အတ္တလန်တစ်ရှာပုံတော် (၅၄)

လွန်ခဲ့သည် နာရီနှစ်ဆယ်တုန်းကတော့ ပစ်နှင့်အယ်လ်တို့သည် ဤနေရာမှ မိုင်ခြောက်ထောင်ကွာဝေးသော အသုံးလုံး ရုံးချုပ်ရှိ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ၏ ရုံးခန်းအတွင်း၌ လက်တစ်ဆုပ်စာ လူတစ်စုနှင့်အတူရှိနေခဲ့ကြသည်။ သူတို့မျက်နှာများသည် စိုးရိမ်၊ သောက၊ ဗျာပါဒ အငွေ့အသက်များ လိမ်းကျံလျှက်။

“ဒေါက်တာအိုကွန်းနဲလ် ပျောက်နေတယ်” ဆန်ဒက်ကာက စကားဝိုင်းကို စဖွင့်လိုက်၏။

ပစ်က ကန်ဟိန်းကို တစ်ချက်ကြည့်လိုက်ရင်း-

“ဒေါက်တာ အိုကွန်းနဲလ်ကို လုံခြုံရေး အပြည့်ပေးထားတယ် မဟုတ်လား”

ကန်ဟိန်းက-

“ဟုတ်တယ်ဗျ၊ သူဘယ်သွားသွားကျွန်တှောတို့လိုက်တာပဲ။ သူနဲ့ သူ့သမီးလေး ရေခဲမုန့်ဝယ်ဖို့ဆိုပြီး စတိုးဆိုင် တစ်ခုထဲ ဝင်သွားလိုက်ရာက ပြန်မထွက်လာကြတော့ဘူး။ အဲဒီကစပြီး ပျောက်သွားတော့တာပဲ”

ပစ်က စားပွဲကို လက်သီးဖြင့် ခပ်ပြင်းပြင်းထုလိုက်၏။ ဒေါသတွေ လှိုင်းထလာ၏။

“ဝုဖ်တွေ လက်ချက်မှန်းသေချာသိပါလျှက်နဲ့၊ ဒီလိုလုပ်မယ်မှန်းလည်း ကြိုတင်တွေးနိုင်ပါလျှက်နဲ့ ဘာဖြစ်လို့ ခုလို ဖြစ်ရတာလဲ။ ဘာဖြစ်လို့ ကျွန်တှောတို့က သူတို့ကို အမြဲလျှော့တွက်မိနေရတာလဲ”

“ဒေါသတွေ သိပ်ထွက်မနေနဲ့ဦး ကောင်လေး၊ ဆက်နားထောင်လိုက်ဦး၊ ကျန်သေးတယ်” ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ က သူ့တပည့်ကို ပြောလိုက်၏။

ပစ်သည် သူ့ဆရာမျက်နှာကို ကြည့်လိုက်၏။ သူ့မျက်နှာက ပြိုတော့မည့် မိုးသဖွယ် အုံမှိုင်း ညိုပုတ်လျှက်၊

“နေဦး၊ ဆရာပြောမယ့်ဟာ ကျွန်တှောမှန်းကြည့်မယ်။ အယ်လ်ဆီရော၊ ဟေဒီ့အလောင်းရော ပျောက်သွားပြန်ပြီ မဟုတ်လား”

ဆန်ဒက်ကာ ကဘာမှ မပြောတော့ပဲ ခေါင်းကိုသာ ယမ်းနေ၏။ အက်ဖ်ဘီအိုင် အေးဂျင့် ကန်ဟိန်းကသာ-

“ကျွန်တှောတို့ရဲ့ ထောက်လှမ်းရေးပစဿစည်းကိရိယာတွေမှာ ဘာတစ်ခုမှ အချက်မပြပဲ အယ်လ်ဆီနဲ့ ဟေဒီပျောက်သွား တာကတော့ ဘယ်လိုဖြေရှင်းရမှန်းတောင် မသိတော့ပါဘူး” ဟုတိုးတိုးလေး ပြောရှာသည်။

ဂျီယိုဒီနို ကမေးစေ့ကို ပွတ်ရင်း-

“ဒီအတိုင်းဆို ဒီကောင်တွေဟာ ရှိန်းဆာယာ ပိုမောက်လို့ ကိုယ်ပျောက်ဆေးစားပြီးများ ကယ်သွားသလားလို့ပဲ ယူဆစရာ ရှိတော့တာပေါ့”

“ကိုယ်ပျောက်တာမဟုတ်ဖူး။ ဒို့ထက်လျှင်တာ၊ မြန်တာ၊ သွက်လက်တာကွ” ပစ်က ဖြည့်ပြောလိုက်သည်။

ကန်ဟိန်းက-

“ဘယ်လ်တီမိုး လေဆိပ်ကနေ ကံကြမဿမာအင်တာပရိုက်စ်ပိုင် ဂျက်လေယာဉ်တစ်စီး ထွက်သွားတယ်။ သူတို့ဘယ်ကို–”

“အာဂျင်တီးနားကို” ကန်ဟိန်း၏ စကားကို ပစ်က အဆုံးသတ်ပေးလိုက်၏။

စီအိုင်အေမှ ရွန်လစ်တဲက လည်ချောင်းရှင်းလိုက်ပြီး-

“ဒီနေရာမှာ မေးစရာရှိတာက သူတို့ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာကိုပဲ။ တစ်ချိန်တုန်းကတော့ သူတို့ဟာ မစဿစတာ ပစ်၊ မစဿစတာ ဂျီယိုဒီနိုနဲ့ ဒေါက်တာ အိုကွန်းနဲလ်တို့ကို တွေ့ရာသခဿငျိုင်းဓါးမဆိုင်းပဲ သုတ်သင်ချင်ရတဲ့ အကြောင်းက ကိုလိုရာဒိုက လျှို့ဝှက်ချက်တွေ ပှေါမှာစိုးလို့မဟုတ်လား။ အခု အဲဒီလျှို့ဝှက်ချက်ကို လူတကာသိနေတဲ့အချိန်မှာ သူတို့ဘာလို့ ဒီလိုလုပ်တာလဲဆိုတာ ကျွန်တှောတို့ စဉ်းစားလို့မရဘူးဖြစ်နေတယ်”

“ဒေါက်တာအိုကွန်းနဲလ်ရဲ့ ကျွမ်းကျင်မှုကို လိုချင်လို့နေမှာပေါ့” ကန်ဟိန်းက ဝင်ပြောလိုက်၏။

“နေဦးဗျ။ အားမီးနီးစ်လျှို့ဝှက်အခန်း အားလုံးပေါင်း ခြောက်ခုရှိတယ်လို့ အယ်လ်ဆီဝုဖ်က ပြောတယ်။ ကျွန်တှောတို့ က နှစ်ခု၊ သူတို့က တစ်ခုတွေ့ခဲ့ပြီးပြီ။ နှစ်ခုက သဘာဝဘေးအနဿတရာယ်ကြောင့် ပျက်စီးသွားပြီဆိုတော့ တစ်ခု ကျန်ရစ်နေသေးတာပေါ့။ အယ်လ်ဆီက အဲဒီတစ်ခုဟာ ပီရူးက အင်ဒီးစ်တောင်တန်း တစ်နေရာမှာရှိတယ်လို့ ပြောတယ်။ ကျွန်တှောထင်တယ်။ သူတို့မှာ အဲဒါကို ရှာဖို့ ဝှက်စာရှိလိမ့်မယ်။ ဒီဝှက်စာကို ဖှောဖို့များဒေါက်တာ အိုကွန်းနဲလ်ကို ပြန်ပေးဆွဲသွားကြသလား”

“အများကြီးဖြစ်နိုင်တာပေါ့” ဆန်ဒက်ကာနှင့် ကန်ဟိန်းက ပစ်စကားကို ထောက်ခံလိုက်ကြ၏။

“ဒေါက်တာ အိုကွန်းနဲလ်က လုပ်ပေးပါ့မလား” ဂျီယိုဒီနိုက ဝင်ပြော၏။

ရွန်လစ်တဲလ်က ပြုံးလိုက်ရင်း-

“မလုပ်ပေးလို့မရဘူးလေဗျာ။ သူ့သမီးလေးပါ ခှေါသွားတာကိုးဗျ”

“ဆိုတော့ ကျုပ်တို့သွားကယ်ထုတ်ဖို့ပဲရှိတာပေါ့”

ပစ်၏ စကားကြောင့် ရွန်လစ်တဲလ် မျက်လုံးပြူးသွားသည်။

“ကယ်ထုတ်ဖို့ဆိုတာက ဘယ်မှာထားမှန်းသိဦးမှကိုး မစဿစတာပစ်ရဲ့”

“ကျွန်တှောသိတယ်။ ချီလီမှာရှိတဲ့ သူတို့သဘေဿငာကျင်းမှာရှိလိမ့်မယ်။ ခုလောက်ဆို ဝုဖ်တွေအားလုံး အဲဒီကို ရောက်နေလောက်ပြီ”

“ဒီလိုဆိုရင်တော့ ကျွန်တှောတို့ စီအိုင်အေက ရထားတဲ့ သဘေဿငာကျင်းရဲ့ ဆက်တယ်လိုက်ဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေရာကို ဘယ်လိုသွားမလဲ။ မြေပြင်၊ ရေပြင်နဲ့ လေထဲကနေ ဘယ်လို ယာဉ်မျိုးနဲ့မှ အနားကပ်လို့မရလောက်အောင် လုံခြုံရေးကောင်းလှတယ်လို့ ကျွန်တှောတို့ ပညာရှင်တွေက ပြောထားတယ်”

“ဒါဆိုလည်း ရေအောက်ကသွားမှာပေါ့ဗျာ”

“ရေအောက်မှာလည်း လုံခြုံရေး ကိရိယာတွေ တပ်ထားနိုင်တာပဲ”

“အဲဒီကျမှ ကြည့်လုပ်တာပေါ့”

“နေဦး၊ နေဦး အဲသလိုလုပ်ဖို့ ငါခွင့်မပြုနိုင်ဦး၊ အသုံးလုံးရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲက ကျှောနေတယ်။ ဒီကိစဿစမျိုးဆိုတာ ရေတပ်က အထူးစစ်ဆင်ရေးအဖွဲ့တွေ ကိုင်ရမှာ” ဆန်ဒက်ကာ ကဝင်ပြောလိုက်၏။

“မဟုတ်ဘူး ဗိုလ်ချုပ်ကြီး၊ ဝုဖ်တွေအကြောင်းကို ကျွန်တှောတို့လောက်သိတဲ့လူ လောကမှာမရှိဘူး။ ကျွန်တှောနဲ့ အယ်လ် လုပ်ရင်ဖြစ်တယ်”

“အေး၊ ဒါပေမဲ့ မင်းတို့ကို အက်ဖ်ဘီအိုင် ကရော၊ စီအိုင်အေကပါ မကူညီနိုင်ဘူးဆိုတာ သိတယ်နှော” ဆန်ဒက်ကာ က ကန်ဟိန်းနှင့် ရွန်လစ်တဲလ်ကို ကြည့်ရင်း ပစ်ကို ပြန်ပြောလိုက်သည်။

“ပြီးတော့ ငါမေးချင်တာက ခုလောလောလတ်လတ်ကို ဝုဖ်တွေရဲ့ စီမံကိန်းကို ထိုးဖောက်ဝင်ရောက်ဖို့ လိုနေပြီလား”

“လိုတယ် ဗိုလ်ချုပ်၊ မြန်နိုင်သမျှ မြန်လေကောင်းလေပဲ။ ကျွန်တှောအဲဒါကို စိတ်ထဲက သိနေတယ်။”

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

February 2010
M T W T F S S
« Jan   Mar »
1234567
891011121314
15161718192021
22232425262728
Follow

Get every new post delivered to your Inbox.