အတ္တလန်တစ်ရှာပုံတော် (၅၅)

ပစ်နှင့် အယ်လ်တို့သည် ကျဉ်းမြောင်းသော တောင်ကြားလမ်းကလေး၏ထွက်ပေါက်သို့ရောက်ရှိရန် ကိုက်တစ်ရာမျှ လမ်းလျှောက်ရ၏။ တောင်ကြားလမ်းမှ ထွက်သည်နှင့်တပြိုင်နက် ရေပြင်ကိုတွေ့ကြရသည်။ အနောက်ဖက်ကမ်း သည် အိပ်စ်မောက်တောင်တန်း၊ အရှေ့ဖက်ကမ်းသည် သေမင်းတမန်ရေခဲတောင်စွယ်များ၊ ဝုဖ်သဘေဿငာကျင်းနှင့် မြို့ကြီးတစ်ခုစီမျှ ကြီးမားလှသည့် သဘေဿငာကြီးလေးစီးတည်ရှိရာ သူတို့သွားရမည့်အရပ်ကား ရေပြင်၏ မြောက်ဖက် ကမ်း။

ရှေ့မှသွားနေသော ဂျီယိုဒီနိုသည် ရုတ်တရက်ရပ်လိုက်ပြီး ပစ်ကိုလက်ဟန်ပြ၍ ကျောက်တုံးကြီးတစ်ခုနောက်သို့ ဝင်ရောက်ပုန်းအောင်းလိုက်သည်။ မကြာမှီ ကင်းလှည့်မှောတှောဘုတ်နှစ်စီးသည် ဘေးချင်းယှဉ်လျှက် မီးမောင်းများ ထိုး၍ မောင်းနှင်လာသည်ကို တွေ့လိုက်ကြရသည်။ ဂျီယိုဒီနိုက ညကြည့်မှန်ပြောင်းကိုထုတ်၍ ထိုကင်းလှည့်ယာဉ်များ ကိုလေ့လာနေ၏။

“မှောတှောဘုတ်တွေက ဘာအမျိုးအစားတွေလဲ အယ်လ်” ပစ်က ပါဝါမှောတှောဘုတ်ကျွမ်းကျင်သူ ဖြစ်သည့် အယ်လ့် ကိုတိုးတိုးလေးမေးလိုက်သည်။

“ဒီဗီချက် ၃၈ ပေ ဘုတ်တွေကွ။ မာတယ်။ ခိုင်တယ်။ အကြမ်းခံတယ်။ မြင်းကောင်ရေ သုံးရာအား အင်ဂျင်စက်တပ် ထားတယ်။ လက်နက်တပ်ဆင်ပြီး ကင်းလှည့်ယာဉ်အဖြစ်သုံးဖို့ အကောင်းဆုံးအမျိုးအစားတွေပေါ့”

“ဘယ်လို လက်နက်မျိုးတွေ တပ်ထားသလဲ”

“ဦးပိုင်းနဲ့ ပဲ့ပိုင်းမှာ စက်သေနတ်အကြီးစား တစ်လက်စီဆင်ထားတာတွေ့တယ်”

“အမြန်နှုန်းဘယ်လောက်လဲ”

“လေးနော့ထ် လောက်တော့ရှိမယ်ထင်တယ်”

“ဒါဆိုအတှောပဲပေါ့”

အယ်လ်သည် ပစ်ကို မသကဿငာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီအကောင် ဘယ်လိုဉာဏ်နီ ဉာဏ်နက်တွေ ထုတ်ဖို့ အတှောပဲလို့ပြောမှန်း သူမသိသေး။ မကြာခင်သိရလိမ့်မည်ထင်၏။ ဘာမှပြန်ပြောမနေတော့။

ကင်းလှည့်မှောတှောနှစ်စီး တောင်ဖက်ကမ်းသို့ မောင်းနှင်သွားကြသည့်အချိန်တွင် ပစ်နှင့်အယ်လ်တို့သည် မဲမှောင်နေ သည့်ရေပြင်သို့ ဆင်းသက်ခဲ့ကြ၏။ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် အေကွာကွမ်ဆက်သွယ်ရေးကိရိယာပါသှော လည်း ရေအောက်တွင် လမ်းမပျောက်စေရန်အတွက် အသက်ကယ်ကြိုးကို ခါးပါတ်များတွင်ချိတ်ပြီး တစ်ဦးနှင့်တစ်ဦး ကြိုးဖြင့်ဆက်ထားရသည်။ ရေအောက်ကြမ်းပြင်သည် ကမ်းခြေအနီးတစ်ဝိုက်တွင် ကျောက်ဆောင် ထူထပ်၍ ရေညှိများဖြင့် ချောနေ၏။ ပစ်နှင့်အယ်လ်သည် ချှောမလဲစေရန် သတိကြီးစွာထား၍ ဟန်ချက်ကို ထိန်းနေရ၏။

ကိုက်ငါးဆယ်ခန့်ခရီးအရောက်တွင် ပစ်သည် ရေပြင်ပှေါခေါင်းဖှောလိုက်ပြီး တောင်ဖက်စူးစူးဆီသို့ စူးစိုက်ကြည့်နေ ၏။ ကင်းလှည့်မှောတှောဘုတ်များသည် သူတို့ရှိရာသို့ ပြန်လှည့်လာနေကြပြီကို တွေ့လိုက်ရသည်။

“ဒီကောင်တွေပြန်လှည့်လာကြပြီ အယ်လ်။ မင်းပြောတဲ့ အမြန်နှုန်းအတိုင်းဖြစ်ပါစေလို့ဆုတောင်းထားကွ”

ပစ်သည် ရေအောက်တွင်ရှိနေသော အယ်လ်ကို အေကွာကွန် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပြောလိုက်၏။

မကြာမှီ အယ်လ်၏ ဦးခေါင်းသည်ရေပှေါပှေါလာ၏။

“ဟေ့၊ မင်းဘာလုပ်ဖို့ကြံထားတယ်ဆိုတာ ငါ့ကိုပြောဦးလကွာ”

ပစ်က သူတို့ယူဆောင်လာကြသော တှောပီဒို ၂ဝဝဝ ဒုန်းတွန်းစက်များကိုမြှောက်ပြ၍-

“မှောတှောဘုတ်တွေအနောက်က ဒါလေးတွေဖွင့်ပြီး အသာလိုက်သွားမယ်လေကွာ”

ဘုရား ကယ်တှောမူပါ။

အယ့်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွား၏။ ကင်းလှည့်မှောတှောတွေအနောက်က ဒုန်းတွန်းစက် တွေဖွင့်ပြီး လိုက်မယ်ဆိုပါ့လား။ ပစ်ဆိုသည့်အကောင် အကြံကကြီးလှချည့်။ သူ့ကိုကြိုဆိုရေးအဖွဲ့တွေ လွှတ်လိုက်တယ်များ အောက်မေ့နေလားမသိ။

“နင့်ဟာက အလုပ်ဖြစ်ပါ့မလား။ မှောတှောဘုတ်မှာ ရေအောက်ကင်မရာတွေ ပါရင်ဘယ်လိုလုပ်မလဲ”

“ဒီရေလက်ကြားက မိုင်ဝက်လောက်ကျယ်တယ်ကွ။ ကင်မရာဘယ်လောက်တပ်တပ် ဒါကြီးတစ်ခုလုံးကို စောင့်ကြည့် ဖို့ မဖြစ်နိုင်မဲ့တူတူ ကင်မရာတပ်ထားဖို့ စိတ်ကူးကြမယ်မထင်ဘူး။ ဒီရေပြင်ကြီးကို တစ်လက်မမကျန်စောင့်ကြည့်ဖို့ လူ ဌားရမယ်ဆိုရင် မင်းဝုဖ်တွေ လခပေးရတာနဲ့တင် မွဲသွားနိုင်တယ်”

“ချကွာ၊ ဒါဆိုလည်းမင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့”

သူတို့သည် မှောတှောဘုတ်များလာနေသည်ကို စောင့်ကြည့်နေကြသည်။ မှောတှောဘုတ်များ သူတို့နှင့်ဆယ်ကိုက် ခန့်အကွာသို့ရောက်သောအခါ ရှာဖွေရေးမီးမောင်းများမှ အလင်းရောင်များရောက်မလာမီ ရေအောက်သို့ ငုတ်လျှိုး လိုက်ကြသည်။

မှောတှောနှစ်စီး၏ အင်ဂျင်သံမှာ ရေအောက်တွင် နားကွဲလုခမန်း။ မှောတှောဘုတ်များသူတို့ပှေါမှ ကျှောလွန်ဖြတ် သန်းသွားသောအခါ တှောပီဒို ဒုန်းတွန်းစက်များကို နှိုး၍ မှောတှောဘုတ်နှစ်စီးနောက် ဂယက်ထနေသော ရေပြင် တလျှောက် အလိုက်သင့်စီးမျောလိုက်ပါသွားကြတော့သည်။

မြန်နှုန်း ဆယ့်ရှစ်နော့ထ်အထိတင်နိုင်သော မှောတှောဘုတ်များသည် လေးနော့ထ်နှုန်း သာမောင်းနှင်သည့် အတွက် လှိုင်းဂယက်ငယ်ကလေးများသာ ဖြစ်ထွန်းသည့်အတွက် သူတို့ ဒုန်းတွန်းစက်များအတွက် အလော တှောပင်ဖြစ်နေ၏။ အကယ်၍သာ စက်ကုန်ဖွင့်မောင်းမည်ဆိုလျှင် မှောတှောဘုတ်နောက်မှ ကပ်လိုက်ရန် မဆိုထားဘိ၊ အနားပင် ကပ်၍ ရမည်မဟုတ်။ ထို့ကြောင့်ပင် ပစ်သည် မှောတှောဘုတ်များ၏အမြန်နှုန်းကို ကြိုတင်ခန့်မှန်းခိုင်းခြင်း ဖြစ်ပေသည်။

ဤသို့ဖြင့် အေးစက်မဲမှောင်နေသော ရေပြင်တွင် မှောတှောဘုတ်နောက်မှ နှစ်မိုင်ခရီးကို ဖြတ်သန်းလာခဲ့ကြရင်း နောက်ဆုံးမတော့မီးရောင်ထိန်ထိန်ငြီးသည့် ခေတ်သစ် နောဧတို့၏ သဘေဿငာကျင်းသို့ သူတို့နှစ်ဦး ရောက်လာခဲ့ပြီ။

2 Comments (+add yours?)

  1. phoethutaw
    Mar 05, 2010 @ 02:01:11

    စိတ်ဝင်တစားနဲ့ စောင့်ဖတ်နေပါမယ်ခင်ဗျား.. ခုပဲ အပိုင်း ၅၅ ထိ ၃ ရက်နဲ့ ဖတ်ပြီးပါတယ်..
    ကျေးဇူးတင်စွာဖြင့်

    ဖိုးသူတော်
    ၄.၃.၂၀၁၀

    Reply

    • admin
      Mar 09, 2010 @ 12:40:43

      @phoethutaw: ကျေးဇူးတင်ပာတယ်ဗျာ။ အချိန်မရ၊ အလုပ်မအားတာကြောင့် တပုဒ်နဲ့ တပုဒ် အချိန်အတော် ခြားနေတာကိုပဲ အားနာပာတယ်။ လောလောဆယ်တော့ သည်းခံကြပာလို့ ပြောပာရစေ။

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

February 2010
M T W T F S S
« Jan   Mar »
1234567
891011121314
15161718192021
22232425262728
Follow

Get every new post delivered to your Inbox.