အတ္တလန်တစ်ရှာပုံတော် (၅၈)

“ျပသဿသနာကအဲဒါပဲဗ်”

ဆန်ဒက်ကာသည် ဟိုဇဖဲကို စိုက်ကြည့်ရင်း ငြီးပြောပြောလိုက်၏။

“ကျွန်တှောတို့မှာ အဲဒီ ကမဿဘာပျက်မယ်ဆိုတဲ့ ကိစဿစကြီးကြောင့် ခေါင်းမီးတောက်နေကြတယ် ဗိုလ်ချုပ်ရေ။ ကမဿဘာ တကယ် ပျက်မပျက်တော့မသိဘူး။ ဒီကိစဿစကို ကိုင်တွယ်နေကြတဲ့ ကျွန်တှောတို့ သက်ဆိုင်ရာအဖွဲ့အသီးသီးကတော့ ဝရုန်းသုံးကားနဲ့ ပျက်လုခမန်းဖြစ်နေပြီ။ အမှန်အတိုင်းဝန်ခံရရင် အဲဒီ ကိစဿစအတွက် ကျွန်တှောတို့မှာ ဘာမှ မယ်မယ်ရရ ပြင်ဆင်ထားတာ မရှိဘူးဗျ။ တကယ်တမ်း ပြင်ဆင်နေတာကတော့ ဗိုလ်ချုပ်လည်းသိပြီးဖြစ်တဲ့ ဝုဖ်မိသားစုပဲ။ အခုလည်း ၂၁ ရာစု နောဧ သဘေဿငာကြီးတွေဆောက်နေတယ်ကြားတယ်”

“အင်း၊ ဝုဖ်၊ ဝုဖ်”

ဟိုဇဖဲ၏ အိုမင်းလှသော မျက်နှာပှေါဝယ် တစ်စုံတစ်ရာကို အလေးအနက်စဉ်းစားနေဟန် အရေးအကြောင်းများ ထင်လာ၏။

“အတှောလေးကို စိတ်ဝင်စားဖို့ကောင်းတဲ့မိသားစုပဲ။ ဗိုလ်မှူးကြီး အူးရစ် ဝုဖ်ဟာ ဟစ်တလာရဲ့ အရင်းနှီးဆုံး လူယုံတွေ ထဲက တစ်ယောက်ဗျ။ ဒါပေမဲ့ သူက နာဇီတွေစစ်ရှုံးတော့မယ်ဆိုတာရော၊ ဟစ်တလာရဲ့ အမိန့်တွေဟာ တဖြည်း ဖြည်း အမြီးအမောက်မတည့်ဖြစ်လာတာကိုရော သိလာတဲ့အခါမှာ ဂျာမန်နိုင်ငံတှော အဓွန့်ရှည်တည်တံ့ရေးဆိုရဲ့ ယုံ ကြည်ချက်ကို စွဲကိုင်ထားကြတဲ့ အက်စ်အက်စ် လူ့မလိုင်အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်ပြီး ဖွဲ့စည်းခဲ့တယ်။ သူတို့ကိုယ်သူတို့ အဖနိုင်ငံတှောရဲ့ အထိန်းတှောများအဖွဲ့လို့ ခှေါတယ်ထင်ပါရဲ့။ သို့သှောလည်း စစ်အတွင်း အဲဒီ အဖွဲ့ကအတှောများများ ကျဆုံးကုန်ကြတယ်။ ဗိုလ်မှူးကြီး ဝုဖ်နဲ့အခြားသုံးယောက်ပဲ မသေပဲကျန်ရစ်ခဲ့ကြတယ်။ ဒီလိုနဲ့ ဝုဖ်ရယ် သူ့ဇနီးရယ် သားလေးယောက်၊ သမီး သုံးယောက်၊ ညီနှစ်ယောက်၊ ညီမနှစ်ယောက်၊ သူ့မိသားစု အကုန်ဆိုပါတော့။ ယူ ၂ဝ၁၅ နဲ့အတူ ဂျာမနီကခွာခဲ့ကြတယ်။ နောက်ဆုံးတော့ အာဂျင်တီးနားမှာစီးပွားရေး ခြေကုပ် ယူရင်း ကံကြမဿမာသစ်ဆိုတဲ့ အဖွဲ့ကိုဖန်တီးခဲ့ကြတာပဲ”

“ဗိုလ်ချုပ်ပြောတာတွေက အမှန်တွေကြီးပဲ။ ကံကြမဿမာ အင်တာပရိုက်စ်ဆိုတဲ့ မဟာစီးပွားရေး အင်အားစုကြီးကို သူတို့ ဖန်တီးခဲ့ကြတာပေါ့”

ဂျာမန်ရေသရဲအိုကြီးသည် လှောင်ပြုံးပြုံးလိုက်ပြီး-

“အရေခွံလဲတာပါဗျာ။ စစ်ယူနီဖောင်းကိုချွတ်၊ လုပ်ငန်းရှင်ဝတ်စုံဝတ်ပြီး စစ်သုံးစရိတ်စာရင်းအစား၊ ကုမဿပဏီ အရှုံး အမြတ် စာရင်းပြောင်းကိုင်တာပဲ ကွာသွားတာပါ”

ရွန်လစ်တဲလ်က-

“ဒီအတိုင်းဆို သူတို့ကို နာဇီတွေလို့ ဆက်ခှေါဖို့တောင် ခပ်ခက်ခက်ပဲ။ သူတို့ ကိုယ်ပိုင် အင်ပါယာတစ်ခု တည်ထောင် နိုင်ခဲ့ကြပြီမဟုတ်လား”

“ဒီလောက်တင်မပြီးဘူးဗျ။ မျိုးရိုးဗီဇ အင်ဂျင်နီယာနည်းကိုသုံးပြီး သူတို့ရဲ့မျိုးဆက်ကို ခြောက်ပစ်ကင်း သဲလဲစင်တဲ့ စူပါမင်းမျိုးဆက်အဖြစ်တောင် ဖန်တီးနိုင်ခဲ့ကြတယ်”

ဆန်ဒက်ကာ၏ စကားအဆုံးတွင် ဟိုဇဖဲသည် တစ်ကိုယ်လုံးတောင့်တင်းသွား၏။

“မျိုးရိုးဗီဇ အင်ဂျင်နီယာနည်း၊ ဟုတ်လား ဗိုလ်ချုပ်ကြီး”

ဟိုဇဖဲသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး-

“အဲဒီတုန်းက ကျွန်တှော့ယူဘုတ်ပှေါမှာ အမြဲတမ်းရေခဲထားရတဲ့ သေတဿတာတစ်လုံးတင်ခဲ့ရတယ်။ သေတဿတာထဲမှာ ဟစ်တလာ မသေခင် ကသူ့ဆီကယူထားတဲ့ ဖိုမျိုးရည်နဲ့ တစ်သျှူးတွေပါတယ်”

ဆန်ဒက်ကာနှင့် ရွန်လစ်တယ်လ်တို့ အကြည့်ချင်းဆုံးသွား၏။ အခြေအနေက ထင်တာထက်ဆိုးနေပါပေါ့လား။

“ဒါဆို ဗိုလ်ချုပ်အနေနဲ့ ဝုဖ်ရဲ့နောက်ပိုင်းမျိုးဆက်တွေဟာ ဟစ်တလာ့ရဲ့ ဖိုမျိုးရည်နဲ့ မျိုးပွားဖန်တီးယူခဲ့တာလို့ ယူဆချင်သလားခင်ဗျာ”

ရွန်လစ်တယ်လ်က ထိုသို့မေးလိုက်သည့်အခါ ဟိုဇဖဲသည် သိသိသာသာ ချောက်ခြားသွား၏။

“ကျွန်တှော အတိအကျတော့ မဆိုနိုင်ဘူးဗျ။ ဖြစ်တော့ဖြစ်နိုင်တယ်။ ဗိုလ်မှူးကြီး ဝုဖ်ဟာ အော့ဇဝစ် မကောင်းဆိုးဝါးလို့ ခှေါခဲ့ကြတဲ့ ဒေါက်တာ မင်ဂလာနဲ့လည်း အလွန်ရင်းနှီးလေတော့ မဖြစ်နိုင်ဘူးလို့ ယတိပြတ် မပြောနိုင်ဘူး”

ထိုအချိန်တွင် စားပွဲပှေါတင်ထားသော ဖုန်းမှ အသံမြည်လာ၏။ ဆန်ဒက်ကာက စပီကာခလုတ်ကိုဖွင့်လိုက်သည်။

“ဗျို့၊ ဗျို့၊ အိမ်ရှင်တို့၊ အိမ်ရှင်တို့” ပစ်၏ အသံကြီးက ဖုန်းထဲမှ ထွက်လာ၏။

“ပြောပါ” ဆန်ဒက်ကာက တိုပြတ်ပြတ်ဖြေလိုက်သည်။

“နာမည်ကျှောကြား လူကြိုက်များတဲ့ ပီဇာဆိုင်ကပါ ခင်ဗျ။ လူကြီးမင်းတို့ အှောဒါများမှာထားကြသေးလား”

“အင်း၊ မှာထားတယ်”

“ဆာလာမီ နဲ့လား၊ ဝက်ပေါင်ခြောက်နဲ့လား ခင်ဗျာ”

“ဆာလာမီနဲ့”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အခုလုပ်နေပါပြီ။ မုန့်ပို့တဲ့ကလေး ထွက်လာရင် ကျွန်တှောတို့ ဖုန်းထပ်ဆက်ပါ့မယ်။ ကျေးဇူးတင် ပါတယ်ခင်ဗျာ”

ဖုန်းချသွားပြီ။ ဆန်ဒက်ကာသည် နဖူးမှ ချွေးများကို လက်ဖြင့်သပ်ချလိုက်သည်။ သူ့ကြည့်ရသည်မှာ မနိုင်ရင်ကာ ပင်ပန်းနေပုံရ၏။ ပြီးမှ အသံတိုးတိုးဖြင့်-

“သူတို့ သဘေဿငာကျင်းထဲရောက်သွားကြပြီ” ဟုပြောလိုက်သည်။

ရွန်လစ်တယ်လ်က သက်ပြင်းချလိုက်ပြီး-

“ခုတော့ သူတို့ကို ဘုရားသခင် စောင်မကြည့်ရှုတှောမူဖို့ပဲ ဆုတောင်းရတော့မှာပေါ့” ဟု ခပ်တိုးတိုးပြော၏။

“အခု ဘယ်လို စကားဝှက်ကိုသုံးပြီး ပြောနေကြတာလဲ၊ ကျွန်တှောတော့ ခေတ်မမှီတော့လို့လားမသိဘူး။ နားကို မလည်ဘူးဗျ” ဟိုဇဖဲက ဝင်ပြောလိုက်သည်။

“ပစ်နဲ့ အယ်လ်တို့ ကိုယ်တိုင်တီထွင်ထားတဲ့ အထူးစပါယ်ရှယ် စကားဝှက်ဗျ၊ ဂြိုလ်တုဖုန်းပေမဲ့ ဖြတ်နားထောင်လို့ ရသေးတော့ စကားဝှက် ရတုန်းပဲ”

“မဟုတ်မှ လွဲရော့၊ ဝုဖ်တွေနဲ့ ပါတ်သက်သလား”

ဆန်ဒက်ကာက ပြုံးလိုက်ရင်း-

“သိပ်ပါတ်သက်တာပေါ့၊ ဗိုလ်ချုပ်ရဲ့၊ အခု ကျွန်တှောတို့ ဇာတ်လမ်းကို ဗိုလ်ချုပ်နားထောင်ဖို့အချိန်ရောက်ပြီ”

+++++++++++++++++++++++

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

April 2010
M T W T F S S
« Mar   May »
 1234
567891011
12131415161718
19202122232425
2627282930  
Follow

Get every new post delivered to your Inbox.