အတ္တလန်တစ်ရှာပုံတော် (၅ဝ)
23 Dec 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ပစ်ခေါင်းကြီးသွားသည်။
“တကယ်ပြောတာလား ဆရာ၊ သိပဿပံနဲ့ နည်းပညာဟာ ဒီလောက်လုပ်နိုင်တဲ့ အဆင့်အတန်း တကယ်ရှိနေပြီလား”“တို့ဆီမှာ ဒီကိစဿစကို လုံးပန်းနေကြတဲ့ ဓါတ်ခွဲခန်းတွေနဲ့ သိပဿပံပညာရှင်တွေ ရိုက်သတ်လို့မကုန်ဘူး ဒတ်၊ ဒါပေမဲ့ ငါသိ သလောက်တော့ သူတို့တွေဟာ ကြွက်နဲ့ စမ်းသပ်တဲ့အဆင့်ပဲ ရှိသေးတယ်။ တစ်ခုငါသေချာပြောရဲတာကတော့ အယ်ဆီဆိုတဲ့ ကောင်မလေးဟာ ဟေဒီသေသလို သူများပယောဂနဲ့ မသေဘူးဆိုရင် သက်တှော တစ်ရာ့နှစ်ဆယ် ရှည်စေသောဝ်ဆိုတဲ့ ဇာတာပါဟောကိန်းအတိုင်း နေရမှာ အသေအချာပဲကွ”
“ကဲ ထားပါတော့ ဆရာ၊ ကျွန်တှောဆိုရင် အဲသလောက် အသက်ရှည်ရှည်မနေချင်ပါဘူး၊ ပျင်းတာနဲ့တင် သေမလား ပဲ၊ ကျွန်တှော အခု သူ့ကို ဝင်တွေ့လို့ရပြီလား”
“ကြွပါ၊ ကြွပါ၊ မင်းသဘောရှိ မေးတှောမူပါ”
ဒေါက်တာဘဲလ်နှင့် ဒတ်ပစ်သည် ရုံးခန်းထဲမှ ထွက်လာ၏။ ဆေးခန်းသည် အလွန်အင်မတန် သန့်ရှင်းလှပြီး တိတ်ဆိတ်နေ၏။ အစောင့်အကြပ်တစ်ဦးမှမတွေ့ရ။ တစ်နေရာရာမှ ကင်မရာများဖြင့် စောင့်ကြည့်နေကြမည်က တော့ သေချာလှသည်။
ဘဲလ်သည် အခန်းတစ်ခုရှေ့ရောက်သောအခါ ကဒ်တစ်ခုကို ထိုးသွင်း၍ တံခါးဖွင့်ပေးလိုက်သည်။ အထဲတွင် ဆေးရုံ ဝတ်စုံဖြင့် ခုတင်ပှေါလှဲနေသည့် အယ်လ်ဆီကိုတွေ့ရသည်။
“မစ်စ် ဝုဖ်၊ ဧည့်သည်တစ်ယောက်က မင်းကိုတွေ့ချင်လို့တဲ့၊ စကားပြောကြဦး၊ သိပ်တော့မကြာစေနဲ့” ဒေါက်တာဘဲလ်က ပြောပြောဆိုဆို ပြန်ထွက်သွား၏။
ပစ်သည် အယ်လ်ဆီ့ ကုတင်နားတွင် ကုလားထိုင်တစ်လုံးဆွဲ၍ ဝင်ထိုင်လိုက်သည်။
“ကျုပ်နံမည် ဒတ်ပစ်၊ ခင်ဗျားသိချင်လည်းသိလိမ့်မယ်၊ ဒါပေမဲ့ ယူ ၂ဝ၁၅ နဲ့ ဆက်သွယ်ပြီးကတည်းက ကျုပ်နာမည် ကို ခင်ဗျားတို့ ကဗျည်းတင်ထားလိမ့်မယ်လို့ ကျုပ်ထင်တယ်”
အယ်လ်ဆီ့ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်ကလွဲ၍ အခြားတုန့်ပြန်မှု မတွေ့ရ။
“ခင်ဗျား ညီမ ဟေဒီရဲ့ ခနဿဓာကိုယ္ကို အနဿတာတိက ရေပြင်အောက်က သယ်လာတာ ကျုပ်ပဲ။ သူ့အလောင်း ဒီဆေးခန်း မှာပဲရှိတာ ခင်ဗျားသိတယ်။ ဗျူနိုအေးရီးစ် ကခင်ဗျားတို့ရဲ့ ဝုဖ်မိသားစု သုသဿသန်မှာမြေမြှုပ်နိုင်ဖို့အတွက် အလောင်းကို ကားလ်ဝုဖ်ဆီ ပို့ပေးစေချင်သလား”
ပစ်သည် အမှောင်ထဲသို့ ရမ်းပစ်လိုက်ချေပြီ၊ ဤသည်ပင်လျှင် သူ၏ မူပိုင် အတတ်ပညာဖြစ်တော့သည်။ ဝုဖ်တို့ထံ တွင် ကိုယ်ပိုင်သုသဿသာန်ရှိမရှိ သူမသိ၊ ဒီယုန်မြင်၍ ဒီခြုံထွင်လိုက်ခြင်းမျှသာ။
သူ့ပစ်ချက်၊ ချက်ကောင်းမှန်သွားကြောင်း သိရဖို့ အချိန်ကြာကြာမစောင့်လိုက်ရ၊ အယ်လ်ဆီသည် ဒေါသကြီးစွာဖြင့် သူ့ကို ကြည့်လိုက်ပြီး-
“ရှင်– ရှင်ဟာ ကိုလိုရာဒိုမှာလည်း ကျွန်မတို့လူတွေကို သတ်ခဲ့တဲ့လူပဲ” ဟုပြောလိုက်သည်။
ပစ် ခနိုးခနဲ့ ပြုံးလိုက်သည်။
“အို ဒေါက်တာဘဲလ် ကခင်ဗျားမှာ လျှာမပါဘူးလို့ ကျုပ်ကို သတင်းအမှားကြီးပေးလိုက်တာပဲ၊ ဘယ်ဟုတ်ပါ့မလဲ၊ ချွန်လိုက်တဲ့ လျှာကလေး” ဟု ကလိလိုက်သည်။
“ရေငုတ်သဘေဿငာကိစဿစလည်း ရှင့် လက်ချက်ပဲပေါ့ ဟုတ်လား”
“ကိုလိုရာဒို ကိစဿစကတော့ ကျုပ်လက်ချက်ဟုတ်ပါတယ်၊ ရေငုတ်သဘေဿငာကတော့ ယူအက်စ်ရေတပ်မတှော လက်ချက် ပါဗျာ၊ သူတို့ဝင်မကယ်ရင် ခင်ဗျားညီမဟေဒီက ဘာလက်နက်မှမပါတဲ့ အဏဿဏဝါ သုတေသနသဘေဿငာကို နှစ်မြှုပ်ပြီး လူတစ်ရာကျှောကို သတ်ပစ်တော့မှာလေ၊ တရားကို နတ်စောင့်တယ်လို့ သဘောထားပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျားတို့ ဆွေမျိုးတွေ အားလုံး မျိုးရိုးဗီဇ အင်ဂျင်နီယာနည်းနဲ့ ပြုပြင်ထားကြတာဆိုတော့ ငွေတော့ အတှောကုန်မှာနှော”
ပစ်၏ ဒုတိယပစ်ချက်။
“ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်မတို့က ငွေကို ဂရုမစိုက်ပါဘူး” အယ်လ်ဆီသည် အံ့ဩဖွယ်ကောင်းလောက်အောင် ဝန်ခံ လိုက်သည်။
“ဒီလိုလုပ်ဖို့ ကျွန်မတို့ မျိုးဆက်သုံးဆက်ကြာ စောင့်ဆိုင်း သုတေသနလုပ်ခဲ့ရတယ်၊ ကျွန်မတို့ဟာ အဲဒီ နှစ်ရှည် သုတေသန ရဲ့ ရလာဒ်တွေပဲ”
“ဩှော၊ ဪ၊ ပစဿစည်းကောင်းလေးတွေ ပေါ့လေ”
အယ်လ်ဆီက ပစ်ကို ပထမဆုံးအကြိမ်ကြည့်ပြီး ပြုံးလိုက်သည်။
“ရှင် ပြောချင်သလိုပြောပါလေ။ ရှင်တို့ အညံ့စားလူသားမျိုးနွယ် တစ်ခုလုံး မကြာခင် မျိုးပြုံးတော့မှာပဲ” ဟုအေးစက်စွာ ပြောလိုက်လေသည်။
=============
ပစ်သည် အယ်လ်ဆီ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။ ပြီးမှ-
“အေးပေါ့လေ။ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်က လွဲချက်ကယ်နာခဲ့တဲ့ ဒုတိယကြယ်တံခွန်ကြီး အခုပြန်လာချိန် တန်ပြီကိုး၊ ဟုတ်သလား အယ်လ်ဆီ”
ဒီတစ်ကြိမ် ပစ်ချက်သည် အရှိုက်တည့်တည့်သို့ ထိ၏။ အယ်လ်ဆီသည် ခံပြင်းလှစွာဖြင့် ခုတင်ပှေါက ရုန်းထလာပြီး-
“ဒီကိစဿစတွေသိဖို့ ရှင်တို့ အချိန်ဘယ်လောက်ကြာခဲ့သလဲ” ဟုမေးလိုက်သည်။
“ငါးရက် ခြောက်ရက်ပေါ့”
“ဒီမှာ ကျွန်မတို့ လူတွေက ဒီကိစဿစကို သုံးရက်နဲ့ ဖှောထုတ်နိုင်တာရှင့် သိရဲ့လား”
သူမ ငါ့စကားနွားရ ပြောနေမှန်း ပစ်သိသည်။ သူက-
“အဲဒီတော့ ကမဿဘာပျက်မဲ့နေ့မှာ ဝုဖ်မိသားစုက ပျှောပွဲရွင်ပွဲကြီး ကျင်းပဖို့ ပြင်ဆင်ကြရော ဆိုပါတော့” ဟု စကားနှိုက် ပြန်သည်။
အယ်လ်ဆီသည် ပစ်သည် စကားထောင်ချောက်အတွင်း လုံးဝ သက်ဆင်းမိနေပြီဖြစ်၏။ သူမက ခေါင်းခါယမ်းရင်း-
“လူတကာ သေကြရမဲ့ အချိန်မှာ ကျွန်မတို့က အသက်ရှင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ စဉ်းစားတယ်၊ အကောင် အထည် ဖှောတယ်၊ ရှင်တို့လို မဟုတ်ဖူး။ ဒီမယ်၊ ဘဝ ဆိုတာမျိုးက နေထိုင်ဖို့သင့်တှောပြီး အဲဒီအတွက် စီမံကိန်းချနိုင်တဲ့သူမျိုးအတွက်သာ ဖြစ်သင့်တယ်။ ဘာရည်ရွယ်ချက်၊ ဘာစီမံကိန်းမှမရှိတဲ့သူတွေကတော့ လောက မှာ မရှင်သန်သင့်ဘူးလေ”
အယ်လ်ဆီ သည်တင်းတင်းမာမာပြော၏။ မရပ်မနားပြော၏။ ပါးစပ်မှ အမြှုပ်ထွက်မတတ်ပြော၏။ ပစ်ကို လည်း အစိမ်းလိုက်ဝါးစားမတတ် စူးစူးရဲရဲ ကြည့်နေသေး၏။ သူ့အကြည့်က ကြောက်စရာ။
“ကောင်းပါပြီ၊ ဒီလိုဆိုတော့ ခင်ဗျားတို့ဟာ အင်မတိ၊ အင်မတန်တှောတဲ့ ကမဿဘာ့ငတှောမိသားစုကြီးပေါ့။ ခုလာမဲ့ ကမဿဘာ ဖျက်ကပ်ကြီးမှာ ငတှောကြီးတွေ ဘယ်လိုစီမံကိန်းများဆွဲထားကြသလဲဆိုတာ သိခွင့်များရှိပါသလား”
“သိခွင့်ရှိပါတယ်။ ကျွန်မတို့ဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်ကတည်းက မိသားစုရှင်သန်ဖို့စီမံကိန်းဆွဲခဲ့ကြတယ်။ ခုတော့အောင်မြင်သွားပါပြီ။ ကျွန်မတို့အနေနဲ့ ဘယ်လို ကမဿဘာဖျက်ကပ်မျိုးကိုမှ မှုစရာမလိုတော့ပါဘူး”
“နှစ်ငါးဆယ်၊ ဟုတ်လား” ပစ်အလန့်တကြားရေရွတ်လိုက်သည်။
“ဒါဆို အာမီးနီးစ်တွေရဲ့ ပထမဆုံးသော လျို့ဝှက်အခန်းကို ရှာတွေ့ကတည်းက ခင်ဗျားတို့ဒီစီမံကိန်းကို စခဲ့ကြ တာပေါ့”
“သိပ်ဟုတ်တာပေါ့ရှင်” အယ်လ်ဆီက ရိုးရိုးပင်အဖြေပြန်ပေးသှောလည်း သူမလေသံက ခပ်ကြွားကြွား။
“ဒါနဲ့ အားမီးနီးစ်အခန်းပေါင်း ဘယ်နှစ်ခုလောက်ရှိသလဲ ခင်ဗျားသိသလား”
“အားလုံးပေါင်း ခြောက်ခုရှိတယ်လို့ ဆိုတာပဲ”
“ခင်ဗျားတို့ ဘယ်နှစ်ခုတွေ့ခဲ့သလဲ”
“တစ်ခုတည်းပါ”
“ကျုပ်တို့က နှစ်ခုတွေ့တယ်။ ဒါဆို သုံးခုကျန်နေသေးတာပေါ့”
“ဟာဝိုင်ယီမှာ မီးတောင်ပေါက်ကွဲခဲ့တုန်းက တစ်ခုပါသွားတယ်။ နောက်တစ်ခန်းက တိဘက်မှာ အေဒီ ဂဝဝ လောက်ကတည်းက ငလျှင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့တယ်။ နောက်ဆုံးတစ်ခုကတော့ ချီလီက လက်စကာ တောင်တန်းမှာ ရှိတယ်လို့ ကြားတယ်။ ရှာလို့တော့မတွေ့ကြသေးဘူး”
ပစ် ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ သူက ထိုအတွေးကို စကားလုံးအဖြစ်ခပ်မြန်မြန်ပဲ ပြောင်းလဲပစ်လိုက်သည်။
“ရှာလို့မတွေ့တာတစ်ခုတည်းနဲ့ ခင်ဗျားတို့ဟာ လေ့လာရေးထွက်လာတဲ့ ကောလိပ်ကျောင်းသားအုပ်စု တစ်စုလုံးကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကြသေးတယ်နှော”
အယ်လ်ဆီသည် ပစ်ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။ သို့သှောအဖြေတော့ ပြန်မပေး။ ပေးပေးမပေးပေး ချီလီ ကိစဿစသည်လည်း သူတို့ လက်ချက်မှန်း ပစ်သိလိုက်ပါပြီ။
“ဟုတ်ပြီလေ။ ခင်ဗျားတို့ မိသားစု ရှာတွေ့ခဲ့တဲ့ အားမီးနီးစ်အခန်းလေးအကြောင်း ကျုပ်သိပရစေလား အယ်လ်ဆီ”
အယ်လ်ဆီသည် ပစ်ကို စိုက်ကြည့်လိုက်ပြန်သည်။
“ဝတ်ကျောင်းဟောင်းတစ်ခု၊ အဲဒီထဲမှာ အားမီးနီးစ်တွေရဲ့ သကေဿငတတွေကို ကျွန်မတို့ ပထမဆုံးရှာတွေ့ခဲ့တာ။ သူတို့ရဲ့ ပျက်စီးသွားတဲ့ ဆိပ်ကမ်းမြို့တှောတစ်ခုမှာပေါ့။ ဒီမယ် မစဿစတာပစ်၊ ကျွန်မကို ဟိုမေးဒီမေးနဲ့ ထပ်စကားနှိုက် ဖို့မကြိုးစားနဲ့တော့။ ခုချိန်ကစပြီး ရှင်ဘာမေးမေး ကျွန်မဖြေတော့မှာမဟုတ်ဖူး။ ခုလို အကျိုးမရှိတာတွေလာမေးနေမဲ့ အစား ရှင့်မိတ်ဆွေ အပေါင်းအသင်းတွေကို နှုတ်ဆက်ပါတီပွဲကလေးဘာလေး ကျင်းပဖို့ ပြင်ဆင်ထားရှင့်။ ဘာဖြစ် လို့လဲဆိုတော့ ရှင်တို့အားလုံးရဲ့ ရုပ်ပျက်ဆင်းပျက် အလောင်းတွေဟာ မကြာခင် ဖြစ်မဲ့ကမဿဘာပျက်ကပ်ကျရင် ပင်လယ်ထဲမျောကုန်ကြတော့မှာလေ”
အယ်လ်ဆီဝုဖ်သည် သူ၏နောက်ဆုံးစကားကို ဆိုလိုက်ပြီးမျက်စိများကို မှိတ်ထားလိုက်လေတော့သည်။
+++++++++++++++++

Recent Comments