အတ္တလန်တစ်ရှာပုံတော် (၅၁)

ပစ်ဆေးခန်းထဲမှ ထွက်လာတော့ ညနေစောင်းနေပြီ။ အသုံးလုံးဋဿဌာနချုပ်ကို ပြန်သွားမည့်အစား သူ၏ ကားဂိုဒေါင်အိမ် သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူခေါင်းတွေ ရှုပ်လှပြီ။ အချိန်ပေး၍ အနားယူဖို့လိုအပ်နေပြီ။ ဝါရှင်တန်၏ နာမည်ကျှော ညနေခင်းကားလမ်းပိတ်ဆို့မှုကြီးကို စိတ်မရှည့်တရှည်ဖြင့် ကျှောဖြတ်ခဲ့ရင်း နောက်ဆုံးအိမ်သို့ရောက်ခဲ့ သည်။ အိမ်ရှေ့ရောက်ရောက်ချင်း အိတ်ထဲမှ ဂလိုဘယ်စတား ဖုန်းကမြည်လာ၏။“ဟုတ်ကဲ့”

“ဟယ်လို မောင်” အောက်လွှတ်တှောအမတ်မင်း လိုရမ်စမစ်၏ အသံက ဖုန်းခွက်ထဲမှ ခပ်နွဲ့နွဲ့ထွက်ပှေါလာသည်။

“အိုး၊ ကိုယ့်အကြိုက်ဆုံး အစိုးရကိုယ်စားလှယ်တှောကြီးပါလား။ ပြောပါခင်ဗျာ။ ဘာကိစဿစမ်ားလဲ”

“ဒီညအားလားမောင်”

“အင်း၊ ဒီည၊ ဪ၊ မအားဘူးကွ၊ မောင် ဒီည အွန်းမလက်ကြှောရမယ်။ ပြီးရင် ရေအကြာကြီးချိုးရမယ်။ ပြီးရင် တီဗွီကြည့်ရင်း အွန်းမလက်ကြော် စားရဦးမယ်” ပစ်သည် သူ့ကားဟောင်းများကို ငေးမောကြည့်ရင်း လိုရမ်ကို အတည်ပေါက် ပြန်ဖြေလိုက်သည်။

“ဪ၊ လူပျိုကြီးတွေများ သနားစရာတယ်ကောင်း”

“အပြင်ထွက် ညစာစားတဲ့ အလုပ်ကို အသက် နှစ်ဆယ့်တစ်နှစ်လောက်ကတည်းက စွန့်လွှတ်ထားခဲ့ရတာကွ”

“အို၊ ကြားရတာ စိတ်မကောင်းလိုက်တာ မောင်ရယ်။ ဒါဆိုလည်း–” လိုရမ်သည် ဖုန်းပြောနေရင်းမှ ခဏရပ်သွားပြီး တစ်စုံတစ်ခုပြောနေသံကြားရသည်။ အတန်ကြာမှ-

“ဆောရီး မောင်၊ အခွန်ထမ်းပြည်သူတစ်ယောက်က သူ့အိမ်ရှေ့လမ်းပှေါမှာ အပေါက်ဖြစ်နေတဲ့ကိစဿစ ရှင်းနေရလို့”

“ဪ၊ အောက်လွှတ်တှောအမတ်မင်းတွေများ သနားစရာတယ်ကောင်း” ပစ်သည် လိုရမ်စောစောကပြောခဲ့သည့် စကားအတိုင်း ပြန်ထေ့လိုက်သည်။ ပါးစပ်အကျင့်၊ ဝမ်းအချင့် ဆိုသည့်စကားက သူ့အတွက်မှန်လွန်းနေသည်။ ထေ့ရ ငေါ့ရမည်ဆိုလျှင် ချစ်သူကိုပင် အလွတ်မပေး။

“ဘာမှလာပြောမနေနဲ့၊ ဒီနေ့ညစာကို စိန့်ရှားမှာလိုက်ကျွေး”

ဟိုက်- ပစ်စိတ်ထဲမှ အသံတိတ်အာမေဋိတ်။

“အောင်မယ်လေး အမတ်မင်း၊ အကောင်းကြိုက်တတ်လိုက်တာကလည်း လွန်လွန်းလှချည့်၊ စိန့်ရှားမှာ ညစာသွားစား ရင်ကျုပ်တစ်လစာလခ ပြုတ်ပြုတ်ပြုန်းမှာပေါ့ဗျ။ ကဲကဲ အကြောင်းပြချက်လေး ပေးတှောမူပါဦး”

“ပေးဆိုလည်းပေးရတာပေါ့ အသုံးလုံး ညွှန်ကြားရေးဝန်မင်းရှင့်။ ခုကျွန်မရဲ့ စားပွဲအံဆွဲထဲမှာ ကံကြမဿမာ အင်တာ ပရိုက်စ် အကြောင်းဆိုလား ဘာဆိုလား၊ အဲဒီဖိုင်တွဲကြီးရောက်နေတယ်။ ဝန်မင်းလိုချင်တယ်ဆိုရင် စိန့်ရှား ညစာနဲ့ လဲမလားလို့”

“အမတ်မင်း ဘယ်တုန်းက ကုန်သည်ကြီးဖြစ်သွားပါလိမ့်”

“ဟွန်း၊ ဒီဟာရဖို့ သူများမှာဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ သိရဲ့လား။ တကတည်း၊ မပြောလိုက်ချင်ဘူး”

ပစ်သည် သူ့ဂိုဒေါင်အိမ်တံခါးတွင်တပ်ဆင်ထားသော အဆင့်မြင့်လုံခြုံရေး ကိရိယာတွင် တံခါးဖွင့်ရန် ကုဒ်နံပါတ်ကို ရိုက်ထည့်လိုက်ပြီး-

“ကဲပါ။ ကျွေးဆိုလည်းကျွေးရတာပေါ့လေ။ ကြိုတင်စာရင်းတော့ပေးထားလိုက်ဦး။ စိန့်ရှားက ကိုယ်တို့လို လမ်းဘေး ကကောင်မျိုးတွေ သွားနေကြနေရာမဟုတ်ဘူးလေ”

“ကျွန်မ အဲဒီက စားဖိုမှူးကြီးနဲ့သိတယ်။ စိတ်ချ၊ အကောင်းဆုံးစားပွဲကို ရစေ့မယ်။ ကျွန်မကိုသာ ခုနှစ်နာရီခွဲ လာခှေါလှည့်၊ ဒါပဲ”

“နေပါဦး အချစ်ရယ်။ မင်းနဲ့စားဖိုမှူးကြီးနဲ့အသိဆိုရင် စပါယ်ရှယ် ဒစ်စကောင့်လေးတော့ တောင်းပေးပါကွာနှော။ ဝိုင်ဖိုးပဲဖြစ်ဖြစ် လျှော့ပေးရင် မဆိုးလှဘူး”

“သိဘူး၊ သွား၊ဒါပဲ” လိုရမ်သည် ဖုန်းချသွားချေပြီ။

ဒတ်ပစ်သည် အခြေသတင်းကြီးလှသော စိန့်ရှားလို အနံကြီးကွင်းကျယ် စားသောက်ဆိုင်ကြီးသို့ ဋဿဌာန်ကရိုင်းကျကျ ဝတ်စားသွားဖို့ စိတ်မပါပဲဖြစ်နေသည်။ သို့နှင့် ဖြစ်သလို ဝတ်စားကာ လိုရမ့်ဆီသို့ထွက်ခဲ့၏။ လိုရမ်ကား တန်ဖိုးကြီးလှ စွာသော အဝတ်အစားများကို ကျနစွာဝတ်စားဆင်ယင်ရင်း သူ့ကိုစောင့်နေ၏။ ချောကလက်ရောင် လက်ဆွဲသေတဿတာ တစ်လုံးကိုလည်း လက်တွင်ကိုင်ထားသည်ကို တွေ့ရသည်။

ပစ်သည် ကားထဲမှဆင်း၍ သူမအတွက် တံခါးဖွင့်ပေးလိုက်သည်။ လိုရမ်က စိတ်ကျေနပ်စွာပြုံးရင်း-

“ခုခေတ်ကြီးမှာ မောင်တို့လို လူကြီးလူကောင်းတွေ အတှောရှားသွားပြီ” ဟု ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေသေးသည်။

စိန့်ရှားက လိုရမ်နေထိုင်သည့် အလက်ဇန်ဒရီးယားနှင့် နှစ်မိုင်သာဝေး၏။ ပစ်၏ ဖို့ဒ်ဟော့ရောဒ်ကားကလေး စိန့်ရှား ရှေ့တွင်ထိုးရပ်လိုက်သောအခါ ရှားပါး၍ တန်ဖိုးကြီးလှသည့် ထိုရှေးဟောင်းကားကို မြင်လိုက်ရသည့် ကားပါကင် ဝန်ထမ်းသည် ဟောလိုဝင်းည တစေဿဆပုံထွင်းထားသော ဖရုံသီးခေါင်းထဲ ဖယောင်းတိုင်ထွန်းလိုက်သလို မျက်နှာကြီး ဝင်းကနဲလက်သွားသည်ကို ပစ်က တွေ့ဖြစ်အောင်တွေ့လိုက်သည်။ ထိုမျက်နှာသည် ပိုင်ရှင်ညစာစားနေတုန်း သူ့ကားကို ပါတ်မောင်းနေမည့်မျက်နှာမျိုး။ ထိုကားပါကင်ဝန်ထမ်းကို ကားသော့မပေးမှီ ပစ်က ဒိုင်ခွက်ကို ပြူးပြဲကြည့် နေသည်။

“ဘာဖြစ်လို့လဲဆရာ”

“ဘာမှ မဖြစ်ပါဘူး၊ ကားမိုင်နှုန်းကို စစ်ကြည့်နေတာ”

ပစ်သည် ငါသိပါတယ်ဟူသည့် မျက်နှာပေးဖြင့် ကားပါကင်ဝန်ထမ်း လူငယ်လေးကို ပြန်ပြောပြီး ကားသော့ပေးလိုက် သည်။ အိပ်မက်များ လွင့်ပြယ်သွားရရှာသော ထိုလူငယ်သည် ပစ်၏ ဖို့ဒ်ဟော့ရောဒ်ကို မြင်သာမြင်မကြင်ရ၍ အလွန် စိတ်မကောင်းသောမျက်နှာဖြင့် ဘန်တလေကားတစ်စီး၏ဘေးတွင် ဖြည်းညှင်းစွာထိုးလိုက်လေသည်။

စိန့်ရှားသည် နာမည်ကြီးမည်ဆိုလည်း ကြီးလောက်ပါပေသည်။ ကိန်းနှင့် ပါရီမှ ထိပ်ထိပ်ကြဲစားဖိုမှူးကြီးများ၏ ပထမ တန်းစား လက်ရာများကို ကောင်းစွာ ထိန်းသိမ်းမွန်းမံထားသော ဆယ့်ရှစ်ရာစုနှစ် အဆောက်အဦးကြီးတွင် စားပွဲ ဆယ့်နှစ်လုံးစာသာ လက်ခံသည့် ဝါရှင်တန် လူ့မလိုင် အသိုင်းအဝိုင်း၏ နံပါတ်တစ် ဒိတ်ဒိတ်ကြဲ ပြိုင်စံရှား စားသောက်ဆိုင်ဖြစ်သည်။ ထိုစားပွဲများမှာ တစ်စားပွဲနှင့် တစ်စားပွဲ စကားသံမကြားနိုင်အောင်အထူးစပါယ်ရှယ် ပြင်ဆင်မွန်းမံထားသည်ကို ပစ်အကြိုက်ဆုံး။

စားပွဲတွင်နေရာယူပြီးသောအခါ ပစ်က လိုရမ်ကို-

“ဝိုင်လား ရှမ်ပိန်လား”

“သိရဲ့သားနဲ့ မေးနေပြန်ပြီ”

ဟုတ်တော့လည်းဟုတ်သည်။ ရှည်လျှားလှသည့် ချစ်သူသက်တမ်းအတွင်း လိုရမ့်အကြိုက်ကို အူမချေးခါးမကျန် သိထားသော ပစ်သည် တကယ်တော့မေးနေစရာမလိုပါ။

ပစ်သည် မာတင်ရေး ကဘားနက် ဆိုဗီနွမ်ဝိုင်တစ်လုံး ကို အရင်မှာလိုက်သည်။ ပြီးတော့-

“ကဲ စားစရာစောင့်ရင်း ကံကြမဿမာအင်တာပရိုက်စ်အကြောင်း ပြောပြပါလား အချစ်ရယ်” ဟုချွဲလိုက်သည်။

လိုရမ်က မထီတရီပြုံးပြီး “ဟင့်အင်း၊ စားပြီးမှပြောမယ်” ဟုဈေးကိုင်လိုက်၏။

ပစ်မရိုးမရွ ဖြစ်သွားသည်။ သူသိချင်လှပြီ “တကယ်ပဲ အမတ်မင်းက နိုင်ငံရေးသမား ပီသပါပေတယ်ခင်ဗျား” ဟု စကားနာထိုးလိုက်၏။

လိုရမ်က လက်ဆွဲသေတဿတာကိုဖွင့်လိုက်ပြီး အထဲမှ စာရွက်တစ်ထပ်ကြီးကို ထုတ်၍ ပစ်ကို စားပွဲအောက်မှလက်ကမ်း ပေးလိုက်သည်။

ကံကြမဿမာ အင်တာပရိုက်စ်သည် စီးပွားရေးလုပ်ငန်းအနေနှင့် အလွန်ထူးခြားသောအခြေအနေတွင်ရှိသည်။ ပြည်သူ့ ဆက်ဆံရေး မရှိ၊ အရောင်းမြှင့်တင်ရေး မရှိ၊ ကြှောငြာမရှိ၊ စတော့ရှယ်ယာလည်း မရောင်း၊ ဝုဖ် မိသားစုကသာ မျိုးဆက်သုံးဆက်တိုငိ အစဉ်တစိုက်ပိုင်ဆိုင်လာခဲ့သည်၊ အမြတ်-အရှုံးစာရင်း၊နှစ်ချုပ်စာရင်းများ မထုတ်ပြန်။ တခြား ကုမဿပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အလျှဉ်းမရှိ။ အလွန်သေချာသည့်အချက်တစ်ချက်မှာ့ ဒုတိယ ကမဿဘာစစ် အပြီး အာဏာရှင် ပီရွန်လက်ထက် ကတည်းက ထိုသူတို့သည် အာဂျင်တီးနားတစ်နိုင်ငံလုံးကို စိတ်ကြိုက် ကြိုးကိုင် ချယ်လှယ်ထားကြသည်။

ပစ်သည် အစီရင်ခံစာ၏ ပထမစာမျက်နှာများကို ဖတ်ရှုနေစဉ် ဝိုင်ရောက်လာသည်။ ဝိုင်ကို ဖန်ခွက်များထဲသို့ ထည့်ပေးနေစဉ် ပစ်သည် ဝိုင်၏ အရောင်၊ အနံ့ တို့ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်နေမိပြီး တစ်ငုံမော့လိုက်သည်။ လျှာဖျားမှတဆင့် တရွေ့ရွေ့စီးဆင်းလာသော ကဘားနက်ဝိုင်၏ ရသာစီးကြောင်းထဲ စီးမျောခံစားနေသည်။ ပြီးမှ စားသောက်ဆိုင်မှ ဝိုင်ထည့်ပေးသောပညာရှင် ကို မော့ကြည့်လိုက်ပြီး-

“ကဘားနက်နဲ့တွေ့ရင် အမြဲတမ်း အံ့ဩတမ်းတရတဲ့ အဖြစ်က ကျွန်တှောမကျှောလွန်နိုင်သေးပါလားဗျာ” ဟုပြော လိုက်သည်။

ဝိုင်ပညာရှင်က နှစ်ခြိုက်စွာပြုံးလိုက်ပြီး-

“အင်မတန်ကောင်းတဲ့ ရွေးချယ်မှုပါပဲဆရာ၊ ကျွန်တှောတို့ ဖောက်သည်တွေထဲမှာ ကဘားနက်ရဲ့ ကောင်းခြင်း အရသာကို သိတဲ့လူသိပ်မရှိသေးပါဘူး”

ပစ်သည် ကဘားနက်ဝိုင်ကို နောက်ထပ် တစ်ငုံငုံလိုက်ပြီး အစီရင်ခံစာကို ဆက်ဖတ်နေ၏။

၁၉၄၇ ခုနှစ်မတိုင်မှီအထိ ကံကြမဿမာအင်တာပရိုက်စ်၏ အကြောင်းကို တစိုးတစိမှမကြားခဲ့ရ။

လိုရမ်သည် ဖန်ခွက်ထဲမှ ကဘားနက်ဝိုင်ကို ငေးမောရင်း ပစ်ဖတ်နေသည့်အကြောင်းအရာကို သိနေသည့်အလား-

“ကျွန်မ သုတေသီ တစ်ယောက်ကို ဌားပြီး အဲဒီအချိန်တုန်းက ဗျူနိုအေးရီးထုတ်သတင်းစာတွေအားလုံးကို သုတေ သန လုပ်ခိုင်းလိုက်တယ်။ ကံကြမဿမာအင်တာပရိုက်စ်နဲ့ ပါတ်သက်တဲ့ဘယ်အကြောင်းကိုမှ မတွေ့ခဲ့ရတာအမှန်ပဲ။ သုတေသီကတော့ ကံကြမဿမာ အင်တာပရိုက်စ်ဟာ ဂျာမနီစစ်မရှုံးခင်လေးမှာ လက်တင်အမေရိကကို ထွက်ပြေး လာကြတဲ့ ထိပ်တန်းနာဇီ အရာရှိကြီးတွေ စတင်ဖွဲ့စည်းတယ်လို့ သံသယရှိနေတယ်။ ဒါပေမဲ့ သက်သေအခိုင်အမာ တော့မရှိသေးဘူး”

ပစ် ခေါင်းညိတ်လိုက်၏။

“ဗိုလ်ချုပ်ကြီးဆန်ဒက်ကာလည်း ပြောဖူးတယ်။ စစ်ကြီးပြီးခါနီးမှာ နာဇီတွေဟာသယံဇာတ ငွေကြေးဥစဿစာအပြည့်အစုံ နဲ့အာဂျင်တီးနားကို ထွက်ပြေးလာကြသတဲ့။ သူတို့ရဲ့ ရေငုတ်သဘေဿငာ ယူဘုတ်တွေနဲ့ လက်တင်အမေရိကကို ပြေးတဲ့ ဒီအစီအစဉ်ကို မာတင်ဘောမန်းက ဦးဆောင်ခဲ့တာတဲ့”

“နေပါဦး၊ မာတင်ဘောမန်းက ဘာလင်တိုက်ပွဲမှာ ကျသွားခဲ့တာမဟုတ်ဖူးလား”

“နောင်နှစ်ပေါင်းများစွာကြာတော့ မာတင်ဘောမန်းရဲ့ အရိုးဆိုတာတွေကို စစ်ဆေးကြည့်ပြီး ပြောကြတာပါ၊ ဟုတ်မ ဟုတ် ဘယ်သူသိမှာလဲ”

“ကျွန်မလည်း စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဘူးတယ်။ အဲဒီစာအုပ်ရဲ့ အဆိုအရ ဒုတိယကမဿဘာစစ်ရဲ့ အကြီးကျယ်ဆုံး လျှို့ဝှက်ချက်ကြီးကတော့ ဂျာမန်တွေရဲ့ ရတနာသိုက်ကြီး အစအနမကျန်အောင် ပျောက်ကွယ်သွားခြင်းပဲလို့ ဆိုတယ်၊ မတ်တစ်ပြား၊ ရွှေတစ်မှုန်တောင် မဟာမိတ်တပ်တွေ ရှာမတွေ့ခဲ့ကြဘူး။ စုတ်ပြတ်သတ်နေတဲ့ ဘာလင်မြို့ကြီးနဲ့ ငတ်ပြတ်ကြောက်လန့်နေတဲ့ လူထုကိုပဲသူတို့ တွေ့ခဲ့ရသတဲ့။ မာတင်ဘောမန်းဟာ လျှို့ဝှက်စွာ အသက်ရှင်ပြီး တိုင်းပြည်ရဲ့ သယံဇာတအားလုံးကို လက်တင်အမေရိကကို သယ်သွားတယ်ဆိုတာကရော ဖြစ်နိုင်ချေ ရှိရဲ့လား”

“ကျိန်းသေတော့ မပြောနိုင်သေးဘူးလေ” ပစ်က စာဆက်ဖတ်နေလိုက်၏။ စိတ်ဝင်စားဖွယ် ကိစဿစမတွေ့ရသေး။ သတင်းစာများမှ ကံကြမဿမာအင်တာပရိုက်စ်အကြောင်း ရေးသားချက်များကို စုဆောင်းထားခြင်းသာ။ စီအိုင်အေ အစီရင် ခံစာ တစ်ခုကတော့ အတှောလေးပြည့်ပြည့်စုံစုံရှိ၏။ သို့သှောလည်း ထဲထဲဝင်ဝင်တော့ သိပ်မသိရ။

“သူတို့လုပ်တဲ့အလုပ်တွေက အမျိုးအစားတွေ အများသား။ ဒါပေမဲ့ ကျောက်မျက်ရတနာ၊ ရွှေ၊ ပလက်တီနမ် နဲ့ အခြားတွင်း ထွက်တွေကို တူးတဲ့ မိုင်းတွင်းလုပ်ငန်းတွေက တစ်ပိုင်း။ ကွန်ပျူတာ ဆော့ဖ်ဝဲလ်မှာလည်း မိုက်ကရို ဆော့ဖ် ပြီးရင် သူတို့ဆိုပဲ။ ဟောဒီမှာ ရေနံလုပ်ငန်းတွေ၊ အဲ နာနိုနည်းပညာမှာလည်း စွန့်ဦးတီထွင်အဆင့်တဲ့ဗျား”

“အဲဒီ နာနိုနည်းပညာဆိုတာတော့ ကျွန်မ သေချာမသိဘူး”

လိုရမ်၏ စကားကို ပစ်အဖြေပြန်မပေးရသေးခင် စားပွဲထိုးတစ်ယောက် ရောက်ရှိလာသည်။ စားကောင်းသောက်ဖွယ် များကို မှာကြားရန် မီနူးစာရင်းက ပြင်သစ်လိုချည်းရေးထား၏။

“ကဲ၊ အချစ်၊ ဘာများ သုံးဆောင်တှောမူလိုပါသလဲ”

“မောင်ပဲ မှာလိုက်ပါ” လိုရမ်က တိုးညှင်းစွာပြောလိုက်သည်။

ပစ်သည် သူမဖတ်တတ်သော မီနူးကို ဖတ်ပြီး အသံမထွက်တတ်သော ပြင်သစ်စကားတို့ကို ဟန်ဆောင်ပန်ဆောင် အသံထွက်ဖို့ မကြိုးစားတော့၊ စားလိုသည့် အစားအသောက်များကို အဂဿငလိပ်လိုသာ မှာလိုက်သည်။

“မောင်တို့ ပြောနေတာ ဘယ်နားရောက်သွားပါလိမ့်၊ ဪ-ဟုတ်ပြီ၊ နာနိုနည်းပညာနှော။ မောင်လည်း သိပ်တော့ မသိပါဘူး။ သိသလောက်ပြောရရင်တော့ နာနိုနည်းပညာဆိုတာ အက်တမ်တွေရဲ့ ဖွဲ့စည်းပုံကို ထိန်းချုပ်ပြီး ကိုယ်အလိုရှိသလို ပြုပြင်တာမျိုးလို့ ဆိုတယ်။ နာနိုနည်းစနစ်အောင်မြင်သွားရင် ကမဿဘာပှေါမှာအခုရှားပါးနေတဲ့ အရာတွေကို ပေါပေါလောလောနဲ့ အရည်အသွေးကောင်းကောင်းထုတ်လုပ်နိုင်ကြလိမ့်မယ်။ လောင်စာတို့၊ ဆေးတို့၊ သတဿတုတို့၊ ဒါ့အပြင် လူ့ခနဿဓာကိုယ်ထဲက မှောလီကျူးလေးတွေကိုတောင် စိတ်ကြိုက်ပြင်ဆင်လို့ရနိုင်တယ်လို့ဆိုတယ်။ ခြုံငုံပြောရရင်တော့ နာနိုဆိုတာ အနာဂါတ်ရဲ့ နည်းပညာလို့ပဲ ဆိုကြပါစို့”

လိုရမ်က ပစ်ရှင်းပြသည်ကို နားထောင်ရင်း-

“သဘောတရားအရတော့ အထင်ကြီးစရာပါပဲ။ ကံကြမဿမာအင်တာပရိုက်စ်က အဲဒီ နာနိုကို အနဿတာတိကမှာလုပ်နေတာ။ မောင်အဲဒီအကြောင်းကို ဖိုင်နံပါတ် ၅-က မှာကြည့်” ဟုပြောလိုက်သည်။

“အခုအဲဒါကို ကြည့်နေတာပဲ လိုရမ်၊ ပင်လယ်ပြင်ကနေ သယံဇာတထုတ်ဖို့ ကြိုးစားတာ သူပထမဆုံးပဲ။ စွန့်ဦး တီထွင် အခှေါခံထိုက်ပါတယ်၊ ကြည့်ရတာ ပင်လယ်ရေထဲက ရွှေနဲ့ တစ်ခြားတန်ဖိုးကြီး သတဿတုတွေကို နာနိုနည်းပညာနဲ့ ခွဲခြား ပြီး ထုတ်ယူနေပုံရတယ်၊ အောင်မြင်စရာ အကြောင်းရော ရှိရဲ့လား မသိဘူး”

“အင်မတန် အောင်မြင်သတဲ့ မောင်၊ စီအိုင်အေက ရထားတဲ့ လျှို့ဝှက် စာရင်းအရ ဆွစ်ဘဏ်ထဲက  ကံကြမဿမာအင်တာပရိုက်စ်ပိုင်တဲ့ ရွှေချောင်းပမာဏဟာ ကျွန်မတို့ အမေရိကန်အစိုးရရဲ့ အရန်ရွှေ နည်းပါးရှိသတဲ့”

ပစ် ပါးစပ်ဟ သွား၏။ လွန်လွန်းလှချည်လား။ ဒီလောက်ရွှေတန်ချိန်အများကြီး ဘာလုပ်ဖို့စုဆောင်းထားကြပါလိမ့်။ သူ့စိတ်ထဲဖြစ်နေသော အတွေးကို လိုရမ်က ရိပ်မိပုံရသည်။ သူ့ကို ပုခုံးတွန့်ပြ၏။ သူလည်းမသိဆိုသည့် သဘော။

စားသောက်ဖွယ်များရောက်လာသည်။ လိုရမ်ရော ပစ်ပါ စိန့်ရှား၏ အစားအသောက်များကို စကားမပြောနိုင်ပဲ အားပါး တရစားနေကြသည်။ စားသောက်စရာများ တက်တက်စင်အောင် ပြောင်သွားသည့် အခါကြမှ စကားဆက်နိုင်တော့ သည်။ ဒီတစ်ခါတော့ လိုရမ်က စပြော၏။

“စီအိုင်အေက နာဇီတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်ပေါင်း တန်နဲ့ချီပြီးစုဆောင်းထားတဲ့။ ဒါတောင် ကံကြမဿမာ အင်တာပရိုက်စ်နဲ့ ဝုဖ်မိသားစုဟာ နာဇီနဲ့ ပါတ်သက်ကြောင်း အထောက်အထားမတွေ့ကြတာတော့ အံ့ဩစရာပဲနှော”

“နာဇီတွေဟာ ဩစတီးယား၊ ဘယ်လ်ဂျီယံ၊ နှောဝေ၊ ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတွေက ရတနာပစဿစည်းတွေ၊ ဂျူးတို့ရဲ့ ဥစဿစာဓနတွေကို ပြောင်ဓမြတိုက်ပြီး စစ်အပြီး အာဂျင်တီးနားကို ပို့လိုက်တယ်ဆိုတာကတော့ သေချာနေတာ ပဲ၊ ပြသဿသနာက ဒီပစဿစည်းတွေကို ဘယ်သူဦးဆောင်ပြီး စီမံခန့်ခွဲသလဲ။ ဘယ်သူဖြစ်နိုင်စရာရှိသလဲ။ ၁၉၄၇ ကျမှ ဘွားကနဲ ပှေါလာတဲ့ ကံကြမဿမာ အင်တာပရိုက်စ်ပဲပေါ့။ မပြေးသှောလည်း ကန်ရာရှိနေတယ် မဟုတ်လား။ ပြီးတော့ ဝုဖ်ဆိုတဲ့ မှတ်တမ်းမရှိတဲ့ မိသားစု။ ဒင်းတို့ဟာ နာဇီတွေနဲ့ ဘယ်လိုပါတ်သက်သလဲ။ သူတို့ကိုယ်တိုင် နာဇီရဲ့ အဆက်အနွယ်တွေလား။ ဒါမှမဟုတ် နာဇီအိုကြီးတွေဆီက ဥစဿစာဓနကို တစ်နည်းနည်းနဲ့ လက်လွှဲအမွေဆက်ခံသူ တွေလား”

“ဒါမေးသင့်တဲ့မေးခွန်းပဲ” လိုရမ်က ဆိုလိုက်သည်။

“လွန်ခဲ့တဲ့ ငါးဆယ့်လေးနှစ် လောက်ကစပြီး ကံကြမဿမာအင်တာပရိုက်စ်ဟာ အရှင်မွေးတော့နေ့ချင်းကြီးလာသလို ပုံစံမျိုးနဲ့ ကမဿဘာပှေါမှာရှိတဲ့ ဘဏ်တွေနဲ့ အစိုးရတွေအပှေါမှာ ဩဇာသက်ရောက်မှုရုတ်တရက်ရှိလာတယ်။ အထူးသဖြင့် အာဂျင်တီးနား။ ဒီနိုင်ငံဟာ သူတို့ပိုင်တယ်လို့တောင်ပြောလို့ရတယ်။ ကျွန်မတို့အောက်လွှတ်တှော အမတ်တွေ အတွက်နိုင်ငံရေးရန်ပုံငွေဆိုတာရှိတယ်။ အဲဒီရန်ပုံငွေအတှောများများကို အမည်မဖှောပဲလှူဒါန်းနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိနေတာကြာပြီ။ ကျွန်မကတော့ အဲဒါ ကံကြမဿမာ အင်တာပရိုက်စ်ပဲလို့ထင်တယ်။ ဒါ့ကြောင့်လည်း ဘယ်အစိုးရကမှ သူတို့ကို စုံစမ်းစစ်ဆေးရေးတွေမလုပ်ခဲ့ကြတာလို့ ယူဆတယ်”

“အောက်လွှတ်တှောလို အရေးသိပ်မကြီးလှတဲ့နေရာမျိုးတောင် သူတို့ရဲ့ အလှူငွေရောက်တယ်ဆိုရင် ဒီအဖွဲ့ဟာ အထက်လွှတ်တှောအမတ်မင်းတွေရဲ့ အိတ်တွေ၊ အိမ်ဖြူတှောကလူတွေရဲ့အိတ်တွေကို ဘယ်လောက်အတိုင်း အတာအထိ ငွေတွေထည့်ထားမလဲဆိုတာ စဉ်းစားကြည့်ဖို့ကောင်းပြီ” ပစ်သည် ပြောပြောဆိုဆိုဖြင့် လိုရမ်ကို စိုက်ကြည့်လိုက်သည်။

လိုရမ်က ပြာပြာသလဲ လက်ကာပြရင်း-

“အမလေး၊ ကျွန်မကိုတော့ စွပ်စွပ်စွဲစွဲ လာမကြည့်နဲ့နှော။ ကံကြမဿမာအင်တာပရိုက်စ် မကလို့ ဘာအဖွဲ့ဖြစ်ဖြစ် တို့များ ကရန်ပုံငွေလက်မခံဘူး”

ပစ်က ဝံပုလွေပြုံးပြုံးရင်း-

“ဟုတ်လို့လား” ဟုမခိုးမခန့်မေးသည်။ လိုရမ်က ပစ်ကို စားပွဲအောက်မှ နေ၍ခြေထောက်ဖြင့်ကန်လိုက်၏။

“မောင်နှော၊ ကျွန်မကိုလာမဆွနဲ့၊ အောက်လွှတ်တှောတစ်ခုလုံးမှာ သိကဿခာအရှိဆုံးအမျိုးသမီး အမတ်မင်းရှင့်၊ ဘာမှတ် သလဲ” ဟုဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဟုတ်မှာပါကွာ၊ ဂုဏ်သိကဿခာအရှိဆုံးတင်မကပါဘူး၊ အလှဆုံးအမတ်မင်းလည်း ဖြစ်ပါသတဲ့”

ပစ်တို့မောင်နှံသည် အစာပိတ်အချိုပွဲကို ကဘားနက်ဝိုင်ဖြင့် မြည်းနေကြသည်။ စားပွဲထိုးကလေးက အနားမှ လိုလေ သေးမရှိ ဝန်ဆောင်မှုပေးနေသည်။ လိုရမ်က-

“ဘာပဲဖြစ်ဖြစ် ကံကြမဿမာအင်တာပရိုက်စ်ဟာ နာဇီနွယ်ဝင်ဆိုရင် ဟစ်တလာထက် လက်စောင်းထက်ကြတယ်လို့ ပြောရမယ်။ စီးပွားရေးနဲ့အနိုင်ယူတာလေ”

“ကမဿဘာကို အုပ္စိုးမယ္ဆိုတဲ့ အေတြးအေခါှက အတိတ်မှာကျန်ခဲ့ပါပြီလေ။ တရုတ်ခေါင်းဆောင်တွေကိုကြည့်ပါလား။ သူတို့နိုင်ငံစီးပွားရေး အင်အားကြီးလာလေလေ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ ပျော့ပြောင်းလာလေလေ မဟုတ်လား။ စစ်ဖြစ်လိုက်ရင် ခဲလေသမျှ သဲရေကျမှာကိုး၊ ဆိုဗီယက် နိဂုံးချုပ်သွားပြီးကတည်းက အနာဂါတ်စစ်ပွဲတွေဟာ စီးပွားရေး စစ်ပွဲတွေသာဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးပညာရှင်တွေ ခန့်မှန်းခဲ့ကြပြီးသားပဲ။ ဝုဖ်တွေဟာ ဒီအချက်ကို ကောင်းကောင်းသဘောပေါက်တယ်။ ဒါကြောင့် စီးပွားရေး ပါဝါကို အခိုင်အမာခြေကုပ်ယူထားတာပေါ့။ ခုတော့ သူတို့ လက်ညှိုးညွှန်ရာရေဖြစ်လောက်တဲ့ အဆင့်ကိုရောက်နေကြပြီ။ ပြသဿသနာက သူတို့ဘာလဲ၊ ဘယ်လဲဆိုတာပဲ”

“မနေ့က ရှင်ဖမ်းမိတဲ့အမျိုးသမီးဆီက ဘာမှမသိခဲ့ရဘူးလား”

“သေချာသိတာတစ်ခုကတော့ ကမဿဘာပျက်မဲ့နေ့ဟာ လက်တစ်ကမ်းအကွာမှာရောက်နေပြီဆိုတာကိုပဲ။ သူ့အပြောအရ တော့ သူတို့ ဝုဖ်တွေကလွဲပြီး ကျန်တဲ့လူသားမျိုးဆက်အားလုံး အဲဒီနေ့မှာ သေရလိမ့်မယ်တဲ့”

“မောင် သူပြောတာကို ယုံသလား”

ပစ်က ခပ်ယဲ့ယဲ့ပြုံးလိုက်၏။

“မင်းရော ယုံသလား လိုရမ်။ အရင်တုန်းကလည်း ဒီလိုပဲ ကမဿဘာပျက်မဲ့ဟောကိန်းတွေ ထောင်နဲ့ချီထွက်ခဲ့ဘူးတယ်။ ပြီးတော့လည်း နေလာနှင်းပျောက်ဆိုသလိုပါပဲ။ ကိုယ့်စိတ်ထဲ မရှင်းတာက ဒီဝုဖ်တွေဟာ ဘာဖြစ်လို့များဒီ ဒဏဿဍာရီ လိုလို၊ ဟောကိန်းလိုလို ကမဿဘာပျက်မဲ့နေ့ကို ဒီလောက်ယုံကြည်နေရတာလဲ။ အရင်က သူများတွေမသိအောင် လျှို့ဝှက်ထားတယ်။ သတင်းအစလေးထွက်လာတာနဲ့ လက်စတုန်း ရက်ရက်စက်စက် အစဖျောက်ပစ်တယ်။ ခုတော့ သူတို့ကပဲ အားရပါးရ သတင်းလွှင့်နေပြန်တယ်။ ဒါဘာသဘောလဲ”

“အဲဒီ ကမဿဘာပျက်မယ်ဆိုတဲ့ ဟောကိန်းကို သူတို့ ဘာကိုအခြေခံပြီးပြောတာလဲ”

“အားမီးနီးစ်ဆိုတဲ့ ရှေးဟောင်းလူမျိုးစုတစ်ခုရဲ့ ဟောကိန်းကိုအခြေခံပြီးပြောတာ”

လိုရမ်သည် ပစ်ကို မျက်လုံးလှန်ကြည့်လိုက်ပြီး-

“ဟုတ်ရော ဟုတ်ရဲ့လားမောင်ရယ်၊ ဝုဖ်လို ကမဿဘာ့သူကြွယ်ကြီး မိသားစုက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒဏဿဍာရီ တစ်ခုကို ယုံဖို့ဆိုတာ——–”

“အဓိပဿပါယ်မရှိဘူးလို့တော့ ကောက်ချက်မချနိုင်သေးဘူး လိုရမ်။ အိနဿဒိယ သမုဒဿဒရာနဲ့ ကိုလိုရာဒိုမွာ မောင်တို့တွေ့ခဲ့ရတဲ့ လျှို့ဝှက်အခန်းတွေထဲက စာတွေကလည်း ဒီအတိုင်းပဲ အဓိပဿပါယ်ရတယ်”

“အဲဒါတွေ မောင်ကမှ ကျွန်မကို သေချာပြောမပြရသေးတာ”

“ဪ- ပြောဖို့ အချိန်မှ မရပဲနဲ့ကို။ ဘာပဲဖြစ်ဖြစ် လိုရမ်လည်း အကြမ်းဖျင်းတော့ သိပြီးသားပဲ မဟုတ်လား”

“အင်း-မောင့်ကို လာကြိုတဲ့ညတုန်းကတော့ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ ဖုန်းနဲ့ပြောပြထားပါတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ဝုဖ်တွေလုပ်နေတာကိုတော့ ခုထိစဉ်းစားလို့မရသေးဘူး။ တကယ္ပဲ ကမဿဘာပ်က္မယ္ထားေတာ့ သူတို့က ဘာကိစဿစရွင္က်န္ခဲ့ရမွာလဲ”

လိုရမ်က နောက်ထပ်မှာထားသော ရမ်မီ မာတင် ဘရန်ဒီကို ဖန်ခွက်ထဲလောင်းထည့်ပြီး ဖယောင်းတိုင်မီးအလင်း ရောင်ဖြင့် ရွှေရောင်သန်းနေသော ယစ်ရွှေရည်ကို ကြည့်ရင်း-

“ကမဿဘာဖျက်ကပ်ကနေ လွတ်နိုင်တဲ့ အစီအမံတွေ လုပ်ထားလို့ပေါ့ မောင်ရဲ့” ဟုတိုးတိုးလေးပြောလိုက်တော့သည်။

ပစ်သည် မျက်မှောင်ကြုတ်လိုက်ရင်း-

“ဒီစကားကြားရတာ အခုနဲ့ပါဆိုရင် သုံးကြိမ်မြောက်ပဲ။ ကိုလိုရာဒိုမှာတုန်းက လူသတ်သမားက တစ်ခါ၊ နေ့လည်က အယ်လ်ဆီဝုဖ်ဆီက တစ်ခါ၊ ခုမင်းဆီက တစ်ခါ၊ မင်းဘာသိထားလဲ လိုရမ်”

လိုရမ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး-

“ဖိုင်နံပါတ် ၁၈ ကိုဖတ်ကြည့်လိုက်လေ” ဟုပြော၏။

ပစ်သည် ဖိုင်နံပါတ် ၁၈ ကို ဂမူးရှုးထိုးရှာ၍ ဖွင့်ဖတ်လိုက်၏။ သူတွေ့လိုက်ရသည်ကား—–

++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

December 2009
M T W T F S S
« Nov   Jan »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.