အတ္တလန်တစ်ရှာပုံတော် (၅၃)
02 Feb 2010 2 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ကတ္တီပါည၏ အမှောင်ထုထဲတွင် မတ်စောက်လှစွာသော တောင်နံရံကြီးများသည် မိုးထိုးနေ၏။ အင်ဒီးစ် တောင်တန်း၏ အနောက်ဖက်ခြမ်းရှိ ပေ ၁၁၈ဝဝ မြင့်သည့် စာရိုမူရာလန်တောင်ထိပ်သည် အမြဲတစေ ဆီးနှင်းများ ဖုံးလွှမ်းလျှက် ရှိသည်။ ညသည် တိမ်ကင်းစင်လျှက်ရှိပြီး ကောင်းကင်သည် ကြည်လင်လွန်းလှသည်။ ကြယ်များ၏ အလင်းရောင်အောက်ဝယ် မတ်စောက်လှသော တောင်နံရံတွင် တရွေ့ ရွေ့ သွားနေသော ယာဉ်ကလေး တစ်စီးကို တွေ့ရ၏။
မိုလာ အမ် ၄ဝဝ အမျိုးအစား ကောင်းကင်ကားကလေးသည် ချာရိုကီး ဂျစ်ကားတစ်စီးလောက်သာ ရှိ၍ ကားလမ်းမ ပေါ်တွင် ဆင်းသက်နိုင်ပြီး ကားဂိုဒေါင်ထဲတွင် ထည့်သွင်းသိမ်းဆည်းနိုင်၏။ သို့သော် အဆင့်မြင့် လေကြောင်းသိပ္ပံ ပညာ ဖြင့်တီထွင်ဖန်တီးထားသော ဤယာဉ်ငယ်သည် လေယာဉ်ကြီးများသဖွယ် တည်ငြိမ်စွာမောင်းနှင်နိုင်၏။ စတားဝါးခေတ်ယာဉ်များ၏ ခေတ်ဦးပုံစံဟု ပြောနိုင်လောက်အောင် အဆင့်မြင့်မြင့်တီထွင်ဖန်တီးထား၏။ ရောက်ရှိ ဆင်းသက်ရန် နေရာကို ကွန်ပျူတာများဖြင့် တွက်ချက်အဖြေထုတ်ထားသော အော်တိုပိုင်းလော့တပ် ထိုယာဉ်ငယ် အတွင်းရှိ ယာဉ်မှူးနှစ်ဦးမှာ ပါတ်ဝန်းကျင်ကို ငေးမောကြည့်ရှုနေယုံမှတပါး အခြားအလုပ်မရှိ။
ဒတ်ပစ်သည် ပြင်ပမြင်ကွင်းများကို စိတ်မဝင်စားပဲ ကွန်ပျုတာမှောနီတာကိုသာ သည်းကြီးမည်းကြီး ကြည့်ရှုနေ၏။ ယာဉ်ငယ်ဆိုက်ရောက်ရမည့်နေရာကို ပရိုဂရမ်သွင်းထားပြီးဖြစ်သောကြောင့် ဒီထက်လည်းသူဘာမှ ပိုမလုပ်နိုင်။ အယ်လ်ဂျီယိုဒီနိုကတော့ စွန့်စားခန်းဝတဿတုတစ်ပုဒ်ကို ကျားကုတ်ကျားခဲ ဖတ်ရှုနေ၏။ ယာဉ်ကိစဿစသည် သူနှင့်ဘာမှ မဆိုင်သကဲ့သို့ ဟန်ဆောင်ပန်ဆောင်ကလေးပင် စိတ်ဝင်စားဟန်မပြ။
ပစ်သည် ဝုဖ်သဘေဿငာကျင်းဆီသို့ ရေအောက်မှ ဝင်ရာလမ်းပြမြေပုံကို နောက်တစ်ကြိမ်ထပ်မံကြည့်ရှုလိုက်သည်။ ပုန်းလျှိုးကွယ်လျှိုး ရှိလှစွာသော ကံကြမဿမာအင်တာပရိုက်စ်၏ အင်ပါယာအတွင်းသို့ သူတို့နှစ်ယောက် ခွေးသူခိုးကဲ့သို့ ခိုးကြောင်ခိုးဝှက် ဝင်ကြရမည်ဖြစ်သည်။ ရေဒါတို့ လေဆာတို့လွတ်မည့်လမ်းက ဤတစ်လမ်းသာရှိ၏။
ဒတ်ပစ်နှင့် အယ်လ်ဂျီယိုဒီနိုတို့ နှစ်ယောက်လုံး ရေငုတ်ဝတ်စုံများကို ကိုယ်စီဝတ်ဆင်ထားကြသည်။ သူတို့မှာ အဝတ် အစားလဲလှယ်နေဖို့ အချိန်မရှိ။ ပစ်သည် ကွန်ပြူတာမှောနီတာကို ကြည့်ရင်း-
“ဆန်တာကရုဇ်က ထွက်ခွာလာတာ ခု ၂၁၂ မိုင်ရောက်ပြီ” ဟု အယ်လ်ကိုလှမ်းပြောလိုက်သည်။
အယ်လ်က ဝတဿတုစာအုပ်နှင့် မျက်နှာ မခွာတမ်းကပ်ထားရာမှ-
“ဘယ်လောက်လိုသေးသလဲ” ဟုလှမ်းပြောလိုက်သည်။
“မိုင်ငါးဆယ်သာသာလောက်။ ပရိုဂရမ်အရတော့ နောက်ဆယ့်ငါးမိနစ်ဆို ရောက်ပြီ”
“ဒါဆို နောက်တစ်ခန်းဆက်ဖတ်ဖို့ အချိန်ရသေးတယ်ကွ”
“နင့်မေကလိန်းတဲ့မှ၊ ဘာအကြောင်းမို့လို့ ဒီလောက်သည်းကြီးမည်းကြီး ဖတ်နေတာလဲ”
“အသာနေစမ်း၊ အကြမ်းဖက်သမားတွေက လူစွမ်းကောင်းမကို တစ်စစီ ဖဲ့တော့မယ့်အချိန်မှာ လူစွမ်းကောင်းက လာကယ်တဲ့ အခန်းကိုရောက်နေပြီကွ”
“တှောပါကွာ” ပစ်က စိတ်ပျက်စွာငြီးငြူလိုက်ပြီး မှောနီတာကိုသာ စူးစိုက်ကြည့်နေလိုက်၏။ ဒီငပေါနှင့် စကားပြော ရသည်မှာ စိတ်ဆင်းရဲစရာ။ ခဏနေတော့-
“ဟေ့ကောင်၊ ရောက်ပြီကွ”
“ဟာကွာ၊ ဇာတ်ရှိန်တက်နေတုန်းမှ”
“အေးပါ၊ ဆယ်မိနစ်လောက် ဆက်ဖတ်လို့ရပါသေးတယ်။ ဖတ်၊ ဖတ်”
အယ်လ်က ပစ်ကို မျက်စောင်းကြီးထိုးပြီး စာအုပ်ဆက်ဖတ်နေပြန်သည်။ ပစ်က သူတို့အောက်ဖက်ရှိ သဘေဿငာကျင်းမှ မီးရောင်များကို ငေးကြည့်နေသည်။ လူလွန်မသားတွေ တည်ဆောက်နေသည့် သဘေဿငာကြီးတွေကို နဖူးတွေ့၊ ဒူးတွေ့မြင်ရတော့မည်။
“ဟား၊ ပြီးပြီ” ဂျီယိုဒီနိုက အလန့်တကြားထအှောလိုက်သည်။
“သောက်ကျိုးနည်း၊ ကောင်းလိုက်တဲ့ ဝတဿတုကွာ၊ မင်းသားတစ်ယောက်ထဲက လူဆိုးတစ်သောင်းလောက်ကို ဗျင်းပစ်လိုက်တာ” ဂျီယိုဒီနိုသည် ပြောနေရင်းတန်းလန်း မီးရောင်များကို မြင်လိုက်ရသဖြင့်လန့်သွား၏။
“ဟေ့- ငါတို့ကို သူတို့ မတွေ့နိုင်တာသေချာတယ်နှော။ ဘုရား၊ ဘုရား၊ အောက်ကနေ ဒုံးကျည်နဲ့လှမ်းဆှောလိုက် လို့ကတော့ လူစွမ်းကောင်း ပစ်နဲ့ လူစွမ်းကောင်း အယ်လ်တို့နှစ်ယောက် မီးခြစ်ဘူးလောက်ရှိတဲ့ ယာဉ်ကလေးထဲမှာ မီးသဂြဿငိုလ်ပြီးသားဖြစ်ကုန်ကြတော့မှာပဲ”
“ဘယ်စစ်သုံးရေဒါစနစ်ကမှ အမ် ၄ဝဝ ကိုမတွေ့နိုင်ဘူးလို့တော့ ပြောလိုက်ကြတာပဲကွ၊ တွေ့ရင်တော့ မင်းပြောသ လိုဖြစ်မှာ မြေကြီးလက်ခတ်မလွဲပဲ သူငယ်ချင်း”
“အေး၊ မောင်မင်းကြီးသားများပြောလိုက်တာ မှန်ပါစေကွာ”
ပစ်သည် လက်နှိပ်ဓါတ်မီးအသေးစားလေးဖြင့် မြေပုံကို ထိုးကြည့်ရင်း-
“ရွေးစရာလမ်းနှစ်လမ်းရှိတယ်ကွ။ ပထမလမ်းက ရေအောက်ကနေ နှစ်မိုင်လောက်သွားရမယ်။ ဒုတိယလမ်းက ရေခဲတောင်ကြီးတစ်ခုကို ဖြတ်ပြီး လေးမိုင်လောက်လမ်းလျှောက်ရမယ်။ မင်းဘယ်ဟာကြိုက်သလဲ”
“ဒီလောက်မှောင်မဲနေတဲ့အချိန်မှာ ရေခဲတောင်ကိုတက်လို့ကတော့ ချောက်ထဲပြုတ်ကြပြီး နောင်နှစ်ပေါင်းတစ်သောင်း လောက်အထိ နင့်အလောင်းကို ရှာမတွေ့ပဲနေမှာပေါ့ ကမြင်းထီးကောင်ရဲ့”
“စိတ်မပူပါနဲ့ အဲသလို ပြုတ်ကြလို့ မင်းသေသွားရင် ငါရအောင်ရှာပြီး ကမဿဘာကိုကယ်တင်သူ လူစွမ်းကောင်း အယ်လ် ဂျီယိုဒီနိုဆိုပြီး ပြတိုက်မှာ ကိုယ်တုံးလုံးကြီး မှန်ခေါင်းသွင်းပေးထားပါ့မယ်”
သူတို့နှစ်ယောက် စကားနိုင်လုနေစဉ် အမ် ၄ဝဝ သည် လုံးဝအရှိန်သေသွား၏။ ပစ်သည် ယာဉ်၏ ထိန်းချုပ်ခလုတ် များကို ဟိုသည်လျှောက်နှိပ်ရင်း အလုပ်များနေ၏။ စကဿကန့်ပိုင်းအတွင်း အမ် ၄ဝဝ သည် တစ်ခုသောမြေပြင်သို့ ဖြည်းညှင်းစွာ၊ အောင်မြင်စွာသက်ဆင်းလိုက်နိုင်သည်။ အမှန်တကယ်ဆင်းသက်သည့်နေရာသည် ပရိုဂရမ် လုပ်ထား သော နေရာနှင့် လေးလက်မသာကွာဝေး၏။ အံ့မခန်းသည့် နည်းပညာများပါပေ။
“ငါတို့ ဘာမှကို မလုပ်လိုက်ရဘူးကွ။ သူ့ဖာသာသူ အကုန်လုပ်သွားတာပဲ”
“မလုပ်ရတော့ သောက်လုပ်ရှုပ်သက်သာတာပေါ့ မသာရဲ့။ ဒါနဲ့နေပါဦး ခု တို့ဘယ်ရောက်နေသလဲ”
“သဘေဿငာကျင်းနဲ့ ကိုက်ငါးဆယ်ကွာတဲ့ တောင်ကြားထဲမှာ”
ပစ်သည် ယာဉ်ထဲမှ ထွက်လိုက်၏။ ညသည် တိတ်ဆိတ်မနေပါ။ သဘေဿငာကျင်းမှ အသံတို့သည် ရေပြင်ကို ဖြတ်လျှက် သူတို့ရှိနေရာ တောင်ကြားအတွင်းတွင် ဆူညံလျှက်ရှိ၏။ ပစ်နှင့် အယ်လ်တို့နှစ်ယောက်သည် ရေငုတ်ကိရိယာများ နှင့် လက်နက် ကိရိယာများကို အမြန်ဆုံးတပ်ဆင်နေကြသည်။ ပစ်သည် ဂျီပီအက်စ် စနစ်သုံး လမ်းပြ ကွန်ပြူတာကိရိယာကို ဘယ်လက်မောင်းတွင်ချိတ်လိုသည်။ အားလုံးနေသားတကျဖြစ်အောင် ပြင်ဆင်ပြီး သောအခါ ဂျီယိုဒီနိုက-
“သွားကြတော့မလား”
ပစ်က ခေါင်းညိတ်ပြလိုက်၏။ ဒီအချိန်မှစ၍ လုံခြုံရေး ထူထပ်စွာချထားသော သဘေဿငာကျင်းတွင်းရောက်သည်အထိ သူတို့စကားပြော၍ မဖြစ်တော့မှန်း နှစ်ယောက်လုံးသိကြသည်။ သွားကြတော့မည်၊ သွားရတော့မည်။

Feb 03, 2010 @ 17:07:34
ဖတ်သွားပါတယ်
Feb 08, 2010 @ 11:26:50
အတှောကြာပါပြီစောင့်ဖတ်ဖြစ်တာ အပိုင်း၂၀ကျှောကတည်းက comment ကတခါပဲပေးခဲ့ဖူးတယ်။
တှောတှောစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ ဇာတ်လမ်းက အရေးအသားကြောင့်မူရင်းအာဘှောမပျက်ပဲ
ဆွဲဆောင်မှုရှိနေတာ ။နောင်လဲ ဒီလိုဇာတ်လမ်းမျိုး ဒီလိုအရေးအသားသွက်သွက်ထက်ထက်မျိုးကို
စောင့်မျှောနေပါတယ်။ကျန်တဲ့အပိုင်းတွေကိုလဲမျှောနေပါကြောင်း……….
(ကျွန်တှောကဘာသာပြန်ဝတဿထုတွေကိုကြိုက်လေ့မရှိပါဘူး ဒီဇာတ်လမ်းဒီအရေးအသားကိုတော့ နှစ်သက်
ပါတယ်ခင်ဗျာ) စာတွေအများကြီးရေးနိုင်ပါစေ……။ ၈.၂.၂၀၁၀။