတေသနသဘေဿငာပှေါသို့ အခေါက်ခေါက်အခါခါပို့ဆောင်နေကြသည်။ မံမီများအားလုံးကို သစ်သားခေါင်းကိုယ်စီဖြင့် သယ်ယူ၍ စတန်းဖိုဒ့် တကဿကသိုလ်ရှိ ဒေါက်တာဟက်ဖီးလ်၏ သုတေသနဓါတ်ခွဲခန်းသို့ ပို့ဆောင်ရမည်ဖြစ်သည်။

နောက်ဆုံးမံမီကို ရဟတ်ယာဉ်ပှေါတင်ဆောင်ပြီးနောက် ပစ်သည် ဂျက်ကော့ဘ်ကို လက်ဆွဲနှုတ်ဆက်ရင်း-

“အားလုံးအတွက် ကျွန်တှောက ကျေးဇူးအထူးတင်ပါတယ်။ ခင်ဗျားတို့ မကူညီရင် ဒီအလုပ်ပြီးဖို့ဆိုတာ မဖြစ်နိုင် သလောက် ပါပဲ”

ဂျက်ကော့ဘ်က အားပါးတရပြုံးရင်း-

“အေးဗျာ၊ ဒီမံမီသယ်တဲ့ အှောပရေးရှင်းကတော့ မှတ်မှတ်ရရပဲဗျ၊ ကျွန်တှောတို့ လူသတ်သမားအလောင်းတွေကို သယ်ရဦးမယ်၊ ပြီးရင် ဝါရှင်တန်က ဝေါလ်တာရိဒ်ဆေးရုံမှာ စစ်ဆေးဖို့ ပို့ပေးရဦး မယ်၊ ကဲသွားပြီ မစဿစတာပစ်ရေ နောက်ပြန်ဆုံကြသေးတာပေါ့” ဟုနှုတ်ဆက်သွား၏။

ဒတ်ပစ်သည် ရေတပ်မှ အော့စပရေး တေ့လ်ရိုတာ လေယာဉ်ကြီးထွက်ခွာသွားသည်ကို မျက်စိတဆုံးလိုက်လံကြည့်ရှု နေမိသည်။ အခုတော့လည်း တစ်ကျွန်းလုံးမှာ သူ့တစ်ယောက်တည်း။သူသည် အခုအခါ ပြောင်သလင်းခါလျှက်ရှိ သော အခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး တစ်ခန်းလုံးကို စေ့စေ့စပ်စပ် လိုက်လံကြည့်ရှု၏။ ဘယ်သူတွေကများ ဒီလောက်တိကျတဲ့ ကမဿဘာ့မြေပုံကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဆွဲနိုင်ခဲ့ပါလိမ့်။ အနဿတာတိကမှာ ရေခဲ ပြင်မဖုံးလွှမ်းမီ ခေတ်ကာလဆီက ဘယ်သူတွေများရောက်ရှိခဲ့ပါလိမ့်။ တောင်ဝင်ရိုးစွန်းသည် ဘယ်အချိန်လောက်က လူတွေနေထိုင်နိုင်လောက်အောင် ပူနွေးသောရာသီဥတု ရှိခဲ့ပါလိမ့်။

ပက်၊ ဟက်ဖီးလ်နှင့် ဂျီယိုဒီနိုတို့ကို ရှေးဟောင်းကမဿဘာ့မြေပုံအကြောင်းရှင်းလင်းပြစဉ်က သူမပြောပြခဲ့သည့် ကိစဿစတစ်ခု ရှိ၏။ ထိုရှေးခေတ်ကမဿဘာ့မြေပုံတွင် အမေရိကတိုက်၊ ဥရောပတိုက်နှင့် အာရှတိုက်တို့သည် ယခုလက်ရှိအခြေအနေ ထက် မိုင်နှစ်ထောင်မျှမြောက်ဖက်သို့ ကပ်နေ၏။ ထိုအချက်ကို သူဘဝင်မကျ။ မည်သို့ပင်ဆိုစေ၊ ထိုသူများသည် အသိပညာ မြင့်မားထက်မြက်မှုက အံ့မခန်းရှိသည်ကို သူမငြင်းနိုင်။ ကြည့်ရသည်မှာ သူတို့သည် နောင်လာနောက် သားများကို အမှာစကားတစ်ခုခုထားခဲ့ချင်ပုံရ၏။ ဘာအကြောင်းများပါလိမ့်။ မျှောလင့်ချက်လား၊ ချစ်ခြင်းမေတဿတာလား၊ သေခြင်းတရားလား၊ သို့တည်းမဟုတ် အယ်လ်ပြောသလို ဆိတ်သားဟင်းချက်နည်းများလေလား။

ပစ်၏ အတွေးများသည် ရဟတ်ယာဉ်စက်သံကြောင့် လန့်ဖြန့်ထွက်ပြေးကုန်ကြသည်။ သူ့ကို သုတေသနသဘေဿငာဆီ သို့ပို့ဆောင်ပေးမည့် ရဟတ်ယာဉ်ဖြစ်၏။ ပစ်သည် လက်နှိပ်ဓါတ်မီးကို ပိတ်ပြီး မဲမှောင်နေသော လှိုဏ်ဂူထဲမှ ထွက်လာခဲ့တော့သည်။

++++++++++++++++++++++++++++

ပစ်သည် အချိန်မဖြုန်းနေတော့ပဲ ကိတ်တောင်းမှသည် ဂျိုဟန်နက်စဘတ်၊ ထိုမှတဆင့် ဝါရှင်တန်သို့ ဆက်တိုက် ခရီးနှင့်ခဲ့သည်။ တလမ်းလုံးအသေကောင်ကြီးလို အိပ်စက်လာခဲ့သည်။ ဒါးလက်စ်လေဆိပ်ကိုရောက်တော့ ညသန်း ခေါင် အချိန်။ လေဆိပ်မှအထွက် ကားရပ်နားသည့်နေရာတွင် ၁၉၃၆ ခုနှစ်ထုတ် ဖိုဒ့်ကဘရီယိုလက် ကားကလေးရပ် ထားသည်ကို တွေ့လိုက်ရသဖြင့် သူပျှောသွား၏။ ကားက လှသလို ကားပိုင်ရှင် အမျိုးသမီးကလည်း အလွန်လှ၏။ ငွေရောင်လက်လက်ထနေသော ဆံပင်ရှည်တို့ကို ရောင်စုံစကတ်ပုဝါဖြင့် စည်းနှောင်ထားပြီး ပါးရိုးမြင့်မြင့်၊ နှုတ်ခမ်း သားထူထူ၊ နှာတံစင်းစင်းနှင့် ခရမ်းပြာရောင်မျက်ဝန်းများပိုင်ရှင် ကိုလိုရာဒိုမှ အောက်လွှတ်တှောအမတ်မင်း မစ်(စ်) လိုရမ်စမစ်သည် သူ့အားပြုံး၍ ကြိုဆိုနေ၏။

“ကျွန်မ မောင့်ကို ဒီလိုပုံမျိုးနဲ့ လာကြိုရတာဘယ်နှစ်ခါရှိပြီလဲ”

“အနည်းဆုံးတော့ ရှစ်ခါလောက်ရှိပြီထင်တာပဲ” ပစ်သည် မြူးတူးလျှက်ရှိသည်။ နှစ်ရှည်လများချစ်ခဲ့ရသည် သူ၏ အလုပ်များလှသော ချစ်သူသည် သူ့အကြိုက်ဆုံး ကားကလေးကိုမောင်း၍ သန်းခေါင်ယံအချိန် သူ့ကိုလာကြိုဖို့ သတိရ သေးသည်ကော။

ပစ်သည် ကားထဲသို့ လျှောထိုးဝင်လိုက်ပြီး လိုရမ်ကို တရှိုက်မက်မက်နမ်းလိုက်သည်။ တင်းကျပ်စွာဖက်ထား လိုက်သည်။ ခဏကြာတော့ သူမသည် ပစ်အားတွန်းထုတ်လိုက်ပြီး-

“သိပ်မကဲနဲ့မောင်- အမျိုးသမီးနိုင်ငံရေးသမားဆိုတာ ပြည်သူလူထုရဲ့ လက်ခုပ်သံနဲ့ ရှင်သန်နေကြရတာ။ ကျွန်မ ကလင်တန်လို မဖြစ်ချင်ဘူး” ဟုဆိုလိုက်၏။ ပြီးတော့မှ- “ကဲ ဘယ်သွားမလဲမောင်၊ ရှင့် ဂိုဒေါင်ကိုလား”

“မဟုတ်ဘူး လိုရမ်၊ မောင့်ကို အသုံးလုံး ရုံးချုပ်ကို ပို့ပေး။ ယယ်လ်ဂါနဲ့တွေ့စရာရှိတယ်။ မောင့်ကွန်ပြူတာကိုလည်း စစ်ရဦးမယ်”

“အိမ်မှာ ကွန်ပြူတာမရှိတာဆိုလို့ တစ်တိုင်းပြည်လုံးမှာ မောင့်တစ်ယောက်ထဲ ရှိမယ်ထင်တယ်”

“မောင်က တမင်သက်သက် အိမ်မှာ မထားတာကွ၊ အင်တာနက်လိုက်၊ အီးမေးလ်လိုက်နဲ့ အချိန်ကုန်မခံနိုင်ဘူး၊ တခြားလုပ်စရာတွေ အများကြီး”

လိုရမ်သည် ကားကို ဟိုက်ဝေးလမ်းမကြီးတစ်လျှောက် မောင်းနှင်လာခဲ့သည်။ ပစ်သည် ငြိမ်ငြိမ်လေးထိုင်ရင်း ဟိုတွေး ဒီတွေး တွေးလာခဲ့ရာ ဝါရှင်တန်ရုပ်ထုနားရောက်လာတော့-

“အောက်လွှတ်တှောမှာ ဘာသတင်းတွေထူးသေးလဲ” ဟုမေးလိုက်သည်။

လိုရမ်သည် ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသည်။ ဒီလိုခရီးမျိုးမှာ ဒီနေရာရောက်တိုင်း ဒီမေးခွန်းကို သူမပျက်မကွက် မေးတတ်ရာ ကြာတော့ ဖြေရသူပင် ငြီးငွေ့လာသည်။ သူကတော့ မေးမြဲမေးဆဲ။ လိုရမ်ကလည်း ဖြေနေကြအတိုင်း ဝတဿတရားမပျက်ဖြေလိုက်သည်။

“ဒီလိုပါပဲ။ ထွေထွေထူးထူး မရှိပါဘူး”

“မင်း မငြီးငွေ့ဘူးလား လိုရမ်”

“ဘတ်ဂျက် နဲ့ပါတ်သက်တဲ့ စကားရည်လုပွဲတွေဟာ မိန်းမတစ်ယောက်ရဲ့စိတ်ကို ဘယ်လောက်အထိ လှုပ်ရှား စေနိုင်မှာလဲ မောင်ရယ်။ ဒါနဲ့ ရူဒီဂန်းတစ်ယောက် အခြေအနေ အတှောဆိုးဆို”

“တောင်အာဖရိက က အရိုးဆရာဝန်တွေ တှောကြပါတယ် လိုရမ်ရာ၊ သုံးလေးလတော့ ထော့နေဦးမှာပေါ့လေ”

“အယ်လ်ကပြောတယ်။ မောင် အနဿတာတိကမွာ အေတာှဒုကဿခေတြ့ခဲ့တယ္တဲ့”

“သူတို့က ပိုဆိုးတာပေါ့ လိုရမ်ရယ်။ နေဦး၊ မင်း အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကှောမတီမှာ ပါတယ် မဟုတ်လား”

“ပါတယ်လေ”

“အာဂျင်တီးနားက ကှောပိုရေးရှင်းကြီးတွေနဲ့ ရင်းနှီးသလား”

“ဘာဖြစ်လို့လဲမောင်၊ သူတို့ ဘဏဿဍာရေးဝန်ကြီးနဲ့တော့ အစည်းအဝေးတွေမှာ တွေ့နေတာပဲ”

“အနာဂါတ် ကံကြမဿမာသစ် ဒါမှမဟုတ် စတုတဿတအင်ပါယာဆိုတဲ့ နာမည်မျိုးနဲ့ ကှောပိုရေးရှင်း ရှိသလား”

လိုရမ်က ခဏစဉ်းစားလိုက်ပြီး

“ကံကြမဿမာ အင်တာပရိုက်စ်ဆိုတာတော့ ဗျူနိုအေးရီးစ်မှာရှိတယ်။ ကျွန်မအမှတ်မမှားဘူးဆိုရင် အဲဒီက စီအီးအိုက ကားလ်ဝုဖ်လို့ ခှေါတယ်ထင်တယ်”

“ဘယ်လောက်ကြာပြီလဲ”

“လေးနှစ်လောက်တော့ ရှိပြီ”

“မင်းမှတ်ဉာဏ်ကောင်းသေးသားပဲ”

“ကားလ်ဝုဖ်က တစ်ခါမြင်ရင် တစ်သက်မမေ့နိုင်လောက်တဲ့ ကိုလူချောရှင့်”

“ဒါဆို မင်းဘာလို့ ငါ့ တွယ်ကပ်နေသေးသလဲ”

လိုရမ်က ပြုံး၍-

“တခါတလေကျတော့ မိန်းမတွေဟာ ရုပ်ဆိုးဆိုး၊ ကြမ်းကြမ်တမ်းတမ်း၊ ဘီလူးလို လူမျိုးကိုမှ ကြိုက်တတ်ကြတယ်ရှင့်”

“ရုပ်ဆိုးဆိုး၊ ကြမ်းကြမ်း၊ ဘီလူးလိုလူ ဆိုတာ ငါပေါ့လေ” ပစ်သည် ပြောပြောဆိုဆို သူမ နားရွက်ဖျားလေးကို မနာ အောင်ကိုက်လိုက်သည်။ သူမက တခစ်ခစ်ရယ်ရင်း-

“လုပ်နဲ့နှော၊ ကျွန်မ ကားမောင်းနေတယ်” ဟုမူနွဲ့လိုက်၏။

ပစ်သည် ကောင်းကင်မှ ကြယ်များကို မော့ကြည့်နေမိ၏။ ကားလ်ဝုဖ်၊ ဂျာမန်နာမည် အစစ်ပဲ၊ ဒီအတိုင်းဆိုရင် ကံကြမဿမာ အင်တာပရိုက်စ်ကိုတော့ စုံစမ်းရလိမ့်မည်။

လိုရမ်သည် အသုံးလုံး ရုံးချုပ်ရှိ မြေအောက်ကားရပ်နားစခန်းထဲ ကားကိုမောင်းဝင်သွား၏။ ကားသုံးစီးသာ ရပ်ထားသည်ကိုတွေ့ရသည်။ သူမသည် ဓါတ်လှေကားနှင့် ကပ်ရက်နေရာတွင် ကားကိုရပ်လိုက်သည်။

“ကျွန်မလိုက်ခဲ့ရမှာလားမောင်”

“မကြာဘူး၊ ခဏပဲ” ပစ်က ပြောပြောဆိုဆို ကားထဲမှ ထွက်ပြီး ဓါတ်လှေကားထဲဝင်သွားသည်။

ပင်မ ဧည့်ခန်းကြီးသို့ရောက်သောအခါ လုံခြုံရေးဝန်ထမ်းက-

“အလုပ်လာလုပ်တာ နောက်ကျလှချည်လား ဆရာ” ဟုဆီးကြိုနှုတ်ဆက်သည်။

“ကျွန်တှော ခဏပဲကြာမှာ” ပစ်သည် သမ်းဝေလျှက် ပြန်ဖြေလိုက်သည်။ ပစ်သည် ဆယ်ထပ်ရှိ ဟီရမ်ယယ်လ်ဂါ ၏အခန်းသို့ ရောက်သောအခါ သူထင်သည့် အတိုင်း ယယ်လ်ဂါသည် အလုပ်လုပ်ဆဲ။ မျက်လုံးကြီးများနီရဲလျှက်။ မက်စ်ကတော့ သူ့ကို မှောနီတာမှတဆင့် မခို့တရို့ကြည့်နေ၏။

“ဟေး-ဒတ်၊ ညကြီးသန်းခေါင် ဘာလာလုပ်သလဲ”

“ခင်ဗျားနဲ့ ဒေါက်တာအိုကွန်းနယ်လ်တို့ တွေ့ထားတာတွေ လာနှိုက်တာ” ပစ်သည် တဲ့တိုးပင်ပြောလိုက်သည်။

ယယ်လ်ဂါက-

“ကျွန်တှောတို့ နောက်ဆုံးရီပို့ကို ညဆယ်နာရီက ဗိုလ်ချုပ်ကြီးစားပွဲပှေါတင်ပေးပြီးပြီ” ဟုပြောလိုက်၏။

“ကျွန်တှော့ကို ခဏဌားလိုက်၊ မနက်ကျတော့ ပြန်ပေးမယ်”

“မလောနဲ့လေ ဒတ်ရဲ့။ အဘိုးကြီး နေ့လည်ထဲက အစည်းဝေးလုပ်နေတာ၊ ခုထိ မပြီးသေးဘူး”

“ဒါဆိုလည်း ခင်ဗျား အိမ်ပြန် အိပ်ပါတော့လား”

“ပြန်မလို့ပဲ။ ခုနကပဲ ဒေါက်တာ အိုကွန်းနယ်လ်ပြန်သွားလို့” ယယ်လ်ဂါက မျက်လုံးများကို ပွတ်ရင်းပြောလိုက်သည်။

“သူလာသေးတယ် ဟုတ်လား”

“အေးဗျာ၊ သောက်ကျိုးနည်းအောင် အလုပ်လုပ်နိုင်တဲ့ မိန်းမပဲဗျို့ ”

“ဒါဆိုလည်း ကျွန်တှော့ကို ပါးစပ်နဲ့ပဲ နည်းနည်းပြောပြဗျာ”

“ခင်ဗျားကြားရင် ယုံမှာတောင်မဟုတ်ဘူး၊ ဇာတ်လမ်းက ဆန်းချက်ကတော့ ပက်စက်တယ် ဆိုတဲ့ အထဲကပဲဗျို့ ”

+++++++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

November 2009
M T W T F S S
« Oct   Dec »
 1
2345678
9101112131415
16171819202122
23242526272829
30  
Follow

Get every new post delivered to your Inbox.