အတ္တလန်တစ်ရှာပုံတော် (၅၇)
24 Mar 2010 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
“ဘယ်လို ဗိုလ်ချုပ်၊ ဘာလင်က ဗုံးခိုကျင်းထဲမှာ ဟစ်တလာ့အလောင်း အကြွင်းအကျန်တွေကို ရုရှားတွေတွေ့ခဲ့တယ် ဆိုတာ မဟုတ်ဖူးတဲ့လား”
“လုံးဝမဟုတ်ဘူးဗျ” ဗိုလ်ချုပ်ဟိုဇဖဲက ရွန်လစ်တယ်လ်ကို ပြတ်သားစွာ ပြောလိုက်၏။
“အမှန်က ဘာအကြွင်းအကျန်မှ မကျန်ခဲ့ဘူး။ ဟစ်တလာနဲ့ အီဗာ ဘရောင်းတို့ရဲ့ အလောင်းတွေကို ဓါတ်ဆီ ဂါလံပေါင်းများစွာသုံးပြီး ငါးနာရီလောက်ကြာအောင် စနစ်တကျ မီးရှို့ခဲ့ရတယ်။ ဘယ်က အကြွင်းအကျန် ကျန်နိုင် ဦးမလဲဗျ။ အက်စ်အက်စ် သစဿစာခံတပ်သားတွေက ကျန်တဲ့ပြာတွေနဲ့ အရိုးအစအနလေးတွေကို သေတဿတာတစ်လုံးထဲထည့်၊ ပြီးတော့မှ မဟာမိတ်တွေ ဗုံးကြဲတုန်း ရုပ်ပျက်ဆင်းပျက် သေသွားကြတဲ့ ယောကဿငျား၊ မိန်းမ အလောင်းတစ်စုံကို ရှာလာကြပြီး ဟစ်တလာတို့ သောက်မဲ့ ဆိုင်ယာနိုက်အဆိပ်ဆေးတောင့်ကို အစမ်းသပ်ခံ အဖြစ်တိုက်ခံရလို့ သေသွားရှာတဲ့ ဟစ်တလာ့ခွေး ဘလွန်ဒီနဲ့ အတူမြှပ်လိုက်ကြတယ်”
ဆန်ဒက်ကာသည် ဗိုလ်ချုပ်ဟိုဇဖဲကို စိုက်ကြည့်ရင်းက-
“ဒါဆို ရုရှားတွေတွေ့သွားတာ အဲဒီအလောင်းတွေပေါ့”
“ဟုတ်တယ်။ နောက်ပိုင်း ဟစ်တလာနဲ့ အီဗာတို့ရဲ့ သွားဖက်ဆိုင်ရာ အထောက်အထားတွေတွေ့ရသလေး၊ ဘာလေး လျှောက်ကြှောငြာကြတာပေါ့။ တကယ်က စတာလင်ဟာ ဟစ်တလာလွတ်မြောက်သွားတယ်လို့ ထင်နေတယ်။ စပိန် သို့မဟုတ် အာဂျင်တီးနား တစ်နေရာရာ ရောက်သွားတယ်ပေါ့လေ”
“တကယ့် ဟစ်တလာ့ အရိုးပြာတွေ ဘာဖြစ်သွားသလဲ”
“ဆိုဗီယက်တပ်တွေ ဘာလင်မြို့တွင်းဝင်မလာခင်လေးတင်ကပ်ပြီး ဟစ်တလာ့ဘန်ကာနားကို လေယာဉ်ကလေး တစ်စင်း ဆင်းလာခဲ့တယ်။ အက်စ်အက်စ်တပ်သားတွေက ကြေးနီသေတဿတာတစ်လုံးကို တင်ပြီးပြီးချင်း တန်းထွက်သွား ခဲ့တယ်။ ဘယ်သူမှ ဘာစကားမှ မပြောခဲ့ကြဘူး။ လေယာဉ်မှူးဟာ ဒိန်းမတ်မှာ ဆီတစ်ခါဝင်ထည့်တယ်။ ပြီးတော့ နှောဝေထိ တောက်လျှောက်ပျံသန်းသွားခဲ့တယ်။ နှောဝေမှာ ကြေးနီသေတဿတာကို ယူ ၆၂၁ ရဲ့ ရေယာဉ်မှူး ကပဿပတိန် အက်ဒ်မွန် မူဟာရဲ့ လက်ထဲကို အပ်ခဲ့တယ်။ အဲဒီကမှ တစ်ဆင့် သေတဿတာဟာ တတိယ ဂျာမန်နိုင်ငံတှောရဲ့ အဖိုးတန်ရတနာပစဿစည်း တွေတင်ထားတဲ့ ယူ ၂ဝ၁၅ ရေငုတ်သဘေဿငာပှေါကို ရောက်သွားတယ်။ သူ့ရဲ့ရေယာဉ်မှူးကတော့ ရူးဒေါ့ ဟာဂျာတဲ့”
“ဒါတွေအားလုံးဟာ မာတင်ဘောမန်းရဲ့ အနာဂါတ်ကံကြမဿမာသစ် စီမံကိန်းကို အကောင်အထည်ဖှောကြတာပဲ မဟုတ်လား ဗိုလ်ချုပ်” ဆန်ဒက်ကာက ဖြတ်မေးလိုက်၏။
ဗိုလ်ချုပ်ဟိုဇဖဲက ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ ဖက်သို့ လှည့်၍ ပြုံးပြရင်း-
“ဗိုလ်ချုပ်ကြီးက တကယ့်ကို နှံ့စပ်ပါပေတယ်” ဟု ချီးကြူးလိုက်သည်။
“ရတနာပစဿစည်းတွေထဲမှာ သိဒဿဓိဝင် သံလျှက် နဲ့ သွေးစွန်းအလံလဲ ပါတယ်မဟုတ်လား”
ဗိုလ်ချုပ်ဟိုဇဖဲ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အတှောကြာအောင် စကားမပြောနိုင်။
“ဒါကို ဗိုလ်ချုပ်ကြီးဘယ်လိုသိသလဲခင်ဗျ”
“ကျွန်တှော သိဒဿဓိဝင် သံလျှက် အကြောင်းကို အေနာပိုလစ်ပရောဂျက်အနေနဲ့ သုတေသနလုပ်ခဲ့ဖူးတယ် ဗိုလ်ချုပ်၊ သမဿမာကျမ်းအရဆိုရင် အဒမ်ရဲ့သား ကိန်းရဲ့ အဆက်အနွယ်ဖြစ်တဲ့ ပန်းပဲဆရာ တူဗယ်ကိန်းဟာ ဘုရားသခင် ပို့ဆောင်တှောမူလိုက်တဲ့ ဥကဿကာခဲကရတဲ့ သံထည်ကနေ သိဒဿဓိဝင် သံလျှက် ကိုလုပ်ခဲ့တယ်လို့ဆိုတယ်။ ဘီစီ ၃ဝဝဝ လောက်ကပေါ့။ နောက်တော့ ဒီပစဿစည်းဟာ တူဗါယ်ကိန်းဆီကနေ ဆာအူး၊ ဒေးဗစ်၊ ဆှောလမွန်နဲ့ အခြားဘုရင် အဆက်ဆက်ရဲ့ အဆောင်တှောဖြစ်လာခဲ့တယ်။ နောက်ဆုံး ရောမ ဘုရင် တိုက်တိုင်းအောင် ဂျူးလီးယက် ဆီဇာရဲ့ လက်စွဲတှော သံလျှက် အဖြစ်အသုံးတှောခံခဲ့ရပြန်တယ်။ ဆီဇာဟာ အလုပ်ကြံမခံရခင်မှာ ဂေါလ်တွေနဲ့စစ်ဖြစ်တုန်းက သူ့အသက်ကို ကယ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကို ဒီသံလျှက်ကို ချီးမြှင့်ခဲ့တယ်လိုဆိုတယ်။ ဒီကနေ သားစဉ် မြေးဆက်လက်ဆင့်ကမ်းခဲ့ကြတယ်။ အဲဒီသံလျှက်ကိုရထားတဲ့ သူရဲကောင်းရဲ့ မျိုးဆက်ဟာ ခရစ်တှောကားစဉ်တင် ခံရတဲ့အချိန်မှာ ရှိနေခဲ့သတဲ့။ အဲဒီခေတ်ထုံးစံအရ သေစားသေစေ အပြစ်ဒဏ်ချမှတ်ခံရတဲ့ အပြစ်သားတွေကို တောင်စွယ် နေမကွယ်ခင် မသေသေအောင်သတ်မှ ရှင်ပြန်ထမြောက်ခြင်းကို ကာကွယ်နိုင်မယ်လို့ အယူရှိခဲ့ကြတာ ကိုး။ ခရစ်တှောနဲ့အတူ အပြစ်ပေးခံရတဲ့ သူခိုး ဂျပိုးတွေကို အပြင်းအထန်နှိပ်စက်ပြီး မသေသေအောင် သတ်ခဲ့ကြ တယ်။ ခရစ်တှောအလှည့်ရောက်တော့ ခရစ်တှောဟာ သေနှင့်ပြီတဲ့။ ဒါနဲ့ပဲ သူရဲကောင်းဟာ သူ့ရဲ့ သံလျှက်နဲ့ ခရစ်တှောရဲ့ နံကြားကို ထိုးသွင်းလိုက်တယ်ဆိုရင်ပဲ သွေးတွေဟာ ရေတံခွန်လို စီးကြလာခဲ့တယ်တဲ့။ ခရစ်တှောရဲ့ မြင့်မြတ်တဲ့သွေးစွန်းထင်းသွားတဲ့ သံလျှက်ဟာ အဲဒီအချိန်ကစလို့ သိဒဿဓိဝင်သံလျှက်ဆိုပြီး လက်ဝါးကပ်တိုင်နဲ့ သောက်တှောရေခွက်ပြီးရင် တန်ဖိုးအရှိဆုံး သမိုင်းဝင်ပစဿစည်းဖြစ်လာတော့တယ်”
“နောက်ပိုင်းမှာ အဲဒီသိဒဿဓိဝင်သံလျှက်ဟာ ချာလီမက်ဂနီ ဘုရင်ကစလို့ နှစ်ပေါင်းထောင်ကျှောကြာအောင် ရောမဘုရင် တွေရဲ့ အဆောင်အယောင်ပစဿစည်းဖြစ်လာခဲ့တယ်။ ရောမတွေ ဟပ်စ်ဘာဂ် အင်ပါယာရဲ့ ချေမှုန်းတာခံရပြန်တော့ ဗီယင်နာနန်းတှောရောက်သွားပြန်တယ်”
“ဒါဆို ဗိုလ်ချုပ်ကြီးအနေနဲ့ ဒီသံလျှက်ရဲ့ အစွမ်းတွေကိုလည်း သိမှာပေါ့”
ဆန်ဒက်ကာက ပြုံးလိုက်ပြီး-
“ဒီသံလျှက်ဟာ စွဲကိုင်သူကို စကြာဝတေးမင်းဖြစ်စေတယ်လို့ ဆိုတယ်။ ဒါကြောင့်လည်း ဟစ်တလာဟာ ဩစတီးယားကနေ ဒီသံလျှက်ကို မရရအောင်ယူလာပြီး သေသည်အထိ လက်က မချ တဆဆ လုပ်နေတာပေါ့။ တကယ်လို့ ဒီသံလျှက်ကို မရခဲ့ရင် သူဒီလောက်အင်အားကြီးမလားဆိုတာတော့ မပြောတတ်ဖူးပေါ့ဗျာ။ နောက်ဆုံးသူ့ရဲ့ တောင်းဆိုချက်ကတော့ ဒီသံလျှက်ကို ရန်သူလက်ထဲကို ဘယ်နည်းနဲ့မှ မရောက်ဖို့ဆိုတာပဲ မဟုတ်လား”
ရွန်လစ်တယ်လ်သည် အဖိုးကြီးနှစ်ဦးပြောဆိုနေသည်ကို ပါးစပ်ကြီးဟပြီးနားထောင်နေ၏။ ကြားကြားသမျှအားလုံး သည် သူ့အဖို့ အထူးအဆန်းဖြစ်နေ၏။
“ဗိုလ်ချုပ်တို့ ပြောတဲ့အထဲက သွေးစွန်းတဲ့အလံဆိုတာကရော ဘာလဲ၊ ရှားပါး ရတနာ ပစဿစည်းပဲလား”
ဟိုဇဖဲက လည်ချောင်းရှင်းလိုက်၏။ ဒီတစ်ခါ သူပြောဖို့အလှည့်။
“၁၉၂၃ မှာ ဟစ်တလာရဲ့ မအောင်မြင်တဲ့ မြူးနစ်အာဏာသိမ်းပွဲကို သိတယ်မဟုတ်လား။ အဲဒီတုန်းက တကယ့်ကို ငရဲပါပဲ။ စစ်တပ်က မြင်မြင်သမျှ လူအုပ်ထဲက စွပ်ပစ်၊ သေလိုက်ကြတဲ့လူတွေဆိုတာ သောက်သောက်လဲပေါ့။ ဒါကြောင့် မြူးနစ် လူသတ်ပွဲလို့ခှေါခဲ့ကြတာလေ။ အဲဒီပွဲမှာ ဟစ်တလာလွတ်သွားပေမဲ့နောက်ပိုင်းအဖမ်းခံရတယ်။ ထောင်ထဲမှာနေတုန်း သူရဲ့ ကမဿဘာကျှော မိန်းကမ့် စာအုပ်ကြီးရေးခဲ့တာပေါ့။ အညတရ တှောလှန်ရေးသမား တစ်ယောက်ဟာ ခေတ်ဦးနာဇီ အလံကြီးကို ဝှေ့ယမ်းရင်း ရှေ့ဆုံးကချီတက်ရာမှာ ရင်ဘတ်တည့်တည့်ကျည်ဆန် မှန်ပြီး ပွဲချင်းပြီးသွားခဲ့တယ်။ အလံလည်း သွေးချင်းချင်းနီလို့ပေါ့။ အဲဒီအလံကို တရိုတသေသိမ်းထားပြီး နောက်ပိုင်း နာဇီပါတီအာဏာရလာတဲ့အခါမှာ တှောဝင်ရတနာပစဿစည်းဖြစ်လာခဲ့တယ်”
ရွန်လစ်တယ်လ်သည် ခေါင်းတညိမ့်ညိမ့်လုပ်ရင်းက-
“ဆိုတော့ အဲဒီ ရတနာတွေအားလုံးကို ဂျာမနီက ထုတ်သွားပြီးကတည်းက အခုထိပြန်မတွေ့တော့ဘူးဆိုပါတော့။ ကျွန်တှောတို့ စီအိုင်အေ မှတ်တမ်းတွေမှာတော့ ဒါတွေ ပြန်တွေ့တယ်လို့ တစ်ခါမှ ဖှောမပြထားဘူး”
“ဗိုလ်ချုပ်ရဲ့ ရေငုတ်သဘေဿငာက ယူ ၆၉၉ နှော” ဆန်ဒက်ကာက ဟိုဇဖဲကို မေးလိုက်၏။
“ဟုတ်ပါတယ်။ ကျွန်တှောက ယူ ၆၉၉ ရဲ့ ရေယာဉ်မှူးပေါ့။ ရတနာတွေနဲ့ ဟစ်တလာရဲ့ ပြာသေတဿတာ ယူ ၂ဝ၁၅ ပှေါ ရောက်တယ်ဆိုရင်ပဲ ကျွန်တှောက နှောဝေကနေ ထွက်ခွါခဲ့ရတယ်။ ခုထိဘယ်သူမှ မသိတဲ့အဲဒီကိစဿစတွေကြောင့် ဟစ်တလာဟာ ရှိန်းဆာယာ ပိုမောက်လို့ ကိုယ်ပျောက်သွားသလားလို့ ထင်တဲ့လူတွေလည်း ထင်ခဲ့ကြတာပေါ့။ အခု မစဿစတာ လစ်တယ်လ်ပြောလို့ ကမဿဘာပျက်နိုင်တဲ့ အရေးအခင်းတစ်ခုတွေ့နေရတယ်လို့သိရတယ်။ ဒါကြောင့် ကျွန်တှော သိသမျှကို ပြောပြတာပါ”

Recent Comments