အတ္တလန်တစ်ရှာပုံတော် (၄၉)

အစည်းအဝေး ပြီးသောအခါ ပစ်သည် သူ့ရုံးခန်းသို့ပြန်၏။ ရုံးခန်းထဲတွင် သူ၏ သက်တှောရှည် အတွင်းရေးမှူးမလေး ဇာရီ ပိုချင်စကီးကို အရံသင့်တွေ့ရသည်။ လက်စ်ဗီးဂတ် ကချေသည်တို့၏ ကိုယ်လုံးမျိုးနှင့် အမြဲပြုံးနေသော ဤ ကောင်မလေးကို ပစ်ချစ်ချင်လှသှောလည်း အလုပ်ချိန်မှအပ သူမနှင့်ဝေးဝေးနေနိုင်အောင် ခုချိန်ထိ မနိုင်ရင်ကာ ကြိုးစားနေရသည်။ ရုံးတွင်းအချစ်ဇာတ်လမ်းများက အခန့်မသင့်လျှင် ကပ်ဆိုက်သည်ထက် ဆိုးနိုင်သည် မဟုတ် လား။ဇာရီက သူ့ကို ဖုံးနံပါတ်ရေးထားသော စာရွက်တစ်ရွက်လှမ်းပေးရင်း-

“အက်ဖ်ဘီအိုင် အထူးအေးဂျင့် ကန်ဟိန်းဖုန်းဆက်တယ်ဆရာ၊ သူ့ကို ပြန်ခှေါပါတဲ့၊ ဆရာ အစိုးရနဲ့ ပြသဿသနာ တက်ပြန်ပြီလား” ဟုမေးလိုက်သည်။

ပစ်သည် ဇာရီကို ပြုံးပြလိုက်ပြီး-

“ညည်းသိတဲ့အတိုင်း ကိုယ်က အမြဲတမ်းအစိုးရနဲ့ ပြသဿသနာတက်နေတဲ့ကောင်” ဟုပြန်ပြောလိုက်သည်။

ဇာရီက မျက်တောင် ပုတ်ကလတ် ပုတ်ကလတ် လုပ်ပြရင်း-

“ဆရာ ကျွန်မကို တဟီတီကမ်းခြေ ခှေါသွားမယ်ပြောထားတာ ကျွန်မ ခုထိစောင့်နေတုန်းနှော” တဲ့။

ဒတ်ပစ်သည် ဇာရီ့ထံမှ ပျံလွင့်လာသော ရှန်နယ်ရေမွှေး၏ အနဿတရာယ်ရနံ့ စက်ကွင်းလွတ်သည်အထိ မသိမသာ နေရာပြောင်းလိုက်ပြီး-

“အလုပ်လုပ်လိုက်ဦးမယ်ဟေ့” ဟုစကားလွှဲလိုက်သည်။

ပြီးနောက် နေရာလွတ် တစ်လက်မမကျန်အောင် စာအုပ်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဓါတ်ပုံများ ပြန့်ကျဲ ရှုပ်ပွ နေသည့် သူ့အခန်းထဲသို့ ဝင်သွားပြီး ကန်ဟိန်း၏ ဖုန်းနံပါတ်ကို ခှေါဆိုလိုက်သည်။

တစ်ဖက်မှ- “ဟုတ်ကဲ့” ဟူသောအသံထွက်လာသည်။

“မစဿစတာဟိန်းလား၊ ကျွန်တှော ဒတ်ပစ်ပါ”

“ဟုတ်ကဲ့၊ ဖုန်းပြန်ခှေါတာ ကျေးဇူးတင်တယ် မစဿစတာပစ်၊ ခင်ဗျား အနဿတာတိကက သယ်လာတဲ့ အမျိုးသမီးအလောင်း ကို စစ်ဆေးပြီးပြီ ဆိုတာ အကြောင်းကြားတာပါ”

“မြန်လှချည်လားဗျ”

“မြန်ဆို ကျွန်တှောတို့မှာ ကွန်ပြူတာ ဓါတ်ပုံမှတ်တမ်းတင်စနစ်ရှိနေတာကိုး၊ ရှိပြီးသား လက်ဗွေဘဏ်ရယ်၊ ဒီအန်အေ စနစ်ရယ် ပေါင်းလိုက်တော့ ဒီအမျိုးသမီးရော၊ ဟိုတစ်နေ့က ခင်ဗျားဖမ်းခဲ့တဲ့ အသုံးလုံးဋဿဌာနချုပ်ထဲ ဝင်မွှေတဲ့ အမျိုးသမီးရော ဘယ်သူတွေဆိုတာကို မိနစ်နှစ်ဆယ်အတွင်း သိရတော့တာပေါ့”

“ဒါဆို–”

“သေသူက ဟေဒီ ဝုဖ်တဲ့၊ ရှင်သူက အယ်လ်ဆီဝုဖ်”

“အမြွှာလား”

“အမြွှာတော့ မဟုတ်ဘူးဗျ၊ ဝမ်းကွဲ ညီအမတွေပဲ၊ အင်မတန်ချမ်းသာတဲ့ မိသားစုပိုင် ကှောပိုရေးရှင်းကြီးတစ်ခုရဲ့ ထိပ်တန်း အရာရှိတွေပဲ”

ဝုဖ်၊ ဝုဖ်၊ ပစ် ခဏစဉ်းစားလိုက်သည်။

“ဒါဆို၊ အာဂျင်တီးနာက ကံကြမဿမာ အင်တာပရိုက်စ်ရဲ့ အမှုဆောင်အရာရှိချုပ် ကားလ်ဝုဖ်နဲ့များ ဆက်စပ်မှု ရှိနေ သလား”

ကန်ဟိန်းက ချက်ချင်းပြန်မဖြေ၊ အတန်ကြာမှ-

“ကြည့်ရတာ ခင်ဗျားက ကျွန်တှောတို့ထက် ပိုသိနေတယ်ထင်တယ် မစဿစတာပစ်ရေ၊ ဟုတ်တယ်ဗျ၊ ဟေဒီက ကားလ်ဝုဖ်ရဲ့ ညီမအရင်း၊ အယ်လ်ဆီက ဝမ်းကွဲ၊ သူတို့လုပ်ငန်းကလည်း ကံကြမဿမာ အင်တာပရိုက်စ်ဆိုတာ မှန်တယ်၊ မိသားစုပိုင် ဥစဿစာဓနက ဒှေါလာ ဘီလီယံ နှစ်ရာ့တစ်ဆယ်အထိရှိတယ်”

“ဒါဆို ဘာလို့ ဒီလောက်ချမ်းသာတဲ့ မိန်းမတွေက ရေငုတ်လိုငုတ်၊ သူခိုးလို လုပ်ကြရတာလဲ”

“ခင်ဗျား အဲဒီအဖြေကို သိတဲ့အခါ ကျွန်တှော့ကိုလည်း ပြောပြမယ်လို့ မျှောလင့်ပါတယ် မစဿစတာပစ်”

“ခု အယ်လ်ဆီ ဘယ်မှာလဲ”

“မောင့် ဗာနွန်ကောလိပ်နားက အဖွဲ့ပိုင် ဆေးခန်းလေးမှာ အစောင့်အရှောက်နဲ့ ထားထားတယ်”

“ကျွန်တှော သူ့ကို စကားသွားပြောချင်တယ်”

“ကျွန်တှောတို့ ဖက်ကတော့ ပြသဿသနာမရှိပါဘူး၊ ဆေးခန်းတာဝန်ခံကိုတော့ ကြိုပြောထားဖို့လိုတယ်။ သူ့နာမည်က ဒေါက်တာ အာရွန်ဘဲလ်၊ ကျွန်တှော ဖုံးဆက်ထားလိုက်မယ်လေ”

“သူအခု သတိရော ရရဲ့လား”

“သတိရပါတယ်၊ ခင်ဗျားက သူ့ကို ခေါင်းရိုက်ခွဲလိုက်လို့ ခေါင်းနည်းနည်း ပေါက်သွားတာပဲ ရှိတယ်”

“ကျွန်တှော မရိုက်ပါဘူး၊ ကာလဝိဘတ် နောက်ပိုးတက်ပြီး သူ့ဆိုင်ကယ်နဲ့ သူပြန်ရိုက်မိတာ”

“ဘာဖြစ်ဖြစ်ပေါ့လေ၊ အယ်လ်ဆီဟာ အတှော့ကို ခေါင်းမာတာတော့ အမှန်ပဲ၊ ကျွန်တှော့ လူတွေ မေးတာတော့ တစ်လုံးမှ ပြန်မပြောဘူးဗျ”

“ဟေဒီ သေပြီဆိုတာ သူသိသလား”

“သိတယ်”

“အင်း- ဟုတ်တော့နေပြီဗျ”

“ဘာဟုတ်တာလဲ မစဿစတာပစ်”

“ဟေဒီကို ရေအောက်ကနေ ကျွန်တှောသယ်လာတာလို့ပြောလိုက်ရင် သူ့မျက်နှာဘယ်လို ဖြစ်သွားမလဲ ကျွန်တှော သိချင်လှပြီ၊ သွားတွေ့လိုက်တော့မယ်၊ ဂွတ်ဘိုင် မစဿစတာ ကန်ဟိန်း”

ဒတ်ပစ်သည် ဖုန်းချလိုက်ပြီး အသုံးလုံးရုံးချုပ်မှ ကန်ဟိန်းပြောသော ဆေးခန်းသို့ အမြန်ထွက်ခဲ့သည်။ ဆေးခန်းတာဝန်ရှိသူများက သူ့ကို ဒေါက်တာ အာရွန်ဘဲလ်၏ ရုံးခန်းသို့လိုက်ပို့ကြသည်။ တကယ်တော့ ပစ်သည် အရင်ကတည်းက ဒေါက်တာ ဘဲလ်နှင့် ကင်ဆာဖောင်ဒေးရှင်း အလှူပွဲပေါင်းများစွာမှာ တွေ့ဖူးခဲ့ပြီးဖြစ်၏။ သူ့အဖေ အထက်လွှတ်တှောအမတ် ဂျော့ပစ်နှင့် အာရွန်ဘဲလ်တို့သည် လူရင်းများဖြစ်ကြသည်။

ဒေါက်တာဘဲလ်သည် ရုံးခန်းအတွင်း ခြေပစ်လက်ပစ်ထိုင်နေ၏။ ဝဝ တုတ်တုတ် မျက်နှာနီနီ နှင့် အသက်ခြောက် ဆယ်ကျှော ဆရာဝန်ကြီး၊ တစ်ရက်ကို စီးကရက် နှစ်ဗူးနှင့် ကှောဖီအခွက်နှစ်ဆယ်ခန့် သောက်၍ စိတ်ဖိစီးမှုများ လှသော ဤအလုပ်ကို နှစ်ပေါင်းများစွာ တာဝန်ယူလာသည့် ပျှောပျှောနေသေခဲကြီး ဖြစ်၏။ သူသည် စားပွဲနောက်မှ ဝက်ဝံကြီးကဲ့သို့ ထလာပြီး-

“ဟေး ဒတ်၊ ဖေဖေကြီးနေကောင်းရဲ့လား” ဟု အာလုတ်သံကြီးဖြင့် နှုတ်ဆက်လိုက်သည်။

“ကောင်းပါ့ ဆရာ၊ နောက်တစ်ကြိမ် ထပ်အရွေးခံရရေး လုံးပန်းနေလေရဲ့”

“အေးမင်းအဖေက သေမှပဲ လွှတ်တှောအမတ်မင်း ဘဝက အငြိမ်းစားယူမဲ့ လူမျိုးကွ၊ လာထိုင်၊ မနေ့က ဖမ်းလာတဲ့ ကောင်မလေး ကိစဿစ မဟုတ်လား”

“ဆရာ့ကို ကန်ဟိန်း ဖုန်းဆက်ထားပြီးပြီ ထင်တယ်၊ သူ့အခြေအနေ ဘယ်လိုလဲဆရာ”

“ကောင်းပါတယ်။ နောက်အပါတ်လောက်ဆို အားလုံးပျောက်မှာ၊ သူက တစ်ခြားမိန်းမတွေနဲ့ မတူဘူး”

“သူက အတှောဆွဲဆောင်မှု ရှိတယ်ဆရာ”

“ငါအဲဒါပြောတာမဟုတ်ဖူး ကောင်လေးရဲ့။ သူ့ခနဿဓာကိုယ်တည်ဆောက်ပုံနဲ့ ဇီဝကမဿမဗေဒ စနစ်ဖွဲ့စည်းပုံက အပြစ်ပြော စရာမရှိလောက်အောင် ကောင်းလွန်းတယ်၊ ဟိုသေသွားတဲ့ အမျိုးသမီးနဲ့ တစ်ထပ်တည်းပဲ”

“တူမှာပေါ့ဆရာ၊ မောင်နှမတွေကိုး”

“မောင်နှမ မို့တူတာမျိုးမဟုတ်ဘူးကွ၊ ပြောရင်မင်း ယုံမှာတောင်မဟုတ်ဘူး၊ သူတို့ ဒီအန်အေတွေက တစ်ထပ်တည်း တူတယ်မောင်၊ မျိုးရိုးဗီဇ ဆိုင်ရာအချက်အလက်အားလုံး ခွဲမရအောင်တူတယ်”

“မောင်နှမတွေမှာ အဲသလို ဖြစ်နိုင်သလားဆရာ”

“မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ပေမဲ့ သဘာဝ အားဖြင့်တော့ အင်မတန် တူခဲပါတယ်”

ပစ်ခေါင်းထဲမှာ အတွေးတစ်ခုပှေါလာသည်။

“ဒါဆို–”

ဒေါက်တာ အာရွန်ဘဲလ်က ပြုံးလိုက်ပြီး-

“ဟုတ်တယ် ကောင်လေး၊ သူတို့ဟာ မျိုးရိုးဗီဇ အင်ဂျင်နီယာ နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ ချို့ယွင်းချက်မဲ့ မဟာ လူသားတွေပဲ”

++++++++++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

December 2009
M T W T F S S
« Nov   Jan »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.