အတ္တလန်တစ်ရှာပုံတော် (၅၆)

အစောင့်တွေ သူတို့ကို မမြင်ပါစေနှင့် ဟု ပစ်ကြိတ်၍ဆုတောင်းနေမိသည်။ တစ်ကိုယ်လုံးအမည်းရောင် ရေငုတ်ဝတ်စုံ ကို ဝတ်ဆင်ထားပြီး မဟူရာညအမှောင်၏ အကာအကွယ်ကိုယူ၍ အေးစက်မဲမှောင်သည့် ရေထဲတွင်နေရသှောလည်း မီးရောင်များ ထိန်ထိန်လင်းနေသော သဘေဿငာကျင်းနားသို့ကပ်လာရသောအခါ သိပ်ကျောမလုံချင်။ မတှောတဆ တာဝန်ကျေလှသော၊ မျက်စိစူးလှသော အစောင့်တစ်ယောက်ယောက်က သူတို့ကို တွေ့သွားလျှင် အကြံအစည် အားလုံး သဲထဲရေသွန်ဖြစ်သွားနိုင်သည်။ သို့သှော သူတို့ ကံကောင်း၏။ ခုထိတော့ နာဘယံ ဘေးမရှိ။

“ငါ့အသံကြားရသလား အယ်လ်” အေကွာကွမ် ဆက်သွယ်ရေးကိရိယာမှတဆင့် ပစ်တိုးတိုးလေးမေးလိုက်သည်။

“ပီပီသသကြီးကို ကြားရတယ်ကွ” အယ်လ်က လေသံကလေးဖြင့် ပြန်ဖြေလိုက်သည်။

ရေပြင်ပှေါသို့ အသာကလေးခေါင်းဖှောကြည့်လိုက်ကြသည်။ ခေတ်သစ်နောဧ သဘေဿငာကြီးလေးစင်းနှင့် (၇၅) ကိုက် အကွာမှာသူတို့ရောက်နေကြပြီ။ ရေခဲတောင်ကြီးများထက် မြင့်မားသော လူလုပ်သံမဏိ တောင်ကြီးများ အလား ရေပှေါတွင် ထိုးထိုးထောင်ထောင်။ အရွယ်အစားကား အံ့မခန်းကြီးမားလှ၏။

“ငါတို့ အမြင်များမှားနေသလား” အယ်လ်က သဘေဿငာကြီးများကို ကြည့်ရင်း မယုံသကဿငာပြောလိုက်သည်။ တကယ် လည်း သူ့စိတ်ထဲတွင် အိပ်မက်မက်နေသလို ခံစားနေရ၏။

“နင့်အဘ သဘေဿငာတွေကို ငေးမနေနဲ့၊ အပှေါတက်ဖို့နေရာရှာကြစို့” ပစ်က အယ့်ကို လေသံကလေးဖြင့် သတိပေး၏။

“မင်း ပက်ထရစ်ရှာ က တကယ် ဒီနေရာမှာရှိလို့လား”

“မသိဘူး။ ရှိဖို့တော့များတယ်။ ဘာဖြစ်ဖြစ် ဒီကစရမှာပဲလေ”

သဘေဿငာကျင်း မီးပြတိုက်မှ ထိုးထားသော မီးမောင်းအလင်းရောင်များကြားကွက်၍ ဖြစ်ပှေါနေသော ကတ်သီး ကတ်သတ် အမှောင်ရိပ်ကလေးများ၏ အကာအကွယ်ကိုယူ၍ ကမ်းခြေသို့ ပုန်းလျှိုးကွယ်လျှိုးတက်လာကြသည်။ သူတို့ထံတွင် သဘေဿငာကျင်းအလုပ်သမား ယူနီဖောင်းများအသင့်ပါလာကြ၏။ အမေရိကန် ထောင်များတွင် ထောင်သားများကို ထုတ်ပေးသော လိမေဿမှာရောင်တောက်တောက် ဝတ်စုံများနှင့် တူ၏။  ဂြိုလ်တုမှတဆင့် ရိုက်ထား သော ကောင်းကင်ဓါတ်ပုံများကို အကြိမ်ကြိမ်အခါခါလေ့လာထားပြီး ဖြစ်သဖြင့် အစောင့်အကြပ် အနည်းဆုံး နေရာသို့ စီစဉ်ထားသည့်အတိုင်းတက်လာနိုင်ကြသည်။

ကမ်းစပ်ရှိ ကျောက်တုံးကြီးကို အကာအကွယ်ယူရင်း ထိုနေရာ၏ တစ်ဦးတည်းသော အစောင့်ကိုချောင်းကြည့်လိုက် ၏။ ပစ်မျှောလင့်ထားသည့်အတိုင်း အစောင့်သည် ပျင်းရိငြီးငွေ့စွာဖြင့် အိပ်ငိုက်ရင်းလမ်းလျှောက်နေ၏။ မည်သည့် အနှောက်အယှက် ကိုမှ မတွေ့ကြုံဖူးသည့်အတွက် ဝတဿတရားကျေရုံ တာဝန်ထမ်းဆောင်နေသည်။

အမှောင်ရိပ်ထဲသို့ အစောင့်ဝင်ရောက်ပျောက်ကွယ်သွားသောအခါ ပစ်နှင့် အယ်လ်တို့သည် ကုန်းပှေါသို့ အူယား ဖားလျား တက်ပြေးကြပြီး အနီးဆုံးအဆောက်အဦးတစ်ခုနားပြေးကပ်လိုက်ကြ၏။ ကံကောင်းချင်တော့ တံခါးကို သော့ခတ်မထား။ သူတို့အထဲသို့ အမြန်ဝင်ကြပြီး တံခါးပြန်ပိတ်လိုက်ကြ၏။

အခန်းထဲတွင်တွေ့ရသည့် တာပှေါလင်ပိတ်စကြီးတစ်ခုကိုယူ၍ တစ်ခုတည်းသော ပြူတင်းပေါက်တွင် ကာရံထား လိုက်သည်။ ထို့နောက် လက်နှိပ်ဓါတ်မီးအသေးလေးဖြင့် တစ်ခန်းလုံးလျှောက်ထိုးကြည့်ကြ၏။ သဘေဿငာတည်ဆောက် ရေး ပစဿစည်းများထားသည့် စတိုခန်းတည်း။ ပစဿစည်းများကို သပ်ယပ်သန့်ရှင်းစွာ စနစ်တကျ စီတန်းထား၏။

“ဒီကောင်တွေ အင်မတန်သေသပ် စနစ်ကျတာပဲကွ”

“စနစ်ကျတာက ဂျာမာန် တွေရဲ့မွေးရာပါအကျင့်ကွ။ တစ္ကမဿဘာလံုးကို စနစ္တက် ဖ်က္ဆီးမွာ”

ပစ်နှင့် အယ်လ်တို့သည် စကားပြောရင်း လိမေဿမှာရောင် အလုပ်သမားယူနီဖောင်းများကို သူတို့၏ အသားကပ် ရေငုတ်ဝတ်စုံများအပှေါက ထပ်ဝတ်နေကြ၏။

“ငါတစ်ခုတွေးမိတယ်ီ” အယ်လ်က ရုတ်တရက်ကောက်ကာငင်ကာပြောလိုက်သည်။

“ဘာလဲ”

“ဂြိုလ်တု ဓါတ်ပုံတွေက နာမည်မပါဘူးလေကွာ။ ငါတို့က ဘယ်အဆောက်အဦးကိုသွားရမှာတုန်း”

“အဲဒါအသာထားဦး ဒီထက်ဆိုးတာရှိသေးတယ်၊ အခုဒို့ရောက်နေတာ တောင်အမေရိက၊ အဂဿငလိပ်လို ပြောကြမှာ မဟုတ်ဘူး၊ မင်းစပိန်လိုတတ်လား”

“ဟေ့ကောင်ရ၊ ငါ အီတလီသားကွ၊ စပိန်လိုလောက်ကတော့ ဖြီးလို့ရတယ်”

“အေး ဒါဆို စကားပြောရမဲ့နေရာဆို မင်းပြော၊ ငါက နားမကြားချင်ယောင်ဆောင်နေမယ်”

“ပြီးရော”

ပစ်နှင့် အယ်လ်တို့သည် ဤသို့ဤနှယ်လုပ်ငန်းတာဝန်များခွဲဝေပြီး သကာလ အယ်လ်က ဝုဖ်ရုံးခန်းကို ဂြိုလ်တုဓါတ်ပုံ များတွင် ပြူးပြဲရှာနေတုန်း ပစ်သည် လက်စွဲတှော ဂလိုဘယ်လ်စတားဖုန်းကို နှိပ်လေ၏။ ဆန်ဒက်ကာထံ အကြောင်း ကြားရမည်လေ။

+++++++++++++++

ဝါးတားဂိတ်အတွင်းရှိ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ ၏ ကွန်ဒိုမီနီယံအခန်းတွင်းအခြေအနေသည် မီးလင်းဖိုမှ အပူရှိန် ကြောင့်နွေးထွေးလျှက်ရှိသှောလည်း ထိုင်နေသူသုံးယောက်မှာ စိတ်လှုပ်ရှားမှုကြောင့် ဂဏာမငြိမ်လှ။

ဆန်ဒက်ကာနှင့် ရွန်လစ်တယ်လ်တို့သည် အနည်းဆုံးအသက်ရှစ်ဆယ်ခန့်ရှိမည့် ခေါင်းဖြူစွယ်ကျိုး အဖိုးကြီး တစ်ဦး နှင့် မျက်နှာချင်းဆိုင် ထိုင်လျှက်ရှိကြသည်။ ထိုအဖိုးကြီးကား ဒုတိယ ကမဿဘာစစ်အတွင်း ဂျာမာန်ရေတပ်၏ ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဗိုလ်ချုပ် ဟိုဇဖဲ ဖြစ်၏။ ယခုအခါ အမေရိကန် နိုင်ငံသား တစ်ဦး ဖြစ်နေပြီ ဖြစ်သော သူ့နောက်ကြောင်းကို မည်သူမှ မသိနိုင်တော့။

ဗိုလ်ချုပ် ဟိုဇဖဲသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျာမာန်ယူဘုတ်ရေယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး သူ့ယူဘုတ် နှင့်အတူ မက်ဆီကိုနိုင်ငံ ဗီရာခရုဇ်တွင် လက်နက်ချခဲ့သူဖြစ်၏။ စစ်အပြီး မာရှယ်စီမံကိန်းနှင့် ကြုံတွေ့ရသော ဟိုဇဖဲ သည် အမေရိကန်အစိုးရထံမှ သဘေဿငာများဌားရမ်းပြီး ဟိုဇဖဲ သေဘဿငာကုမဿပဏီကို တည်ထောင်၍ နှစ်လေးဆယ် အတွင်း သဘေဿငာ (၃၇) စီးပိုင်ဆိုင်သည့် သူဌေးကြီးတစ်ဦးဖြစ်လာခဲ့သည်။ ထို ဟိုဇဖဲ၊ အနှီ ဟိုဇဖဲသည် ယခု ဆန်ဒက် ကာနှင့် မျက်နှာချင်းဆိုင်ထိုင်လျှက်ရှိသည်။

Advertisement

4 Comments (+add yours?)

  1. စ ကား ပန်း
    Mar 11, 2010 @ 18:50:24

    အတဿတလန်တစ် ရှာပုံတှော (၅၆) အ ထိ ဘဲ ရှိ တာ လားဗျ…. ဆက် ရေး ပါ ဦး ဗျို….. ဖတ် လက် စ ကြီး….

    Reply

    • admin
      Mar 24, 2010 @ 12:57:43

      @စကားပန်း : အခုပဲ ၅၇ ကို တင်လိုက်ပာပြီ။ ကျေးဇူးတင်ပာတယ်။

      Reply

  2. phoethutaw
    Mar 13, 2010 @ 18:06:26

    စောင့်မျှော် အားပေးလျက်ပါ..

    Reply

  3. စကားပန်း
    Apr 01, 2010 @ 13:42:08

    ကျေးဇူးတင်ပာတယ်ဗျ….နောက်ထပ်လဲဆက်ပြီးရေးပါဦးဗျ…

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

March 2010
M T W T F S S
« Feb   Apr »
1234567
891011121314
15161718192021
22232425262728
293031  
Follow

Get every new post delivered to your Inbox.